← Chapters

နိမိတ်ဆိုး(3)

Vol. 19 Ch. 183

နိမိတ်ဆိုး(3)

Vol. 19 Ch. 183

နက်ပြာရောင် ကောင်းကင်သည်ကား မနက်ခင်း မိုးသောက်နေရောင် ထွက်ပေါ်လာချိန်တွင် ပျောက်ကွယ်သွားခဲ့ပြီး ကုကျစ်စုန့်သည်လည်း ဖွဲ့စည်းပုံအတွင်းမှ စစ်တုရင်များအား ဖြည်းဖြည်းချင်း ကောက်ယူသိမ်းဆည်းလိုက်သည်။

ထို့နောက် မဟော်ဂနီ ဓားရှည်ကိုလည်း နောက်ကျောတွင် လွယ်ထားသော ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် လက်ခုပ်တစ်ချက်တီးလိုက်ပြီးနောက် ဖုန်းမှ အချိန်တစ်ချက်ကြည့်လိုက်သည်။

ကောင်းပြီ။ သူမ၏ လေယာဉ်ချိန်က လုံးလုံးလျားလျား နောက်ကျသွားပြီဖြစ်သည်။

ကုကျစ်စုန့် မျက်နှာက သုန်မှုံနေခဲ့ပြီး ဖုန်းထဲတွင် တစ်ခုခုကို ရိုက်နေခဲ့သည်။

ထိုအချိန်တွင် ဒဏ်ရာမျိုးစုံ ရရှိထားကြသော ထူးခြားဆန်းကြယ်ပညာရှင်အုပ်စုသည်က တစ်ဦးနှင့် တစ်ဦး ဖေးမကူညီကာ ကုကျစ်စုန့်အား ကြောက်ရွံ့ထိတ်လန့်သည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့က နောက်ထပ် ရှင်းလင်းခံရပြီး နှုတ်ပိတ်ခံရသူဖြစ်လာမည့်အရေးကို တွေးပူနေခဲ့ကြသည်။

မမျှော်လင့်ထားစွာဖြင့် ကုကျစ်စုန့်က သူတို့၏အနီးသို့ လျှောက်လာပြီး ပြောလာခဲ့သည်။

“အခု အနိုင်အရှုံးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်ကျပြီ”

လူအများက မျက်စိလည်သွားခဲ့ကြရသည်။

“ကျွန်မရဲ့ လေယာဉ်ချိန်လည်း နောက်ကျသွားပြီ၊ လေယာဉ်လက်မှတ်ရော တက္ကစီခကပါ ရှင်တို့ကြောင့် အလကားဖြစ်သွားပြီ၊ ရှင်တို့ ကျွန်မကို အဲဒီအတွက် ငွေပြန်လျော်ပေးရမယ်”

“ဒါ့အပြင် ရှင်တို့က ကျွန်မကို စိတ်ညစ်အောင်လုပ်တယ်၊ ကျွန်မကို ဖိနှိပ်ပြီး သတ်ဖို့တောင်ကြံစည်ကြသေးတယ်၊

အဲဒါက ကမ္ဘာကြီးရဲ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်မသိသေးတဲ့ ကျွန်မလို ငယ်ရွယ်ပြီး ပညာနုနယ်တဲ့ ထူးခြားပညာရှင်လေးအတွက် ကတော့ စိတ်ဒဏ်ရာ အရိပ်မည်းကြီးဖြစ်သွားပြီ၊

အစားအသောက် ထောက်ပံ့ကြေး၊ စိတ်ဒဏ်ရာအတွက် နစ်နာကြေး အဲ့တာတွေပါ ပေးရမယ်၊ ရှင်တို့က လူအများကြီးရှိတာဆိုတော့ အားလုံး ကျွန်မကို တစ်ယောက် ယွမ်တစ်သိန်းစီ ပေးရလိမ့်မယ်”

သူမက ပိုက်ဆံတောင်းနေခြင်းဖြစ်ကြောင်းကို သိရတော့မှသာတောက်ကျန့်များလည်း သက်ပြင်းချနိုင်ခဲ့ကြသည်။

သို့သော် စိတ်ထဲတွင်တော့ သူမအား ကျိတ်၍ ကျိန်ဆဲနေကြဆဲပင်။ သူတို့ထင်သည်မှာ ကုကျစ်စုန့်သည်က ရွှမ်းမင်အား ရန်မစရဲသောကြောင့် သူတို့အား မည်သည့်အရာကိုမှ မလုပ်ရဲဟု တွေးခဲ့မိကြသည်။

သို့သော် သူမ ဆက်ပြောသည့် စကားများကြောင့် အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ရှင်တို့က ကျွန်မရဲ့ အချိန် ၁နာရီနဲ့ ၈မိနစ်ကို ရှင်တို့နဲ့ တိုက်နေရတာကြောင့် အလဟဿ ဖြစ်သွားအောင်လုပ်ခဲ့တယ်၊ အဲဒီတော့ ဘေးအစွန်းထွက်ကို ဖယ်လိုက်ရင်တောင်မှ အဲဒါ ကျွန်မရဲ့ လုပ်အားခ ၁နာရီကို ဖြုန်းလိုက်ရတာပဲ၊

ရှင်တို့အားလုံးရဲ့ ပျှမ်းမျှကိုတွက်မယ်ဆိုရင်တော့ အချိန်က သိပ်မရှိပါဘူး၊

ဘာလို့လဲဆိုတော့ ကျွန်မက အားလုံးကို တပြိုင်တည်း အနိုင်ယူလိုက်တာကြောင့်လေ၊ ဒါပေမယ့် အခု ကျွန်မရဲ့ လက်တွေက ပင်ပန်းသွားရပြီ၊ ဒီအတွက် ကျွန်မကို ယွမ် ၁.၇သိန်း အလျော်ပေးရမယ်”

“မင်း ဘာမဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာလဲ?”

အရှက်ကွဲနေသည့် ရွှမ်တောက်ကျန့်က မျက်လုံးပြူးကျယ်စွာဖြင့် ပြောသည်။

“မင်းက ငါတို့ကို ဓားမြတိုက်နေတာလား!?”

ကုကျစ်စုန့် အလှဆုံးဖြစ်အောင်  ပြုံးလိုက်သည်။

“ကျွန်မကို ရှင်တို့လိုများ အရှက်မရှိတဲ့လူလို့ ထင်နေတာလား?”

ထို့နောက် သူမက သူမ၏အိတ်ထဲမှ ကာဗာရိုက်ကူးရေးတစ်ခုအတွက် ဖိတ်ခေါ်စာကို ထုတ်လိုက်သည်။

စာထဲတွင် ပါဝင်သည်မှာ မဂ္ဂဇင်းမှ သူမအား ပေးချေထားသော ဖိတ်ခေါ်ကြေးဖြစ်ချေသည်။

“ကြည့်လိုက်လေ ၊ ဒါက လွန်ခဲ့တဲ့ လဝက်လောက်က ပို့တဲ့ ဖိတ်ခေါ်စာပဲရှိသေးတာနော်၊ ကျွန်မ ရှင်တို့ကို ကျွန်မရဲ့ အခုလက်ရှိ အနုပညာကြေးနဲ့ အလျော်မတောင်းတာ စိတ်သဘောထားကြီးတယ်လို့ မှတ်လိုက်ပါ”

“မင်းသမီးတွေရဲ့ အချိန်က အရမ်းးးကို ‌ဈေးကြီးတယ်၊ ကျွန်မ သတိပေးထားပြီးပြီနော်”

ထိုတွင် အဆုံးမသတ်သေး။ သူမက မေးကိုကိုင်ကာ လူအများအား အေးစက်စွာ ကြည့်လိုက်သည်။

“ကျွန်မ ရသင့်ရထိုက်တာကို တွက်ပြီးပြီဆိုတော့ ကျန်တာတွေကို ဆက်တွက်ကြတာပေါ့”

“ရှင်တို့ ရွှမ်းမင်က လူတွေကို နေ့ခင်းကြောင်တောင်ကြီး ခြိမ်းခြောက်တယ်၊ ဒီတော့ ရှင်တို့က သူများထက် အဆင့်နိမ့်နေရင်လည်း ပြန်ပြီး ပေးဆပ်ဖို့ ပြင်ဆင်ထားသင့်တယ်‌လေ၊

ရှင်တို့ တစ်ယောက်ချင်းစီက ကိုယ့်အသက်ကို ၃သိန်းနဲ့ ပြန်ဝယ်ရမယ်. အားလုံး ပေါင်းလိုက်မယ်ဆိုရင် ကျွန်မကို တစ်ယောက် ၅သိန်းပေးပြီးတာနဲ့ ထွက်သွားလို့ ရပြီ”

“နင်!!”

တောက်ကျန့်တစ်ဦး ဒေါသထွက်ကာ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောပြန်သည်။

“ကုကျစ်စုန့်၊ သိပ်ပြီး မာနထောင်လွှားမနေနဲ့! ရွှမ်းမင်ရဲ့ ရန်သူဖြစ်သွားမှာကို မကြောက်ဘူးလား!?”

ကုကျစ်စုန့် လက်ပြန်ဖြင့် အနက်ရောင်စစ်တုရင်တစ်ခုအား တောက်လိုက်ပြီး ထိုလူ၏ ခန္ဓာကိုယ်တွင် အပေါက်တစ်ပေါက် ပေါက်သွားစေခဲ့သော်လည်း သူမလေသံကတော့ အင်မတန်ကို နူးညံ့နေခဲ့သည်။

“ရှင် ပိုက်ဆံပေးစရာ မလိုတော့ပါဘူး”

နောက်ဆုံးတွင်တော့ ကျန်ရှိနေသည့် လူတိုင်းက ဒေါသကို မြိုသိပ်ကာ တစ်ယောက်ချင်းစီ၏ အသက်အတွက် ငွေနှင့်စု၍ ကုကျစ်စုန့်၏ လုပ်ငန်းဘဏ်အကောင့်ထဲသို့ အောင့်သက်သက်ဖြင့် လွှဲပေးလိုက်ရသည်။

ငွေက ပမာဏများပြားလွန်း၍ အချို့လူများဆိုလျှင် ဘဏ်မှပင် ဖုန်းခေါ်ဆိုလာခဲ့သည်။ Customer service ဝန်ထမ်းလေးများ၏ နူးနူးညံ့ညံ့ ဂရုစိုက်မေးသည့် စကားများကြောင့် သူတို့မှာ မျက်ရည်ပင် ကျမတတ်ဖြစ်နေခဲ့ကြရသည်။

ငွေများအား လက်ခံပြီးနောက် ကုကျစ်စုန့် လှည့်ထွက်လာခဲ့သည်။

ဖွဲ့စည်းပုံထဲမှ လူများက မည်သို့ ထွက်လာနိုင်မည်နည်း?

ထိုအဖြေကတော့ ရှင်းလင်းပေသည်။

ကုကျစ်စုန့် ထိုဖွဲ့စည်းပုံအား ဆက်၍ အားမပြုပေးနိုင်ချိန်၊ အားအင် ကုန်ခမ်းသွားချိန်တွင် ထိုဖွဲ့စည်းပုံမှ သူ့အလိုလို ထွက်လာနိုင်မည်ဖြစ်သည်။

အနီးတွင် မည်သူမျှ မရှိတော့သည်ကိုမြင်လျှင်  ကျမ်းစာထဲတွင် ကျုံ့ကာ ပုန်းနေသော ကျိုးဟွေ့လန်တစ်ယောက် သူမ၏ခေါင်းလေးကို ပြူထွက်လာခဲ့သည်။

“တောက်ကျန့်၊ တောက်ကျန့်က အရမ်းကို တော်လွန်းတာပဲ!”

ကုကျစ်စုန့်က သူမအား အရေးမလုပ်သည်ကို မြင်ရပြီးနောက် ထပ်၍ မေးပြန်သည်။

“တောက်ကျန့်၊ ကျွန်မတို့ အခု ဘယ်ကိုသွားကြမှာလဲဟင်?”

ဤတစ်ကြိမ်တွင်တော့ ကုကျစ်စုန့် ပြန်ဖြေသည်။

“မင်းကို မြေအောက်ကမ္ဘာဆီကို ပို့ပေးတော့မလို့လေ”

ကျိုးဟွေ့လန်: “?!!”

သရဲမ ခမျာ ငိုချင်သော်လည်း မျက်ရည်က မထွက်လာခဲ့ပေ။ သူမက ကျမ်းစာထဲသို့ ပြန်ဝင်သွားခဲ့ပြီး စကားပင် မပြောနိုင်တော့ပါချေ။

စာချုပ်အပေါ်တွင် စည်းကမ်းတင်းကြပ်သော ကုကျစ်စုန့်အနေဖြင့် မူလက ထိုစာချုပ်အတွက် လျှို့ကျင်းနှင့်  စကားပြောရန် တွေးနေခဲ့သည်။

နောက်ဆုံးတွင်တော့ သူမက ခြေထောင့်ကို ဆောင့်ချလိုက်လေသည်။

ထို့နောက်တွင် သုံးမီတာအမြင့်ရှိသော တစ္ဆေတံခါးဝက ပွင့်လာခဲ့ကာ မြေအောက်ကမ္ဘာမှ ဖြတ်သွားရန် အသင့်ဖြစ်လာခဲ့တော့သည်။

သူမ ဟွမ်ကွမ်းလမ်းပေါ်တွင် ပြန်ပေါ်လာချိန်၌ တံတားပေါ်တွင် တာဝန်ကျနေသည့် ယင်အရာရှိနှင့် ထပ်မံတွေ့ပြန်သည်။

ထိုအရာရှိနှင့် အနီးနားမှ ပျံ့လွင့်နေသော သရဲများမှာ သူမအား မြင်လိုက်ရချိန်တွင် အင်မတန် စိတ်လှုပ်ရှားသွားဟန် ပေါ်သည်။

သူတို့အနီးမှ မီးခိုးရောင်မြူခိုးများသည်က အလိပ်လိုက် ပျံ့လွင့်လာပြီးနောက် မျက်ဝန်းများလည်း ပြူးကျယ်လာခဲ့ကြသည်။

ယခင်က တွေ့ရှိချိန်များတွင်လည်း သူတို့၏ ထူးဆန်းနေမှုကိုကို သတိပြုမိလိုက်ပြီးနောက် ကုကျစ်စုန့်နောက်ဆုံးတော့ တစ်ခုခုအား သဘောပေါက်သွားကာ တွန့်ဆုတ်စွာ မေးလိုက်မိသည်။

“ကျွန်မကို တစ်ခုခုများ ပြောစရာရှိလို့လား၊ ယင်အရာရှိမင်း?”

မားမြန်တစ်ယောက် သူ၏ အိုင်ဒေါနှင့် ပထမဆုံး စကားပြောခွင့်ရလိုက်သောကြောင့် စိတ်လှုပ်ရှားစွာ ခေါင်းကို ငြိမ့်လိုကာသည်။

သူ့၏လက်ထဲမှ စတီးခရင်းခွသည်လည်း တုန်ယင်နေခဲ့သည်။

သူ အိပ်မက် မက်နေတာမဟုတ်ဘူးမလား!

သူမ မြေအောက်ကမ္ဘာသို့ လာတိုင်း သရဲတစ္ဆေများက သူမအား ရင်းနှီးနေသည့်အလား ကြည့်နေကြသည်ဟု ကုကျစ်စုန့် အမြဲခံစားနေခဲ့ရသည်။

“ကျွန်မ မြေအောက်ကမ္ဘာကို သရဲတစ်ကောင် အပ်ဖို့အတွက် ပြန်လာဦးမှာပါ၊ အဲဒီအချိန်ကျမှ ယင်အရာရှိနဲ့ သေသေချာချာ အသေးစိတ် ဆွေးနွေးလို့ ရမလား?”

“ရတာပေါ့၊ ကိစ္စမရှိဘူး! စုန့်စုန့် လုပ်စရာရှိတာကို အရင်သွားလုပ်နော်”

မားမြန်က အက်ကွဲသည့် အသံဖြင့် ပြန်ဖြေသည်။

ယင်အရာရှိက သူမ၏ နာမည်အား အဖျားဆွတ်၍ခေါ်လိုက်သောကြောင့် ကုကျစ်စုန့် အံ့အားသင့်သွားခဲ့ရသည်။

ထိုအချိန်တွင် အခြားသော တစ္ဆေများလည်း အနားသို့ ရောက်လာကြလေသည်။ သူမအား မြင်လိုက်ရပြီးနောက် ဝမ်းပန်းတသာ နှုတ်ဆက်ကြပြီး အချို့သရဲများဆိုလျှင် ဦးခေါင်းခွံကိုပင် ဖြုတ်၍ ပစ်မြှောက်ကာ သူမ၏ အာရုံအား ဖမ်းရန် ကြိုးစားနေခဲ့ကြသည်။

“ကုကျစ်စုန့်ပဲ!! သူ ငါတို့ကို ကြည့်နေပြီ!!”

“စုန့်စုန့်ရေ၊ ငါ့ကိုကြည့်ပါဦး၊ ငါက မင်းရဲ့ သရဲပရိသတ်ပါ! မင်းကို ငါ့ရဲ့ဦးခေါင်းခွံပေးမယ်လေ !!”

ကုကျစ်စုန့် လူ့ကမ္ဘာသို့ ပြန်ရောက်ချိန်အထိ အဖြစ်အပျက်များကို နားမလည်နိုင်သေးပေ။

သူမသည်‌က  မြေအောက်ကမ္ဘာတွင်လည်း နာမည်ကြီးတစ်ယောက်ဖြစ်နေပုံပေါ်သည်။

ဤအချိန်တွင် သူမက ယုံချန်နယ်စပ်နားသို့ ရောက်နေပြီဖြစ်သည်။ အဖွဲ့ထံသို့ တိုက်ရိုက်မသွားသေးခင် သူမ တက္ကစီငှား၍ လျှို့ကျင်း၏အိမ်သို့ အရင်သွားလိုက်သည်။

နောက်ဆုံးအကြိမ်အစီအစဉ်ပြီးဆုံးချိန်တွင် လျှို့ကျင်း၏ မိခင် တုန်ယင်း၏ ဝိဉာဉ်သည် အားအင်ပြန်လည်ပြည့်ဝလာပေပြီ။ သူမသည်ကား အဝါရောင်ကျမ်းစာရွက်လေးထဲတွင် နေထိုင်ရန် မလိုအပ်တော့ဘဲ မြေအောက်ကမ္ဘာသို့ ပြန်လည်ဝင်စားရန် သွားနိုင်ပြီဖြစ်သည်။

ထို့ကြောင့် ကုကျစ်စုန့်က သူမအား လျှို့ကျင်း၏အိမ်သို့ ပို့ထားခဲ့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုပြီးစီးချိန်တွင် မြေအောက်ကမ္ဘာသို့ ပို့ပေးရန် ကတိပြုခဲ့သည်။

မိခင်နှင့် သားဖြစ်သူတို့အား မခွဲခွာခင် နှုတ်ဆက်ချိန်ပေးခဲ့ခြင်းပင်။

ကျိုးဟွေ့လန်ကိုလည်း သူမနှင့်အတူ ခေါ်လာမိိသောကြောင့် သူမ သွားသည့်နေရာသို့ ပါလာခဲ့သည်။

မထွက်ခွာမှီတွင် တုန်ယင်းနှင့် လျှို့ကျင်းတို့နှစ်ယောက်လုံးက စိတ်ဆုံးဖြတ်ပြီးဖြစ်နေခဲ့ကာ တွေဝေမှုလည်း အလျှင်းမရှိတော့ချေ။

တုန်ယင်းက အဝါရောင်ကျမ်းစာရွက်လေးထဲမှ ပျံထွက်လာပြီးနောက် ကုကျစ်စုန့်အား အရိုအသေပြုလိုက်သည်။

“ငါ လျို့ကျင်းနဲ့ ကမ္ဘာပေါ်မှာ တစ်လလောက် အချိန်ပိုရလိုက်တဲ့အတွက် အကျိုးကျေးဇူးတွေ ရှိခဲ့ပါတယ်၊ ကျေးဇူးတင်ပါတယ် စုန့်စုန့်”

တစ်ဖက်မှာတော့ ကျိုးဟွေ့လန်က ညည်းညူနေခဲ့သည်။

“တောက်ကျန့်၊ ကျွန်မ ငရဲမှာ အပြစ်ခံပြီး စိတ်သစ်ကိုယ်သစ်ဖြစ်သွားရင် ပြန်လာပြီးတော့ ရှင့်ရဲ့ သရဲအစေခံ လုပ်လို့ ရမလားဟင်?”

ကုကျစ်စုန့်သည်က မည်သည်ကို ပြောရမှန်းပင်မသိတော့။

“မင်းက သရဲအစေခံဖြစ်ချင်တာလား? ဘာလို့ ပြန်ပြီး မဝင်စားချင်ရတာလဲ?”

ကျိုးဟွေ့လန် အကြာကြီး တွေဝေနေပြီးနောက် ရှက်ရွံ့စွာ ပြောလာသည်။

“ကျွန်မ အချစ်စစ်နဲ့ မတွေ့ရသေးဘူးလေ၊ ပြီးတော့ အချစ်ရဲ့ အရသာကိုလည်း မခံစားဖူးသေးဘူး၊ ဒီမတိုင်းကြီးတော့ ပြန်မဝင်စားချင်ဘူး”

သူမ၏ စေ့စပ်ပွဲသည်က မသေဆုံးခင် ဖျက်သိမ်းခံလိုက်ရသည်။

သူမ ချောမောလှပကာ ကြင်နာတတ်သည့် ချစ်သူတစ်ဦး လိုချင်ခဲ့သည်။

ထိုအရာသည်က သူမ တစ္ဆေတစ်ကောင်ဖြစ်လာချိန်တွင်လည်း သူမ၏ အကြီးမားဆုံး စွဲလမ်းမှုတစ်ခု ဖြစ်ခဲ့သည်။

သူမ၏ အတိတ်အကြောင်းကို ကြားလိုက်ရပြီးနောက် တုန်ယင်းက ခေတ္တမျှ တွေးနေပြီးနောက် စကားစသည်။

“ဒါဆိုရင် ပိုပြီးတော့တောင် မြေအောက်ကမ္ဘာကို သွားသင့်သေးတယ်၊ မင်း စဉ်းစားကြည့်နော်၊ မင်းက မင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်လေး တစ်ခုရဖို့အတွက်နဲ့ အများကြီး ပင်ပန်းဆင်းရဲခံရဦးမှာ၊ ဒါ့အပြင် သဘာဝရဲ့ နိယာမနဲ့လည်း ဆန့်ကျင်နေသေးတယ်

ဒါပေမဲ့ မင်း မြေအောက်ကမ္ဘာကို သွားရင်တော့ မတူတော့ဘူးလေ၊ အဲဒီနေရာမှာ မင်း သရဲချောချောလေးတွေကို ရှာလို့ရတယ်လေ”

“မင်းက သရဲတွေထဲမှာဆိုရင် အားကြီးတဲ့ထဲမှာ ပါတယ်၊ မင်း တစ်ယောက်ကို မကြိုက်ဘူးမလား၊ ကန်ထုတ်လိုက်ပြီး‌ နောက်တစ်ယောက် အစားထိုးလို့ရတယ်။

မင်းကို သစ္စာဖောက်တယ်နော်? ဝါးမျိုပစ်လိုက်လို့ ရတယ်၊ လူ့ပြည်မှာ နေတာထက် အများကြီး ပိုမသာပေဘူးလား?”

ကျိုးဟွေ့လန်: “!!!”

ရှေးခေတ်မင်းဆက်မှ သရဲမလေးမှာ အင်မတန်ပင် အံ့အားသင့်သွားရသည်။

သူမအတွက် ကမ္ဘာသစ်၊ အတွေးမြင်သစ် တံခါးများ ပွင့်သွားခဲ့ပုံရသည်။

သူမ၏ နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။

နောက်ဆုံးတွင်တော့ သူမသည်က တုန်ယင်း၏ လက်ကို ဆွဲကာ ‘ကျဲကျဲ’ဟု ခေါ်လာတါ့သည်။

ကုကျစ်စုန့်ကိုတော့ သူမအား   မြေအောက်ကမ္ဘာသို့ လျှင်မြန်စွာ  ပို့ပေးရန် ဆော်ဩတော့သည်။

*

All Chapters