( ကောင်းကင်ဧကရာဇ် နယ်ပယ် ကျင့်ကြံသူကို အေးဆေး အနိုင်ယူနိုင်တဲ့ ပျားများ)
Vol. 8 Ch. 108
‘ အင်း.ရှင်းပါအုံးဟ’
ဟောင် နားထောင်ရတာ သဘောကျမိသည်။
ပါဝင်ပစ္စည်းတစ်ခုဆီက နားထောင်ရသလောက် ဆေးလုံးတစ်ခုရဲ့ ပါဝင်ပစ္စည်းတွေလိုမျိုးပဲ။
ရှေးနတ်ဘုရားတစ်ယောက်ရဲ့ ဆေးဖက်ဝင်ဟင်းပွဲထဲကနေ သွားခိုးထားတာများလား?
ဒီလောက်ထူးခြားတဲ့ ပါဝင်ပစ္စည်းတွေ…
တစ်ကယ်ကို.အပြိုင်ကမ္ဘာ ကုန်စုံဆိုင် ပီသပါပေတယ်။
အရင်ကတည်းက ဖြစ်ပေါ်နေတဲ့ အတွေးတစ်ခုကို ဟောင် ပြန်တွေးမိသွားသည်။
စနစ်က အရမ်းကို ရက်ရက်ရောရော ရောင်းပေးနေတာ မဟုတ်ဘူးလား?
ပြောရရင် နို့ရေခဲမုန့်ဆိုရင် အနည်းဆုံး.ဝိညာဥ်ကျောက်တုံး နှစ်ဆယ်လောက်နဲ့ ရောင်းသင့်တာကို။
( ဈေးနှုန်းက မျှတပြီးသားပါ ပိုင်ရှင်။ နေ့တိုင်း လိုတာထက်ပိုတဲ့ ဝင်ငွေ ရှိနေတာပဲ။ လောဘကြီးတဲ့ လူ့ငနွား မလုပ်ချင်ပါနဲ့လား)
ဟောင် ချောင်းပင် ဆိုးမိသွားသည်။
အဲ့လောက်ထိ ရိုက်ချဖို့လိုလား?
လူ့ငနွားလို့ ခေါ်လိုက်တာမလား?
စနစ် အခု ငါ့ကို ကျိန်ဆဲလိုက်တာလား?
ငါပြောပါတယ်.. အဲ့ကောင်ငါ့ကို မုန်းနေတာပါဆို။
ရက်စက်လိုက်တာ။ ရက်စက်လှတဲ့ ပါးစပ်ကြီးကို သုံးရတော့မယ်ဆို သွက်လိုက်တာမှ နှစ်ယောက်မရှိဘူး။
ဘာလုပ်လုပ် အမှားပဲမြင်နေတဲ့ သောက်ကျင့် မကောင်းတဲ့ အကြီးအကဲနဲ့ ရန်ဖြစ်နေရသလိုပဲ။
( ကတော့ကို ရွှေရောင်ဂျုံမှုန့်ကနေ လုပ်ထားတာ။ အဲ့ဒီဂျုံစေ့က မြေ၊လေ၊ရေ၊မီး ဓာတ်လေးပါး စုံမှပဲ ပွင့်တယ်)
( ဒါကြောင့် ကတော့ရဲ့ အသားက ပြီးပြည့်စုံနေတာပဲ။ အရမ်းမပျော့ အရမ်းမမာဘူး)
( ပြီးတော့ ကျောက်တုံးရေပါတဲ့ ထောပတ်ကို အသုံးပြုထားတယ်။ ရေခဲမြူနွားနို့ကို မနက်ခင်းစိတ်ဝိညာဥ်နှင်းစက်နဲ့ ရောပြီး ထောပတ်ချက်ထားတာ)
( နောက်ဆုံးအနေနဲ့ နေအလင်းဖြာထွက်နိုင်တဲ့ ပျားရည်ကို အသုံးပြုထားတာ။ အဲ့ဒီပျားရည်ကို နေစွမ်းအင်ချီဓာတ် ရှိတဲ့ ရေကန်အနီးမှာ ပျားရည်စုဆောင်းတတ်တဲ့ အလင်းဖြာထွက်ပျားကောင်တွေဆီကနေ ရယူထားတယ်)
အရင်အတိုင်းပဲ စနစ်က အဖက်မလုပ်စွာ ဆက်ရှင်းပြလေ၏။ လွန်ခဲ့တဲ့ သုံးမိနစ်ကမှ မှိုချိုးမြှစ်ချိုး ပြောထားတဲ့ သူ မဟုတ်တဲ့ အတိုင်းပဲ။
မတောင်းပန်တဲ့အပြင် အဖက်ကို မလုပ်တာ။.ပြောစရာရှိတာကိုပဲ ဆက်ပြောသွားသည်။
ဟောင် ခေါင်းပဲ ရမ်းနိုင်တော့၏။
တော်တော် အဖက်မလုပ်တဲ့ စနစ်ဆိုတဲ့ကောင်သာ လူအဖြစ် ပြောင်းနိုင်လို့ကတော့ နားပန်ကျင်းပြီးနေပြီပဲ။
ထိုအချိန်မှာ ယွဲ့ရှုယန်ကတော့ ကောင်တာ အရှေ့မှာ ရှိနေဆဲပဲ။ မျက်တောင်မခတ်တမ်း ကြည့်နေရင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေလေ၏။
သူမရဲ့ မျက်လုံးများ အနည်းငယ်.ကျဥ်းမြောင်းလာသည်။
သူမ အကိုကြီးကို နှောက်ယှက်မိသွားတာ များလား?
အကိုကြီး ဒီလိုမျိုးဖြစ်နေတာကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ သူ့ရဲ့ မျက်လုံးတွေက ဘာမှမရှိတဲ့နေရာကို အမြဲလိုလို စိုက်ကြည့်နေတတ်သည်။ မသိရင် တစ်ခြားသူတွေ မမြင်နိုင်တဲ့ အရာတစ်ခုကို မြင်နေသလိုမျိုးပဲ။
တစ်ခါတစ်လေ ဘယ်သူ့ကိုမှ မဟုတ်ဘဲ တစ်ယောက်ထဲ ခေါင်းညိတ်တတ်သည်။ တစ်ခါတစ်လေဆို လေထဲမှာ စကားပြောနေတတ်သည်။ အခုလဲ ဘာမှမဟုတ်ဘဲ ပြုံးနေပြန်သည်။
အကိုကြီးက သူ့ရဲ့ မှတ်ဉာဏ်နယ်ပယ်ထဲကို ဝင်ရောက်နေတာ ဖြစ်မယ်။
ဖြစ်နိုင်တာ သူ့ရဲ့ နတ်အသိဉာဏ်ထဲမှာ သိမ်းထားတဲ့ ကောင်းကင်စာကြည့်တိုက်ထဲမှာ ရှာဖွေနေတာလား?
အကိုကြီးလို မရေမတွက်နိုင်လောက်အောင် နှစ်တွေအကြာကြီးရှင်သန်ခဲ့ပြီး မြောက်မြားစွာတဲ့ ဗဟုသုတတွေ ပိုင်ဆိုင်ထားတဲ့ သူအနေနဲ့ အချက်အလက်တစ်ခုကို ချက်ချင်းလက်ငင်း ပြောနိုင်တယ်ဆိုရင် ထူးဆန်းနေမှာပဲလေ။
အထူးသဖြင့် နို့ရေခဲမုန့်လို့ ထူးခြားလှတဲ့ ပစ္စည်းရဲ့ ရှေးဟောင်း ပါဝင်ပစ္စည်းအားလုံးကို ပြောနိုင်ဖို့ဆို ပိုခက်ခဲအုံးမည်။
ဘယ်လို မြင့်မြတ်ပစ္စည်းနဲ့.. ရှားပါး အစားအသောက်တွေ ထည့်ထားလဲ ဘယ်သူ သိမှာမလို့လဲ?
ဟောင်ရဲ့ သက်တမ်း ဘယ်လောက်ရှိလဲ ယွဲ့ရှုယန် တွေးတောင် မတွေးရဲပေ။
နှစ်တစ်သန်းလား? ဒါမှမဟုတ် နှစ် နှစ်သန်းလား?
နယ်မြေကြီးတွေ ပြောင်းလဲတာတွေ.. မြစ်ရေပြောင်းပြန်စီးတာတွေ သူ အကုန် မြင်ဖူးလောက်သည်။
သူမ လေးစားစွာဖြင့် အနောက်ဆုတ်လိုက်သည်။ မြင့်မြတ်တဲ့ ဗဟုသုတတွေကို ပြန်လည်ရှာဖွေနေတာကို သူမ သွားနှောက်ယှက်လို့မဖြစ်ဘူး။
ယွဲ့ရှုယန်ရဲ့ ပုံစံကိုကြည့်ပြီး ဟောင် မျက်တောင် ခတ်လိုက်လေ၏။ နေပါအုံး…။
ယွဲ့ရှုယန်က ဘာလို့ အခုလို ဖြစ်နေရတာလဲ?
သူ့ကိုဘာလို့ ထူးထူးဆန်းဆန်းကြီး စိုက်ကြည့်နေရတာလဲ?
သူ ချက်ချင်းပဲ ပြဿနာကို နားလည်သွားလေပြီ။
ချီးပဲ! ငါဘယ်လိုတောင် အရူးပုံ ပေါက်နေလို့များလဲ?
ဟောင် ချောင်းတစ်ချက်ဟန့်ကာ ကိုယ်ပြန်မတ်လိုက်၏။
“ ရေခဲမုန့်ရဲ့ ပါဝင်ပစ္စည်းက လေးမျိုးပဲ”
ဒီလိုနဲပဲ စနစ် ရှင်းပြသမျှကို ဟောင် တစ်ပုံစံထဲ ပြန်ရှင်းပြလိုက်တော့သည်။
ယွဲ့ရှုယန် အာရုံတစိုက် နားထောင်နေပြီးနောက်မှာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်လေသည်။
သူမ ပါဝင်ပစ္စည်းတွေ တစ်ခုမှ နားမလည်ခဲ့ပေ။ ဒါပေမဲ့ နာမည်တွေကို အတတ်နိုင်ဆုံး ကြိုးစားမှတ်ထားလိုက်လေ၏။
နှင်းပွင့်လွှာဂိုဏ်းရဲ့စာကြည့်တိုက်ထဲမှာ အချက်အလက်တစ်ချို့ တူးဆွကြည့်လို့ ရနိုင်သည်လေ။
အရသာရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ပြန်ရအောင် လိုက်ဖန်တီးနိုင်ရင်ကို… သူမ အရမ်းကျေနပ်မိမှာပဲ။
အရသာက အရမ်းအရမ်းကို စားကောင်းလွန်းနေသည်လေ။
သူမရဲ့ အရင်က အကြိုက်ဆုံးပစ္စည်းဖြစ်တဲ့ မက်မွန်လက်ဖက်ရည်ကိုပင် အပြီးသတ် အနိုင်ရသွားခဲ့ပြီ။
‘ ဒါကြောင့် ငါစားဖူးသမျှ အချိုပွဲတွေထက် စားကောင်းနေတာကိုး’ လင်ယွီကျွင်း တွေးလိုက်သည်။
ရှောင်လျန်ဖန်းလဲ လက်နှစ်ဖက် ပိုက်လိုက်ကာ
‘ ပါဝင်ပစ္စည်းတွေရဲ့ နာမည်တွေက အလန်းကြီးတွေဟ’
ထို့နောက်မှာ သူ့ရဲ့လက်သီးတွေ တင်းကျပ်သွားပြီး
‘ ငါ အဲ့ဒီပါဝင်ပစ္စည်းတွေနဲ့ ကျင့်ကြံလို့ ရမလား မသိဘူး’
ဟွာဖေးရှုလဲ ပါဝင်ပစ္စည်းတွေအကြောင်း ခေါင်းထဲလိုက်မှတ်ရင်း အဆတ်မပြတ် ခေါင်းညိတ်လိုက်သည်။
‘ ကောင်းကင်ဘုံက အစားအသောက်တစ်ခုလို ဒါကြောင့် စားကောင်းနေတာကိုး’
ဘေးဘက်မှ တိတ်တဆိတ် နားစွင့်နေတဲ့ ကျားအိုကြီးကျောင်းရဲ့ နားနှစ်ဖက် တုန်ယင်သွားလေသည်။ အလင်းဖြာထွက် ပျားတဲ့လား?
ချက်ချင်းပဲ မတ်တပ်ရပ်ကာ လက်မြှောက်ရင်း
“ ငါအဲ့ကောင်တွေနဲ့တစ်ခါ တွေ့ဖူးတယ်။ ပျော်စရာကောင်းတဲ့ကောင်တွေ မဟုတ်ဘူး”
ကျန်တဲ့သူတွေ လှည့်ကြည့်လာကြပြီး
“တစ်ကယ် တွေ့ဖူးတာပေါ့”
“အေး အဲ့ကောင်တွေက ပျားအဆင့်ကို မဟုတ်တာ။ သာမာန် စိတ်ဝိညာဥ်သားရဲ အဆင့်ကို မဟုတ်ဘူး”
ကျားအိုကြီးကျောင်း ဆက်ပြောလေ၏။
“ အဲ့ကောင်တွေက အတောင်ပံပါတဲ့ မကောင်းဆိုးဝါးတွေပဲ။ အဲ့ပျားတွေနဲ့ ရင်ဆိုင်ရတုန်းကဆို ငါ့မှာ အရှင်လတ်လတ် ချက်စားခံရနီးနီးပဲ”
ကျားအိုကြီးကျောင်း ပြောရင်းနဲ့ လည်ပင်းအကြောလျော့ကာ ရယ်လိုက်သည်။
“ အဲ့ကောင်တွေရဲ့ စူးချွန်ကနေ အလင်းရောင်ခြည်တွေ ပစ်တာကွာ။ မင်းတို့တွေ ပိုးကောင်တစ်ကောင်ကြောင့် အသားကင်ခံရဖူးလား?”
“ ငါတော့ ခံစားခဲ့ရဖူးတယ်။.ငါ့မှာ ထွက်ပြေးလိုက်ရတာကွာ။ ဘောင်းဘီ တစ်ခုလုံးတောင် ပျက်ဆီးခါနီးပဲ”
“ ခင်ဗျားက ပျားအုပ်လိုက်နဲ့ တိုက်ခိုက်ခဲ့တာပေါ့?”
ရှောင်လျန်ဖန်း မေးလိုက်လေ၏။
“ ဟ ဘယ်နှယ့်ငါ့လူရာ။ ငါ့မှာ ဒုတိယ တစ်ကောင်ပေါ်လာတာနဲ့ သုတ်ခြေတင် ပြေးခဲ့ရတာပဲ”
ကျားအိုကြီးကျောင်း ဆက်ပြောသည်။
“ ငါဘယ်လိုပဲ တိုက်ခိုက်ရတာ ကြိုက်ကြိုက် ကိုယ့်ကိုယ်ကို သတ်သေရတာတော့ မကြိုက်သေးဘူး”
ပြောနေရင်းနဲ့သူ အနောက်ကို မှီလိုက်ကာ
“ ငါအဲ့ဒီနေရာကို ပျော်ရည်ပြာ နယ်မြေကြီးမှာပဲ ရှာတွေ့ခဲ့တာ။ အဲ့ဒီနေရာက ဆယ်နှစ်နေမှ တစ်ကြိမ်ပဲပွင့်တာကွ။ တစ်ကယ် ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်နယ်မြေလို့ ပြောရမယ်ကွာ… ဒါပေမဲ့ သွားရတာတော့ တန်ခဲ့တယ်”
ရှောင်လျန်ဖန်း တစ်ကိုယ်လုံး တုန်သွားလေ၏။
သူ ထိုပျားကောင်များနှင့် တိုက်ခိုက်ချင်လာသည်!
ယွဲ့ရှုယန်ကတော့ ရပ်နေရာမှ အသံမထွက်သေးချေ။ အရာအားလုံးကို သူမ နားလည်ဖို့ ကြိုးစားနေ၏။
ဟွာဖေးရှုရဲ့ အကြည့်တွေက တစ်ဖြည်းဖြည်းနဲ့ ရေခဲမုန့်စက်ဆီ ကူးပြောင်းလာကာ….
'ဒါက နတ်ပစ္စည်းပဲ…’
'ငါ့ရဲ့ ကြီးစွာတဲ့ ရိုသေမှုနဲ့ ထိုက်တန်တယ်!’
ဟောင် ကျားအိုကြီးကျောင်းကို မယုံနိုင်စွာပဲ ကြည့်မိသွားသည်။
ဒီလူက တစ်ကယ်ပဲ အလင်းဖြာထွက် ပျားတွေနဲ့ တိုက်ခိုက်ခဲ့တာပေါ့။
ဒါဆို အဲ့ဒီသားကောင်တွေက ကောင်းကင်ဘုံရဲ့ ဒဏ္ဍာရီလာသားကောင်တွေ မဟုတ်ဘူးပေါ့။
လူ့ပြည်မှာပဲ ရှာတွေ့မယ်လို့ ဟောင် မထင်ခဲ့မိဘူး။
လျှို့ဝှက်နယ်မြေဆိုတော့ တစ်ခုခုတော့ ထူးခြားမှာပါ။
စနစ်ရဲ့အသံက ဟောင်ရဲ့ ခေါင်းထဲ ဝင်ရောက်လာလေ၏။
( သူတွေ့ခဲ့တာက မျိုးဆက်သစ် အသင်းကွဲတွေ ဖြစ်ဖို့များတယ် ပိုင်ရှင်။ နေရောင်ခြည် ချီစွမ်းအင်ရှိတဲ့ ရေကန်အိုင်မှာ ပေါက်ဖွားတဲ့ စစ်မှန်တဲ့ အလင်းဖြာထွက် ပျားအစစ် မဟုတ်ဘူး)
( နေရောင်ခြည်စွမ်းအင်နဲ့ ကြီးထွားလာတဲ့ အလင်းဖြာထွက်ပျား အစစ်ကမှ တစ်ကယ် မတူညီတဲ့ကောင်တွေပဲ။ အဲ့လိုကောင် ငါးကောင်သာရှိနေရင် သေမျိုးလောကရဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းလုံးကို စက္ကန့်အနည်းငယ် အတွင်း အမြစ်ဖြတ်ပြသွားလိမ့်မယ်)
(ပျားကောင်တစ်ကောင်ထဲနဲ့တင် ကောင်းကင် ဧကရာဇ် ထိပ်ပိုင်းအဆင့် ကျင့်ကြံသူကို အေးဆေးသတ်သွားလို့ရတယ်)
‘ နေအုံး! အဲ့လောက်ကြီးကျ!’
ဆိုင်က အစားအသောက်တွေရဲ့ ပါဝင်ပစ္စည်းတွေက ဒီလောက် မရှားပါဘူးလို့တွေးမိတာတောင် နောင်တ ရချင်သွားသည်။
ဟောင်ရဲ့ ခေါင်းထဲက အတွေးအပိုင်းအစတွေက နောက်ဆုံးမှာ ရုပ်လုံးပေါ်သွားခဲ့ပြီ။
ဖြစ်နိုင်ချေတွေအားလုံးက ဟောင်ရဲ့ စိတ်တွင်းထဲမှာ လည်ပတ်နေလေတော့၏။
အလင်းဖြာထွက် ပျားတစ်ကောင်ကသာ ကောင်းကင် ဧကရာဇ် နယ််ပယ် ကျင့်ကြံသူကို အပြတ်ရှင်းနိုင်မယ်ဆိုရင်….
ပျားအုပ်လိုက်ကြီး.မဟာမြို့တော်ထဲ ဝင်လာလို့ကတော့ ဘယ်လိုတောင် ဖြစ်သွားလောက်မလဲ?