( မြူခိုးနွား မှ ရရှိတဲ့ ရေခဲမုန့်)
Vol. 8 Ch. 107
ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုလဲ သူမတို့ကြိုက်တဲ့ အသင့်စားခေါက်ဆွဲ အသီးသီးနဲ့ ဖျော်ရည်တစ်ဗူးစီကိုင်ကာ အနောက်မှ လိုက်လာကြသည်။
တစ်ယောက်မှ စကားမပြောကြချေ။
ဒါပေမဲ့သူတို့ရဲ့ မျက်လုံးတွေကတော့ ရေခဲမုန့်စက်ပေါ်မှာ အချိန်ခဏလောက်အထိ ကပ်ညှိနေဆဲပဲ။
နောက်ထပ် တစ်ကိုက်လောက်သာ…
တစ်ခါလောက် ရမယ်ဆိုရင်…
ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပါပဲ။
သူတို့ လိုက်နာမှဖြစ်မည်။ အနည်းဆုံးတော့ အကိုကြီးဟောင်က အဲ့ဒီလိုပြောခဲ့တာပဲ။
ဒီတော့သူတို့လဲ စည်းကမ်းလိုက်နာရမှာပေါ့။
သူတို့လေးယောက်လုံး ခုံမှာ နေရာယူလိုက်ကြသည်။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ မှန်နံရံကို မျက်နှာမူထားတာ မဟုတ်တော့ဘဲ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတာပင်!
အမြဲတမ်း ဘေးချင်းကပ် ထိုင်နေကြဖြစ်တဲ့ ရှောင်လျန်ဖန်းနဲ့ လင်ယွီကျွင်းအတွက် အခုလို ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်တို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီး ကြည့်နေရတော့ ခံစားချက်က မတူညီနေဘူး။
သူတို့ ပုံမှန်လုပ်နေကျ စားသောက်ရင်း စကားပြောတဲ့ သာမာန်အချိန်တစ်ခု မဟုတ်သလို ခံစားရသည်။
ခံစားချက်က… လေထဲမှာ တစ်ခုခုက တိတ်တဆိတ်ပျံ့လွင့်နေသလိုပဲ။
ပုံမှန်စားနေကျ စားသောက်ချိန်ထက် အခု အခြေအနေက တွေ့ဆုံပွဲတစ်ခု လုပ်နေရသလို ခံစားရသည်။
လင်ယွီကျွင်း ကိုယ့်ပုံစံကိုယ် ထိန်းဖို့ ကြိုးစားပါသေးသည်။ ဒါပေမဲ့ ဟွာဖေးရှုကို ကြည့်လိုက်တိုင်း အခန်းထဲက တင်းအားက လှုပ်ရှားမှုတစ်ခုတိုင်းမှာ ပိုပြင်းလာသလိုပဲ။
ပုံမှန်စကားနည်းပြီး တိုက်ခိုက်ဖို့အတွက်ပဲ ကျင့်ကြံတတ်တဲ့ ရှောင်လျန်ဖန်းပင် အနေခက်မှု တစ်ချို့ ခံစားနေရသည်။
သူတို့လေးယောက်က တစ်စားပွဲထဲ မထိုင်ရလောက်အောင် သူစိမ်းတွေ ဖြစ်နေတာလဲ မဟုတ်ပါချေ။ ဒါပေမဲ့ အခုလို တိုက်ရိုက်ကြီး မျက်နှာချင်းဆိုင် ထိုင်တာမျိုးကျလဲ…. ဒါက ပထမဆုံးအကြိမ်လေ။
‘ အကိုလျန်ဖန်း.. ဒါနည်းနည်းတော့ မတူနေဘူးမလား?’
ရှောင်လျန်ဖန်း လင်ယွီကျွင်းကို လှမ်းကြည့်လိုက်သည်။
‘ ဒါက နည်းနည်းတော့… ပုံမှန်ဆိုရင်ကွာ။ ငါတို့က ဘေးချင်းကပ်ပဲ ထိုင်ခဲ့တာလေ။ သိပ်ကိစ္စမရှိခဲ့ဘူး.. ဒါပေမဲ့ အခု လူသောင်းချီ ဝန်းရံနေတဲ့ တိုက်ပွဲအလယ်မှာ ရပ်နေရသလိုပဲကွာ ခံစားချက်ကြီးက’
‘ အတိအကျပဲ!’ လင်ယွီကျွင်း စိတ်ထဲမှာ ရယ်မောရင်း.ပြောလိုက်လေ၏။
ဘယ်တုန်းကများ ဖျော်ရည်သောက်ဖို့အရေး အခုလို မျက်နှာရိပ် မျက်နှာကဲကြည့်ဖို့ လိုအပ်သွားတာလဲ?
လင်ယွီကျွင်း အကြောတစ်ချက် ဖြေလိုက်ရင်း
‘ ငါတော့ လှုပ်ရှားမှုတစ်ခုချင်းဆီကို ဝေဖန်ခံနေရသလို ခံစားနေရတယ်’
အရှေ့က နှစ်ယောက်ရဲ့ ထူးဆန်းနေပုံကို ယွဲ့ရှုယန် သတိထားမိပေမဲ့ အများကြီး မတွေးပါချေ။
ရေခဲမုန့်စားပြီး အချိုဓာတ်မြင့်နေတာ ဖြစ်မယ်လို့ပဲ သူမ တွေးလိုက်သည်။
ဒါက ရေခဲမုန့်ရဲ့ နောက်ဆက်တွဲအစွမ်း ဖြစ်နိုင်သည်။
လင်ယွီကျွင်းကတော့ တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ ကြံစည်လိုက်သည်။ သူ့ရဲ့ စိတ်ထဲက ကြောက်ရွံ့မှုကို ပြေလျော့သွားစေရန် နောက်ဆုံးတော့ စကားစလိုက်တော့သည်။
“ မင်းတို့… ရေခဲမုန့်စားပြီး ထူးဆန်းတာ ခံစားရလား?”
အကုန်လုံး လုပ်လက်စတွေ ရပ်ပြီး သူ့ကို ကြည့်လာကြသည်။ သူပြောသွားတာ အဓိပ္ပါယ်ရှိသည်လေ။
အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ ပစ္စည်းတွေက သာမာန်ပစ္စည်းတွေမှ မဟုတ်တာ။ အကုန်လုံးမှာ ကြောက်စရာ အစွမ်းတွေနဲ့ကြည့်ပဲ… သန်မာစေမယ်၊ မြန်စေမယ်၊ မင်းရဲ့ အာရုံခံမှုကိုပါ မြင့်ပေးနိုင်သေးတယ်။
ဒါပေမဲ့ သူတို့လေးယောက်လုံး အချင်းချင်း ကြည့်ရင်း ကိုယ်တွင်းမှ ပြောင်းလဲမှုတွေကို အာရုံခံကြည့်လိုက်သည်။
ဘာမှ မပြောင်းလဲဘူး။ ဘာမှ မဖြစ်သွားဘူး။ ဘယ်လိုထူးခြားမှုကိုမှ အာရုံမခံမိသလို ချီစွမ်းအင် မြင့်တက်မှုလဲ မရှိနေပေ။
တစ်ခုခုများ ထူးဆန်းနေမလား သိချင်စွာဖြင့် သူတို့ တစ်လက်မမကျန် စစ်ဆေးသေး၏။
ဘာမှကို မထူးခြားနေပေ။ ရေခဲမုန့်ရဲ့ အစွမ်းက သူမတို့ကို မရိုက်ခတ်သွားသလိုပဲ။
ဒီလိုနဲ့ သူတို့လေးယောက်လုံး ကျားအိုကြီးကျောင်းကို ကြည့်လိုက်ကြသည်။ ထိုသူများ အဖြေတစ်ခုခု ပေးနိုင်မလား မျှော်လင့်ချက်ဖြင့်ပေါ့။
ဒါပေမဲ့ ထိုအစား မယုံနိုင်စရာ မြင်ကွင်းသာ မြင်လိုက်ရတာကြောင့် အကုန်လုံး မျက်တောင်ခတ်လိုက်မိကုန်သည်။
ကျားအိုကြီးကျောင်းရဲ့ ပါးစပ်က အကျယ်ကြီးပွင့်နေပြီး လက်ထဲက အာလူးကြော်တစ်ထုပ်နှင့်….။
မီးတောက်နေတဲ့ မျက်လုံးတွေရဲ့ အောက်မှာ အာလူးကြော်ပြားတွေက ပါးစပ်ထဲ ပျံဝင်သွားသည်။ အာလူးကြော် တစ်ထုပ်လုံးကို ရှယ်တွယ်နေတာပင်။ အခုမှ ကမ္ဘာကြီးရဲ့ အဖြေကို သိသွားတဲ့သူ တစ်ယောက်လိုမျိုး.အငမ်းမရပဲ။
ထိုလေးယောက်လုံး ခေါင်းသာ ရမ်းနိုင်တော့သည်။
ကျားအိုကြီးကျောင်းရဲ့ ပုံစံကလဲ ကျန်တဲ့သူတွေလို အတွေးကမ္ဘာထဲ ပိတ်မိနေပုံပင်။
အတွေးကမ္ဘာ အစစ် မဟုတ်ပေမဲ့ပေါ့..။
အတွေးကမ္ဘာ မဟုတ်သလို အတွင်းစိတ်ကို ကျိန်စာတိုက်ပြီး လွှမ်းမိုးထားခံရတာလဲ မဟုတ်ဘူး။ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ရဲ့ အစားအသောက်တွေက အတွေးကမ္ဘာနဲ့ တူလောက်အောင် စစ်မှန်လွန်းသည်။
စစ်မှန်လွန်းလို့ ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအိုနှလုံးသားကိုပင် လှုပ်ခတ်နိုင်သည်!
ယွဲ့ရှုယန်ထံမှ ပထမဆုံး အဖြေသံ ထွက်လာ၏။
“ဘာမှ မဖြစ်ဘူး။ ငါဘာမှ မခံစားရဘူးရယ်”
“ အခုထိပေါ့”
“ အတူတူပဲ မမကြီး! ဒါပေမဲ့ ငါ့ပါးစပ်ထဲက ရေခဲမုန့်ရဲ့ အရသာကိုတော့ အခုထိ ပြန်စဥ်းစားပြီး အရသာခံလို့ရတယ်”
ရှောင်လျန်ဖန်းလဲ မျက်မှောင်ကြုတ်ကာ
“ ငါကောပဲ”
ရှောင်လျန်ဖန်း သူ့ရဲ့ တစ်ကိုယ်လုံးက ပြောင်းလဲမှုလက္ခဏာရပ်တွေကို ထပ်စစ်ဆေးလိုက်ရင်း
“ ငါအားလုံးကို စစ်ပြီးပြီ။ ဘာမှကို မထူးခြားတာ”
ထို့နောက်မှာ သူတို့သုံးယောက်လုံး.လင်ယွီကျွင်းကို လှမ်းကြည့်လိုက်သည်။ ထိုသူများ အဖြေတစ်ခုခု ရှိနေမလား မျှော်လင့်ချက်ဖြင့်ပေါ့။
ဒါပေမဲ့ လင်ယွီကျွင်းက ပုခုံးသာ တွန့်ပြရင်း
“ ငါလဲ ဘာမှမဖြစ်ဘူး”
သူတို့လေးယောက်လုံး နေရာတွင် အတွေးများသွားကြသည်။ ရေခဲမုန့်မှာ ဘာအစွမ်းမှ မရှိတာ ဖြစ်နိုင်လား?
အရသာက အရမ်းကောင်းသည်။ ထို့အတူ.ပေးရတဲ့ ဈေးနဲ့လဲ တန်သည်။ ဒါပေမဲ့..
ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်လေ။ ဒီနေရာရဲ့ ပစ္စည်းတွေက သေမျိုးကမ္ဘာရဲ့ အပေါ်မှာပဲ။ အထက်လောကက ပစ္စည်းတွေသာဖြစ်နိုင်တဲ့ အရာတွေပဲ။
နို့ရေခဲမုန့်က ဒီတိုင်း မုန့်တစ်ခုပဲလား?
ဖြစ်နိုင်တာ.. နို့ရေခဲမုန့်က ဘာအစွမ်းမှ မရှိတဲ့ သာမာန်စိတ်ပျော်စရာ အစားအသောက် တစ်ခုပဲလား?
ယွဲ့ရှုယန် မတ်တပ်ရပ်ကာ ကောင်တာရှေ့သွားပြီး ဟောင်ရဲ့ အရှေ့မှာ ရပ်လိုက်လေ၏။
လက်သီးနှစ်ဖက် ဆုတ်ရင်း အရိုအသေ ပြုလိုက်ကာ
“ အကိုကြီး! နို့ရေခဲမုန့်ထဲမှာ ဘာပါဝင်ပစ္စည်းတွေ ပါလဲ မေးလို့ရမလား?”
ကျန်တဲ့သုံးယောက်လုံး မျက်တောင်ခတ်သွားကြသည်။
သူတို့ထင်ခဲ့တာ ယွဲ့ရှုယန်က နို့ရေခဲမုန့်ရဲ့ အစွမ်းကို မေးမည်ဟူ၍ပင်။
ဒါပေမဲ့ ပါဝင်ပစ္စည်းတဲ့လား?
သူမ ဘာတွေ တွေးနေတာလဲ?
ဒါပေမဲ့ ဟွာဖေးရှုရဲ့ မျက်လုံးတွေကတော့ ကြယ်တစ်စင်းလို တောက်ပသွားလေ၏။
သူမရဲ့ အမကြီး ဘာလုပ်နေလဲဆိုတာကို မှန်းဆဖို့မလိုပဲ သူမ အတိအကျ သိလေသည်။
‘ အာ.. မမကြီးက ပြန်လုပ်စားဖို့ တွေးနေတာပဲ’
စားပွဲခုံအောက်က သူမရဲ့ လက်သီးတွေ တင်းကျပ်သွားကာ
‘ တော်တယ် မမကြီး! ငါ ရင်ထဲ ထိသွားတာပဲ’
‘ ငါက စားဖို့ပဲ တွေးနေတော့ ပြန်ဖန်တီးဖို့ တွေးတောင်မတွေးမိခဲ့ဘူး!’
ထိုအချိန်မှာ ဟောင်သည် ကောင်တာထိုင်ရင်း ငိုက်နေတာပင်။.ယွဲ့ရှုယန်ရဲ့ အမေးကိုကြားမှ သူကျောမတ်သွားခဲ့သည်။
‘ အင်း တွေးကြည့်တော့မှ ရေခဲမုန့်ကို ဘာနဲ့လုပ်ထားမှန်း ငါစနစ်ကိုတစ်ခါမှ မမေးခဲ့ဖူးဘူးပဲ’
ယွဲ့ရှုယန် သတိပေးလိုက်တာ အထူး ကျေးဇူးတင်မိတယ်။
အစောက သူ တွေးမိခဲ့ပေမဲ့ ကျန်တဲ့ကိစ္စတွေကြောင့် မေ့သွားခဲ့တာပင်။
‘ စနစ် နို့ရေခဲမုန့်ကို ဘာနဲ့ လုပ်ထားတာလဲ?’
( နို့ရေခဲမုန့်ရဲ့ ပါဝင်ပစ္စည်းတွေကို ပြောပြပါမယ် ပိုင်ရှင်။ ရေခဲမုန့်ရဲ့ အခြေခံအဖြစ် မြူခိုးနွားရဲ့ နို့ရည်ကို အသုံးပြုတယ်)
( မြူခိုနွားလို့ခေါ်တဲ့ စိတ်ဝိညာဥ်သားရဲက အေးခဲဒေသတွေရဲ့ ရေတံခွန်နဲ့ ရေပူစမ်းနားမှာ အနေများတယ်။ သူတို့ဆီက ရတဲ့ နို့ရည်ရဲ့ အပူချိန်က တည်ငြိမ်တယ်။ အေးမြပြီး သောက်သုံးသူရဲ့ အတွင်းပိုင်း ညီမျှမှုကို မရှုတ်ထွေးစေဘူး)
( နို့အရသာကိုတော့ စိတ်ဝိညာဥ်နွားနို့သစ်သီးကနေ ရယူထားတာပါ။ အဲ့ဒီသစ်သီးက မီးတောင်ဒေသရဲ့ သစ်ပင်တွေကို မနက်ခင်းချီစွမ်းအင် အဆတ်မပြတ် ကျရောက်မှာသာ သီးတတ်တယ်။ အလွန်ရှားပါးတဲ့ အသီးဖြစ်ပြီး အရသာ ပြည့်ဝတယ်)
( ရေခဲမုန့်ရဲ့ အချိုဓာတ်ကိုတော့ တိမ်သကြားကျောက်တုံး ကနေ ရယူထားတယ်။ တိမ်တွေရဲ့ အထက်မှာရှိတဲ့ လင့်မျောနယ်မြေကနေရရှိတယ်။ ကျောက်တုံးတွေက အရမ်းပေါ့ပါးလို့ လေထဲမှာတောင် လွင့်ပျံနိုင်တယ်)
( မြူမှိုင်းသစ်ခွ အနှစ်လဲထည့်ထားတယ်။ အဆင့်မြင့် မြူခိုးကို သောက်သုံးပြီး ပွင့်တတ်တဲ့ သစ်ခွပန်းကနေ ရယူထားတယ်။ အဆီအနှစ်တစ်စက်လောက်နဲ့ လူတစ်ယောက်ရဲ့ အတွင်းအပူချိန်ကို ပုံမှန်ဖြစ်အောင် ညှိပေးနိုင်တယ်)
( ဝေဖာကတော့ ကိုကော ဆက်ရှင်းပြရအုံးမလား ပိုင်ရှင်?)