← Chapters

( ပြီးပြည့်စုံတဲ့ နို့ရေခဲမုန့်ကတော့)

Vol. 8 Ch. 99

( ပြီးပြည့်စုံတဲ့ နို့ရေခဲမုန့်ကတော့)

Vol. 8 Ch. 99

ဟောင် သူ့ရဲ့ လက်မှာချီစွမ်းအင်များ စီးဆင်းခိုင်းလိုက်သည်။

လက်သီးကို တင်းကျပ်စွာ စုပ်ထားကာ တိုကင်ပြားပေါ်မှ အပူကိုခံစားလိုက်၏။

သူ့ရဲ့ လက်ဝါးမှ အပူတွေကို တစ်ဆင့် ကူးပြောင်းခံရပြီးနောက်မှာ တိုကင်ပြားက အနည်းငယ် လင်းလာခဲ့သည်။

ဖိအား သိပ်သည်းလာသည်နှင့်အမျှ အပူတွေလဲ မြင့်တက်လာ၏။

‘ လုံလောက်သင့်ပြီ’

ဟောင် တွေးပြီးနောက်မှာ နောက်ဆုံးတစ်ကြိမ် ညှစ်လိုက်လေသည်။

ဒါပေမဲ့ လက်ဝါးဖွင့်ကြည့်လိုက်ချိန်မှာ တိုကင်က အရင်အတိုင်းပဲ။

ပြောင်းလဲမှုမရှိ၊ အက်ကွဲမှု မရှိပေ။

ဟောင် ပြုံးကာ ခေါင်းယမ်းလိုက်လေတော့၏။

အလကားဖြစ်မှာ ကြိုသိနေလို့ ချီစွမ်းအင်ကို သူအားကုန် မသုံးထားခဲ့ဘူး။

ဒီတိုင်းသိချင်လို့ အနည်းငယ် ထည့်စမ်းမိရုံပဲ။

ဒါပေမဲ့ သူ မျှော်လင့်ထားပြီးသားပါ။

စနစ်က ပေးထားတဲ့ တိုကင်က အလွယ်တကူ ဖျက်ဆီးလို့ ဘယ်ရမလဲ?

တစ်ကယ့် မသေမျိုး ကျင့်ကြံသူတစ်ယောက်က အင်အားသုံးပြီး ဖျက်ဆီးရင်တောင်မှ ဖြစ်နိုင်မယ်မထင်ဘူး။

‘ ဟုတ်ပြီ ရေခဲမုန့်ပဲ စမ်းကြတာပေါ့’

ဟောင် ကတော့စက်နားကို သွားလိုက်လေ၏။

စက်ရဲ့အပေါ်တွင် ကြွေပြားထည့်နိုင်သော နေရာရှိသည်။.တုံ့ဆိုင်းမှုမရှိ ဟောင် ထည့်လိုက်လေ၏။

ကလစ်!

ကတော့ထည့်စက်ထဲကို လက်ထည့်လိုက်သည်။

ဘုတ်!

သူ့ရဲ့လက်ထဲသို့ ကတော့ဝေဖာတစ်ခု ကျလာခဲ့သည်။ ချောမွေ့ကြွတ်ဆက်တဲ့ အထိအတွေ့က နံရံက ပုံအတိုင်းပဲ ခံစားရသည်။

ဟောင် လက်ပြန်ရုတ်ကာ ကတော့ကို ကြည့်လိုက်သည်။ သေချာကို အနီးကပ် ကြည့်ရှုလိုက်သည်။

ပြီးပြည့်စုံတယ်။

ဝေဖာကတော့၏ အရောင်သည် ရွှေညိုရောင် ရှိသည်။ လတ်လတ်ဆတ်ဆတ် အခုမှ ဖုတ်ထားတဲ့အတိုင်းပဲ။ ကြွတ်ရွပေမဲ့ အနွေးဓာတ်အနည်းကိုလဲ ခံစားရတာမို့ စားချင်စိတ်ပေါ်စေသည်။

ဟောင် အနံ့ခံကြည့်ချိန်မှာ နူးညံ့သာယာဖွယ် အနံ့လေး သင်းပျံ့လာသည်။

ချိုမြပြီး အခွံမာသီးနံ့ နည်းနည်းပါသည်။ အခုမှ ဖုတ်ထားတဲ့ ကတော့ဆီက ချိုမြမြ အမွှေးနံ့က သွားရည်ယိုစေလိမ့်မည်။

ကတော့ရဲ့အောက်ခြေတွင် စက္ကူစ အနည်းငယ်ကပ်ပေးထားသည်။ ရေခဲမုန့်ဆိုင်တွေမှာ လက်ပေါ်ဖိတ်မကျအောင် လုပ်ပေးနေကျ အတိုင်းပင်။

သေးငယ်ပြီး လိုအပ်သည့်နေရာမှာ ထားပေးထားသည်။

ဟောင် ကတော့ကို ကိုင်ပြီး ရေခဲမုန့်စက်နားကို သွားလိုက်သည်။

ရေထည့်စက်လိုပဲ ရေခဲမုန့်စက်မှာလဲ တင်စရာ ​နေရာပါရှိသည်။

သူ ကတော့ကို ပေးထားတဲ့ နေရာမှာ ထည့်ပြီးနောက်မှာ အပေါက်နဲ့ ချိန်လိုက်သည်။

နေရာချပြီးတာနဲ့ စက်ကနေ နူးညံ့ပြီး ချိုတဲ့ အမွှေးဓာတ်တစ်ခု ထွက်ပေါ်လာသည်။

ရေတကောင်းက အသက်ဝင်လာပြီး ရေခဲမုန့်တွေ ထွက်လာသည်။

နို့နံ့မွေးမွှေးလေးကြောင့် ဟောင် သွားရည်ယိုလာပြီပင်။

ကတော့ပေါ်မှာ နို့ရေခဲမုန့်ကို ပြီးပြည့်စုံစွာ တင်ပေးသွားပြီး ထိပ်ပိုင်းအချွန်လေးဖြစ်သည်အထိ ထည့်အပြီးမှာ ရေတကောင်းက ပြန်ရပ်သွားသည်။

ရေခဲမုန့်ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံက မသိရင် အနုပညာရှင်တစ်ယောက် ဖန်တီးထားတဲ့အတိုင်းပဲ။ တစ်နေရာစီက ပြီးပြည့်စုံသည်။

ဟောင် အမြန်ပဲ ကတော့ကို နေရာမှ ပြန်ယူလိုက်သည်။

ပြီးပြည့်စုံစွာ ခွေထားတဲ့ နို့ရေခဲမုန့်ကို သူစိုက်ကြည့်လိုက်သည်။

ခရင်မ်သားလေးက ကြည့်ရတာနဲ့တင် စားလို့ကောင်းမဲ့ပုံပဲ။

စားချင်စိတ်တွေ တိုးပွားလာတာမို့ ဟောင် ကိုယ့်နှုတ်ခမ်းကို ပြန်သပ်လိုက်သည်။

ဂရုတစိုက်ဖြင့် ခပ်ဖြည်းဖြည်းပဲ ဟောင် လျှာကို အရှေ့ထုတ်ကာ ရေခဲမုန့်ထိပ်ပိုင်းကို ထိလိုက်သည်။

ချက်ချင်းပဲ အရသာက ရိုက်ခတ်သွားတော့သည်။

နူးညံ့သိမ်မွေ့တဲ့ အချိုဓာတ်က သူ့ရဲ့ အာရုံခံမှုကို လှုပ်ယမ်းသွားဟန်ရှိသည်။

သူ အရင်က စားဖူးသမျှ နို့ရေခဲမုန့်တွေနဲ့ မတူညီဘူး။

လန်းဆန်းပြီး သိမ်မွေ့နူးညံ့တဲ့ အရသာက သူ့ရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်ပေးသွားခဲ့သည်။

အချိုဓာတ်က ပါးစပ်ထဲ လွှမ်းမိုးမသွားဘူး။ ပိုတိုးလာတဲ့ ပေါ့ပါးမှုနဲ့အတူ ပါးစပ်ထဲ စွဲကျန်နေခဲ့သည်။

ဟောင် မတတ်နိုင်စွာ မျက်လုံးမှိတ်ရင်း တန်ဖိုးကြီးအရသာကို ဇိမ်ခံနေလိုက်သည်။

ထို့နောက်မှာ စိတ်မရှည်စွာဖြင့် နောက်တစ်ချက် ထပ်လျပ်လိုက်သည်။

ရေခဲမုန့်က ပါးစပ်ထဲ ပျော်ဝင်သွားတာနဲ့ ခရင်မ်သားလေးလို မွှေးပျံ့သွားခဲ့သည်။

နူးညံ့တဲ့ အအေးဓာတ်က ပါးစပ်တစ်ခုလုံးထဲ ဝင်ရောက်လာခဲ့သည်။

နွေပူပူမှာ ပေါ့ပါးတဲ့ လေပြေးလေးတစ်ချက် ဖြတ်တိုက်သွားသလို တည်ငြိမ်အေးချမ်းသွားသည်။

ကျေနပ်စွာ အင်းလိုက်ပြီး အာရုံထဲထိ ဝင်ရောက်လာတဲ့ အအေးဓာတ်ကို ခံစားနေလိုက်သည်။

ဟောင် နောက်တစ်လုပ် စားချင်စိတ်ကို မတောင့်ခံနိုင်တော့ပါချေ။

ရေခဲမုန့် အရည်ပျော်တာနဲ့ အချိုဓာတ်က ပါးစပ်ထဲ စွဲကျန်နေခဲ့သည်။

အရသာက မပြင်းထန်ဘူး။ သန့်စင်တဲ့ အရသာက အဆုံးသတ်မှာ ကြည်လင်အေးချမ်း သွားစေသည်။

နူးညံ့ပြီး ပါးစပ်ထဲ စွဲကျန်နေမှုက ထပ်စားချင်စိတ်သာ ပေါက်စေသည်။

ဟောင် ကြိုက်လွန်းလို့ ပြုံးမိသွားသည်။

နှုတ်ခမ်းထပ်သပ်ကာ နောက်တစ်လုပ် စားလိုက်သည်။

ဒီတစ်ခေါက်တော့ သူ မထိန်းထားတော့ဘူး။

ဒါကြောင့် အအေးဓာတ်က လှိုင်းလုံးများလို သူ့ကို ရိုက်ခတ်သွားသည်။ မသိလိုက်ခင်မှာပဲ သူ့ရဲ့ ဦးနှောက်က အေးခဲသွားလေ၏။

သူ့ရဲ့မျက်နှာက ချက်ချင်း တောင့်တင်းသွားပြီး အနည်းငယ် ညည်းညူကာ ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်သည်။

“ အာ… ကျင်သွားတာပဲ”

ဟောင် ရေရွတ်လိုက်ရင်း အအေးဓာတ်ပျောက်သွားအောင် ခေါင်း တစ်ချက် ယမ်းလိုက်သည်။

သူ ထုတ်ရယ်ချင်သွားသည်။ ဒါပေမဲ့ ရေခဲမုန့်ရဲ့ ဆွဲဆောင်မှုက ပြင်းလွန်းလေ၏။

သူ နောက်ထပ် ဂရုတစိုက် ထပ်စားရင်း ရေခဲမုန့်ရဲ့ နူးညံ့တဲ့ ခံစားချက်ကို စုပ်ယူနေလိုက်သည်။

ထို့နောက်မှာ ကတော့ဘက်ကို လှည့်လိုက်လေပြီ။

ဝေဖာကတော့ကို ပါးစပ် အနားတိုးလိုက်ပြီး တစ်ကိုက်ကိုက်လိုက်ရင်း အခွံမာသီးနံ့သင်းနေတဲ့ ဝေဖာသား ကြွတ်ကြွတ်ကို ကိုက်လိုက်သည်။

အရသာက ပြီးပြည့်စုံသည်.. ကြွတ်ကြွတ်လေးနဲ့ စိတ်ကျေနပ်ဖွယ် ကောင်းလှ၏။

ကတော့ရဲ့ အချိုဓာတ်အနည်းငယ်နဲ့ နို့အရသာ အချိုဓာတ်နဲ့ ပေါင်းချိန်မှာ အရသာက အံ့ဖွယ်ဖြစ်သွားပြီး တစ်ကိုက်တိုင်းကို ပိုပြီးကျေနပ်ဖွယ် ဖြစ်စေသည်။

သိသာတဲ့ ပျော်ရွှင်မှုကြောင့် သူ မနေနိုင်စွာ ပြုံးမိသွားသည်။

ဒါပေမဲ့ သူ ရေခဲမုန့် ကုန်ခါနီးရောက်လာလေလေ တစ်စုံတစ်ခုကို အမှတ်ရလာလေလေပဲ။

ရေခဲမုန့်ကို ကတော့ထဲမှ ပြုတ်မကျအောင်လို့ သေချာ စစ်ဆေးလိုက်သည်။

ကတော့ကို လက်နှစ်ဖက်နဲ့ သေချာကိုင်ရင်း တစ်စက်မှ မဖိတ်အောင် ကလေးတစ်ယောက်လို စားလိုက်လေ၏။

ကတော့ရဲ့ ဘေးသို့ ရေခဲမုန့် အနည်းငယ် စီးကျနေတာကို မြင်ချိန်မှာ သူ အနည်းငယ်.မျက်မှောင်ကြုတ်သွားသည်။

ဟောင် အမြန်ပဲ ကြမ်းပြင်ပေါ် ပြုတ်မကျခင် ယပ်လိုက်တော့သည်။

ကိုယ့်လုပ်ရပ်ကိုယ် ကျေနပ်စွာ တစ်ချက် ရယ်လိုက်သေး၏။

ရေခဲမုန့်ကို ဂရုတစိုက်စားရတာက ဂိမ်းကစားနေရသလို ပျော်ဖို့ကောင်းသည်။

‘ ရေခဲမုန့်တွေ အောက်ပေမှာစိုးတဲ့ အကျင့်က မပျောက်သေးဘူးပဲ’

သူ တွေးနေရင်းနဲ့ ပြင်ညီသွားတဲ့ ရေခဲမုန့်ကို ကြည့်လိုက်သည်။

အခု ထိပ်ပိုင်းက ညီညာစွာ ချောမွေ့သွားပြီမို့ သူ့ရဲ့အာရုံက ကြွတ်ဆတ်တဲ့ ဝေဖာသားချိုချိုကို ကျရော​က်သွားခဲ့သည်။ တစ်ကိုက်ချင်းစီကနေ အချိုဓာတ်လေးကို ခံစားနေလေတော့၏။

All Chapters