← Chapters

( ငါတို့မွဲသွားလို့လား? ဆိုင်ရဲ မီးတွေ ဘယ်ရောက်သွားတာလဲ?)

Vol. 8 Ch. 110

( ငါတို့မွဲသွားလို့လား? ဆိုင်ရဲ မီးတွေ ဘယ်ရောက်သွားတာလဲ?)

Vol. 8 Ch. 110

ခူရိုမီရဲ့ လှုပ်ရှားမှုတစ်ခုစီကို ခံစားနိုင်သလို အသက်ရှုသံ တစ်ချက်တိုင်းကို ကြားနိုင်သည်။

သူမက ထျန်းလုရဲ့ ပိုင်နက်ထဲ ရောက်သွားခဲ့ပြီ။

ခူရိုမီရဲ့ နားရွက်က တစ်ချက်တွန့်သွားလေ၏။

ထျန်းလု လုပ်လိုက်တာက နောက်ယောင်ခံမှု တစ်မျိုးထဲ မဟုတ်ဘူး။ ထိုထက် ပိုနက်ရှိုင်းသည်။

နှလုံးခုန်နှုန်း တစ်ချက်တိုင်းကို လေးလံစေပြီး သူမရဲ့ တည်ရှိမှုကို တိုင်းတာနေဟန် ခံစားရသည်။

ထျန်းလုဘက်မှ မလှုပ်ရှားသေးချေ။

သူက ထိုနေရာမှာ တိတ်တဆိတ်နဲ့ တည်ငြိမ်စွာ ရပ်နေလေ၏။

သူမကို ခံစားရင်းဖြင့်ပေါ့။

အမှောင်ထုက ပတ်ဝန်းကျင်ကို ဝါးမြိုထားရင်တောင်မှ သူ့ရဲ့ဓားသွားက သူမကို ရှာဖွေနိုင်သည်။

ဘေးဘက်တွင် အနီရောင် မျက်လုံးတစ်ချက် ရုတ်တရက် ပေါ်လာလေ၏။

သူခိုးလေးက မလှုပ်ရှားဘဲ ခန္ဓာကိုယ်ကို ကွေးလိုက်သည်။

သူခိုးလေး အနည်းငယ် အားထည့်လိုက်ချိန်မှာ မျက်စံထဲက အလင်းက သိမ်မွေ့စွာ တောက်ပလာပြီး သွေးနီရောင် ကြာပွင့်တစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက်မှာ သူ့ရဲ့ခေါင်းကို စောင်းလိုက်ပြီး ကြာပွင့်အနောက်ကို လိုက်သွားလိုက်သည်။

‘အဲ့ဒီလူသားက မဆိုးပါဘူး’

သူခိုးလေးရဲ့ကောက်ကျစ်ဟန်ရသော မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

‘ ငါ့လောက်တော့ မတော်နိုင်ဘူးပေါ့။ ငါ့ရဲ့ ​ခြေရာခံနည်းက ပိုသိမ်မွေ့တယ်’

သူ့ရဲ့ ရင်ဘတ်ကိုပါ အနည်းငယ် ပုတ်လိုက်သေး၏။

‘ ဒါပေမဲ့ မဆိုးပါဘူး။ အဲ့ဒီလောက် လုပ်နိုင်တာကို တော််တယ်ပြောပေးရမယ်’

ဂိုထောင်တစ်ခုလုံးကို အမှောင်ထုက ဝါးမြိုထားချိန်မှာ သူခိုးလေးက ကောင်းစွာ မြင်နိုင်ခဲ့သည်။

သူ့အတွက်တော့ ဒီနေရာမှာ အမှောင်ထု မဟုတ်ခဲ့ပေ။

ဒါက အိမ်တစ်ခုလိုပဲ။

အရိပ်ဆိုတာက သူ့ရဲ့ ပိုင်နက်ပဲလေ။

ရင်းနီးနေကျ တိုက်ခိုက်မှုကို ကြည့်နေရတာက သူ့အတွက် တောက်ပတဲ့ နေရောင်အောက်မှာ ​ကြည့်နေရသလိုမျိုး ရှင်းလင်းမြင်သာသည်။

လှုပ်ရှားမှုတစ်ခုစီကို ကြည့်ရှုနေချိန်မှာ သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက တစ်ချက်တောင် မျက်တောင်မခတ်ပေ။

ခူရိုမီရဲ့ လက်သည်းချက်တစ်ချက်ကို မလွတ်သလို ထျန်းလုရဲ့ အရှိန်အဝါကိုလဲ သူမြင်သည်။

‘ မမအနေနဲ့ ဒီတိုက်ပွဲကို နိုင်ချင်ရင် နည်းနည်း ထုတ်သုံးဖို့ လိုအုံးမယ်’

‘ သူမရဲ့ စွမ်းရည်အသစ်က ကောင်းပါတယ်။ ငါကြိုက်တယ်။. အရာအားလုံးကို ဖုံးလွှမ်းပစ်ပြီး ​အမြင်ကိုခက်ခဲစေရုံမက ခံစားနိုင်စွမ်းနဲ့ အသက်ရှုနှုန်းကိုပါ လျော့ချနိုင်တယ်’

သူတော်စင်တစ်ယောက်လို မေးစေ့ကို တွေးတွေးဆဆ ပွတ်သပ်ရင်း

‘ ဒါပေမဲ့ အခုလို အတွေ့အကြုံရှိတဲ့ လူသားမျိုးနဲ့ကျတော့? တစ်ကြိမ်ပဲ သတိလွတ်အောင် လုပ်နိုင်မှာ။ နောက်တစ်ခေါက်ကျ သူတို့က အသင်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်’

‘ တုံးအတဲ့ သူ မဟုတ်သရွေ့ ဒီအကွက်က ဒုတိယအကြိမ် အသုံးဝင်မှာ မဟုတ်ဘူး’

သူ ခေါင်းညိတ်လိုက်သည်။

‘ အခြေခံတည်ဆောက်ပုံကခိုင်မာတယ်။ သူမရဲ့ ပုံစံအတိုင်းပဲ။ ရှင်းလင်းတယ်၊ တိုက်ရိုက်ကျတယ်၊ လွှမ်းမိုးနိုင်စွမ်းရှိတယ်။ မမ အတည်တိုက်တဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ အတိုင်းပဲ’

‘ ဒါပေမဲ့ အခု မမက အကုန်မထုတ်ထားဘူး’

သူ့ရဲ့ အနီရောင်မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။.

‘ ဒါက တိုက်ပွဲအစစ်ဆိုရင် ရိုက်ချက်တစ်ခုပြီး တာနဲ့ သူမ မရပ်နေသင့်ဘူး။ ဘာမှ မကျန်တော့တဲ့အထိ သူမက ဆက်တိုက် ရိုက်ချမှာပဲ’

‘ အဲ့ဒါကမှ သူမရဲ့ တိုက်ခိုက်ပုံအစစ်။ အနိုင်ရဖို့မဟုတ်ဘဲ သတ်ဖြတ်ဖို့ တိုက်ခိုက်တာ’

ထိုအတွေးကြောင့် သူ့ဘေးက အရိပ်တွေပင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။

သူခိုးလေးရဲ့ အမြှီးက တစ်ကြိမ်လှုတ်ယမ်းသွားသည်။

ထို့နောက်မှာ ခူရိုမီကို သိချင်စွာဖြင့် သူ မော့ကြည့်လိုက်သည်။

‘ ဒါပေမဲ့.. မမ ဒီအကြံကို.ဘယ်လိုရခဲ့တာလဲ?’

‘ ဒါက ကောင်းမွန်စွာ ဉာဏ်သုံးပြီး ဖန်တီးထားတဲ့ အရာပဲ။ ရည်ရွယ်ချက်ရှိပြီး ခိုင်မာတဲ့ သိုင်းကျင့်စဥ်လို့ပြောရမယ်’

‘ မမ ကိုယ်တိုင် တွေးနိုင်ခဲ့တာလား? ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက အတုယူထားတာလား?’

သူ့ရဲ့ နှာခေါင်းက တွန့်သွားသည်။

အချိန်ခဏလောက်အထိ သူခိုးလေးရဲ့ အနီရောင်မျက်လုံးများက ဆိုင်ရှေ့ခန်းဆီကို ပြောင်းရွှေ့သွားလေ၏။

‘ အဲ့ဒီ ငလိမ်ကောင်ဆီကများလား?’

နူးညံ့စွာ လေမှုတ်လိုက်ပြီး အမှောင်ထဲမှာ ထိုင်ချလိုက်ကာ

‘ ဟင်း.. ငါနောက်မှပဲ မမကို မေးကြည့်ရမယ်’

အရိပ်ကွင်းပြင်တွင်တော့…

တိုက်ပွဲက တစ်ဝက်နီးနီး ရောက်နေခဲ့ပြီ။

ထျန်းလုက လက်နှစ်ဖက်မြှောက်ကာ ဘယ်ဘက်ကို ရွှေ့လိုက်သည်။

သူ့ရဲ့ ခြေထောက်အောက်မှ လေလှိုင်းတစ်ချက် ထသွားသည်။

ကြမ်းပြင်အောက်ခြေကနေ ကြီးမားတဲ့ လက်ကြီးတွေ ထွက်ပေါ်လာသည်… လက်တစ်ခုဆီသည် သားရဲကောင်ကြီးရဲ့ လက်သည်းချွန်များရှိပြီး လက်ချောင်းများက လူ့လက်မောင်းတစ်ခုထက် ရှည်လျားသည်။

အရိပ်လက်မည်း။

ထိုလက်များ ဒါဇင်နဲ့ချီပြီး ထွက်ပေါ်လာသည်။

လိမ်ကောက်ကာ လှုပ်ရှားနေတဲ့ လက်မည်းကြီးများက ခူရိုမီ ဖန်တီးလိုက်တဲ့ အသူရာချောက်နက်ရဲ့ အမှောင်ထုက ထွက်ပေါ်လာတာပင်။

ထိုလက်များက ထျန်းလုရဲ့နောက်ကို ပုံမှန်ထက်လွန်ကဲတဲ့ အရှိန်နဲ့ တွန့်လိမ်ကာ ပြေးလိုက်ကြသည်။ ထျန်းလု ခြေမချခင်မှာကို ထိုလက်ကြီးများက ရောက်နေပြီးသားပဲ။

ထျန်းလု စိတ်ပျက်စွာ ကျွတ်သပ်လိုက်သည်။

သူ့ရဲ့ ဓားကောက်ဝိုင်းနှစ်ခုကို သုံးကာ လေပေါ်ပျံလိုက်သည်။

ဓားကောက်နှစ်ခုကို ဆက်သွယ်ထားတဲ့ ချိန်းကြိုးကလဲ အလင်းရောင်ခြည်တစ်ခုလို တွန့်လိမ်ရင်း အပေါ်လိုက်တက်လာသည်။

ထို့နောက်မှာ သူ လှုပ်ရှားလိုက်သည်။

ခြေထောက်အောက်ပြန်ကျတာနဲ့ မြေကြီးကို ကန်ချလိုက်သည်။

လက်ကြီးတစ်ဖက်က သူ့ရဲ့ ဘယ်ခြေထောက်နားကို ရောက်နေပြီ။ ထို့ကြောင့် သူ.ညာဘက်ကို ယိမ်းလိုက်ပြီး အားပြုကာ လေပေါ်တစ်ပတ်ဝဲလို​က်သည်။ ထို့နောက်မှာ လက်သည်းချွန်နှစ်ခုကြားမှာ ရပ်လိုက်လေ၏။

သူ့ရဲ့အနောက်ကို နောက်ထက် လက်မည်းကြီးက ပြေးလာနေပြန်ပြီ။

အရမ်းကိုနီးကပ်လာနေပြီ။

လက်ကြီးအပေါ် မြှောက်လိုက်ချိန်မှာ ဓားကောက်ဝိုင်းရဲ့ ချိန်းကြိုးကို အပေါ်မြှောက်ကာ အရှိန်ယူရင်း.ခန္ဓာကိုယ်ကို နှိမ့်ချကာ ရှောင်တိမ်းလိုက်သည်။

လက်ကြီးတွေက ထပ်ပြေးလာပြန်ပြီ။

သူ အကုန်လုံးကို မရှောင်နိုင်တော့ဘူး။

ဒါကြောင့်..

သူ ပြေးနေတာ ရပ်လိုက်တော့သည်။

လေပေါ်ဝဲနေတဲ့ ဓားကောက်ဝိုင်းတွေလဲ တုံ့ပြန်လာသည်။

ထျန်းလု မြေကြီးကို လက်ဝါးနဲ့ ရိုက်ချလိုက်တော့သည်။

“ ကြေးနီရောင် စက်ဝိုင်းကွင်း”

ရုတ်တရက် အနီရောင်ချီစွမ်းအင်တွေ အပြင်ဘက်ကို ပေါက်ထွက်လာခဲ့သည်။

အပေါ်မှာ ဝဲနေတဲ့ ဓားကောက်ဝိုင်းနှစ်ခုက ကြယ်နှစ်စင်းလို အောက်ကို ပြေးဆင်းလာပြီး…

ဆန့်ကျင်ဘက်ကို ဝဲပျံရင်း စက်ဝိုင်းပုံ ပတ်သွားကာ လက်ကြီးသုံးခုကို တစ်ပြိုင်ထဲ ဖြတ်တောက်ပစ်လိုက်သည်။

ဘန်း ဒန်း ဘုန်း!

အရိပ်နဲ့ သတ္ထုတို့ရဲ့ ရိုက်ခတ်သံတွေ ပျံ့နှံ့လာခဲ့ပြီပင်။

ထိုအချိန်မှာ ခူရိုမီ သူမရဲ့မျက်လုံးတွေကို ကျဥ်း​မြောင်းလိုက်သည်။

ကျန်နေတဲ့ လက်ကြီးတစ်ခုက ထျန်းလုရဲ့ ပုခုံးကို ရောက်လုနီးနေပြီ။ ဒါပေမဲ့ သူက ချိန်းကြိုးနဲ့ ပိတ်ချပြီး ကြမ်းပြင်နဲ့ ရိုက်ချသည်။

ဘေးမှာရပ်နေရာကနေ ခူရိုမီ ခုန်ဆင်းလိုက်ပြီး လက်သည်းတစ်ဖက်ကို မြှောက်လိုက်သည်။

ထျန်းလု မလှုပ်ရှားပေ။

သူမရဲ့ လက်သည်းနဲ့ ထျန်းလုရဲ့ လည်ပင်းနဲ့ လက်တစ်ချောင်းမျှသာ ကွာခြားတော့သည်။

ဒါပေမဲ့ ထျန်းလုရဲ့ ဓားကောက်ဝိုင်းတစ်ခုကလဲ ခပ်ဖြည်းဖြည်း လည်နေရင်း ခူရိုမီရဲ့ နားနောက်ကို ရောက်နေခဲ့ပြီ။

သူတို့နှစ်ယောက်လုံး ရပ်လိုက်ကြသည်။

ဂိုထောင်ရဲ့ တစ်ဖက်ကနေ လှေကားဆင်းသံ ခပ်တိုးတိုးကို ကြားနေရ၏။

မိုရှီရှီ အိပ်ချင်မူးတူးဖြင့် အောက်ဆင်းလာတာပင်။

ဆံပင်တွေ ရှုတ်ပွရင်း.မျက်လုံးက မပွင့်ချင်ပွင့်ချင်နှင့်ပင်။ သူမကိုယ်သူမ အဆင်ပြေအောင် လုပ်ဖို့ ချီစွမ်းအင်တစ်ချက် အသုံးပြုလိုက်ပေမဲ့ အပြည့်အဝ မနိုးထသေးပေ။

သူမက အိပ်တတ်တဲ့သူ မဟုတ်ပါချေ။ ဒါပေမဲ့ ထိုနွေးထွေးနူးညံ့တဲ့ အိပ်ယာထဲမှာ နစ်ဝင်သွားတာနဲ့ သူမရဲ့ပတ်ဝန်းကျင်ကြီးက ပျော်ဝင်သွားသလို ခံစားလိုက်ရသည်။ သူမလိုမျိုး ကျင့်ကြံသူတစ်ယောက်တောင်မှ အနားယူချင်စိတ်ရဲ့ ဆွဲဆောင်မှုကို မတောင့်ခံနိုင်တော့ချေ။

“အမ်း.. ဒီအောက်မှာ ဘာတွေဖြစ်နေတာလဲ?”

အမှောင်ထုထဲကို သူမ စိုက်ကြည့်ရင်း ဖြည်းညင်းစွာ မျက်တောင်ခတ်လိုက်သည်။

‘... ငါတို့ မီးပျက်သွားတာလား?’

မျက်လုံးတစ်ဖက်ကို လက်ခုံနဲ့ ပွတ်သပ်ရင်း ထပ်ညည်းလိုက်သေး၏။

‘ သူဋ္ဌေးက ပိုက်ဆံကုန်သက်သာအောင် မီးတွေ ဖြုတ်သွားတာလို့ မပြောနဲ့နော်’

သူမ ရုတ်တရက် ရပ်သွားခဲ့သည်။ ဂိုထောင်ထဲမှာ ကပ်ညှိနေတဲ့ လေးလံတဲ့ လေထုနဲ့ အရိပ်ချီစွမ်းအင်ကို နောက်ဆုံးတော့ အာရုံခံမိသွားပြီ။

သူမ ချက်ချင်း အနောက်လှည့်ပြီး အပေါ်ပြန်တက်တော့သည်။

‘ တော်ပြီတော်ပြီ ငါမပါဘူး။ ငါမသိဘူး။ ငါနဲ့မဆိုင်ဘူး’

မိုရှီရှီရဲ့ ခြေသံပျောက်သွားတာနဲ့ အမှောင်ထုလဲ တစ်ဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။

အရိပ်တွေက မြူခိုးတွေ ကင်းရှင်းသွားသလိုမျိုးကို လုံးဝ ပျောက်ကွယ် သွားခဲ့သည်။

ဂို​ထောင်ထဲမှာ အလင်းတွေ ပြန်ဝင်ရောက် လာခဲ့ပြီ။

ခူရိုမီရဲ့ လက်သည်းက အနည်းငယ် တုန်သွားပေမဲ့ သူမ အရှေ့မတိုးပါချေ။

ထျန်းလုရဲ့ အသက်ရှုသံက တည်ငြိမ်သည်။ သူ့ရဲ့နဖူးမှာ ချွေးစက် တစ်ချို့နှင့်ပင်။

“သရေလား?”

ခူရိုမီ မျက်တောင်ခတ်လိုက်ပြီးနောက်မှာ ခေါင်းညိတ်လိုက်သည်။

‘...သရေ’

‘ ကျေးဇူးပါ။ ငါ့ကို ကူညီလေ့ကျင့်ပေးလို့’

‘ ငါဒီနေ့ အများကြီးသင်ယူခဲ့ရတယ်’

ထျန်းလု ခေါင်းညိတ်လိုက်သည်။.သူ့ရဲ့ လေသံက ရိုးရှင်းပေမဲ့ လေးစားမှု အပြည့်နှင့်ပင်။

“ အံ့သြဖို့ကောင်းတဲ့”

“ သိုင်းပညာပဲ”

ခူရိုမီ အမြှီးတစ်ချက် ယမ်းလိုက်ကာ

‘ မင်းရဲ့ အမြန်နှုန်းကလဲ ထူးကဲတယ်။ မင်းက တစ်ကယ်ကို အထင်ကြီးစရာ ပြိုင်ဘက်ပဲ’

“ ကောင်းတဲ့”

“ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်”

ထျန်းလုလဲ ချီးကျူးစကားပြောကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

သူတို့နှစ်ယောက်လုံးတိတ်တဆိတ် ရပ်နေရင်း အချင်းချင်း စိုက်ကြည့်နေခဲ့သည်။

ဆိုင်ရဲ့ အစောင့်အရှောက် အနေနဲ့ သူတို့ နှစ်ယောက်လုံး ကိုယ့်ရဲ့တာဝန်ကိုယ် သိပါသည်။

သူတို့က ရှေ့တန်းမှ ခုခံပေးရမည့်သူများပင်။ ဒီဆိုင်ကို ပြဿနာရှာရဲတဲ့ သူတွေကြားကနေ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးရမဲ့ ဒိုင်းကာတွေပဲ။

ထျန်းလုနဲ့ ခူရိုမီရဲ့ ကြားမှာ စကားပြောစရာ မလိုတဲ့ နားလည်မှု ရှိပါသည်။

All Chapters