← Chapters

( အစောင့်အရှောက် နှစ်ယောက် ကြားက စီးချင်းတိုက်ပွဲ!)

Vol. 8 Ch. 109

( အစောင့်အရှောက် နှစ်ယောက် ကြားက စီးချင်းတိုက်ပွဲ!)

Vol. 8 Ch. 109

ဟောင် မြင်ယောင်နေမိပြီပင်။ ပျားအုပ်လိုက်ကြီး ကောင်းကင်ပေါ်ကနေ မုန်တိုင်းလို ကျဆင်းလာပြီး တစ်မြို့လုံးကို ရွှေတောင်အတောင်ပံတွေနဲ့ လွှမ်းမိုးပစ်မဲ့ မြင်ကွင်းကိုပေါ့။

အဲ့ဒီလိုဆိုလို့ကတော့ မဟာမြို့တော်တော့ ပျက်ဆီးကိန်းဆိုက်ပြီ!

အကုန်အမြစ်ပြတ်သတ်ခံရပြီး…

လတ်လတ်ဆတ်ဆတ် သေကုန်ရမှာ!

ဘယ်လို ပြန်အမ်းမှုမျိုးမှ ရမှာမဟုတ်ဘူး။

အကုန်လုံး.ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး။ ရုတ်တရက်ကြီး ပန်းရနံ့နဲ့ပျားရည် အနံ့လေး ခံစားရင်း လောင်ကျွမ်းပေးလိုက်ရုံပဲ။

ဟောင် အသက်တစ်ချက် အောင့်မိသွားသည်။

ဟောင် ကျားအိုကြီးကျောင်းကို လှမ်းကြည့်လိုက်သည်။ ထိုသူက သူ့ရဲ့ ကျောပြင်ကို ပွတ်သပ်ရင်း ထိုသေဘေးမှ လွတ်မြောက်ခဲ့ချိန်ကို ပြန်အမှတ်ရနေလေ၏။

ဒီလူတစ်ကယ်ကို ရှင်သန်နိုင်ခဲ့တာပဲ။

ဒါပေမဲ့ ထိုသူ ရင်ဆိုင်ခဲ့ရတဲ့ ပျားကောင်တွေက ဗားရှင်းအစစ် မဟုတ်သေးတာတော့ မပြောလိုတော့ပေ။ ဟောင် ပြောလိုက်လို့ ဘယ်ဖြစ်မလဲ?

ကျားအိုကြီးကျောင်းကို သူ့ရဲ့ သေဘေးမှ လွတ်မြောက်ခဲ့တဲ့ အမှတ်တရလေးကို ပုံမှန်လေးပဲ သိမ်းထားပါစေတော့။

ကျားအိုကြီးကျောင်းနဲ့ လင်ယွီကျွင်းတို့ အုပ်စု ဆက်လက်စကားပြောနေစဥ်မှာ ဟောင် ကတော့ ကောင်တာမှာပဲ ရပ်နေခဲ့သည်။

ဖြောင့်တန်းတဲ့ နောက်ကျောနဲ့ မျက်လုံးများ မှိတ်ထားလေ၏။

ဆိုင်ဝန်ထမ်းတစ်ယောက်လို အလုပ်မရှိ အကိုင်မရှိ ဈေးဝယ်ထိုင်မျှော်နေတာမျိုးတော့ မဟုတ်ဘူး။

သူက တိုးတက်မှုကို ရှာဖွေနေတာပဲ။

သေချာပေါက် အလေလိုက်နေတာ မဟုတ်ဘူး။

အထူးသဖြင့် ကျားအိုကြီးကျောင်းရဲ့ “အဲ့ဒီနောက်မှာ ငါမြေကြီးကို လက်သီးနဲ့ ထိုးပစ်လိုက်တာ!” ဆိုတဲ့ ကြွားဝါးစကားကို နားမထောင်ချင်လို့ ကျင့်ကြံချင်ယောင် ဆောင်နေတာတော့ လုံးဝမဟုတ်ဘူး!

ထိုအချိန်တွင် ဂိုထောင်ထဲရှိ လေထု၌…

ရုတ်တရက် ထူးဆန်းတဲ့ ပြင်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ခူရိုမီနဲ့ ထျန်းလုက ငါးမီတာအကွာမှာ ရပ်နေကြရင်း အချင်းချင်း တိတ်တဆိတ် စိုက်ကြည့်လိုက်ကြသည်။

ဘေးတွင် သူခိုးလေးလဲ ရှိသည်။ ထိုအကောင်က အမြှီးတစ်ယမ်းယမ်းနဲ့ ခေါင်းစောင်းကာ ခူရိုမီရဲ့ဘေးတွင် ထိုင်နေလေ၏။

ဟောင်သာ ဝင်သွားမိလို့ကတော့ ဆိုင်အစောင့် နှစ်ယောက်ရဲ့ ကြားက တိုက်ပွဲစတင်တော့မည် လို့တောင် ထင်သွားနိုင်သည်။

တစ်ခုခု ဖြစ်ခဲ့လို့လား?

တစ်ယောက်ယောက် ခိုက်မိခဲ့လို့လား?

တစ်ခုမှ မဟုတ်ပါချေ။

တစ်ကယ်တော့ လွန်ခဲ့တဲ့ ငါးမိနစ်လောက်က စတင်ခဲ့တာပဲ။

ထျန်းလုက အောက်ဆင်းလာပြီး သူ့ရဲ့ မနက်ခင်း တာဝန်ချိန်အတွက် ဂိုထောင်ထဲ ဝင်လာချိန်မှာ ဂိုထောင်ဝင်ပေါက်၌ သူ့ကို ခူရိုမီက ယဥ်ကျေးစွာ တားမြစ်လာသည်။

‘သခင်လေးထျန်း’ ခူရိုမီက အနည်းငယ် ဦးညွတ်ပြီး ယဥ်ကျေးစွာပြောလိုက်သည်။

‘ မင်းရဲ့ အချိန်ခဏလောက် တောင်းလို့ ရမလား? ငါ သိုင်းကျင့်စဥ်တစ်ခုကို စမ်းသပ်ချင်လို့’

ထျန်းလု မျက်တောင်ခတ်သွားသည်။

ခူရိုမီ သူ့ကို အကူအညီတောင်းခဲ့တာ အရမ်းကို ကြာမြင့်ခဲ့ပြီ။ အခုဒါက သူမ အကူအညီ တောင်းတဲ့ ဒုတိယအကြိမ်ပဲ။

သူ့ရဲ့ ကိုယ်ကို မတ်လိုက်ပြီး အရင်အတိုင်းပဲ တစ်ခွန်းထဲ အဖြေပေးလိုက်သည်။

“ကောင်းပါပြီ”

သူတို့တွေက အလုပ်အတူတူ လုပ်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲလေ။

ပြီးတော့ သူတို့တွေ ဒီနေရာ၊ဒီအလုပ် ကို အလုပ်တစ်ခုလို့ မခံစားရတော့ဘဲ… မိသားစုလို့ စတင်ခံစားနေခဲ့ရသည်လေ။

တစ်ခါတစ်လေ အပေါ်ထပ်မှာ သူတို့ မနက်စာ အတူစားတတ်ကြသေးသည်။

သူတို့ရဲ့ ဆန်းကြယ်တဲ့ သူဋ္ဌေးက စားပွဲထိပ်မှာ ထိုင်ပြီး သူနဲ့အတူတူ စားကြတာပေါ့။

ဒီတော့…

လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ သိုင်းကျင့်စဥ်ကို ကူညီစမ်းသပ်ပေးတာက…

သေချာပေါက် အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲပေါ့။

ခူရိုမီရဲ့ အကြည့်တွေ ကျဥ်းမြောင်းသွားသည်။

‘ မင်း အဆင်သင့်ဖြစ်ပြီလား?’

ထျန်းလု ခေါင်းတစ်ချက် ညိတ်ပြလာသည်။

​ခြေထောက်တွေက မြေကြီးကို အားပြုထားပြီး လက်မြှောက်ရင်း အသင့်အနေအထားနဲ့ပင်။

သူမ ဘယ်လို သိုင်းကျင့်စဥ်မျိုး သုံးလာမယ် သူ မသိဘူး။

ဒါပေမဲ့ အရေးမကြီးပါဘူး။

သူအကောင်းဆုံး ခုခံမှာပဲ။

ဓားကောက်ဝိုင်းနှစ်ခုက သူ့ရဲ့ လက်တစ်ဖက်ဆီတွင် နေရာယူလိုက်သည်။

ထို့နောက်မှာ တိတ်ဆိတ်စွာ အသက်ရှုသွင်းလိုက်ကာ..

နေရာယူလိုက်တော့သည်။

အောက်မှာထိုင်နေတဲ့ ခူရိုမီက သူမရဲ့ အမြှီးကို ကိုယ်ရဲ့ ဘေးမှာချထားသည်။ ထို့နောက်မှာ သူမရဲ့ ညာလက်တစ်ဖက်ကို မြှောက်လိုက်သည်။

သူမရဲ့ လှုပ်ရှားမှုတွေက ပေါ့ပါးလွန်းသည်မို့… ပျင်းရိဟန်ရှိသည်။

ဒါပေမဲ့ သူမရဲ့ လက်သည်းနဲ့ မြေကြီးနဲ့ ပြန်ထိချိန်မှာပဲ… အရာအားလုံး ပြောင်းလဲ သွားလေ၏!

သူမ ခန္ဓာကိုယ်ကနေ အရိပ်ချီစွမ်းအင်တွေ ဖြန့်ထွက်လာပြီးချက်ချင်းပဲ အဘက်ဘက်ကို ပျံ့နှံ့သွားသည်။

အသူရာချောက်နက်အရိပ် ဖြန့်ကျပ်ခြင်း။

ထိုအရိပ်က အရာအားလုံးကို ဝါးမြိုသွားသည်။

အလင်းတစ်ခုမကျန်အောင်ကို… အကုန် ပျောက်ကွယ်သွားသည်!

ဂိုထောင်တစ်ခုလုံးကို ထူထဲတဲ့ အမှောင်ထုက ဖုံးလွှမ်းထားသည်။

ထိုအရာက အမှောင်ထု တစ်ခုပဲ မဟုတ်ဘူး။

လေးလံမှုပါ ပါဝင်သည်။

ချီစွမ်းအင်တွေ ပါဝင်နေတဲ့အဝတ်စိုတစ်ခုလို ခန္ဓာကိုယ်ကို ဖိသိပ်ထားသည်။

ထျန်းလု အလိုလို အနောက်ဆုတ်မိသွားပြီး မျက်လုံးတွေလဲ ကျဥ်းမြောင်းလာခဲ့သည်။

သူ့ရဲ့ အမြင်အာရုံက ပျောက်ကွယ်သွားပြီ။

ထို့နောက်မှာ အကြားအာရုံလဲ ထုံထိုင်းသွားသည်။ တစ်ယောက်ယောက်က သူ့နားထဲ ဝါဂွမ်းလာထည့်လိုက်တဲ့ အတိုင်းပဲ။

အဆိုးဆုံးက ကျင့်ကြံသူရဲ့ အားအထားရဆုံး.အရာဖြစ်တဲ့ စိတ်ဝိညာဥ် အာရုံခံမှုက မှုန်ဝါးသွားတာမို့ သူ မသုံးနိုင်တော့ဘူး။

သူ့ရဲ့ ပတ်ဝန်းကျင်ကို အနည်းငယ်သာ ခံစားနိုင်တော့သည်။

သူ့ရဲ့ လှုပ်ရှားမှုတွေ နှေးကွေးလာရသည်။

‘ဒါကချိတ်ပိတ်မှုတစ်ခုပဲ မဟုတ်ဘူး’

ထျန်းလု တွေးလေပြီ။

‘ ဒါက ဖိနှိပ်ခြင်း ပိုင်နက်ကို ဖန်တီးလိုက်တာ မျိုးပဲ’

ဘယ်လိုတောင် ကြောက်ဖို့ကောင်းတဲ့ သိုင်းကျင့်စဥ်လဲ?

ဒါပေမဲ့ အခုလို အခြေအနေအတွက် သူ လေ့ကျင့်ထားပြီးသားပင်။

သူ စကားပြောကြည့်ဖို့ ကြိုးစားလိုက်သည်။

“.မင်း”

“ငါ့ကို”

“ တိုက်ခိုက်နိုင်တယ်”

ဘာအသံမှ ထွက်မလာခဲ့ပေ။

သူ့ရဲ့ အသံပင် အရိပ်ထဲမှာ ပျောက်ကွယ်သွားရသည်။

ဒါပေမဲ့ သူမ ကြားမယ်ဆိုတာ သူ သိပြီးသားပင်။

ရုတ်တရက် အသံမရှိတဲ့ လေထုမှာ လှုပ်ရှားမှု တစ်ခုဖြစ်ပေါ်သွားပြီး..

ခူရိုမီ လှုပ်ရှားလိုက်ပြီ!

အသံတစ်ချက်မထွက်ဘဲ ဖိအားသာ ထုတ်လွှတ်သည်။

အမှောင်ထုရဲ့ အောက်မှာ သူမက အရိပ်တစ်ခုနဲ့ တစ်ခုကြားထဲ ကူးလူးသွားလာနေရင်း ညအမှောင်ထုကြားမှာ ပျောက်ကွယ်နေသည်။

သူမရဲ့ ပုံရိပ်ကလဲ အမှောင်ထုနဲ့ လုံးဝ ပူးပေါင်းသွားဟန်ရှိသည်။

ထို့နောက်မှာ သူမက အနောက်တွေအပေါ်တွေကနေ… ရိုက်တော့သည်။

လေထဲမှာ အမဲအရိပ်လေးသာ မြင်ရသည်။

ထျန်းလုလဲ အလိုလိုသိစိတ်နဲ့ ရှောင်ရှားသေးသည်။

ဒါပေမဲ့ သူမက ပိုမြန်လေ၏။

ထျန်းလုရဲ့ နောက်ကျောဘက်ကို လက်သည်းမြောက်လိုက်သည်။

လက်သည်းက လေထဲမှာ ပိုကြီးထွားလာပြီး လခြမ်းပုံ အရိပ်ဓားတစ်ခုလို ရိုက်ချသွားသည်။

ဘန်း!

ထျန်းလုရဲ့ ဓားကောက်တစ်ခုက အချိန်မှီ ကာပေးလိုက်သည်။ တိတ်ဆိတ်တဲ့ ဟင်းလင်းပြင်ထဲ မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်တဲ့အသံတစ်ခု ပဲ့တင်ထပ်သွား၏။

မီးစတွေ လွင့်စင်သွားသည်။ ဒါပေမဲ့ အကုန်လုံးကို အမှောင်ထုက ပြန်ဖုံးလွှမ်းသွားပြန်သည်။

ထျန်းလုအခုထိ ကောင်းကောင်း မမြင်ရပါချေ။

ဒါပေမဲ့ သူ့အတွက် မလိုအပ်ဘူး။

သူ့ထံတွင် ပြင်းထန်သော လူသတ်အရှိန်အဝါ ရှိသည်။

ပြင်းထန်လွန်းလို့ အမှောင်ထုထဲမှာပင် လမ်းကြောင်းထွင်းပြီး ရပ်တည်နိုင်သည်။

ဒါကြောင့် သူမကို သူ အာရုံခံနိုင်သည်။

ခံစားနိုင်သည်။

လက်သည်းချွန်တွေ.. ခန္ဓာကိုယ် လှုပ်ရှားမှုတွေနဲ့… အသက်ရှုငွေ့ နွေးနွေးရယ်။

နှစ်များစွာ အတွေ့အကြုံရဲ့ တိကျမှုနဲ့ သူ့ရဲ့ ဓားကောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

ချိန်းကြိုးက ရှည်ထွက်သွားပြီး အဆုံးမှာ ဓားကောက်က ကြမ်းပြင်နဲ့ ရိုက်ခတ်သွားတော့သည်။

တစ်ချိန်ထဲမှာပဲ ထျန်းလုက ဘယ်လက်ဝါးကို အရှေ့ထုတ်လိုက်ပြီး…

ခူရိုမီရဲ့ ကိုယ်ကို ရိုက်ချလိုက်သည်။ သူမရဲ့ ဝမ်းဗိုက်သားကို ချိန်ထားတာပင်။

ဒါပေမဲ့ မထိခင်မှာပဲ သူမက မြူခိုးတစ်ခုလို ပျောက်ကွယ်သွားပြန်သည်။

ဒါပေမဲ့ ထျန်းလု မအံ့သြပါချေ။

ဘာလို့ဆို ထိုရိုက်ချက်က ထိခိုက်အောင်အတွက် မရည်ရွယ်ထားဘူး။

ထိဖို့အတွက်ပဲ။

ဒီလောက်ဆိုလုံလောက်ပြီ။

နောက်ထပ် ဓားကောက်တစ်ချောင်းကလဲ လေထဲမှာ သတ္ထုသံပေးရင်း ဝဲပျံသွားသည်။ ထို့နောက်မှာ သူ့ရဲ့ လက်တွေက သိုင်းကွက် ဖော်ဖို့ ပြင်လိုက်သည်။

တစ်ကွက်၊ နှစ်ကွက်၊ သုံးကွက်..။

ထို့နောက်မှာ ဗုဒ္ဓဆုတောင်းသလို လက်ဝါးနှစ်ချက် ပူးလိုက်ကာ…

ကြေးနီရောင်ခေါင်းဖြတ်စက်အစွမ်း!

ထျန်းလုရဲ့ခန္ဓာကိုယ်မှ အနီရောင် အရှိန်အဝါတွေ ထိုးထွက်လာသည်။

ထို့နောက်မှာ တိတ်ဆိတ်အေးစက်ကာ ဆာလောင်နေတဲ့ မြွေနဂါးအသွင် ယူလိုက်လေသည်။

ထိုမြွေနဂါးက အမှောင်ထုထဲရှိ မူမမှန်တဲ့ လှုပ်ရှားမှုတစ်ခုဆီကို ရှာဖွေတော့သည်။

ထို့နောက်မှာ သူမကို တွေ့သွားသည်။

ခူရိုမီ အာရုံခံနိုင်ခဲ့ပေမဲ့ အသက်တစ်ရှုစာမျှ နောက်ကျသွားလေ၏။

မြွေနဂါးရဲ့ လှုပ်ရှားမှုက ပိုမြန်သည်။

အနီရောင် အရှိန်အဝါတွေက သူမကို ထိတွေ့လိုက်သည်။

မလောင်ကျွမ်းစေသလို ထိန်းချုပ်ဖို့လဲ မကြိုးစားဘူး။ ဘယ်လို ထိခိုက်မှုကိုမှ မဖြစ်ပေါ်စေခဲ့ဘူး။

ဒါပေမဲ့ သူမပေါ်မှာ ကပ်ညှိနေခဲ့သည်။

ခူရိုမီ သူမကို အနောက်ကနေ စောင့်ကြည့်နေတဲ့ တည်ရှိမှုတစ်ခုကို အာရုံခံမိသည်!

သူမရဲ့ ခေါင်းထိပ်မှာ ဖျော့တော့တဲ့ ကြေးနီရောင်အလင်းက ရောက်လာသည်။

ထျန်းလုရဲ့ သတ်ဖြတ်မှုအရှိန်အဝါက အခု ခူရိုမီကို ချိတ်ဆက်လိုက်ပြီ!

သူမကို အမှတ်အသားလုပ်လိုက်ပြီ။

သူ သူမကို မမြင်နိုင်ပါချေ။ ဒါပေမဲ့ သူ အခု သူမကို မြင်ဖို့ရန် လုံးဝ မလိုအပ်တော့ဘူး။

သူမရဲ့ တည်နေရာကို သူ ရှင်းလင်းစွာ အာရုံခံလို့ ရသွားပြီ။

All Chapters