← Chapters

ညှာတာခြင်းမရှိ

Vol. 8 Ch. 745

ညှာတာခြင်းမရှိ

Vol. 8 Ch. 745

လင်းမြို့တော်တွင် ရှိစဉ်က ချန်းဖန်သည် လုယန်ရွယ်အား နောက်တစ်ကြိမ် နာကျင်မှုကို မခံစားစေရဟု ကတိပေးခဲ့ဖူးသည်။ သို့သော်လည်း သူမအား ယခုကဲ့သို့ ပုံစံမျိုးဖြင့် ပြန်လည် မြင်တွေ့ရခြင်းက သူ့ကို ပြင်းစွာ ဒေါသထွက်စေသည်။

“မင်းက ... သေချင်နေတာပဲ”

အကြီးအကဲရုန်က သူမ၏ စွမ်းအားကို ဖြန့်ကြက်လိုက်ရာ ကောင်းကင်နှင့် မြေကြီး အကြား၌ ကြောက်မက်ဖွယ် လေထုဖိအားက ပျံ့နှံ့လာ၏။

“သွား …”

ထို့နောက် သူမက လက်ထဲရှိ နဂါးရုပ်တုကို လွှဲကာ မြှောက်ကာ ချန်းဖန်ဆီသို့ ပစ်လွှတ်လိုက်သည်။

“ဟူး …”

တစ်ချိန်တည်းတွင် ချန်းဖန်၏ မျက်လုံးမှ မီးတောက် သုံးခု ထွက်ပေါ်လာကာ သွေးရောင် ကောင်းကင်ဓား အသွင်သို့ ပြောင်းလဲ၏။ ထိုဓားက ကောင်းကင်သို့ ပျံတက်ရင်း နဂါးရုပ်တုနှင့် အကြီးအကဲရုန်ထံသို့ တိုးဝင်သည်။

“ညှာတာပေးပါ …”

အဖြူရောင် နတ်သမီး ဖြူရော်စွာဖြင့် အော်ဟစ် တောင်းပန်လိုက်၏။

သူမသည် ချန်းဖန်၏ စွမ်းအား အလုံးစုံကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ အကြီးအကဲရုန် မဆိုထားနှင့် ဂိုဏ်းချုပ် ခုနစ်ယောက် ပေါင်းလျှင်ပင် ထိုမိစ္ဆာဝင်စားသူအား  အနိုင်ယူနိုင်မည် မဟုတ်ချေ။

“ချာတိတ်လေး ... မင်း ဘယ်သူလဲ ဘယ်ကလဲ ဆိုတာ ငါမသိဘူး ... ဒါပေမဲ့ နှင်းနတ်ဘုရား နန်းတော်ကို မင်း မစော်ကားခဲ့သင့်ဘူး”

အကြီးအကဲရုန်၏ အေးစက် ခြောက်ကပ်သော လေသံနှင့်အတူ ကောင်းကင်ရှိ နဂါးရုပ်တုက အဆက်မပြတ် လည်ပတ်ရင်း အစစ်အမှန် ရေခဲနဂါး တစ်ကောင်အဖြစ် ပြောင်းလဲသည်။

“ရား …”

ထိုရေခဲနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်၏ သွေးရောင် ကောင်းကင်ဓားနှင့် ထိပ်တိုက်တွေ့၏။

“ဘုန်း …”

သို့သော်လည်း သွေးရောင် ကောင်းကင်ဓားကား လီရွှေရောင် မီးတောက်၊ ကိုင်လင်မီးတောက်၊ (သွေးပင်၏ စွမ်းအားနှင့် ချန်းဖန်၏ ဒေါသတို့ ပေါင်းစပ် ဖြစ်ပေါ်လာသည့်) သွေးမီးတောက် ဟူသော မီးတောက် သုံးခုဖြင့် ဖွဲ့စည်းထားသော ဓားဖြစ်သည်။

ခပ်ပျော့ပျော့ ရေခဲနဂါးမှ မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

“ခရက် …”

သွေးရောင် ကောင်းကင်ဓားက ရေခဲနဂါးအား တို့ဟူးကို လှီးဖြတ်သည့်အလား ထက်ဝက် ပိုင်းဖြတ်လိုက်၏။ ထို့နောက် ၎င်းက ရှေ့သို့ ဆက်လက် တိုးကာ အကြီးအကဲရုန်၏ ဦးခေါင်းကိုပါ ဖြတ်တောက်သည်။

“ဘုန်း …”

သွေးရောင် ကောင်းကင်ဓား၏ ပိုင်းဖြတ်မှုတွင် အကြီးအကဲရုန်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ခန္ဓာနှင့် အတူ ပျက်စီး၏။

“အကြီးအကဲရုန် သေသွားပြီလား …”

အမဝူနှင့် နှင်းနတ်ဘုရား နန်းတော်၏ အခြား တပည့်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။

အကြီးအကဲရုန်ကား နှင်းနတ်ဘုရား နန်းတော်တွင် ထင်ရှားသော ပုံရိပ်တစ်ခု ဖြစ်သည်။ သို့တိုင်အောင် သူမက ယခုကဲ့သို့ အသတ်ခံလိုက်ရသည်။ ထိုရလဒ်က မယုံကြည်နိုင်စရာ ကောင်းလွန်း၏။

“နှင်းနတ်ဘုရား နန်းတော်ရဲ့ ခေါင်းဆောင် ထွက်လာခဲ့ …”

ချန်းဖန်သည် အကြီးအကဲရုန်ကို သတ်ဖြတ် ပြီးနောက် တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ သူက လုယန်ရွယ်၏ လက်မောင်းကို ဆုပ်ကိုင်ရင်း ကောင်းကင်သို့ ပျံတက်၏။

“ဘာတွေဖြစ်နေတာလဲ …”

ကောင်းကင်၌ ထွန်းလင်းနေသည့် ရွှေရောင် အလင်းကို ကြည့်ရင်း နှင်းနတ်ဘုရား နန်းတော်၏ တပည့်များမှာ နားမလည်စွာ ရေရွတ် လိုက်ကြသည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

များစွာသော အလင်းများသည် နှင်းနတ်ဘုရား နန်းတော်၏ အဆောင်တစ်ခုချင်းစီမှ ကောင်းကင်သို့ ပျံတက်လာ၏။ အလင်း တစ်ခုချင်းစီက မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ချင်းစီကို ကိုယ်စား ပြုသည်။

“တစ် …”

“နှစ် …”

“သုံး …”

တစ်ခဏ အတွင်းမှာပင် မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်သည် သူတို့၏ အရှိန်အဝါများကို ဖြန့်ကြက်ရင်း ကောင်းကင်၌ ပေါ်လာခဲ့၏။

ခွန်းဝူတောင်သို့ ရောက်ရှိနေသည့် တိုင်ယင် နတ်သမီး၊ တံခါးပိတ် ကျင့်ကြံနေသည့် နန်းတော်သခင်တို့မှ လွဲ၍ နှင်းနတ်ဘုရား နန်းတော်၏ မြေကမ္ဘာ နတ်ဘုရား အားလုံး နီးပါးကား စုံလင်နေခဲ့ပြီ ဖြစ်သည်။

“သင်က ဘယ်သူလဲ ... ဘာလို့ ငါတို့ နှင်းနတ်ဘုရား နန်းတော်ကို ကျူးကျော်ပြီး ငါတို့ တပည့် တစ်ယောက်ကို ခေါ်ထားရတာလဲ”

အလွန်အမင်း လှပသော မြေကမ္ဘာ နတ်ဘုရားမ တစ်ယောက်က ချန်းဖန်အား မေးသည်။ သူမသည် ချန်းဖန်၏ အရှေ့ရှိ မြေကမ္ဘာ အဆင့်များ အနက် အစွမ်း အထက်ဆုံး ဖြစ်ပြီး ခွန်ရှု့ နယ်မြေ၌ တိုင်ဟန် နတ်သမီးအဖြစ် ထင်ရှားသူ ဖြစ်သည်။

“လုယန်ရွယ်က ငါ့မိတ်ဆွေပဲ ... ဒါတောင် မင်းတို့ နှင်းနတ်ဘုရား နန်းတော်က ငါ့ဆီမှာ ခွင့်မတောင်းပဲ သူ့ကို ခေါ်သွားကြတယ် ... နောက်ပြီး သူ့ကို ဂရုစိုက်ရမဲ့အစား ဝိုင်းပြီး ဖိနှိပ်ကြတယ် ... အဆိုးဆုံးက သူ့အပေါ်မှာ ဝိညာဉ် ရှာဖွေခြင်း နည်းစနစ် သုံးဖို့ ယွင်ထျန်းနန်းတော်ဆီ လွှဲပြောင်းပေးဖို့ လုပ်နေတာပဲ”

ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။

“အဲဒါက …”

တိုင်ဟန် နတ်သမီး၏ မျက်နှာ၌ ရှက်ရွံ့ခြင်း အချို့ ဖြတ်ပြေးသွားသည်။

တပည့် တစ်ယောက်ကို ဝိညာဉ် ရှာဖွေခြင်း နည်းစနစ် သုံးရန် အခြားဂိုဏ်း တစ်ခုသို့ လွှဲပြောင်းပေးသည့် ကိစ္စကား နှင်းနတ်ဘုရား နန်းတော် အတွက် ဂုဏ်ယူစရာ ကိစ္စ တစ်ခု မဟုတ်ချေ။

သို့သော်လည်း တိုင်ဟန် နတ်သမီးမှာ ချက်ချင်းပင် တစ်းစုံတစ်ခု လွဲချော်နေကြောင်း သတိထားမိလိုက်၏။

လုယန်ရွယ်မှာ သေမျိုးကမ္ဘာမှ လာသောသူ ဖြစ်သည်။ သူမတွင် မည်ကဲ့သို့ အလွန် အစွမ်းထက်သည့် မိတ်ဆွေ တစ်ယောက် ရှိနေရ သနည်း။

တိုင်ဟန် နတ်သမီးက ချန်းဖန်အား တစ်စုံတစ်ခု မေးရန် ဟန်ပြင် လိုက်စဉ်မှာပင် ဝူဟုန်ယန်၏ အော်ဟစ်သံက ရူးသွပ်စွာ ပျံ့လွင့်လာ၏။

“အကြီးအကဲများရှင် ... သူက အကြီးအကဲရုန်ကို ခုနက သတ်ခဲ့ပါတယ်”

“ဘာဖြစ်တယ် …”

နှင်းနတ်ဘုရား နန်းတော်၏ မြေကမ္ဘာ နတ်များများမှာ မျက်မှောင်ကြုတ် သွားကြ၏။

သူတို့က ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံများကို ဖြန့်ကြက်လိုက်ရာ မြေပြင်၌ အသက်မဲ့စွာ လဲလျောင်းနေသည့် အကြီးအကဲရုန်၏ အလောင်းအား တွေ့လိုက်ရသည်။

“ဒီတော့ မင်းက ပြဿနာ ရှာဖို့ ဒီကို ရောက်လာတာပေါ့ …”

တိုင်ဟန် နတ်သမီးက ချန်းဖန်အား စူးစိုက်ကာ ကြည့်လိုက်သည်။

“နှင်းနတ်ဘုရား နန်းတော်က ငါ့ကို ဖြေရှင်းချက် ပေးရမယ် ... မဟုတ်ရင် ငါ မင်းတို့ အားလုံးကို သတ်ပစ်မယ်”

ချန်းဖန်က အေးစက်စွာ ပြန်လည် ပြောလိုက်သည်။

“ကောင်းပြီလေ …”

နှင်းနတ်ဘုရား နန်းတော်၏ မြေကမ္ဘာ နတ်ဘုရားများက ချန်းဖန်အား ဘဝင်ရူးအလား ကြည့်လိုက်ကြ၏။

ခွန်ရှု့နယ်မြေတွင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို စိန်ခေါ်ခြင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်သည်။ ထိုသို့သော အလုပ်အား လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပင် လုပ်ရဲမည် မဟုတ်ချေ။

“အစီအရင်ကို ခင်းစမ်း ... ငါတို့ သူ့ကို နှင်းနတ်ဘုရား နန်းတော် ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာ ပြရမယ်”

တိုင်ဟန် နတ်သမီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“နန်းတော် အကာအကွယ် မဟာ အစီအရင် …”

မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်သည် ရှေးဟောင်း သင်္ကေတများကို တစ်ညီ တစ်ညွှတ်တည်း ရေးဆွဲကာ ကောင်းကင်သို့ ပစ်လွှတ်ကြ၏။ ရှေးဟောင်း သင်္ကေတများက ကောင်းကင်တွင် အတူတကွ ပေါင်းစပ်ကြရာ ကြီးမားသော အနက်ရောင် ငှက်တစ်ကောင် ဖြစ်ပေါ်လာသည်။

“ဂီး …”

ထိုငှက်သည် စူးရှသော အော်မြည်သံကို ပေးရင်း နန်းတော် အထက်၌ စက်ဝိုင်းသဏ္ဌာန် ပတ်ကာ ပျံသန်း၏။

“အနက်ရောင်ငှက် မဟာ အစီအရင် အသက်ဝင်လာပြီ ... ငါတို့ အဲဒီ အစီအရင် နောက်ဆုံး အသုံးပြုတာက ကျိမိသားစု ငါတို့ နန်းတော်ကို ကျူးကျော်တုန်းကပဲ ... အဲဒီ တိုက်ပွဲမှာ အနက်ရောင်ငှက်က ကျိမိသားစုရဲ့ မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကို သတ်နိုင်ခဲ့တယ် ... ဟိုကောင်ရဲ့ ကံကြမ္မာတော့ ချိပ်ပိတ် ခံလိုက်ရပြီ”

နှင်းနတ်ဘုရား နန်းတော်၏ တပည့် တစ်ယောက်က ယုံကြည်မှု ရှိစွာဖြင့် ဆိုလိုက်သည်။

သို့သော်လည်း အခြားသူများနှင့် ဆန့်ကျင်စွာပင် အဖြူရောင် နတ်သမီးကမူ ခေါင်းကိုသာ ခါယမ်း နေခဲ့မိ၏။

“သူသာ သာမန် မြေကမ္ဘာ အဆင့် တစ်ယောက်ဆိုရင် အနက်ရောင်ငှက်ရဲ့ တိုက်ခိုက်မှုမှာ သေမှာ သေချာတယ် ... ဒါပေမဲ့ သူက ချန်းပေ့ရွှမ်းပဲ”

“သတ် …”

ချန်းဖန်သည် လုယန်ရွယ်ကို လက်တစ်ဖက်ဖြင့် ဖက်ရင်း အခြားတစ်ဖက်ဖြင့် သင်္ကေတစ်ခုအား ရေးဆွဲလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ ရွှေရောင် အလင်းများက မရေမတွက်နိုင်သော နဂါးများ အသွင်သို့ ပြောင်းလဲ၍ သင်္ကေတအတွင်း တိုးဝင် ပေါင်းစပ်သည်။

“အစစ်အမှတ် နတ်ဘုရား လက်သီး …”

ချန်းဖန်က လက်သီးထိုး လိုက်ရာ သင်္ကေတက ကြီးမားသော လက်သီး အသွင်ဖြင့် အနက်ရောင်ငှက်ထံသို့ တိုးဝင်လေ၏။

“ခရက် ... ခရက် …”

လက်သီး၏ ထိုးနှက်မှုတွင် အနက်ရောင် ငှက်သည် ကွဲအက်ကာ ရှေးဟောင်း သင်္ကေတများအဖြစ် ပြန်လည် ပြောင်းလဲ၏။ ထိုသင်္ကေတများက နျူကလိယ ပေါက်ကွဲသည့် အရှိန်ဖြင့် အရပ် ရှစ်မျက်နှာသို့ ပျံ့နှံ့သည်။

“နောက်ဆုတ်ကြဟေ့ …”

မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်သည် အသံ၏ အမြန်နှုန်းများကို ချိုးဖျက်ကာ နောက်သို့ ချက်ချင်း ဆုတ်လိုက်ကြသည်။  သို့သော်လည်း အားနည်းသော မြေကမ္ဘာ နတ်ဘုရားများမှာ လက်သီး၏ အရှိန်တွင် ဒဏ်ရာရကာ သွေးများစွာ အန်ထုတ် လိုက်ရသည်။

“သူက လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူ လိုက်တာလား …”

များစွာသော တပည့်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ တိတ်ဆိတ် သွားကြ၏။

မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်ကား နှင်းနတ်ဘုရား နန်းတော်၏ အကြီးမားဆုံး အင်အားဖြစ်သည်။ သို့တိုင်အောင် ထိုမိစ္ဆာက အနိုင်ယူရန် အတွက် လက်သီးတစ်ချက်သာ သုံးခဲ့သည်။

သူက မည်မျှအထိ အစွမ်းထက် နေရသနည်း။

“ဒါက ... မဖြစ်နိုင်ဘူး”

ဝူဟုန်ယန်မှာ အသည်းနှလုံးမှ တုန်လှုပ်နေခဲ့ပြီ ဖြစ်လေသည်။ သူမသည် ထိုရလဒ်အား အမှန်ပင် မျှော်လင့် မထားခဲ့ချေ။

“ဒါကို ခုခံလိုက်စမ်း …”

ချန်းဖန်က သူ၏ စွမ်းအင်များကို ပြန်လည် စုစည်းရင်း အစစ်အမှန် နတ်ဘုရား လက်သီးအား နောက်တစ်ကြိမ် ထိုးရန် ဟန်ပြင် လိုက်၏။

မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်၏ မျက်နှာများကား လုံးဝ ဖြူရော် နေကြပြီ ဖြစ်သည်။

အနက်ရောင်ငှက် အစီအရင်၏ ကာကွယ်မှု အောက်တွင် ရှိစဉ်ကပင် ထိုရွှေရောင်လက်သီးသည် သူမတို့အား ဒဏ်ရာ ရစေခဲ့သည်။ ယခု ကဲ့သို့သာ တေ့တေ့ဆိုင်ဆိုင် ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုပါက သူမတို့၏ ကံကြမ္မာကား မတွေးဝံ့စရာပင်။

“ကျေးဇူးပြုပြီး ညှာတာပေးပါ ... ကျင့်ကြံသူ ချန်း”

ရုတ်တရက် ရေခဲကဲ့သို့ အေးစက်သော အသံ တစ်ခုနှင့်အတူ အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား အငွေ့အသက် အချို့ ပျံ့လွင့် လာ၏။

“ဒုတိယမြောက် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ …”

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း၍ သွားသည်။

ထိုအသံရှင်၏ တည်ရှိမှုကား လျှို့ဝှက် ဆန်းကြယ်ပြီး လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထက်ပင် ပိုမို၍ အစွမ်းထက် သေး၏။

ချန်းဖန်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား အငွေ့အသက်မျိုးကို ပြန်လည် မွေးဖွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ခံစားမိခြင်း ဖြစ်သည်။

***

All Chapters