( ဟင်းရွက်ကန်းစွန်းလို သားရဲကောင်ကြီးတွေ ထိုးကျွေးနေတဲ့ လူအိုကြီး)
Vol. 8 Ch. 104
ဒါပေမဲ့ ရှောင်လျန်ဖန်းရဲ့ အတွင်းစိတ်ကတော့ ရင်းနီးဖွယ် ပုတ်ချက်လေးရဲ့ ပြင်းထန်လှတဲ့ ဖိအားကြောင့် မြင်ကွင်းတစ်ခုလုံး ပြာလု နီးနီး ဖြစ်သွားတာကနေ မရုန်းထွက်နိုင်သေးချေ။
ခုနက သူတောင်းစားလို ဒူးထောက်တောင်းပန်နေတဲ့ လူပဲ ဟုတ်ပါသေးတယ်နော့?
ကျန်တဲ့သုံးယောက်လုံး သတိထားမိပြီး လှည့်ကြည့်လာကြသည်။
လင်ယွီကျွင်းက မြင်ကွင်းကောင်းရအောင်လို့ ဘေးရွှေ့လိုက်သေး၏။ ဖရဲသီးစားဖို့ အသင့်စောင့်နေတဲ့ ဘေးအိမ်က အဒေါ်ကြီးအဖြစ် ပြောင်းသွားသည့်နှယ်…။
ဟွာဖေးရှုသည်လဲ အင်္ကျီလက်စနဲ့ ကာပြီး ရယ်နေပေမဲ့ ပုခုံးနှစ်ဖက်က တုန်နေတာ သိသာလှသည်။
အမြဲအေးစက်နေတတ်သည့် ယွဲ့ရှုယန်ပင် မျက်တောင်ခတ်သွားသည်။ သူမ သိပါသည်။
ရှောင်လျန်ဖန်းရဲ့ ပုံစံက တော်တော်လေး အဆင်ပြေနေသည်…ဖြောင့်မတ်တဲ့ ခန္ဓာကိုယ်နဲ့ လက်နှစ်ဖက်ကလဲ ဆန့်တန်းလို့။
ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ ဘယ်လောက် တုန်လှုပ်နေမှန်း သူမတို့သုံးယောက်လုံး မြင်နိုင်လေ၏။
သူမတို့လေးယောက်ထဲမှာ သူက ခန္ဓာကိုယ်ပိုင်း အလေ့ကျင့်ဆုံးသူပဲ။
ဒီလူက ကျောက်တုံးကြီးကို ထိုးခွဲနိုင်တယ်… မြှားတစ်စင်းကို ရင်ဘတ်နဲ့ကာနိုင်တယ်.. တစ်ခါကဆို ပုခုံးနဲ့တင် သားရဲရိုင်းကြီးကို လွင့်အောင် တွန်းထုတ်ဖူးသည်။
ဒါပေမဲ့ ဒီအဖိုးအိုရဲ့ သာမာန်လက်နဲ့ ပုတ်လိုက်တာလေးက တစ်ခါထဲ သူမတို့ သူငယ်ချင်းကို အလင်းပွင့်သလို ဝိညာဥ်လွင့်သွားအောင် လုပ်လိုက်တာများလား?
အန္တရာယ်များတာတွေ မများတာတွေ မေ့လိုက်တော့။ ဒီလူရဲ့ အင်အားက အံ့ဖွယ် အဆင့်မှာပဲ!
ဒါပေမဲ့… ဆိုင်ရဲ့ကြမ်းပြင်က နည်းနည်းတောင် အက်မသွားဘူး?
အစင်းရာလေး တစ်ခုတောင် မရှိဘူး။
ဒီကြမ်းပြင်မှာ ရှေးဟောင်းသားရဲကြီးရဲ့ အရိုးများထွင်းထားလို့လား?
စကားသံတွေ မထွက်လာခင်မှာပဲ ဟောင်ရဲ့ အသံက ထွက်ပေါ်လာပြီး အကုန်လုံးကို အတွေးဂယက်မှ ဆွဲထုတ်ပေးသွားသည်။
“ တိုကင်ယူကြပါ”
ဟောင် သူတို့တွေကို သေးငယ်တဲ့ ခြောက်ထောင့်ပြားလေးများ ပေးလိုက်သည်။
အလင်းရောင်အောက်မှာ ငွေရောင်လေး အနည်းငယ် လက်နေ၏။ ချောမွေ့တဲ့ ထောင့်စွန်းများကြောင့် သေချာလုပ်ထားမှန်း သိနိုင်သည်။
ဘေးစွန်းများမှာ မြှောင်းသေးသေးလေး ဖော်ထားပြီး ငွေဒင်္ဂါးနှင့် ဆင်တူသည်။
သူတို့တွေအကုန်လုံး မျက်တောင်ခတ်လိုက်လေ၏။
“ ဒါဘာကြီးလဲ သူဋ္ဌေး?”
လင်ယွီကျွင်း မေးလိုက်ရင်း တိုကင်ပြားကို အထက်အောက် လှန်ကြည့်လိုက်သည်။
“ ရေခဲမုန့်အတွက်လေ”
ဟောင် ပြောရင်းနဲ့ ထောင့်နားက ထူးဆန်းတဲ့ သတ္ထုစက်ကြီးကို လက်ညိုးထိုးပြလိုက်သည်။
“ အဲ့ဒီနားက သေတ္တာသေးသေးလေးကို တွေ့လား? တိုကင်ကို အပေါ်ကနေထည့်လိုက်”
ဟောင် ခဏရပ်ပြီးနောက်မှာ ဆက်ပြောလိုက်သည်။
“ ရေထည့်စက်လိုမျိုးပဲကွာ။ ထည့်လိုက်တာနဲ့ စက်က အလိုလို လုပ်ပေးလိမ့်မယ်”
ထို့နောက်မှာ ကျားအိုကြီးကျောင်းကို ရှင်းပြသည့်အတိုင်း အတူတူ ရှင်းပြပေးလိုက်သည်။
ထိုလေးယောက်က အချင်းချင်း ကြည့်လိုက်လေ၏။
လုပ်စရာတွေ များသားပဲ။
ဒါပေမဲ့.. ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်လေ။
ဒီက အရာအားလုံးက ထူးဆန်းမှာပေါ့။
ပြီးတော့ အထူးအရသာ ကောင်းမွန်သည်… ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့အတိုင်းပဲ။
ပြီးတော့… မဖြစ်နိုင်လောက်အောင်လဲ အသုံးဝင်သည်။
တစ်ကယ်ကို မဖြစ်နိုင်လောက်အောင်ပင်။
ရှောင်လျန်ဖန်း ပုခုံးလေးကို ပွတ်သပ်ရင်း ကျန်သုံးယောက်နဲ့ အသာလေး ပူးပေါင်းလိုက်သည်။
နာကျင်မှုမရှိတော့ပေမဲ့ မှတ်ဉာဏ်ဆိုးကြီးကတော့ မပျောက်သေးဘူး။
ရှောင်လျန်ဖန်း ပြန်သွားတာတွေ့တော့ ကျားအိုကြီးကျောင်းရဲ့ အကြည့်က ဟောင် ရှိရာကို ပြန်လှည့်လာခဲ့ပြီ။
“ ကောင်လေး မင်း ဝိညာဥ်ကျောက်တုံး.ဘယ်လောက်လိုချင်တယ်သာ ပြောလိုက်ပါ။.ငါအခု ပေးမယ်”
“ ငါ နောက်တစ်ပွဲလောက်ပဲ စားချင်လို့ပါ”
ပြောရင်းနဲ့သူက ရင်ဘတ်ကို ကော့လိုက်သေး၏။… ပိုက်ဆံ ရှိပါသည်ပေါ့။
သစ္စာရှိကြောင်း ကျိန်ဆိုနေတဲ့ ဇာတ်ကားထဲက အရေထူတဲ့ မြေခွေးအို အကြီးအကဲတွေရဲ့ လေသံအတိုင်းပဲ။ ပြီးရင် သူတို့ကိုယ်တိုင်ပဲ ဂိုဏ်းကို ရောင်းစားကြမှာ။
“ ကောင်လေးရာ ဒီလိုမလုပ်ပါနဲ့။ ငါအတည်ပြောနေတာ”
“ ငါ့ကို မျက်နှာသာလေး မပေးချင်ဘူးလား?”
“ ငါကသန်မာပြီး ရှင်သန်လာတာ ကြာခဲ့ပြီ.. မင်း နာမည်သာ ပြောလိုက်ကွာ။ စိတ်ဝိညာဥ်သားရဲ.. နတ်ဆိုးသားရဲ.. ဘာသားရဲဖြစ်ဖြစ်ကွာ။ ငါကိုယ်တိုင် မင်းအတွက် အခုပဲ သွားဖမ်းလာပေးမယ်”
“ မင်း လိုချင်ရင် အသက်ရှင်ရက်နဲ့ပါ အဲ့ကောင်ကို ဆွဲခေါ်လာပေးမယ်!”
ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရေခဲသေတ္တာရဲ့ စက်လည်သံတောင် တိုးသွားသလိုပဲ။
ဟောင်ကတော့ မျက်တောင်ပင် မခတ်ပါချေ။
“ ခင်ဗျား ဒဏ္ဍာရီလာသားရဲကြီးကိုပါ ဆွဲခေါ်လာပြီး လက်ဆောင်ပေးရင်တောင်.. မရောင်းပေးဘူးပဲ”
ကျားအိုကြီးကျောင်း လေထဲမှာ ရပ်တန့်သွားသည်။
လင်ယွီကျွင်းရဲ့ နားတွေ တွန့်သွား၏။
ဟွာဖေးရှုကတော့ လက်ထနေတဲ့ မျက်လုံးများနဲ့ ပါးစပ်အုပ်လိုက်သည်။
ယွဲ့ရှုယန်ကတော့ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဒါမှ သူမတို့ရဲ့ သူဋ္ဌေးပဲ!
ဆိုင်ရဲ့ မယိုင်လဲတဲ့ ထောက်တိုင်ကြီး!
တောက်ပတဲ့အရာတွေနဲ့ လာဘ်ထိုးလို့လဲ မရဘူး။
ချီးကျူးစကားတွေနဲ့လဲ စိတ်လှုပ်ရှားအောင် လုပ်လို့မရဘူး။
သားရဲဝိညာဥ်နဲ့ သူ့ကို လာဘ်ထိုးဖို့ လုပ်ချင်တယ်လား?
ကျေးဇူးပြုပြီး အသိတရားဝင်စမ်းပါ။ ဒီဆိုင်ရှင်က ဧကရာဇ်မင်းကြီးကိုတောင် ငြင်းခဲ့တဲ့သူပဲ။
အခွင့်အရေး ရှိတယ်လို့ ဘယ်လိုတောင် ထင်ရဲရတာလဲ?
“ အဲ့ဒါ ဆိုင်ရဲ့စည်းကမ်းပါဗျ အကို့အကိုကြီး!”
လင်ယွီကျွင်း ပြောလိုက်သည်။
“ ဆိုင်ရှင်က ဘယ်လို.လာဘ်ထိုးတာမျိုးမှ လက်မခံဘူး။ စည်းကမ်းကိုပဲ လိုက်နာလိုက်ပါ”
“ လူအိုကြီး ခင်ဗျားအခု ပိုခါးသက်နေလောက်ရောပေါ့”
ဟွာဖေးရှုက အနာကို ဆားသိပ်စွာ သနားစဖွယ် ကြည့်လိုက်လေ၏။
“ ဒါပေမဲ့ အကြာကြီးနေပြီးနောက်မှ သူများတွေ ခံစားတာကြည့်ရတာ ကောင်းလိုက်တာအေ”
ထို့နောက်မှာ သူမက ဗဟုသုတစုံတဲ့ အဖွားအိုကြီးတစ်ယောက်လို ခေါင်းရမ်းလိုက်လေ၏။
“ ငါတို့တွေလဲ ကြုံခဲ့ပြီးပြီ။ လူအိုကြီး ဒါ ဆိုင်ရဲ့ ရိုးရာပဲ”
“ ဆိုင်ရဲ့ ထူးခြားမှုပေါ့ဗျာ”
လင်ယွီကျွင်း တည်ကြည်စွာ ဝင်ပြောလိုက်သည်။
ရှောင်လျန်ဖန်းလဲ ပုခုံးကို ပွတ်သပ်နေရင်း တိတ်တဆိတ် ခေါင်းဝင်ညိတ်သေးသည်။
အစောပိုင်းက အဖြစ်အပျက်က ရင်ထဲကို စွဲသွားတာပဲ…. ဖြစ်နိုင်တာ စိတ်ဒဏ်ရာနေမယ်။
ဒီလိုနဲ့ပဲ အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ ပထမဆုံး အတွေ့အကြုံကို ကျားအိုကြီးကျောင်း ရသွားလေတော့၏။
အနည်းငယ် စိတ်ရှုတ်ရပြီး…
အနည်းငယ် ရင်နာရသည်။
ဒါပေမဲ့ အကုန်လုံး အခုလို ခံခဲ့ရသည် ပြောတော့ သူ အနည်းငယ်တော့ နားလည်ပေးနိုင်သွားပြီ။
အမှန်တရားရဲ့ လေးလံတဲ့ ရိုက်ချက်က အလွန်ကြီးမားလေ၏။
စည်းကမ်းနံပါတ်တစ်က နောက်ထပ် နစ်နာသူတစ်ယောက်ကို ဖမ်းစားသွားခဲ့ပြီ!
နောက်ထပ် ဈေးဝယ်တစ်ယောက်ကို အောင်မြင်စွာ စိတ်ကင်ဆာ ပေးနိုင်သွားပြီ။
အခုဆိုရင် ကျားအိုကြီးကျောင်းလဲ နောက်တစ်ရက် ရောက်ဖို့ အသည်းအသန် ရင်နာစွာ စောင့်ဆိုင်းနေရသော အုပ်စုထဲ တစ်ယောက်အပါအဝင် ဖြစ်သွားလေပြီ။
နို့ရေခဲမုန့် စားနိုင်ဖို့ တစ်ရက်ကြီးတောင် စောင့်ရအုံးမည်။
စိတ်ရှည်စွာ စောင့်ဆိုင်းနေရင် ဖြစ်နိုင်တာ သူ့ရဲ့ စားလိုစိတ်လဲ ပိုပြီး ထက်သန်လာနိုင်သည်။
ကျန်တဲ့သူတွေက ကျားအိုကြီးကျောင်းရဲ့ နာကျင်နေသော နှလုံးသားကို ဖယောင်းတိုင် သုံးချောင်းပဲ ထွန်းပေးလိုက်ကြသည်။
ဓားသွားကြောင့်မဟုတ်..
အဆိပ်ကြောင့်မဟုတ်..
သိုင်းပညာကြောင့် မဟုတ်ပေမဲ့..
နို့ထွက် အစားအသောက် တစ်ခုကြောင့် ကျားအိုကြီးကျောင်းရဲ့ နှလုံးသားလေး ဒဏ်ရာရသွားခဲ့သည်။
ကျရှုံးသွားတဲ့ စစ်သည်တော်ကြီးအတွက် အကုန်လုံး ခဏမျှ တိတ်ဆိတ်ပေးလိုက်ကြပါသည်။
ကျားအိုကြီးကျောင်းက အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ကောင်းကင်ဘုံရဲ့ အတိမိုးကြိုးဒဏ်ခံထားရတဲ့ လူတစ်ယောက်လို မျက်လုံးများက နာကျင်မှု အပြည့်နဲ့….
ထို့နောက်မှာတော့
သူလက်လျော့ကာ သက်ပြင်းသာ ချလိုက်တော့၏။
စစ်ရှုံးသွားတဲ့ စစ်ဗိုလ်တစ်ယောက်လို မျက်နှာထားနဲ့ ကျားအိုကြီးကျောင်းတစ်ယောက် ဆိုင်ထဲကို လှည့်ပတ်သွားလိုက်သည်။
ထိုအချိန်မှာ လင်ယွီကျွင်းတို့ လေးယောက်လဲ ရေခဲမုန့်ယူဖို့ ပြင်လိုက်ကြသည်။
တစ်ယောက်ချင်းစီက လက်ထဲမှာ ကတော့တစ်ခုစီ ကိုင်ထားရင်း ရေခဲမုန့် စက်အရှေ့မှာ တန်းစီလိုက်ကြသည်။
ဟောင် စနစ်ရဲ့ အစောပိုင်းက သတိပေးချက်ကို ပြန်စစ်ဆေးလိုက်သည်။
ဟောင်ရဲ့ မျက်နှာရှေ့သို့ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာလေ၏။
( ပိုင်ရှင်… ဆိုင်အကူအတွက် အရည်အချင်း.ပြည့်မှီသူ ရောက်လာပါပြီ)
အမည်- ကျောင်းလောင်ဟူ။
အသက်- ၂၈၆နှစ်။
ခန္ဓာကိုယ်ပိုင်းကျင့်ကြံသူ- သွေးမွေးဖွားနယ်ပယ် နောက်ဆုံးအဆင့်။
‘ ဒီတော့ ဒီလူအိုကြီးရဲ့ နာမည်က ကျောင်းလောင်ဟူ ပေါ့လေ?’
ဟောင် ခပ်ဖြည်းဖြည်းပဲ မျက်တောင်ခတ်လိုက်သည်။
‘ ခန္ဓာကိုယ်ပိုင်း ကျင့်ကြံခြင်းတဲ့လား?’
ဟောင် ဒီမှာ ပထမဆုံးကြားဖူးတာပဲ။
ဒါပေမဲ့ နာမည်ကို ဖတ်လိုက်တာနဲ့ နားမလည်တဲ့သူ ရှိစရာလား?
သိုင်းဝတ္ထုတွေတိုင်းမှာ ဇာတ်လိုက်ကျော်ကြီးနဲ့ ခန္ဓာကိုယ်ပိုင်း ကျင့်ကြံသူနဲ့ တွေ့ဆုံတယ်ဆိုတာ အခြေခံအချက်တစ်ခုလိုပဲ။ ကျောက်တုံးကြီးတွေကို ကျောမှာသယ်ရင်း တောင်တက်တောင်ဆင်းလုပ်ပြီး ‘စစ်မှန်တဲ့သန်မာမှု’ အကြောင်း တရားဟော ကြလိမ့်မည်လေ။
‘ စနစ် အဲ့ဒီနယ်ပယ်ဆို ချီစွမ်းအင်ကျင့်ကြံသူနဲ့ နှိုင်းယှဥ်ရင် ဘယ်လောက်ရှိလဲ?’
‘ မင်းငါ့ကို ဝိညာဥ်ကျောက်တုံးတော့ မပေးခိုင်းဘူးမလား?’
( ခန္ဓာကိုယ်ပိုင်း ကျင့်ကြံ သူတွေအတွက် သွေးမွေးဖွားနယ်ပယ်က ချီစွမ်းအင်ကျင့်ကြံသူတွေရဲ့ ကောင်းကင်ဧကရာဇ် နယ်ပယ်နဲ့ ညီမျှပါတယ် ပိုင်ရှင်)