← Chapters

အမြုတေ ဖွဲ့စည်းခြင်း

Vol. 8 Ch. 741

အမြုတေ ဖွဲ့စည်းခြင်း

Vol. 8 Ch. 741

"ချန်းပေ့ရွှမ်းက ဘယ်လောက်တောင် အစွမ်းထက် နေရတာလဲ ... "

လူတိုင်းကား တိုက်ပွဲကို ကြည့်ရင်း ဆွံ့အ နေမိ၏။

တိုက်ပွဲ မစခင်က ချန်းဖန် အနိုင်ရမည်ဟု မည်သူမျှ မခန့်မှန်းခဲ့ကြချေ။ အကယ်၍ ချန်းဖန် အသက်ရှင်လျှက် ထွက်သွားနိုင်လျှင်ပင် ကံကောင်းလွန်း၍ ဟုသာ ယူဆခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ တိုက်ပွဲ အစ ကတည်းက ချန်းဖန်ကသာလျှင် အသာစီး ရနေခဲ့သည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် မည်မျှပင် ကြိုးစား စေကာမူ ချန်းဖန်၏ ဆံပင် တစ်ပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင် သေးချေ။

"သူ ဘယ်လောက်တောင် သန်မာ သလဲ ဆိုတာ ငါ မခန့်မှန်း နိုင်တော့ဘူး ... "

ချီချင်းဝေ့က ဖြူရော်စွာဖြင့် ပြုံးလိုက် မိသည်။ သူမ ပထမ သိခဲ့ရသော ချန်းပေ့ရွှမ်းမှာ သာမန် မထင်မရှား တန်ခိုးရှင်လေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း လပိုင်း အတွင်းမှာပင် ချန်းဖန်၏ စွမ်းအားက တဟုန်ထိုး တိုးတက်လာကာ ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကိုပင် အထက်စီးမှ တိုက်ခိုက် ပြခဲ့သည်။ ထိုသို့သော အရာက သူ၏ အစစ်အမှန် စွမ်းအားနှင့် ဖြစ်တည်မှုကို ခန့်မှန်းရန် ခက်ခဲ စေ၏။ ထိုအချိန်၌ တိုက်ပွဲကား ဆက်လက် ပြင်းထန်နေတုန်း ဖြစ်သည်။

"ဘုန်း ... "

ချန်းဖန်က အသံ၏ အမြန်နှုန်းကို ချိုးဖောက် ပျံသန်းကာ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား လက်သီးဖြင့် ထိုးလိုက်၏။

"ဝှစ် ... "

တစ်ချိန်တည်းမှာပင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှာ အရိပ် အသွင် ပြောင်းလဲကာ မူလ နေရာမှ ပျောက်ကွယ် သွားသည်။

"ပျောက်ဆုံးခြင်း ဓားကျင့်စဉ် ... "

ထိုအရာကား ကိုယ်ပျောက်ခြင်း စွမ်းရည်ကို ပေးစွမ်းနိုင်သည့် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ အသက်ကယ် ကျင့်စဉ် တစ်ခု ဖြစ်၏။ သို့သော်လည်း ချန်းဖန်ကား မြောက်ပိုင်း ကောင်းကင် အရှင်သခင် ပြန်လည် ဝင်စားသူ ဖြစ်ရာ ထိုသို့သော လှည့်ကွက်လေးအား ဂရုစိုက်ခြင်း မရှိချေ။ သူက လက်ကို ဝေ့ယမ်းရင်း ခွန်းဝူ တောင်ထိပ် တစ်ဝိုက်ရှိ အချိန်နှင့် အာကာသအား ထိန်းချုပ် လိုက်သည်။

"ဟင်းလင်းပြင် လှိုင်း ... "

"ဘုန်း ... "

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာအား ဟင်းလင်းပြင်၏ ထိန်းချုပ်မှုတွင် အေးခဲကာ ကောင်းကင်မှ ကျ၏။

သို့သော်လည်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှာ ထိတ်လန့် သွေးပျက်သွားခြင်း မရှိချေ။ သူက လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ဓားအလင်း နှစ်ခုအား ဖန်တီး လိုက်သည်။

"အဇူရာ လက်ချောင်းဓား ... "

ထိုတိုက်ခိုက်မှုမှာ သူ၏ ကိုယ်ပိုင် လက်ချောင်းများအား ဓားအသွင် ပြောင်းလဲ ပစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် သေခြင်း၊ ရှင်ခြင်း အခိုက်အတန့်မှသာ ထိုကျင့်စဉ်အား ထုတ်သုံးခြင်း ဖြစ်၏။

"ကလေးကွက်တွေ ... "

ချန်းဖန်က ဂရု မစိုက်စွာဖြင့် နှာခေါင်းရှုံ့ လိုက်၏။

ထို့နောက် သူက ဆယ်ခုသော လက်ချောင်းများကို ကြာဖူးငုံ သဖွယ် စုစည်း၍ ချိပ်တံဆိပ် တစ်ခုအား ဖွဲ့စည်း လိုက်သည်။

"ကြာပန်း တစ်ထောင် ... "

"ဘုန်း ... "

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ် သွားပြန်၏။

"အဲဒါက ... "

ထိုမြင်ကွင်းကို ကြည့်ရင်း မရေ မတွက်နိုင်သော လူများကား ဆွံ့အ နေကြပြီ ဖြစ်လေသည်။ တိုင်ယင် နတ်သမီး၏ မျက်လုံး၌ စိုးရိမ်မှုများက အထင်းသား ပေါ်လွင်လာခဲ့၏။ အလွန် တည်ငြိမ်သော လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ မျက်နှာပင်လျှင် မည်းမှောင် နေခဲ့သည်။

သူ ရင်ဆိုင်ခဲ့ရသော ကြာပန်းသဏ္ဌာန် တိုက်ခိုက်မှုကား အလွန်ပင် အစွမ်း ထက်လွန်းသည်။ အကယ်၍ ဝတ်ဆင်ထားသော ရတနာ ဝတ်စုံကြောင့်သာ မဟုတ်လျှင် သူ သေပင် နေလောက်ပြီ ဖြစ်သည်။

"ထပ်ပြီး ခုခံ ကြည့်လိုက်ဦး ... "

ချန်းဖန်က ကောင်းကင်အား သက်တံ အလား ဖြတ်သန်းရင်း ကြာပန်း တစ်ထောင်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်၏။

"ဓား ... "

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က အော်ဟစ် လိုက်သည်။

"ကလန့် ... "

ရုတ်တရက် သူ၏ မျက်လုံးမှ ကောင်းကင်ဓား နှစ်ချောင်း ထွက်ပေါ်လာ၏။ ထိုကောင်းကင်ဓား တစ်ချောင်းချင်းစီမှာ သုံးမီတာခန့် ရှည်လျား၏။ ဓား၏ ခန္ဓာမှာ နတ်ဘုရား အလင်းဖြင့် ပြုလုပ်ထားရာ သလင်းကျောက် အလား ကြည်လင်နေသည်။

"ကောင်းကင် မျက်လုံးရဲ့ နတ်ဘုရား ဓား ... "

ဓားများအား မြင်သည်နှင့် မြေကမ္ဘာ အဆင့်များ၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။

ထိုအရာကား ဒဏ္ဍာရီလာ နတ်ဘုရား စွမ်းအား ဖြစ်သည်။ ခွန်ရှု့ နယ်မြေ တစ်ခုလုံး၌ ထိုနတ်ဘုရား စွမ်းအားကို လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်မှ လွဲ၍ မည်သူမျှ အောင်မြင်အောင် မလေ့ကျင့် နိုင်ကြချေ။

"ကလန့် ...  ကလန့် ... "

ဓားနှင့် တွေ့သည်နှင့် ကြာပန်း တစ်ထောင်မှာ အလုံးစုံ ပျက်းစီး၏။ သို့သော်လည်း ကောင်းကင်ဓား နှစ်ချောင်းက ရပ်တန့်ခြင်း မရှိပဲ ချန်းဖန်ထံ ဆက်လက် တိုးဝင်ကာ ခုတ်ပိုင်းရန် ကြိုးစားသည်။

"သေချာကြည့်ထား ... "

ချန်းဖန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ အော်ဟစ်လိုက်သည်။

"ခရက် ... "

တစ်ချိန်တည်းတွင် သူ၏ မျက်လုံးမှ မီးတောက် နှစ်ခု ထွက်ပေါ်လာသည်။ တစ်ခုမှ အနက်ရောင် ဖြစ်ပြီး အခြား တစ်ခုမှာ ရွှေရောင် ဖြစ်၏။

"နတ်ဘုရား လက်နက် ဖွဲ့စည်းစမ်း ... "

"ဘုန်း ... "

ရုတ်တရက် ရွှေရောင် မီးတောက်က လှံတစ်စင်း အသွင် ပြောင်းကာ အနက်ရောင် မီးတောက်က နက်မှောင်သော ဓား ပုံသဏ္ဌာန် ဖွဲ့စည်း၏။ နတ်ဘုရား စွမ်းအားများသည် ကျင့်ကြံသူ၏ စိတ်စေစားရာကို လိုက်၍ မီးတောက်မှ နတ်ဘုရား လက်နက် အမျိုးမျိုး အသွင် ပြောင်းလဲ နိုင်သည်။ ယခု ချန်းဖန်၏ ဖန်တီးလိုက်သော နတ်ဘုရား လက်နက်များမှာ သူ၏ စွမ်းအင် အဆင့်အရ တစ်ဝက်တစ်ပျက် ရတနာထက်ပင် ပိုမို၍ အစွမ်း ထက်သည်။

"ဘုန်း ... "

တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ အချိန် အတွင်းမှာပင် ရွှေရောင်လှံတံက ကောင်းကင် ဓားတစ်ချောင်းကို တိုးဝင် ဖျက်ဆီး၏။ တစ်ချိန်းမှာပင် အနက်ရောင် ဓားက ဒုတိယ ကောင်းကင်ဓားအား ပိုင်းဖြတ်သည်။

"ဘုန်း ... "

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှာ ကောင်းကင်မှ လွင့်စဉ်၍ မြစ်အတွင်းသို့ ပြုတ်ကျ၏။

"ဘုန်း ...  ဘုန်း ... "

မြစ်ရေပြင်၌ ကြီးမားသည့် လှိုင်းကြီးများ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်အား ရိုက်ခတ်၏။ ထိုလှိုင်းကြီးများ၏ ဖုံးလွှမ်းမှုတွင် ရေပြင်ရှိ လှေများစွာ နစ်မြုပ်သည်။

"ဘုန်း ... "

ရုတ်တရက် ရွှေရောင် လှံတံနှင့် အနက်ရောင် ဓားက ပေါက်ကွဲကာ ရွှေရောင် နဂါးနှင့် ကိုင်လင်သားရဲ အသွင်သို့ ပြောင်းလဲသည်။

"ဟူး ...  ဟူး ... "

သားရဲ နှစ်ကောင်က ဒေါသနဂါးမြစ် အတွင်း ခမ်းနားစွာ ဆင်းသက်ကာ အပြစ်မဲ့ လူများစွာအား ရေလှိုင်းများ၏ ရိုက်ခတ်မှုမှ ကာကွယ်သည်။ ရုတ်တရက် မြစ်ရေပြင် အောက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ် လာသည်။

"ချန်းပေ့ရွှမ်း ...  ငါ မင်းကို သတ်မယ်"

"ဘုန်း ... "

မီတာ ထောင်ချီသော မြစ်ရေပြင်သည် ကွဲအက်ကာ အဇူရာ အလင်းများ ခြံရံ နေသည့် လူတစ်ယောက် ထွက်ပေါ်လာ၏။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ အဝတ်များကား စိုရွှဲနေပြီ ဖြစ်သလို သူ၏ ဆံပင်များမှာလည်း ဖွာလန်ကြဲ နေ၏။ သို့သော်လည်း အံ့အားသင့်စွာပင် သူ၏ ခြေလှမ်းတိုင်း၌ သူ၏ စွမ်းအားက အဆမတန် မြင့်မား လာသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ခြေလှမ်း ကိုးလှမ်း အတွင်းမှာပင် လျှို့ဝှက်အဇူရာ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်သည် တိမ်တိုက်များ၏ အထက်သို့ ရောက်၏။

"ဟူး ...  ဟူး ...  ဟူး ... "

တစ်ချိန်တည်းမှာပင် သူ့အား ဗဟိုပြု၍ လေဆင်နှာမောင်း တစ်ခု ဖြစ်ပေါ်ကာ သူ၏ စွမ်းအင်ကို မိုးကောင်းကင်နှင့် ချိတ်ဆက်သည်။

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ရှည်လျားသော အင်္ကျီလက်များက လေမုန်တိုင်းနှင့် အတူ တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ မျက်လုံးများကမူ နတ်ဘုရား အလင်း အလား တောက်ပနေ၏။

ထိုအခိုက်၌ အဇူရာ အလင်းများ ဝန်းရံကာ ကောင်းကင်ထက်၌ ရပ်နေသော လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ဖြစ်တည်မှုကား စာမဖွဲ့လောက်အောင် ကြီးကျယ် မြင့်မြတ် လွန်းသည်။

"အဲဒါက ... "

ဆင်နတ်ဘုရား၏ မျက်လုံးများမှာ မယုံကြည် နိုင်မှုဖြင့် ပြူးကျယ်၍ သွား၏။

"ကောင်းကင် တန်ခိုးရှင် ...  သူ နောက်ဆုံးတော့ လုပ်နိုင်ပြီပဲ"

တရှီဂိုဏ်းချုပ်က တိတ်တခိုး ရေရွတ် လိုက်သည်။

"ချန်းပေ့ရွှမ်း ...  အားလုံးက မင်း အမှားပဲ ...  မင်းက ငါ့ရဲ့ အလုပ်ကို ဖျက်ဆီးဖို့ တွန်းအားပေးခဲ့တာ ...  ငါ မင်းကို သတ်ပြီး ငါရဲ့ အရှက်ကွဲမှု အတွက် ပြန်ပြီး ဖာထေးမယ်"

လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ဒေါသတကြီး အော်ဟစ်သံက တိမ်များကို ဖြတ်သန်း၍ ပျံ့လွင့် လာ၏။

"အမြုတေ ဖွဲ့စည်းခြင်း အဆင့် ... "

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

"မင်းက အမြုတေကို ဖွဲ့စည်းခြင်းကို စနေပြီလား"

ရွှေအမြုတေ အဆင့်ကို ဝင်ရောက်ရန် အတွက် ကျင့်ကြံသူသည် အမြုတေကို အရင်ဆုံး ဖွဲ့စည်းရသည်။ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် အမြုတေကို အပြည့်အဝ ဖွဲ့စည်းနိုင်ခြင်း မရှိသေးရာ ရွှေအမြုတေ အဆင့်သို့ ချက်ချင်း ရောက်နိုင်စရာ အကြောင်း မရှိချေ။

သူသည် ဖွဲ့စည်းဆဲ ဖြစ်သော အမြုတေကို အသုံးပြုကာ ခန္ဓာကိုယ် စွမ်းအားကို တိုးမြှင့် ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထိုအမြုတေကို ပြန်လည် ဖွဲ့စည်းရန်က ဘဝ တစ်လျှောက်လုံး လိုအပ်၏။ ထို့ကြောင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့်၌ အမြုတေကို အသုံးပြုခြင်းမှာ ကျင့်ကြံခြင်း ခရီးလမ်းကို အဆုံးသတ် လိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

"ဟဟ ...  ငါ မင်းရဲ့ အမြုတေကို ဘယ်လို ဖျက်ဆီးမလဲ ဆိုတာ ကြည့်ထား"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ကောင်းကင်သို့ တဟုန်ထိုး ပျံတက် လိုက်ပြန်၏။

"ဘုန်း ... "

ပြင်းထန်သော တိုက်ပွဲကား နောက်တစ်ကြိမ် ပြန်လည် စတင်ခဲ့ပြီ ဖြစ်လေသည်။

***

All Chapters