← Chapters

ဆိုးသွမ်းသောကလေးငယ်(1)

Vol. 19 Ch. 190

ဆိုးသွမ်းသောကလေးငယ်(1)

Vol. 19 Ch. 190

ဆတ္ထမမြောက်အပိုင်း စတင်သည်နှင့် မှတ်ချက်ဧရိယာသည် ဆွဲ၍လည်းမရ၊ လှုပ်လည်း မလှုပ်တော့ပေ။ ရလဒ်ကတော့ နောက်မှ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်ရောက်လာသည့် ကြည့်ရှုသူများတွင် ‘ပါဝင်မည်’ဆိုသော ခလုတ်ကပါ ဖုန်းမျက်နှာပြင်တွင် ပါမလာတော့ပေ။

သူတို့သည်က ဆက်တိုက် စခရင်အား နှိပ်နေခဲ့သော်လည်း မရခဲ့ပဲ ‘အပြန်အလှန်ဆက်သွယ်ခြင်းရွေးချယ်မှု’ပြီးဆုံးသွားသည်ကို ကြည့်ရုံသာ ကြည့်နေနိုင်ခဲ့သည်။

ကြည့်ရှုသူများက ဒေါသတကြီးဖြင့် ပရိုဂရမ်အဖွဲ့၏ တရားဝင်ဝက်ဆိုက်တွင် သွားရောက် သောင်းကျန်းကြတော့သည်။

မကြာလိုက်ပါချေ။ ပရိုဂရမ်အဖွဲ့၏ ပြဿနာအား မဖြေရှင်းနိုင်ခြင်းသည်က ထိပ်တန်းရှာဖွေမှုပင် ဖြစ်လာခဲ့သည်။

[ဒေါသထွက်လိုက်တာ၊ ငါ မနက် အစောကြီးထပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲဝင်လာတာ အဲဒီ အပြန်အလှန် ဆက်သွယ်ရေးမှာ ပါချင်လို့လေ!

ငါ့လိုမျိုး ဘာမှ မဟုတ်တဲ့လူတစ်ယောက်က အရွေးခံနိုင်ရမှာ မဟုတ်ဘူးဆိုပေမယ့် ပါဝင်ယှဉ်ပြိုင်ခွင့်လေးတော့ ရသင့်ပါတယ်!]

[ဘုရားရေ... ကုကျစ်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်း အောင်မြင်နေချက်က ကြောက်ဖို့တောင် ကောင်းတယ်]

[ရယ်တော့ရယ်ရတယ်၊ ငါ့အဘွားက စာကြည့်မျက်မှန်လေး ဝတ်ပြီး တစ်မနက်လုံး စိတ်လှုပ်ရှားပြီး စောင့်နေတာ၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းက ပြဿနာဖြစ်သွားတယ်၊

သူက သူ့ဖုန်းပျက်နေတယ်ထင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတာ]

[...ရောင်းတာ ဝယ်တာနဲ့ ရူးနေတဲ့ ဟိုမင်းသမီးဇာတ်ကတော့ စပြန်ပြီ၊ ငါ့ကို လွှတ်ပေးပါတော့၊ ငါ ဒါတွေကို မြင်တာနဲ့တင် စိတ်ဖိစီးနေပြီ!]

ကြည့်ရှုသူက အများအပြား ပိတ်မိနေသော်လည်း အောင်မြင်စွာ ပါဝင်နိုင်ခဲ့သည့် ဦးရေမှာလည်း မနည်းလှပေ။

နောက်ဆုံးရွေးချယ်ခံလိုက်ရသူသည်က ကလေးတစ်ယောက်အမေဖြစ်သည်။

ကင်မရာတွင် မြင်ရသည်မှာ ကလေးငယ်ရုတ်တရက် ထငိုသောကြောင့် ‘လှဲအိပ်ပြီး ဘဝကို အေးဆေးနေမယ်’ က ကလေးငယ်အား ခေါ်သွားကာ ချော့မြူနေသည်။

မျက်နှာပြင်တွင်တော့ ကုကျစ်စုန့်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

သူမ ကင်မရာအနားသို့ ကပ်လာချိန်တွင် မိတ်ကပ်မပါသည့် သူမမျက်နှာအား တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်တွင် ပုံကြီးချဲ့ကာ ပေါ်လာခဲ့သည်။

သူမ၏ အရေပြားသည်က ကြည်လင်သန့်ရှင်းကာ မည်သို့သော ချွေးပေါက်မျှပင် မမြင်ရပေ။

ကော့ညွတ်နေသည့်မျက်တောင်လေး များသည်လည်း မည်းနက်ထင်ရှားနေကာ မှတ်ချက်ဧရိယာ ရပ်နေသလားဟု မေးလာသည့် သူမ၏ အသံသည်လည်း အိပ်ယာထစဖြစ်၍ အနည်းငယ် နှာခေါင်းသံပါနေသောကြောင့် ယခင်အပိုင်းများကဲ့သို့ အေးစက်မနေခဲ့ပေ။

ကလေးငယ်လေး၏ ချစ်စရာကောင်းမှုအား ချီးမွမ်းထောပနာပြုနေခဲ့ကြသည့် ပရိတ်သတ်များက ကြက်သေ,သေသွားပြီးနောက် မှတ်ချက်ရေး၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရူးများကဲ့သို့ ပါးစပ်အဟောင်းသား သွားရည်တမြားမြား ဖြစ်နေခဲ့ကြသည်။

[မှန်းကြည့်စရာတောင် မလိုဘူး၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေ အကုန် သုံးစားမရဖြစ်ကုန်ပြီဆိုတာ သိနေတယ်၊ ဒါပေမယ့် ငါကတော့ မတူဘူး၊ ငါက ငွေမလိုချင်ဘူး! ငါ့ဇနီးလေး စုန့်စုန့်က ငါ့ကို ပြုစားလိုက်တာပဲ!]

[ပရိုဂရမ်အဖွဲ့ မင်းတို့ ဒါကို မြန်မြန်လေး ပြင်ပေးကြပါ။ ငါ့မှာ စာတစ်ရာ ပေတစ်ရာ ဖွန်ကြောင်စာတောင် ရေးလို့ မရတော့ဘူးဟ! ]

စတူဒီယိုတွင်မူ နည်းပညာရှင်များက ဆက်တိုက်ဆိုသလို ကွန်ယက်နှင့် ချိတ်ဆက်ခြင်းစနစ်များအား စစ်ဆေးကာ အကြိမ်ပေါင်းများစွာ ကြိုးစားနေခဲ့ကြသော်လည်း  တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပြဿနာအား မဖြေရှင်းနိုင်ကြသေးပေ။

ထိုအချိန်တွင် စိတ်မရှည်သည့် ကြည့်ရှုသူများက တခြားပြိုင်ပွဲဝင်များ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်သွားခဲ့ကြကာ ထိုပြိုင်ပွဲဝင်များ၏ မှတ်ချက်ဧရိယာတွင် ကုကျစ်စုန့်၏တိုက်ရိုက်ထုတ်လွှင့်မှုမှ ပြဿနာအကြောင်း ပြောဆိုနေကြသောကြောင့် အခြားပြိုင်ပွဲဝင်များ၏ ပရိတ်သတ်များကို မကျေမချမ်း ဖြစ်လာစေခဲ့သည်။

လက်ထောက်ဒါရိုက်တာမှာ ဇောချွေးများပင် ပြန်ကာ နည်းပညာရှင်များအနီးတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။

“မင်းတို့ ဘာတွေဖြစ်နေတာလဲ? ဒီလောက်ကြာနေပြီကို အခုထိ ပုံမှန်အတိုင်း ပြန်မဖြစ်သေးဘူးလား?”

နည်းပညာရှင်များသည်လည်း ဖိအားကြီးလွန်းသောကြောင့် ပြန်လည် ချေပရှာသည်။

“လက်ထောက်ဒါရိုက်တာ၊ ကျွန်တော်တို့လည်း နှစ်ခါတောင် စစ်တာ၊ ဘာပြဿနာမှ မရှိဘူး၊ ပြီးတော့ အခု အွန်လိုင်းပေါ်မှာ ဖြစ်နေတာက ဝင်ရောက်တဲ့သူတွေက ကျွန်တော်တို့ငှားထားတဲ့ ဆာဗာလက်ခံနိုင်တာထက် ကျော်နေတာလေ၊ သေချာပြောရရင် ဒီလိုဖြစ်စရာ အကြောင်းကို မရှိဘူး”

နည်းပညာရှင်များက သတ်မှတ်ပမာဏအား အဆင့်မြင့်ကာ တိုးချဲ့လိုက်ချိန်မှသာလျှင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ error သည်လည်း ပျောက်သွားတော့သည်။

“နေပါဦး ထူးဆန်းလိုက်တာ၊ လူက ၁၀မီလီယံကျော်ပဲ ရှိနေတာမဟုတ်ဘူးလား...”

သူတို့မသိသည့် အချက်မှာ ပညာရှင်များ မမြင်နိုင်သော်လည်း ထိုကွန်ယက်ချိတ်ဆက်မှုများတွင် ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လာရောက်ကြည့်ရှုသည့် မြေအောက်ကမ္ဘာမှ လူဦးရေ‌ ထောင်ပေါင်းများစွာ ပါဝင်နေခဲ့သည်။

မူလက သရဲပရိတ်သတ်များမှာ ထည့်သွင်းရေတွက်နိုင်ခြင်းမရှိသည့် ချိတ်ဆက်မှုကိုသာ ရရှိခဲ့ကြသည်။ သူတို့၏ အင်တာနက်အရှိန်သည်က နှေးသည်၊ ရုပ်ထွက်သည်လည်း မကြည်လင်၊ မှတ်ချက်လည်း မရေးနိုင်၊ မတင်နိုင်ကြသော်လည်း ထိုအချက်များသည် သူတို့အား တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုခြင်းမှ မတားမြစ်နိုင်ပေ။

သို့သော် ယနေ့ကတော့ ထူးခြားပေသည်။

ကုကျစစ်စုန့်က သူတို့၏ တမန်တော်အသစ်ဖြစ်လာသည့်အပြင် အရှက်မရှိသည့် ရွှမ်းမင်အဘိုးကြီးများ၏ အနိုင်ကျင့်ခြင်းကိုလည်း ခံခဲ့ရရှာသည်။

ဒေါသသွေးများ ဆူပူကာ ကုကျစ်စုန့်အား ကာကွယ်ချင်စိတ်ပြင်းထန်နေကြသည့် သရဲပရိတ်သတ်အုပ်လိုက်ကြီးက ကုကျစ်စုန့်ကို အားပေးစာများ၊ မှတ်ချက်များ ရေးတင်ခဲ့ကြသည်။

ထို့ကြောင့်ပင် မူလက ခပ်ရဲရဲသာ ရှိသည့် တိုက်ရိုက်ထုတ်လွှင့်ခန်း၏ကွန်ယက် လုံးဝ ပြိုလဲသွားရခြင်းဖြစ်သည်။

ပြဿနာအား ဖြေရှင်းပြီးချိန်တွင် မှတ်ချက်များ ချက်ချင်း တက်လာခဲ့သည်။

“ဒီသက်ရှိလူသားက ငါတို့ သရဲပရိသတ်တွေကို အတုတွေလို့ ပြောပြီး ငါတို့ရဲ့ တမန်တော်ကိုတောင် အပြစ်ပြောနေသေးတယ်!”

ဒေါသထွက်နေသည့် သရဲတစ်ကောင်က မျက်နှာပြင်အား ထုရိုက်နေရင်း black fan၏ မှတ်ချက်အောက်တွင် ပြန်စာတစ်ခု ရေးထားခဲ့သည်။

“ငါ မင်းရဲ့ အိပ်မက်ထဲကို ညကျရင် ဆက်ဆက်လာခဲ့မယ်၊ မင်းစောင့်နေလိုက်!”

ထိုပြန်စာအား သူ့နည်းတူစွာ ဒေါသထွက်နေသည့် သရဲများ၏ ချီးမွမ်းခြင်း ခံရပြီး မှတ်ချက်ဧရိယာတွင် တိုက်ရိုက် ပေါ်လာတော့သည်။

သရဲကြီး၏ နာမည်သည်ကား ‘ရေကန်ငယ်ငရဲ၏ ဒုတိယစစ်သူကြီး’ ဖြစ်ပြီး သူ၏ ပရိုဖိုင်ပုံမှာ အနီရောင်ရေများ စီးဆင်းနေသော ‘ရေကန်ငယ်ငရဲ’တွင် ရိုက်ကူးထားသည့် ဆယ်လ်ဖီပုံတစ်ပုံဖြစ်သည်။

ဓာတ်ပုံထဲမှ လူသည်က အစိမ်းရောင်မျက်နှာ၊ အစွယ်များနှင့် မီးခိုးရောင်အသားအရည်ရှိကာ သူသည်ကား မျက်နှာပြင်အား ခြောက်ခြားဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ၏ နောက်ဘက်တွင်လည်း ချော်ရည်ရေတံခွန်တစ်ခု စီးဆင်းနေသည်။ ဓာတ်ပုံရော နေရာကပါ တကယ့်အစစ်အတိုင်းပင် ဖြစ်သည်။

ထိုပုံအား အကြီးချဲ့ကြည့်လိုက်မိကြသည့် လူတိုင်းမီာ ထိုအသက်မဲ့သည့် မျက်လုံးများအား မြင်လိုက်ရသည်နှင့် ကြက်သီးများထသွားကြသည်။

သို့သော် anti fanများကတော့ ထိုစကားအား အတည်မယူပဲ ‘ကြောက်လိုက်တာ’ဟု စာပြန်ပြီးနောက် ဓာတ်ပုံရိုက်ကာ အဖွဲ့များတွင် ဟာသလုပ်၍ တင်နေကြသည်။

[ရယ်စရာကောင်းလိုက်တာ၊ ကုကျစ်စုန့်အဖွဲ့က အဲဒီလို ကြိုးစားတဲ့လူတွေကို ဘယ်ကနေများ ငှားလာတာလဲ? သူတို့နာမည်နဲ့ ပရိုဖိုင်တွေ ပြောင်းပြီး လူတွေကို ခြောက်လှန့်နေတာ. အဲ့တာက မူကြိုကလေးအကွက်တွေပါကွာ]

ဂရုထဲမှ လူများက ပြန်ပြောလာသည်:

[တကယ်ရယ်ရတာ၊ ငါလည်း ကျောင်းသားလေးတစ်ယောက်ကို နာမည်ပြောင်နဲ့တွေ့လိုက်တယ်၊ ဘာတဲ့ ‘အရေခွံဆုတ်မယ့် သရဲ’တဲ့၊ သူ့ရဲ့ ပရိုဖိုင်ပုံကလည်း သရဲပုံနဲ့ပဲ]

Anti fanများက လှောင်ပြောင် ရယ်မောနေကြပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ပြန်သွားချိန်တွင် သူတို့၏ မှတ်ချက်များသည်က အင်မတန် နာမည်ကြီးနေကြောင်း တွေ့လိုက်ရသည်။ လူအများအပြားက ပြန်စာများ ရေးသားခဲ့သောလည်း ဦးတည်ချက်မရှိချေ။

[အင်တာနက်မှာ ရှာကြည့်လိုက်တော့ တကယ်လည်း ‘ရေကန်ငယ်သရဲ’ဆိုတာ ရှိတယ်၊ အဲဒါက ငရဲက ဘရိုတွေ လာတဲ့နေရာတဲ့လေ ဟားဟားဟား]

[ဘုရားဘုရား၊ ဒီပုံကြီးကတော့ တကယ်ကြောက်စရာကြီး၊ ကြက်သီးတွေတောင် ဖြန်းဖြန်းထသွားတယ်၊ ဘယ်လိုနည်းပညာနဲ့များ လုပ်ထားလို့ အဲ့လောက် အစစ်နဲ့တူနေရတာလဲ?]

[Holy shit! ငါက ဓာတ်ပုံဆရာလေ. အဲဒီပုံကို နှိပ်ပြီး အတွင်းက အသေးစိတ်ကို အကြိမ်တော်တော်များများ ကြည့်ပြီးတာတောင်မှ ဖိုတိုရှော့အရိပ်အယောင်တောင် မမြင်ရဘူး၊ Special effect များလား?]

တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှု့နေကြသူများတွင် ကုကျစ်စုန့်၏ ရာထူးအား သိထားပြီးသော သဘာဝလွန်လောကမှ ပညာရှင်များလည်း ရှိနေခဲ့ကြသည်။

သူတို့သည်ကား ဓာတ်ပုံကို ကြည့်လိုက်သည်နှင့် ထိုင်းမှိုင်းမှုအား ခံစားလိုက်ရပြီး ပုံမှန်မဟုတ်ကြောင်း သဘောပေါက်ကာ anti fanများအား မှတ်ချက်များ ဖျက်ပစ်ရန် အကြံပေးနေခဲ့ကြသည်။

ကုကျစ်စုန့်လည်း ထိုအဖြစ်အပျက်များကို မြင်တွေ့ကာ ယနေ့ ငရဲပြည်မှ မှတ်ချက်များ ရှိနေကြောင်း သတိထားမိလိုက်သည်။

စဉ်းစားလိုက်ပြီးနောက် သူမ ကင်မရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကျွန်မရဲ့ သူငယ်ချင်းဖြစ်ချင်တယ်ဆိုရင် အရမ်း လွန်ကျူးတဲ့ ကိစ္စတွေကို မလုပ်ပါနဲ့၊ အဲဒီလို လုပ်ရပ်တွေ မလိုအပ်ဘူး”

သူမက ပြောဆိုနေရင်းနဲ့ပင် black fan၏ နာမည်ပြောင်အား အသံထွက်ဖတ်လိုက်ရင်း လက်ထောက် ရှောင်ကျိုးအား မှတ်ထားရန် မှာကြားလိုက်သည်။

“ဒီကြည့်ရှုသူက ကျွန်မကို မားကတ်တင်းတွေ ဝယ်တယ်လို့ ပြောပြီး နာမည်ဖျက်တာက လူတွေ ကျွန်မအပေါ် ထင်မြင်မှုမှာ မကောင်းတဲ့ သက်ရောက်မှုရှိစေတယ်၊ ရှင့်ကို ကျွန်မ အသရေဖျက်မှုနဲ့ တရားစွဲမယ်”

မြေအောက်ကမ္ဘာမှ သရဲများလည်း သူမစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“စုန့်စုန့်ရဲ့ စကားကို နားထောင်ရအောင်၊ ပြဿနာမရှာကြနဲ့၊ ငါတို့က မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကောင်းကောင်းနေထိုင်တဲ့ သရဲတွေပဲ၊ ငါတို့ အလွန်ဆုံးလုပ်နိုင်တာက သူတို့ကို ခြောက်လှန့်ရုံပဲရှိတာ၊ ပြဿနာဖြစ်အောင် လုပ်လို့မရဘူး”

“ကုတောက်ကျန့်က ငါတို့တွေ မကောင်းမှု သက်ရောက်သွားမှာကို စိုးရိမ်လို့ ဖြစ်ရမယ်၊ သူမက ငါတို့ သရဲပရိတ်သတ်တွေကို အရမ်း ဂရုစိုက်တာပဲ”

“......”

‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’ က

ကလေးငယ်အား နောက်ဆုံးတွင် ချော့မြူသိပ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်သို့ ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင် မှတ်ချက်ဧရိယာက ပြန်လည်အလုပ်လုပ်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသော်လည်း မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့မှန်း နားမလည်နိုင်ခဲ့ပေ။

ကုကျစ်စုန့်: “အဆင်သင့်ဖြစ်ရင် စလိုက်ကြတော့မလား?”

‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေးဆေးနေမယ်’က သမီးငယ်လေးအား  ဖက်ထားရင်း ရှက်ရှက်ဖြင့်ခေါင်းငြိမ့်သည်။

“စလို့ရပါပြီ၊ ကလေးက ငိုနေတာနဲ့တင် အားလုံးအချိန်တွေ ဖြုန်းမိသလို ဖြစ်သွားရပြီ”

“ဘာကိုများ သိချင်တာပါလဲ မဒမ်? ဒါမှမဟုတ် ကျွန်မရဲ့ အကူအညီလိုအပ်လို့လား?”

‘လှဲအိပ်ပြီး ဘဝကို အေးအေးဆေဆေးနေမယ်’က ခဏလောက် တွေးလိုက်ပြီး အပြုံးဖြင့် ပြောသည်။

“ကုတောက်ကျန့်၊ ကျွန်မ ဒီအစီအစဉ်ကို ကြည့်တာ ကြာပါပြီ၊ ရှင်က လူတွေရဲ့ ကံကြမ္မာကို ဟောတဲ့နေရာမှာ အရမ်းတော်တယ်ဆိုတာ သိပါတယ်၊ ဒီတော့ ကျွန်မတို့ မိသားစုရဲ့ ကံကြမ္မာကို ဟောပေးလို့ ရမလားရှင်?”

ကုကျစ်စုန့် ခေါင်းငြိမ့်သည်။

“ရပါတယ်၊ ရှင်နဲ့ပဲ အရင်စလိုက်ရအောင်လေ”

*

All Chapters