← Chapters

( ရေခဲမုန့်ရဲ့ ဝဲဂယက်မိသွားတဲ့ ကျောက်စိမ်းအလှလေးနှစ်ယောက်)

Vol. 8 Ch. 106

( ရေခဲမုန့်ရဲ့ ဝဲဂယက်မိသွားတဲ့ ကျောက်စိမ်းအလှလေးနှစ်ယောက်)

Vol. 8 Ch. 106

“ ဝိုး!”

ဟွာဖေးရှုရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်.

“ အရမ်းကောင်းတာပဲ”

“ အေးပြီး ပွပွလေးနဲ့ ပါးစပ်ထဲမှာ ပျော်သွားတာပဲကွာ..။ မမကြီးကော ခံစားရတယ်မလား?”

သူမ ထပ်လျပ်လိုက်သည်။ သူမရဲ့ မျက်နှာတွင် မျက်ရည်ပါ ဝေ့ချင်လာသလိုပဲ။

“ တစ်ယောက်ယောက်က ရေခဲတုံးထဲ ပျော်ရွှင်မှုတွေ ထည့်ပြီး ရောမွှေထားသလိုပဲ! ငါ့နှလုံးသားလေးပါ အရည်ပျော်သွားပြီ!”

ယွဲ့ရှုယန်ကတော့ ခေါင်းပင် မဖော်ပါချေ။

တိတ်တဆိတ် လျပ်နေဆဲပဲ။

“... အမ်းးး”

“ ကောင်းလိုက်တာ”

သူမ ထိုတစ်ခွန်းသာပြောသည်။

သူမရဲ့မျက်လုံးက တောက်ပနေကာ နှုတ်ခမ်းတွေလဲ အနည်းငယ် အပေါ်တက်နေလေ၏။

ယွဲ့ရှုယန် ပျော်နေခဲ့သည်။

ရေခဲမုန့်ကလား?

ရေခဲမုန့်က နတ်အစားအသောက်ပဲ!

ရေခဲမုန့်ရဲ့ ထိပ်ပိုင်းအခွေတွေကို စားပြီးတာနဲ့ သူမတို့နှစ်ယောက်လုံးရဲ့ အာရုံက ရွှေညိုရောင် ကတော့ချွန်ဆီ လှည့်သွားခဲ့ပြီ။

ယွဲ့ရှုယန်က ဆိုင်ရှင်ထံလှည့်ကာ ကတော့ပါ စားလို့ရမလား မေးမလို့ ပြင်နေရုံ ရှိသေးသည်။ သူမ ကြားလိုက်ရလေ၏။

ကျွတ်!

ရေခဲမုန့်နဲ့ ကတော့ကို အားရပါးရ ကိုက်ချလိုက်လေသော ညီမဖြစ်သူကိုသာ လှည့်ကြည့်လိုက်မိတော့သည်။

ဟွာဖေးရှုက နည်းနည်းတောင် တုံ့ဆိုင်းမနေပေ။ ပျော်ရွှင်မှုအပြည့်နဲ့ တစ်ကျွတ်ကျွတ် ဝါးနေလေ၏။

ဝေဖာကတော့က အရမ်းစားကောင်းသည်မို့ စားမရတာ မဖြစ်နိုင်ဘူး။ ဒါက ဟွာဖေးရှုရဲ့ အတွေးပင်။ အဓိပ္ပါယ်လဲရှိသည်။

ရေခဲမုန့်ကြိုက်တဲ့ သူတိုင်းအတွက် ကတော့နဲ့ တွဲကိုက်ရတာက အကောင်းဆုံးအပိုင်းပဲ။ ကတော့နဲ့ လျှာနဲ့ထိတွေ့ချိန်က အဆွဲဆောင်နိုင်ဆုံးပဲ။

ဟွာဖေးရှု နောက်တစ်ကိုက် ကိုက်လိုက်ရင်း ပျော်ရွှင်မှုကြောင့် ထုတ်ညည်းမိတော့မတတ် ဖြစ်လာသည်။

“ အမ်း.. ကြွတ်ကြွတ်လေးနဲ့ အရမ်းကောင်းတယ်။ အဖြူရောင်တိမ်လုံးလေးနဲ့ ကွက်တိပဲ! ဒီလောက် စားကောင်းမယ် မထင်ခဲ့မိဘူး!”

ယွဲ့ရှုယန် မျက်ခုံးတစ်ဖက်ပင့်ကာ ညီမဖြစ်သူကို ကြည့်နေရင်း သူမလဲ ကိုက်ချင်စိတ် ပေါက်လာရသည်။

သူမ တည်တည်ငြိမ်ငြိမ်လေးပဲ တစ်ကိုက် ကိုက်လိုက်သည်။ ရေခဲမုန့်လိုပဲ ဒီ ကတော့ကလဲ သူမ ထင်ခဲ့တာထက် ပိုစားကောင်းနေ၏။

စိတ်တက်ကြွမှုအပြည့်နဲ့ ကောင်မလေး နှစ်ယောက်သည် ရေခဲမုန့်ကို တိုက်ခိုက်နေကြပြီး သူမတို့ရဲ့ အတွေ့အကြုံ အသစ်မှ မရုန်းထွက်နိုင်ကြချေ။

ဘေးမှာရှိနေတဲ့သူတွေကို ဂရုပင်မစိုက်အားကာ ရေခဲမုန့်ကိုပဲ အသည်းအသန် စားနေကြသည်။

တစ်ဖက်က ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းတို့ကတော့ စားလို့ပြီးသွားပြီပင်။ ကတော့နားကို ရောက်တဲ့ အချိန်မှာ သူတို့က သုံးကိုက်တည်းနဲ့ အဆုံးသတ်ပေးခဲ့ကြသည်။

သူတို့တွေ အချိန်နည်းနည်းမှ မဖြုန်းပေ။ ရေခဲမုန့်​ကြောင့် ဦးနှောက်ကျင်ခြင်း မဖြစ်ရအောင် ချီစွမ်းအင်နဲ့ တစ်ခါထဲ ပိတ်ဆို့ထားခဲ့သည်။.

လင်ယွီကျွင်း ပြုံးလိုက်ကာ

‘ ဒီလိုရိုးရှင်းတဲ့ အအေးဓာတ်လောက်နဲ့ အချိန်ကုန်ခံစရာလား?’

ရှောင်လျန်ဖန်း ရယ်လိုက်ပြီး

‘ ဟုတ်တယ် အေးတာလောက်ကို စာမဖွဲ့ဘူး’

ထိုအချိန်မှာ ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုတို့ နှစ်ယောက်ကတော့ နို့ရေခဲမုန့်ရဲ့ အရသာမှာ နစ်မြုပ်နေဆဲပင်။

နောက်ဆုံးတစ်လုပ် စားပြီးသွားချိန်မှာ ယွဲ့ရှုယန်က သူမညီမကို ကြည့်လိုက်သည်။

သူမ မနေနိုင်စွာ ရယ်မိသွားသည်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေ ကော့တက်နေလေ၏။

ဟွာဖေးရှုရဲ့ နှုတ်ခမ်းထောင့်မှာ အဖြူတွေ ပေနေဆဲပဲ။

‘ ဖေးရှု၊ နင့်မျက်နှာမှာ ပေနေတယ်’

ဟွာဖေးရှု မျက်တောင် တစ်ဖြတ်ဖြတ်ခတ်ရင်း သူမရဲ့ ပါးကို သုတ်လိုက်သည်။ ထို့နောက်မှာ သူမလဲ ယွဲ့ရှုယန်ကို ကြည့်လိုက်ကာ

“ မမကြီးလဲ ပေနေတယ်!”

တစ်ဆတ်ထဲပဲ ယွဲ့ရှုယန်ရဲ့ ပါးပေါ်က အစက်လေးကို သူမ လက်ညိုးထိုးပြလိုက်သည်။

ယွဲ့ရှုယန် လက်တစ်ဖက် မြှောက်ကာ သုတ်လိုက်ပြီးချိန်မှ အမှန်ပြောနေမှန်း သိသွား၏။

သူမရဲ့ ပုံမှန်ရှိနေကျ တည်ငြိမ်မှုလေး ပျက်ယွင်းသွားပြီးနောက်မှာ ရယ်လိုက်တော့သည်။

ဒီအမွှေးနံ့က ရင်းနီးနေသည်…..

ထိုရေခဲမုန့်က သူမရဲ့ ငယ်ရွယ်စဥ် အချိန်ကိုတောင် ပြန်အမှတ်ရစေခဲ့သည်။ ထိုအချိန်က ဓားငုတ်တိုလေး ကိုယ်စီနဲ့ ဝတ်ထားရသည်ကလဲ ဂိုဏ်းဝတ်စုံ အပွကြီးများသာ။

ထိုအချိန်က အချိုလုံးက ရတနာတစ်ခုလိုပဲ။ အချိုလုံးစားနေရရင် စိတ်ပျော်ပြီး အလိုလိုရယ်မိသည်။

ထိုအချိန်က တာဝန်တွေမရှိသလို.. လေ့ကျင့်ရေးတွေလဲ မရှိဘူး။

နေရောင်အောက်မှာ ဂိုဏ်းအကြီးအကဲတွေ မမြင်အောင် ခိုးထွက်ရင်း ရတဲ့နည်းနဲ့ အချိုလုံး ဝယ်ဖို့ပဲ သိခဲ့ကြသည်။

အခုချိန်မှာ အတိတ်ကို ပြန်အမှတ်ရရင်း တူညီတဲ့ ခံစားချက်ဟောင်းလေးက ရင်မှာ နေရာယူလာခဲ့သည်။

ဆက်တိုက်ကြုံလာရတဲ့ တိုက်ပွဲတွေကြောင့် သန်မာလာပြီး တာဝန်တွေ ဝိုင်းနေတဲ့ ကျင့်ကြံသူဖြစ်နေရင်တောင်မှ ငယ်ငယ်တုန်းက သကြားလုံး စားဖူးတာပဲ။

အခုချိန်မှာ သူမတို့တွေလဲ ထိုကလေးလေးများ ဖြစ်သွားသလို ခံစားရသည်။

‘ ကြည့်ရတာ ငါတို့နှစ်ယောက်လုံး မျောပါသွားကြပုံပဲ’

ဟွာဖေးရှုက သူမရဲ့ ပုံစံအတိုင်း တက်ကြွစွာ ရယ်လိုက်သည်။

“ ဒါအရမ်းကောင်းတယ်နော် မမကြီး! ငါ့ကိုယ်ငါတောင် မထိန်းနိုင်ခဲ့ဘူး!”

ထိုအချိန်မှာ ကျားအိုကြီးကျောင်းကတော့ ဆိုင်ထောင့်လေးမှာ မှိုင်တွေနေလေ၏။

စားပွဲပေါ် လက်ထောက်ထားရင်း ကျောပြင်ကိုလဲ မဖြောင့်တန်းနိုင်တော့ပေ။

သူ့ရဲ့ မျက်လုံးတွေကတော့လား?

စားပွဲပေါ်က မက်မွန်လက်ဖက်ရည်တစ်ဗူးနဲ့ အာလူးကြော်တစ်ထုတ်ကို ဗလာဖြစ်စွာ စိုက်ကြည့်နေဆဲပဲ။

သူဘာလို့ အကြာကြီးထိုင်နေမိမှန်းတောင် မသိတော့ပါချေ။

ထိုပစ္စည်းနှစ်ခုကို ကြည့်လိုက်တာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်က စတင်ယားယံလာသလိုပဲ။

လက်ချောင်းတွေက တွန့်ချင်လာပြီး ပါးစပ်မှာ သွားရည်တွေ ပြည့်လာခဲ့သည်။

သူ့ရဲ့ အတွင်းစိတ်ကတော့လား?

သူ့ရဲ့ အတွေင်းစိတ်က အော်ဟစ်နေခဲ့သည်။

‘ဝိညာဥ်ကျောက်တုံး ရှစ်တုံးတောင်လား?!’

ဒီအရာလေးနှစ်ခုအတွက် ဝိညာဥ်ကျောက်တုံးရှစ်တုံးတောင် ပေးရမှာလား?

​ဒါက ရောင်းဈေးမဟုတ်ဘူး။ ဒါက အစားအသောက်တစ်ခုရဲ့ ရောင်းဈေးမဟုတ်ဘူး။ ဒါငါ့ရဲ့ သိုလှောင်လက်စွပ်ကို တိုက်ရိုက်စော်ကားလိုက်တာ!

ဒါကသာ တိုက်ပွဲဆိုလို့ကတော့ ဈေးနှုန်းနဲ့တင် ငါ သွေးအန်ပေးလို့ ရနေပြီ!

ဒီလိုပစ္စည်းသေးသေးလေးက အစောက စားခဲ့တဲ့ ရေခဲမုန့်ထက် ဈေးကြီးနေတာပဲ!

ဒါ တရားဝင် ဈေးဆိုင်ကောဟုတ်ရဲ့လား?

သူ နားမလည်နိုင်တော့ဘူး။

ဒီမှာ ရောင်းသမျှ ပစ္စည်းတိုင်းက ဝိညာဥ်ကျောက်တုံးတစ်တုံး အနည်းဆုံး ပေးရသည်။

ထိုထက်မက ဈေးကြီးတာတွေပင်။

ဆိုင်ရဲ့ ဈေးအနည်းဆုံး ပစ္စည်းကတောင်မှ သာမာန်ကျင့်ကြံသူတစ်ယောက်ရဲ့ တစ်သက်တာ ​စုဆောင်းထားသမျှကို တစ်ပတ်ထဲနဲ့ ပြောင်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

ကောင်းကင်အဆင့် ဇိမ်ခံဆိုင်တစ်ခုထဲ သူ ရောက်လာမိတာများလား?

ဒါပေမဲဲ့လဲ…

နို့ရေခဲမုန့်ရဲ့ အရသာကို ပြန်တွေးမိသွားတော့ သူ့ရဲ့မျက်လုံးက ပြန်အရောင်တောက်လာမိပြီပင်။

အဲ့ဒါက… တစ်ကယ်ကို နတ်ပစ္စည်းပဲ။

ဒါက အစားအသောက်မဟုတ်တော့ဘူး။

ဒါက အနုပညာပဲ။

ဒါက အလင်းပွင့်မှုပဲ။

ဒါက တာအိုနှလုံးသားကို အစိုင်အခဲအနေနဲ့ ပုံဖော်ထားတာပဲ!

ဒါဆို ဖြစ်နိုင်တာ.. ဖြစ်နိုင်တာကပေါ့… ဒီအာလူးကြော်နဲ့ လက်ဖက်ရည်ကကော အတူတူပဲ ဖြစ်လောက်လား?

သူ အာလူးကြော်ထုပ်ကို စိုက်ကြည့်လိုက်သည်။

သူ့ရဲ့ အစာအိမ်က အချက်ပြလာပြန်ပြီပင်။

ကျားအိုကြီးကျောင်း ညည်းညူလိုက်တော့သည်။

‘ အဲ့ကောင်လေးသာ ငါ့ကို ချွင်းချက်လေး ပေးခဲ့လို့ကတော့ကွာ.. တစ်ကြိမ်လောက်ဆိုရင်တောင်…’

‘ ဒီအဘိုးအိုကြီးရဲ့ ဆန္ဒကို တစ်ကြိမ်လောက် ဖြည့်စည်းပေးခဲ့ရင်ကွာ..’

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းကတော့ ထပ်ပြီး တန်းစီလိုက်ကြသည်။

သူတို့နှစ်ယောက်ရဲ့ လက်ထဲတွင် သူတို့အ​ကြိုက် အသင့်စားခေါက်ဆွဲ တစ်မျိုးစီနဲ့ ဖျော်ရည်တစ်ဗူးစီ ကိုင်ထားသည်။

လင်ယွီကျွင်းက သံပုရာဆိုဒါ ဖြစ်ပြီး

ရှောင်လျန်ဖန်းက ကိုလာ ပဲ။

ဘယ်သူကမှ ရေခဲမုန့်နဲ့ ပတ်သတ်ပြီး စကားတစ်ခွန်းတောင် မပြောကြ​ပေ။

ဘာလို့ဆို သူတို့ သိသည်လေ။

ဆိုင်ရဲ့ စည်းမျဥ်းအရ တစ်မျိုးကို တစ်ခုသာ ဝယ်နိုင်မည်။

သူတို့တွေ ငိိုယိုအော်ဟစ်ပြီး နောက်တစ်ခု စားဖို့ ဒူးထောက်ရင်တောင်မှ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။

ကောင်းကင်ကြီးပြိုကျရင်တောင်မှ မပြောင်းလဲမဲ့ ယောက်ျားစစ်တစ်ယောက်ရဲ့ မျက်ဝန်းကြီးတွေနဲ့ပဲ ဆိုင်ရှင့်ထံက ပြန်ကြည့်ခံရမှာ 1000% သေချာပါ၏။

မသိလျှင် နှစ်ခါရောင်းမိရင် မြွေကိုက်မဲ့ အတိုင်းပဲ!

အဲ့ဒီနို့ရေခဲမုန့်ကို… သာမာန်ချက်ထားတာ မဖြစ်နိုင်ပေ။

အဆင့်မြင့်သိုင်းကျင့်စဥ်တစ်ခုနဲ့ ဖန်တီးထားတာ သေချာ၏။

ဖြစ်နိုင်တာ… နတ်သားရဲတစ်ကောင်ရဲ့ နို့ရည်ကို လိုအပ်လောက်လား?

ဒါမှမဟုတ် တားမြစ်အထွဍ်အထိပ်နယ်မြေတွေရဲ့ နံနက်ခင်း နှင်းစက်တွေကို စုဆောင်းပြီး ဖန်တီးထားတာလား?

ဘယ်လိုလုပ် အစားအသောက်တစ်ခုက ဒီလောက်ကောင်းနိုင်ရတာလဲ?

All Chapters