← Chapters

( အဆောင်က ငါ့ကို ငရဲကို ပို့ပေးလိုက်တာလား?)

Vol. 8 Ch. 111

( အဆောင်က ငါ့ကို ငရဲကို ပို့ပေးလိုက်တာလား?)

Vol. 8 Ch. 111

ခြိမ်းခြောက်မှုအစစ် ထွက်ပေါ်လာရင် ချက်ချင်း လှုပ်ရှားနိုင်မှဖြစ်မည်။

လျင်မြန်ပေါ့ပါးစွာနဲ့ ညှာတာမှုမရှိဘဲ ရှင်းလင်းပေးရမည်။

သူတို့ရဲ့ တိတ်ဆိတ်တဲ့ လက်ရည်ယှဥ်မှုလေးက သူတို့ ဖန်တီးနိုင်တဲ့ မုန်တိုင်းရဲ့ အစ လေပြေလေးပဲ ရှိသေးသည်။

သူတို့က အပြိုင်ကမ္ဘာကုန်စုံဆိုင်ကို လာထိရဲတဲ့သူမှန်သမျှကို တစ်စစီ ဖျက်ဆီးပစ်မဲ့ မုန်တိုင်းတွေပဲ။

ခူရိုမီ နောက်ဆုံးတစ်ကြိမ် ထျန်းလုကို ကြည့်လိုက်သည်။ သူမရဲ့ ကျေးဇူးတင်မှုကို ထပ်မံဖော်ပြလိုက်လေ၏။

ထို့နောက်မှာ အမြှီးတစ်ချက်ယမ်းပြီး လှေကားပေါ် ပြန်တက်သွားခဲ့သည်။

သူမရဲ့ အနောက်ကနေ သူခိုးလေးလဲ လိုက်သွားပြီး အရိပ်ထဲမှာ ပျောက်ကွယ်သွားသည်။

ထျန်းလု နေရာမှာတင် ခဏကြာသည်အထိ ရပ်နေဆဲပဲ။

ထို့နောက်မှာတော့ အသက်မဲ့တဲ့ ကျောက်တုံး တစ်တုံးလို တိတ်ဆိတ်စွာဖြင့် အနောက်လှည့်ပြီး ဆိုင်ရှေ့ကို သွားလိုက်တော့သည်။

“ မင်္ဂလာပါ”

“ သူဋ္ဌေး”

ဟောင် ကောင်တာထိုင်နေရာမှ တစ်ချက် မော့ကြည့်လိုက်သည်။ ထျန်းလုရဲ့ တစ်လုံးချင်း ပြောဆိုပုံကို သူ အသားကျနေပြီပင်။

“ အင်း မင်္ဂလာပါ ထျန်းလု”

“ အလုပ်”

“ စတော့မယ်နော်”

ဒါကတော့ နေ့စဥ်စကားဝိုင်းပင်။

ထျန်းလုက အမြဲတမ်း စကားနည်းသည်။ ဒါပေမဲ့ ထျန်းလုရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အပြုအမူတွေကို ဟောင် လေးစားလက်ခံပါသည်။

တစ်ကယ်တော့ ဟောင်က ထိုအရာကို အနည်းငယ်.ရယ်ရသည်ဟု ထင်မိသည်။

ထျန်းလု တစ်ရက်မှာ စကားငါးခွန်း ပြောခဲ့ရင်တောင်မှ အဲ့တာက သံပတ်ပေးထားတဲ့ နာရီတစ်ခုလိုမျိုး တူညီတဲ့ အလုပ်အကြောင်း.အစီအရင်ခံမှုများသာ။

“ ကောင်းပြီ။ မသွားခင် မနက်စာ စားသွားလိုက်အုံး”

ထျန်းလု ခေါင်းညိတ်ပြလိုက်သည်။

စကားတစ်ခွန်းမပြောဘဲ စင်တွေရှိရာကိုသာ လျှောက်သွားလေ၏။ အာလူးကြော်တစ်ထုပ်နဲ့ မက်မွန်လက်ဖက်ရည်တစ်ဗူး ယူလိုက်သည်။

သူ လိုအပ်တာ ဒါပဲရှိသည်။

ထောင့်နားမှာ ဈေးဝယ်အသစ်တစ်ယောက် ရှိနေတာကို သူ သတိထားမိသည်။

တစ်ချက်သာ ကြည့်ပြီး ထပ်ဂရုမစိုက်ပါချေ။

ထိုသူ ပြဿနာ မရှာသရွေ့ သူ ဂရုစိုက်မှာ မဟုတ်ဘူး။

သူ ဆိုင်ရှေ့ကို ထွက်လာတာနဲ့ ဆိုင်ရဲ့ ဝန်းခန်း ကျယ်သွားတာကို သတိထားမိသည်။

သူတို့နေတဲ့ ဒုတိယထပ်ကလဲ ပိုကျယ်သွားပြီး တောက်ပြောင်ကာ သင့်တော်တဲ့ လက်ရန်းကြီးတွေပါ ရောက်လာတာ တွေ့သည်။

မိုရှီရှီ အရင်က ပြောခဲ့ဖူးသည်။ သူတို့ရဲ့ အလုပ်ရှင်က ဘယ်လောက်တောင် ထူးခြားအံ့ဖွယ် ကောင်းလဲဆိုသည်ကို။

ဝိညာဥ်တစ်ကောင်ကိုတောင် မနိုးစေဘဲ ညတွင်းချင် ဒုတိယတစ်ထပ်လုံးကို ဆောက်ခဲ့တာတဲ့လား?

ဒါက ပုံမှန်မှမဟုတ်တာပဲ။

ဒါပေမဲ့ သူထပ်ပြီး မအံ့သြတော့ပါဘူး။

အခုတော့ ဆိုင်ရဲ့အတွင်းခန်းတွေပါ ပြောင်းလဲသွားခဲ့သည်။

နေရာပိုကျယ်ပြီး ပိုလင်းသွားသည်။ ပိုရှည်လျားတဲ့ စင်တွေ ရော​က်လာသည်။ ကြမ်းပြင်မှာတောင် စားပွဲဝိုင်းလေးတွေ ချထားသေးသည်။

ထျန်းလု အရမ်းကြီး ဂရုမစိုက်ပါချေ။ သူ ဒီမှာ အလုပ်လုပ်သည်။ ငွေယူသည်။

နေ့တိုင်းလဲ အရမ်းကောင်းတဲ့ အစားအသောက်တွေကို စားရသေးသည်။

ဒါ့အပြင် သူ့အတွက် ပြန်စရာနေရာလဲ ရှိသည်။ ပြီးပြည့်စုံတဲ့ အိပ်ယာအိအိက မောပန်းမှုတွေကို ပြေလျော့စေပြီး ငြိမ်းချမ်းလှသည်။

သူ.ဘာတွေ ထပ်တောင်းဆိုရအုံးမှာလဲ?

ဓားသွားတစ်ခုက သူ့ကို ကိုင်ထားတဲ့ လက်ကို မေးခွန်းမထုတ်ဘူး။

သူ့ကို စိတ်ကျေနပ်စေပြီး..အနားယူစေပြီး.. အသုံးဝင်နေသရွေ့… သူ တင်းတိမ်ပြီ။

လက်နှစ်ဖက်မှာ အစားအသောက် တစ်ခုစီ ကိုင်ကာ ထွက်ပေါက်ကို သူသွားလိုက်တော့သည်။

ဒါပေမဲ့ သူ အပြင်မထွက်ခင်မှာပဲ…

သူ့ရဲ့ ဘယ်လက်မောင်းမှာ တုန်ယင်မှု တစ်ချက်ကို သတိထားမိလိုက်သည်။

အလုပ်သမားအဆောင်က အသ​က်ဝင်လာပြီ။

အချိန်က နှေးကျလာသည်။

မဟုတ်ဘူး…

ဒါကသာမာန် နှေးသွားရုံမဟုတ်ဘူး.. ရှုတ်ထွေးကုန်တာပဲ!

သူ့ရဲ့ပတ်ပတ်လည်မှာ လေထုက စုဝေးလာပြီး.. ပတ်ဝန်းကျင်ရဲ့အရောင်က အဖြူအမဲဖြစ်လာသည်။

ဆိုင်အတွင်းက အသံတွေလဲ ပျောက်ကွယ် သွားပြီ။

ထျန်းလု မျက်လုံးတွေ ကျဥ်းမြှောင်းသွားခဲ့သည်။ အဆောင်က ဖျော့တော့စွာ လင်းနေလေ၏။

သူ့ရဲ့ အတွင်းစိတ်ထဲကို တစ်စုံတစ်ခု ဝင်ရောက်လာတာ သူ ခံစားမိသည်။ ဒါ နာကျင်မှု မဟုတ်ဘူး။

ထူးဆန်းသလိုသာ… ခံစားရသည်။

အာရုံအသစ်… ဆက်သွယ်မှုအသစ် တစ်ခု နိုးထလာသလိုပဲ။

သူ.အစီအရင်တစ်ခုကို ခံစားနိုင်သည်။ ပုန်းကွယ်နေတဲ့ အစီအရင်…။

ရှုတ်ထွေးပုံရှိပေမဲ့ ရိုးရှင်းတဲ့…

နေရာကူးပြောင်း ဂိတ်တံခါးတစ်ခုပဲ။

သူ့ရဲ့ အတွေးကို တုံ့ပြန်မှု ပြုနေခဲ့သည်။

‘ ဒါက ဒီအဆောင်ရဲ့ ပုန်းကွယ်ထားတဲ့ လုပ်ဆောင်ချက် တစ်ခုပဲလား?’

ထျန်းလုရဲ့အတွေးထဲသို့ ရွေးချယ်စရာ နှစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မဟာ​မြို့တော်ရှိ ရင်းနီးတဲ့ မှောင်မဲမဲ လမ်းကြားကိုလဲ သူ အာရုံခံနိုင်သည်။

ဒါပေမဲ့ နောက်တစ်ခုက…

ဘာပုံရိပ်မှ မရှိဘူး။

သူ့ရဲ့အတွေးထဲမှာ တောက်လောင်နေတဲ့ အလင်းဖြင့် နာမည်တစ်ခု ဖြစ်ပေါ်လာသည်။

“ ပျော်ရည်ပြာနယ်မြေရဲ့ ဝိညာဥ်မီးတောက် မြို့တော်”

ထျန်းလု မတုံ့ဆိုင်းပါချေ။

သူ.ထိုနာမည်ရှိရာကို လက်လှမ်းလို​က်သည်။

သူ့အရှေ့က ကမ္ဘာကြီးက သူ့ကို ဆွဲခေါ်သွားသည်။

သူ့မျက်စိရှေ့ရှိ အလင်းက တစ်ဖြည်းဖြည်း ပြင်းထန်လွန်းလာပြီး အရာအားလုံးကို ဝါးမြိုသွားဟန်ရှိသည်။ ပတ်ပတ်လည်တွင် နွေးထွေးမှုတွေ ဝန်းရံလာ၏။ ကမ္ဘာကြီးက ရှုတ်ထွေးသွားသလိုပဲ။

ထျန်းလု မျက်စိဖွင့်လိုက်ချိန်မှာ လုံးဝကို မတူညီတဲ့နေရာတစ်ခုကို ရောက်နေလေ၏။

လေထုက ခြောက်ကပ်နေသည်။ ဖုန်မှုန့်တွေ လွင့်ပျံနေပြီး ကျောက်တုံးတွေကြားမှာ အချိန်ကြာမြင့်စွာ ကိန်းခိုနေတဲ့ အပူဓာတ်တွေ ရှိသည်။

ဘယ်ဘက်ရှိ လမ်းဘေး စွန့်ပစ်အိမ်အိုများသည် အချင်းချင်း မှီတွဲနေပြီး အရက်မူးနေတဲ့ အဖိုးအို တစ်ယောက်လို အခြေမခိုင်ပေ။

အိမ်များသည် အချင်းချင်းထောက်ပံ့အားကိုး ထားရပုံရှိသည်။ နှစ်များစွာ စွန့်ပစ်ထားမှုကြောင့် ယိုင်နဲ့နေသည်။

နံရံဘေးတွင် လေလွင့်ခွေးတစ်ကောင် ရှိသည်။ သစ်ကိုင်းခြောက်တစ်ခုလို ပိန်ကပ်နေတဲ့ ထိုခွေး၏ နားရွက်က တစ်ချက်တွန့်သွားကာ ထျန်းလုကို အိပ်စက်ခြင်းကို နှောက်ယှက်တဲ့ အနှောက်အယှက် တစ်ယောက်လို စိုက်ကြည့်နေလေ၏။

အရှေ့တစ်နေရာတွင် ပျံကျဈေးသည်တစ်ယောက်က အော်နေလေသည်။

“ ပေါက်စီပူပူလေးတွေ ရမယ်! ပူပူလေးတွေနော်! ဒင်္ဂါးပေးလိုက်တာနဲ့ လျှာကိုပါ လောင်သွားစေရမယ်လို့ အာမခံတယ်”

“ အို့ ဒါဘယ်က ခွေးစုတ်လဲ? ငါ့ဆိုင်ရှေ့က သွားစမ်း… သူခိုးစုတ်!”

ထျန်းလုရဲ့ ခြေဖဝါးအောက်ရှိ ဖုန်ထနေတဲ့ မြေကြီးတွင် အက်ကြောင်းများဖြင့်..။

ဒီကမ္ဘာကြီးက အဆုံးမရှိတဲ့ မီးတောက်ကြောင့် အက်ကွဲနေသလိုမျိုးပဲ။

ကျောက်တုံးတွေကြားကနေ အပင်တစ်ခုတည်းသာ အတင်းတိုးထွက်နေခဲ့သည်။ တွန့်လိမ်နေတဲ့ ပင်စည်ငယ်က အပူဓာတ်က လွတ်မြောက်ဖို့ ကြိုးစားနေဟန်ပင်။

ညာဘက်တွင်တော့ အိုဟောင်းနေတဲ့ ကတုန်ကယင် အမိုးများနဲ့ အဆောက်အဦး တစ်ခုရှိသည်။ တစ်စုံတစ်​ယောက်ရဲ့ စွန့်ပစ်ထားတဲ့ ဂိုထောင်တစ်ခု ဖြစ်ဟန်ပင်။

ဒီလမ်းကြားက လမ်းမကြီးရဲ့ အဆုံးတွင် ရှိသည်။ လမ်းမကြီးသည် လူတွေနဲ့ အပူလှိုင်းလုံးများနဲ့ ပြည့်ကျပ်နေသည်။

အိမ်ခေါင်မိုးများအပေါ်မှာ စည်းထားတဲ့ အစဟောင်းများက လေယူရာယိမ်းလေ၏။ အနီရောင်နဲ့ လိမ္မော်ရောင်.အစဟောင်းများသည် နေရောင်ရဲ့အပူဒဏ်ကြောင့် ဖျော့တော့နေရပြီ။

လမ်းဘေးဈေးသည်များ၏ လက်ထဲတွင် အရိုးယပ်တောင်များရှိသည်။

အသားကင်နံ့၊ ပျော်နေတဲ့ သကြားရည်နံ့တို့က လေထုထဲမှာ လွှမ်းမိုးပျံ့နှံ့နေပြီး နေရာအနှံ့ကို ဖုံးလွှမ်းထားသည်။

အိုဟောင်းဟောင်း လမ်းမီးတိုင်တစ်ခုလဲ ရှိသေးသည်။ ကောင်းကင်ရဲ့ တောက်ပမှုကြောင့် မလိုအပ်တော့ပေမဲ့ ယိုင်နဲ့နဲ့ နဲ့ အစွမ်းကုန် ရပ်နေဆဲပဲ။

အပေါ်က ကောင်းကင်ယံသည် လိမ္မော်ရောင် သန်းနေသည်။

ထျန်းလု ပတ်ပတ်လည်က အလေးချိန်တွေကို အသားကျအောင်လုပ်ရင်း အကုန်လုံးကို လှည့်ပတ်ကြည့်လိုက်သည်။

ထို့နော​က်မှာ တံခါးဘေးမှာ သွားရပ်လိုက်သည်။ ဆိုင်ထဲက ပြန်ထွက်လာမဲ့ သူ၊ သို့မဟုတ် ဝင်လာမဲ့သူများကို မပိတ်မိစေရန်ပေါ့။

အနီးအနားပတ်ဝန်းကျင်းကို စိတ်ဝိညာဥ် အာရုံခံမှုလဲ ပို့လွှတ်ထားပြီးပြီ။

ပူလောင်နေတဲ့ အုတ်ခဲတိုင်း..၊ အပူလှိုင်းတစ်ချက်တိုင်း…၊ မီတာအနည်းငယ် အကွာက ခြေလှမ်းတိုင်းကို.. သူ ခံစားမိသည်။

သူ့ရဲ့ အာရုံခံမှုက အရမ်းမပြည့်စုံသော်ငြား ဒီနေရာနဲ့ ရင်းနီးမှုကို တစ်ဖြည်းဖြည်း ခံစားရစေသည်။

မဟာမြို့တော်က လမ်းကြားက သူ့ကို အခု မလိုအပ်ဘူးလို့ထင်သည်။

ထိုနေရာက တိတ်ဆိတ်နေသည်ပဲလေ။ တော်တော်လေး တိတ်ဆိတ်သည်။

ဘာမှ ဖြစ်နိုင်ချေ မရှိဘူး။ ပြဿနာမရှိ၊ စိတ်လှုပ်ရှားစရာ မရှိတာမို့ လက်တစ်ချောင်းတောင် မဖို့ မလိုအပ်ခဲ့ဘူး။

သူ့ရဲ့အရိုးအဆစ်တွေကို တောင့်တင်းစေပြီး တုံ့ပြန်မှုတွေကို နှေးလာစေသည်အထိ တိတ်ဆိတ်သည်။

သူ့အနေနဲ့ တိုက်ခိုက်ရတာကို အရမ်း ခုံမင်တာတော့ မဟုတ်ပါချေ။

လုံးဝ ဘယ်ဟုတ်မလဲ?

သူက တာဝန်ခံမှု ရှိတာပဲ။ အခုတော့ အချက်အလက်တွေကို စုဆောင်းရင်း ပတ်ဝန်းကျင်အသစ်ကို ကျင့်သားရဖို့ ကြိုးစားနေ၏။

ပြောမရဘူး.. ဒီနေရာမှာ ကံပါပြီး ရန်ပွဲတစ်ပွဲ နှစ်ပွဲလောက်နဲ့ ကြုံရင်ကြုံနိုင်မှာပေါ့။

ပြောရရင် သူက ကြေးစားတစ်ယောက်ပဲလေ။

ကြေးစားကိုမှ အရမ်းတော်တဲ့ ကြေးစားတစ်ယောက်ပဲ။

All Chapters