← Chapters

( ရေခဲမုန့်တောင်းနေတဲ့ မကောင်းဆိုးဝါးအိုကြီး)

Vol. 8 Ch. 103

( ရေခဲမုန့်တောင်းနေတဲ့ မကောင်းဆိုးဝါးအိုကြီး)

Vol. 8 Ch. 103

ကျားအိုကြီးကျောင်းဆီမှ ဟောင် အကြည့်လွှဲတော့မဲ့ အချိန်မှာပဲ ဆိုင်တံခါး ပွင့်လာခဲ့သည်။ လင်ယွီကျွင်း.အရင်ဝင်လာခဲ့ပြီး အနောက်မှာ ဟွာဖေးရှု၊ ယွဲ့ရှုယန်နဲ့ ရှောင်လျန်ဖန်းတို့ ပါသည်။

ဆိုင်ထဲ ဝင်လာတာနဲ့ သူတို့ နှုတ်ဆက်ဖို့ ပြင်လိုက်ပေမဲ့ ချက်ချင်းပဲ ရပ်သွားတော့၏။

“....”

ကောင်တာအရှေ့တွင် အဝတ်ဗလာနဲ့ လူအိုကြီးတစ်ယောက်က ဒူးထောက်တောင်းပန်နေသည်။ နတ်ဘုရားကို တောင်းဆိုနေသည့်နှယ် လက်နှစ်ဖက်သည် အပေါ်မြှောက်လို့ပင်…။

ဒူးထောက်ရက်နဲ့ တောင်းဆိုနေချိန်မှာ ကျားအိုကြီးကျောင်း လူသစ်တွေ ဝင်လာတာကို မြင်လိုက်ရသည်။

သူ လက်ယမ်းပြလိုက်လေ၏။

“ အိုး ကလေးတွေ။ မင်းတို့လဲ ဒီကို အေးမျှတဲ့ ဆန်းကြယ်တဲ့အရာလေးကြောင့် လာတာလား?”

သူတို့လေးယောက်ရဲ့ အမြင်မှာ ကျားအိုကြီးကျောင်းရဲ့ ပုံစံက သူတောင်းစား ဗားရှင်းနဲ့ တော်တော် နီးစပ်နေပြီ။

“ အေးမြတဲ့ ဆန်းကြယ်တဲ့အရာ?”

ဟွာဖေးရှု ရှုတ်ထွေးစွာနဲ့ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

သူမတို့လဲ မသေချာဘူး။ ဒီလူအိုကြီး အဓိပ္ပါယ်မရှိတာတွေ လျှောက်ရွတ်နေတာ ဖြစ်နိုင်သည်။

ဖျော်ရည်တွေထဲက တစ်ခုကို ပြောတာလဲ ဖြစ်နိုင်သည်။ အော်သိပြီ။ လူကြီးတွေ အကြိုက်များတဲ့ မက်မွန်လက်ဖက်ရည်ကို ပြောတာပဲ။

ကျားအိုကြီးကျောင်းက ခပ်ဖြည်းဖြည်းပဲ မတ်တပ်ပြန်ရပ်ကာ ဖုန်ခါလိုက်သည်။ သူ့​အတွက်တော့ ဒူးထောက်တာက ပုံမှန်လိုပင်။ ထို့နောက်မှာ ဟောင်ရှိရာကို မျှော်လင့်ချက်တို့ တောက်ပနေတဲ့ မျက်လုံးများနဲ့ လှည့်ကြည့်လိုက်ကာ…

“ လုပ်ပါကွာ ကောင်လေးကလဲ? ငါ့မျက်နှာကိုလဲ ကြည့်ပါအုံး။ ဒီသနားစရာ မျက်လုံးတွေကို ကြည့်ပါအုံး”

“ လိုအပ်နေတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို မင်းက တစ်ကယ်ပဲ လျစ်လျူရှုမလို့လား?”

ရှောင်လျန်ဖန်း ကျန်တဲ့သူတွေကို စိတ်ထဲမှ ဆက်သွယ်လိုက်သည်။

‘ သူက ခန္ဓာကိုယ် ကျင့်ကြံသူမလား? သူတောင်းစားမဟုတ်ဘူး?’

ဟွာဖေးရှု၊ ယွဲ့ရှုယန်နဲ့ ရှောင်လျန်ဖန်းတို့ အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်ကြသည်။

ရှောင်လျန်ဖန်းရဲ့ အကြည့်တွေက ကျားအိုကြီးကျောင်းဆီမှ တစ်စက္ကန့်မှ မခွာခဲ့ပါချေ။ ထိုလူရဲ့ တစ်လက်မဆီ… ကြွက်သားတစ်ခုဆီကို အသေးစိတ် ကြည့်လိုက်သည်။

ကျားအိုကြီးကျောင်းရဲ့ မတ်တပ်ရပ်နေပုံ….စတဲ့ သူ့ရဲ့ ဟန်ပန်မှာ တစ်စုံတစ်ရာ ရှိသည်။

ချက်ချင်း.မသိသာပေမဲ့ ဒီလူရဲ့ လှုပ်ရှားမှုတိုင်းက အားပါလေ၏။

ရှောင်လျန်ဖန်း မှတ်မိလိုက်သည်။ ခိုင်ခံပြီး ရှောင်လွှဲလို့မရတဲ့ တည်ရှိမှုပင်။ အဲ့ဒါက နှစ်များစွာ အလွန်အမင်း လေ့ကျင့်မှုနဲ့ တိုက်ပွဲတွေကနေ ရရှိလာတဲ့ အင်အားတွေပဲ။

ဒီအင်အားက သိုင်းကျင့်စဥ်နဲ့ ချီစွမ်းအင်ကနေ ရလာတာမဟုတ်ဘူး။ ဒါက မတူညီတဲ့ အရာတစ်ခုပဲ။

ထက်သန်တဲ့ စိတ်ဆန္ဒနဲ့ ခက်ခဲမှုများစွာကို ဖြတ်ကျော်ရင်း မရပ်မနား ကြိုးပမ်းမှုကြောင့် ရလာတဲ့ အင်အားတွေပဲ။

ရှောင်လျန်ဖန်းလဲ နှစ်များစွာ သူ့ရဲ့ခန္ဓာကိုယ်ကို အကန့်အသတ်ကျော်သည်အထိ တွန်းအားပေးပြီး ကျင့်ကြံခဲ့သည်မို့ တူညီတဲ့ ခံစားချက်ရသည်။

အခုတော့ တူညီတဲ့ အင်အားမျိုးကို ကျားအိုကြီးကျောင်းက ထုတ်လွှတ်နိုင်နေသည်။

ထိုလူအိုကြီး.ဘယ်လောက် သန်မာမှန်း သူ မသိပါချေ။ ဒါပေမဲ့ မြင်ရတာထက် ပိုပြီး သန်မာမှန်း ရှောင်လျန်ဖန်း ကောင်းကောင်း ပြောနိုင်သည်။

ဒီလူအိုကြီးကို ဆိုင်မှာ သူတို့တွေ ပထမဆုံး တွေ့ဖူးတာပဲ။ ထိုသူရဲ့ ကိုးယိုးကားယား အပြုအမူတွေ အပြင် တစ်ခုခုကတော့ မတူညီနေဘူး။

သူက မဟာမြို့တော်က ဖြစ်တန်ချေ မရှိပေ။ ဒါဆိုရင် ဘယ်နေရာကနေ ရောက်လာတာလဲ?

သူတို့လေးယောက်လုံး ထူးဆန်းတဲ့ လူအိုကြီးထံမှ အကြည့်လွှဲလိုက်သည်။

သူတို့ရဲ့ အကြည့်က တစ်ဆိုင်လုံးကို ဝှေ့သွားလေ၏။

အခုမှသာ ဆိုင်က ပြောင်းလဲသွားမှန်း… သူတို့ သဘောထားမိသွားသည်.

ဆိုင်က ကြီးသွားတာပဲ။ အများကြီး…!

ဟွာဖေးရှု အကြိမ်ကြိမ် မျက်တောင်ခတ်လိုက်သည်။

ယွဲ့ရှုယန် အနည်းငယ် ခေါင်းစောင်းလိုက်သည်။

လင်ယွီကျွင်း ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း အနည်းငယ် လေချွန်လိုက်လေ၏။

“ သူဋ္ဌေး ဆိုင်ချဲ့ထားတာလား?”

“ အင်း”

သာမာန်လေးအတိုင်းပဲ…?

ဒါပေမဲ့ သူတို့တွေ အသားတော့ ကျနေပြီပင်။

ဒါပေမဲ့ ပြောင်းလဲမှုက သေးသေးလေးတော့ မဟုတ်ချေ။

အလယ်လမ်းက ပိုကျယ်ပြီး သေချာ နေရာချထားသည်။ နံရံတွေလဲ ပိုဝေးသွားပုံပင်။ လမ်းလျှောက်ဖို့နေရာ ပိုရသွားပြီး အသက်ရှုချောင်သလို ခံစားရသည်။

မျက်နှာကြက်က ပိုမြင့်သွားဟန်ရှိသည်။

ဆိုင်က ကြီးသွားရုံမဟုတ်ဘူး…

နေရာသစ်တစ်ခုဆီ ရောက်သွားသလိုပဲ!

ထိုလေးယောက်လုံး စကားတစ်ခွန်းမပြောပဲ စင်တွေဘက်ကိုပါ ကြည့်လိုက်သည်။

“ အဲ့ဒီမှာ ပစ္စည်းသစ် ရှိတယ်​ဟေ့!”

ဟွာဖေးရှု လက်နှစ်ဖက်လုံးနဲ့ လက်ညိုးထိုးပြလိုက်သည်။

ထူးဆန်းတဲ့ သတ္ထုစက်ကြီးတစ်ခုပင်။

သူမရဲ့ မျက်လုံးတွေ လက်သွားသည်။

“ အကိုကြီးဟောင်! အဲ့ဒါကြီးက ပစ္စည်းအသစ်အတွက်လား?”

“ အရမ်းမိုက်တာပဲ!”

“ အင်း”

ဟောင် ဖြေပေးလိုက်သည်။

“ အဲ့ဒါ ရေခဲမုန့်အတွက်”

“ ရေခဲမုန့်?” ဟွာဖေးရှုရဲ့ မျက်လုံးတွေ ကျယ်သွားသည်။

“ အဲ့ဒါဘာကြီးလဲ? အေးလား?”

အနောက်က ယွဲ့ရှုယန်ကတော့ တစ်ခွန်းမှ မပြောချေ။

သူမရဲ့ အကြည့်က ဟောင်ရဲ့ အနောက်က နံရံမှာသာ ကပ်ညှိနေခဲ့သည်။

ထိုနံရံတွင် ထူးဆန်းတဲ့ ကြွတ်ဆတ်ဟန်ရှိသော အိုးတစ်ခုပေါ်မှာ အဖြူရောင်အခွေလေးတွေကို ချွန်ချွန်လေး လုပ်ပြထားသည်။ ဘာနဲ့လုပ်ထားသည် သူမ မသိပါချေ။ ဒါပေမဲ့ တော်တော်ကြည့်ကောင်းလှ၏။

သပ်ရပ်စွာ ဒီဇိုင်းဆင်ထားသည်။

ကြည့်ရတာ ပြစ်ချက်မရှိပေ။

ကျော့ရှင်း နူးညံ့ပြီးသန့်ရှင်းသည်။

“ နို့အရသာ ရေခဲမုန့်”

ဒါဘယ်လို အရသာမှန်း သူမ မသိပါချေ။

ဒါပေမဲ့ သူမ စားချင်လာမိပြီ။

ဒါပေမဲ့ သူမ မျက်နှာမှာတော့ ဘာမှ မထုတ်ပြထားပေ။

သူမ တိတ်တဆိတ်ပဲ သိုလှောင်လက်စွပ်ထဲမှ ဝိညာဥ်ကျောက်တုံးနှစ်တုံးကို ထုတ်ယူလိုက်သည်။

“ အပြောလျှော့၊ လက်တွေ့သာလုပ်ပြ” လို့ ပြောတတ်ကြသည်မလား?

ယွဲ့ရှုယန် ထိုစကားကို နှလုံးသွင်းထားသည်။

ရေခဲမုန့်အရင်စားမယ်။ မေးခွန်းတွေ ထုတ်မနေတော့ဘူး။

ယွဲ့ရှုယန်အရှေ့တိုးကာ ကောင်တာဆီ သွားလိုက်၏။

“ နို့အရသာရေခဲမုန့်တစ်ခု အကိုကြီး”

သူမ အသံမြည်တဲ့အထိ ဝိညာဥ်ကျောက်တုံး နှစ်တုံးကို ကောင်တာပေါ် တင်ပေးလိုက်သည်။

ကျန်တဲ့သုံးယောက် မျက်တောင်သာ ခတ်နိုင်တော့သည်။

နေအုံး။ သူမက ဝယ်တောင်နေပြီလား?

ဟွာဖေးရှုချက်ချင်းပဲ သူမ အမကြီးနား တိုးကပ်လိုက်ကာ

“ မမကြီး! ဘာလို့ မစောင့်တာလဲ?”

သူမက နှာခမ်းဆူရင်း ယွဲ့ရှုယန်ရဲ့ အင်္ကျီလက်စကို အားလေးနှင့် ယမ်းလိုက်လေ၏။

ယွဲ့ရှုယန် နံရံပေါ်က မျက်နှာပြင်ကို လက်ညိုးထိုးပြလိုက်သည်။

“ ဝိညာဥ်ကျောက်တုံးနှစ်တုံးတဲ့ ဖေးရှု”

“အာ”

ဟွာဖေးရှု သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

အမြန်ပဲ ဝိညာဥ်ကျောက်တုံးနှစ်တုံး ထုတ်လိုက်လေ၏။

.

“ အကိုကြီးဟောင်! ငါလဲယူချင်တယ်!”

“ ငါကော”

လင်ယွီကျွင်းလဲ လက်တစ်ဖက် မြှောက်လာသည်။

ရေခဲမုန့်ဝယ်မဲ့လူတန်းတစ်ခု ချက်ချင်းပဲ ဖြစ်ပေါ်သွားလေ၏။

ဒါပေမဲ့ ရှောင်လျန်ဖန်းအခုထိ နေရာမှ မရွေ့သေးချေ။

ထိုအစား သူက ကောင်တာနားရှိ လူအိုကြီးနားကို သွားလိုက်သည်။

ထိုသူအရှေ့မှာ ရပ်လိုက်ကာ လက်သီးဆုတ်လိုက်ပြီး ဦးညွတ်လိုက်လေ၏။

“ မင်္ဂလာပါ အကိုကြီး”

ကျားအိုကြီးကျောင်း မျက်ခုံးတစ်ဖက် ပင့်သွားသည်။

ထို့နောက်မှာ တစ်ချက် ရယ်လိုက်သည်။

“ ဟ.. ငါထင်တာ အခုခေတ်လူငယ်တွေ ငါ့လို အဖိုးကြီးကို မေ့သွားပြီလို့”

သူ ရှောင်လျန်ဖန်းရဲ့ ပုခုံးကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။

အမှန်တော့ ပုတ်တာမဟုတ်ဘူး…

ရင်းနီးစွာရိုက်လိုက်တဲ့ မိုးကြိုးသဖွယ် ရိုက်ချက်ကြီးပဲ!

ကျားအိုကြီးကျောင်းက သာမာန် လက်နဲ့ပုတ်လိုက်ပေမဲ့ ရှောင်လျန်ဖန်းရဲ့ တစ်ကိုယ်လုံးကို သေးငယ်တဲ့ ငလျင်တစ်ခု လှုတ်ခတ်သွားသလိုပင်။

ရုတ်တရက် ကျရောက်လာတဲ့ ဖိအားကြောင့် ရှောင်လျန်ဖန်း ခြေထောက်ပင် ညွတ်ကျချင်သွားသည်။

ဒူးနဲ့ ကြမ်းပြင်တောင် ထိတော့မလိုပဲ။

ဒါပေမဲ့ ကျားအိုကြီးကျောင်းက အချိန်မှီ လက်ပြန်ဖယ်လိုက်ပြီး ပြင်းအားကို လျှော့ချပေးလိုက်သည်။

“..အိုး.. ငါ့အမှားပါ။ ကောင်လေး”

“ မင်းရဲ့ ခန္ဓာကိုယ်က ပိုလေ့ကျင့်ဖို့ လိုနေသေးတယ် ဟဟ!”

ဂရုမစိုက်တဲ့ လေပြင်းတစ်ချက်လို သူ့ရဲ့ ရယ်သံက ဆိုင်လေးထဲ ပဲ့တင်ထပ်သွားသည်။

လှောင်ပြောင်ခြင်းမပါပေမဲ့…

ကျယ်လှသည်။

ရှောင်လျန်ဖန်း ကိုယ်ကိုမတ်လိုက်ကာ တောင့်တင်းစွာ ပြုံးပြလိုက်လေ၏။ rank နိမ့်တဲ့ ကစားသမားတစ်ယောက်က ဘော့စ်ကို သတ်နိုင်သွားပြီးပေမဲ့ သူ့ရဲ့ HP 90% လောက် ကုန်သွားတာကို မသိချင်ယောင်ဆောင်ပြီး အားတင်းပြုံးလိုက်သည့်အတိုင်းပဲ။

အပြင်ဘက်မှာတော့ ဘာကိုမှ ဂရုမစိုက်သလို ခပ်ပြုံးပြုံးသာ။

All Chapters