← Chapters

အခန်း (၁၀၁)

Vol. 8 Ch. 101

အခန်း (၁၀၁)

Vol. 8 Ch. 101

ကျားအိုကြီးကျောင်းရဲ့ နှာခေါင်းပေါက်က ထူးခြားတာ တစ်ခုခုကို အနံ့ခံနေသည့်နှယ် ကျယ်လာသည်။

ဒီနေရာက လေထုမှာ သူ လိုချင်တာ တစ်ခုခုကို သေချာပေါက် သယ်ဆောင်ထားသည်။

ဘာမှန်းအတိအကျ မပြောနိုင်သော်ငြား ခံစားလို့ကောင်းသည်။

ကျားအိုကြီးကျောင်း အတွေးလွန်နေချိန်မှာ ဟောင်ရဲ့ နှုတ်ဆက်စကားကြောင့် နိုးကြားသွားခဲ့သည်။

“....”

ကျားအိုကြီးကျောင်း မျက်တောင်ခတ်လိုက်ကာ ဟောင် ကို စိုက်ကြည့်လိုက်လေ၏။

“ ကောင်လေး”

ကျားအိုကြီးကျောင်းရဲ့ ရေရွတ်သံက ကြမ်းရှရှပေမဲ့ တစ်နည်းနည်းနဲ့ နားထောင်လို့ ကောင်းသည်။

“ ငါဘယ်မှာလဲ? ဒါက ပုံမှန် အိမ်ကလေး မဟုတ်ဘူးမလား?”

ဟောင် ကျားအိုကြီးကျောင်းကို စိုက်ကြည့်လိုက်ကာ

“...”

‘ သူဘာပြောလိုက်တာ…? အိမ်ကလေး ဟုတ်လား?’

အိမ်ကလေးဆိုတာ အခြေခံအားဖြင့် ပြောရရင် လမ်းဘေးမှာ ဒီတိုင်းထားထားတဲ့ အိမ်မလား? ဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ ရင်ခုန်နေမိပြီ။

သူ တစ်ကယ် အိမ်လို့ပြောလိုက်တာလား?

သူ့ရဲ့ ဦးနှောက်က နှစ်ဆ အလုပ်လုပ်နေသလိုပဲ။

‘ နေအုံး.. ဒါဆို မင်းပြောချင်တာက…’ ဟောင် တွေးလိုက်မိပြီ။

ဒီတံခါးက အများသုံး အိမ်တစ်ခုနဲ့ ဆက်သွယ်ထားတာလား?

သောက်ကျိုးနည်း​!

ချီးပဲဟေ့!

နေရာပေါင်း သောင်းခြောက်ထောင် ထဲကမှ ဒီလိုမျိုး သုံးစားမရတဲ့ တံခါးပေါက်မျိုး ​ဖွင့်ပေးရသလား!?

အကယ်လို့ တစ်ယောက်ယောက်က ဗုံးတစ်လုံးကိုင်ပြီး ဒီနေရာကို အလောသုံးဆယ် ဝင်လာရင်ကော? သူတို့ရဲ့ လက်နက်တွေနဲ့ ကြမ်းပြင်ကို ဖောက်ခွဲပစ်လိုက်ရင်ကော?

သောက်ကျိုးနည်း! လုံးဝ မဖြစ်ဘူး!

ဒါ နောက်နေတာမလား?

သူ.တံခါးကောင်းလေး ရဖို့ ဘယ်လောက်တောင် ဆုတောင်းထားခဲ့သလဲ?

ဒါပေမဲ့ အခုတော့…

ငါ့ကို ကျိန်စာများ တိုက်နေတာလား?!

အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ ပထမဆုံး အဆင့်မြင့်ပြီးနောက်မှာ တံခါးတစ်ချပ် ပွင့်ခဲ့တယ်။ အဲ့ဒီတံခါးက လူမရှိတဲ့ လမ်းဘေးအိမ်တစ်ခုနဲ့ ဆက်သွယ်ထားတယ်တဲ့လား?

လခွီးတဲ့မှ!

ဟောင် မျက်လုံးမှိတ်ကာ စိတ်ဖြေလျော့လိုက်ရသည်။

စနစ်ကို အပြစ်တင်နေလို့လဲ မထူးတော့ဘူး။

အဲ့ကောင်က သူ့ကို အရင်လို အဖက်မလုပ်ပဲ နေနေမှာပဲ။

ပြီးတော့လဲ နေရာက ကျပန်းဆိုတာ ကြိုပြောထားပြီးသားဆိုတော့…

ဒါပေမဲ့လဲ.. ဘာလို့ တောင်ထိပ်မှာ မဖြစ်လိုက်သလဲ? လူသွားလူလာများတဲ့ လမ်းဆိုရင်လဲရတယ်။ အဆိုးဆုံးကွာ ဂိုဏ်းတစ်ခုရဲ့ လှိုဏ်ဂူထဲ ရောက်နေတောင် ရတယ်။

ဒါပေမဲ့ အခုတော့….. ဟူး။

ငါ့ရဲ့ ကံတရားက ဟိုးအောက်ခြေမှာ ရှိနေ ပုံပဲ။

ဝိညာဥ်မီးတောက်မြို့တော်ရဲ့ အလေအလွင့် အိမ်ထဲမှာတဲ့လား?

နတ်ဘုရားက ငါ့ကို မုန်းရုံတင်မဟုတ်တော့ဘူး။ ကျိန်စာပါ တိုက်နေတာပဲ။

ဒါပေမဲ့ ဖြစ်နိုင်တာ..

ဖြစ်နိုင်တာကပေါ့။

ဒါက ငါ့ရဲ့ ကံကြမ္မာများလား!

လမ်းဘေး အိမ်ဆိုတာလဲ အသုံးမဝင်တာတော့ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား?

လူတိုင်း သုံးလို့ရတာပဲ။ နေ့တိုင်း သုံးလို့ရတယ်လေ။ ပိတ်ရက်မရှိ၊ နားရက် မရှိဘူး။

အကယ်လို့…

အကယ်လို့ ဒီအိမ်က လူလာများတဲ့ အိမ်ကောင်း တစ်ခုဆိုရင်ကော?

ငါ့ဆိုင်က နေရာစုတ်မှာ ရှိနေတာ မဟုတ်တော့ဘူး။

အဆင့်မြင့် အိမ်ကောင်းတစ်ခုမှာပဲ။

ဟုတ်တယ်။

လူတွေ ပုန်းရှောင်ဖို့အတွက် ဖြစ်စေ၊ ကိစ္စ တစ်ခုခုကြောင့်ဖြစ်စေ ရောက်လာတာနဲ့အမျှ သူ ဈေးဝယ်တွေ ရနေမှာပဲ။

ငါဘာလို့ အရမ်း အဆိုးမြင်နေရမှာလဲ?

ဟောင် မျက်လုံးဖွင့်ကာ ခပ်ဖြည်းဖြည်း အသက်ရှုလိုက်တော့သည်။

သူ့ရဲ့ မျက်နှာသည် တည်ငြိမ်ပြီး နားလည်နေသော မျက်နှာထား ဖြစ်သွား၏။

“ မင်းအခု အိမ်ထဲရောက်နေတာ မဟုတ်ဘူး”

ဟောင် ဖြေလိုက်သည်။

“ ဒီ​နေရာကို အပြိုင်ကမ္ဘာ ကုန်စုံဆိုင်လို့ ခေါ်တယ်”

“ ဆိုင်?”

ကျားအိုကြီးကျောင်း မျက်တောင်ခတ်လိုက်သည်။

သူ လှည့်ပတ်ကြည့်လိုက်သည်။ ဒီတစ်ခေါက် ပိုနှေးလေ၏။ မသိလျှင် သူ့ဦးနှောက်က နားလည်နိုင်ဖို့ အချိန်လိုအပ်နေသည့်နှယ်။

လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ သူသည် ဝိညာဥ်မီးတောက် မြို့တော်ရှိ သူ အကြိုက်ဆုံး အိမ်တစ်ခုဆီကို လာခဲ့တာပင်။

ယိုင်နဲ့နဲ့ အိမ်ငယ်တစ်ခုတွင် ခေါင်မိုးပါးပါး ရှိသည်။ တံခါးမကလဲ ဆွဲဖွင့်လိုက်တာနဲ့ ကြွက်တစ်ကောင်လို တကျီကျီ အော်သံပေးလေ၏။

မနှစ်က မီးလုံးကြီးကြောင့် ဒီအိမ်က တစ်ခြမ်းလောင်သွားခဲ့တာလေ။ အခုထိတောင် မီးခိုးနံ့တွေ ရနေသေးသလိုပဲ။

ဒီအိမ်အကြောင်းကို သူ့ရဲ့ အသားမာတတ်နေတဲ့ လက်နှစ်ဖက်လိုမျိုး သူ ကောင်းကောင်းသိသည်။

ဘယ်ဘက်က တတိယမြှောက်စင်က အသန့်ရှင်းဆုံးပဲ။

သစ္စာရှိလှတဲ့ ဒီနေရာက သူ့အတွက် အားကိုးယုံကြည်လို့ရတဲ့ နားခိုရာပင်။

ဒါကြောင့် သူ အိုဟောင်းနေတဲ့ တံခါးကို ဖွင့်လိုက်ချိန်မှာ ရနေကျ မီးခိုးနံ့တစ်ဝက်နဲ့ အောက်သိုးသိုး အနံ့တစ်ဝက်ကို မျှော်လင့်ထားခဲ့သည်။

ဒါပေမဲ့ ထိုအစား သူဒီနေရာကို ရောက်လာရ၏။

တောက်ပတဲ့ အလင်း… သန့်စင်နေတဲ့ စင်တွေရယ်၊ အေးမြသော လေပြေလေးများရယ်…။

လူရည်လူမွန် ရုပ်ရှိတဲ့ ကောင်လေး တစ်ယောက်ကလဲ ဒီနေရာကို ‘ ဆိုင်’လို့ ပြောနေသေးသည်။

တစ်ခုခုက မူမမှန်ဘူး။

ကျားအိုကြီးကျောင်း ခေါင်းဆန့်လိုက်သည်။

သူက ဉာဏ်ထက်တဲ့သူ တစ်ယောက် မဟုတ်ပါချေ။ ဒါပေမဲ့ အိုဟောင်းတဲ့ အိမ်စုတ်နဲ့ အခုရောက်နေတဲ့ ဒီဆိုင်နဲ့ လားလားမှ မသက်ဆိုင်တာကို အရူးတောင် ခွဲခြားတတ်ပါသည်။

‘ ကြည့်ရတာ ငါ နေရာမှား ရောက်လာတာများလား?’

ကျားအိုကြီးကျောင်း ထပ်မံအနံ့ခံပြီးချိန်မှာ သူ့ရဲ့ မျက်နှာက တွန့်သွားသည်။

“ ကောင်လေး အဲ့ဒါဘာနံ့လဲ? ချိုတယ်”

ဒီလူအိုကြီးက သူ အစောက စားခဲ့တဲ့ နို့ရေခဲမုန့်ကို အနံ့ခံနေတာများလား?

ဟောင် လဲ အနံ့ခံကြည့်လိုက်သည်။ ဒါပေမဲ့ သူ.ဘာနံ့မှ မရပါချေ။

သူတို့ရဲ့ နှာခေါင်းတွေကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေလို့များလား?

ဟုတ်သည်။ အဲ့ဒါပဲ ဖြစ်နိုင်သည်။

ကျားအိုကြီးကျောင်းရဲ့ အနံ့ခံစွမ်းက ဟောင် ထက် သာလွန်၏။

နှစ်များစွာတိုက်ပွဲအတွေ့အကြုံ ရှိသည့်အပြင် သူတိုက်ခဲ့ရသမျှက ပျော်ရည်ပြာနယ်မြေကြီးရဲ့ အမျိုးစားစုံသော သားရဲရိုင်းများ ဖြစ်သော​ကြောင့် သူ့ရဲ့အနံ့ခံစွမ်းက မိုင်တွေဝေးသော နေရာက ဖြစ်ရင်တောင် အနံ့ ခံနိုင်သည်။

လူတစ်ယောက်ရဲ့ အနားက လေကို ရှူကြည့်ရုံနဲ့တင် ထိုသူ မနက်စာ ဘာစားခဲ့လဲ ပြောနိုင်လေ၏။

“ ရေခဲမုန့်ကို ပြောနေတာ ဖြစ်မယ်”

ဟောင် ​ပြောလိုက်သည်။

“ ရေ…ရေခဲ”

“ ရေခဲမုန့်?”

ကျားအိုကြီးဟောင်းရဲ့ လျှာက စကားလုံးအသစ်အတွက် ကောင်းကောင်း မထွက်တတ်နေပေ။

“ ဘာကြီးလဲ ကောင်လေး”

“ ရေခဲမုန့်”

ဟောင် ဒီတစ်ခေါက် ခပ်ဖြည်းဖြည်း ပြောပြလိုက်သည်။

“ အိုး ဟုတ်ပြီ ရေခဲမုန့်”

ကျားအိုကြီးကျောင်းရဲ့ မျက်လုံးက တောက်သွားသော်ငြား နားလည်ဟန် မရှိသေးချေ။

“ ဒါမင်းရဲ့ ဆိုင်မလား ကောင်လေး”

ဟောင် ခေါင်းညိတ်လိုက်၏။

“ ငါတစ်ခု ယူလို့ရမလား?”

“ ရေခဲမုန့်ကိုလား?”

“ ဟုတ်တယ် ကောင်လေး”

ဟောင် ကောင်တာနဲ့ မျက်နှာချင်းဆိုင်ရှိ နံရံပေါ်ကို လက်ညိုးထိုးပြလိုက်သည်။

“ ခင်ဗျား အနံ့ခံမိတာ အဲ့ဒီအချိုပွဲပဲ”

“ ဈေးနှုန်းပါတယ်”

“ ဈေးမှားနေတာ မဟုတ်ဘူး။ ဈေးလဲ မလျော့ပေးဘူး။ အဲ့ဒါ နောက်ဆုံးဈေးပဲ”

ကျားအိုကြီးကျောင်းက နံရံပေါ်က မျက်နှာပြင်ကို မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။

အရောင်စုံတဲ့ အရောင်များနဲ့ လေပေါ်ပျံနေတဲ့ ကျောက်စိမ်းပြားတစ်ခုလိုပဲ။ ပုံစံပြထားတာက အရမ်းကို ရှင်းလင်းသည်မို့ ချက်ချင်း သွားယူချင်စိတ်တောင် ဖြစ်ပေါ်စေသည်။

ရွှေညိုရောင် ကတော့ချွန်ရဲ့

ထိပ်ပိုင်းမှာ အဖြူရောင်လေးများ ခွေထားသည်။

ချောမွေ့ပြီး ဘေးဘက်တွေမှာ အနည်းငယ် တောက်ပသည်။

နူးညံ့မဲ့ပုံပင်။

ဆန်းကြယ်လှသည်။

သူ့ရဲ့ အစာအိမ်က အချက်ပြလာတော့၏။

ငါ ဗိုက်ဆာနေတာလား?

ကျားအိုကြီးကျောင်းက မနက်က စားခဲ့ပြီးသားပင်။

ဒါပေမဲ့ ထိုအချိန်မှာ သူ ဈေးကို မြင်သွားလေ၏။

ဝိညာဥ်ကျောက်တုံးနှစ်တုံး…

ရေခဲမုန့်အတွက်လေ?

သူ့ရဲ့မျက်လုံးတွေ ပြူးကျယ်သွားရပြီ။.

ထို့နောက်မှာ သူ ဆိုင်ရှင်ကို လှည့်ကြည့်လိုက်၏။

ထို့နောက်မှာ နံရံပေါ်ကို ပြန်ကြည့်သည်။.တစ်ဖန် ဆိုင်ရှင်ကို ပြန်ကြည့်မိပြန်သည်။

ဒီကောင်လေးကြည့်ရတာ လူလိမ်ဖြစ်ဟန်လဲ မရှိဘူး။ သူ့ရဲ့ ဆဋ္ဌမအာရုံကလဲ ဒီကောင်လေး မလိမ်ကြောင်း ပြောနေသည်။

သူ့ရဲ့ ဆဋ္ဌမအာရုံက အမြဲလိုလို မှန်တတ်သည်။

ဝိညာဥ်ကျောက်တုံးဆိုတာ သူနဲ့စိမ်းသက်နေတဲ့ အရာတော့ မဟုတ်ပါချေ။

များလွန်းလို့ သူ့ရဲ့ သိုလှောင်လက်စွပ်တောင် လေးလံနေခဲ့ပြီ။

ဒါပေမဲ့… သူက ရတနာကောင်းတစ်ခုခု အတွက် သိမ်းထားတာလေ။

ခရီးသွားကုန်သည် တစ်ယောက် ထပ်ရောက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ?

အရင်တစ်ခေါက်က သူ အပေါ်ဝတ် အရှည်တစ်ထည် ဝယ်ခဲ့သည်။

ထိုဝတ်ရုံက သူ့ကို လူတွေ မမြင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။

ကုန်သည်က ထိုဝတ်ရုံကို ရှေးဟောင်း ဂိုဏ်းတစ်ခုက ဝယ်ထားခဲ့ပြီး အကောင်းစားဖြစ်ကြောင်း ကတိပေးခဲ့သည်။

ဒါပေမဲ့ တစ်ကယ်တော့ ထိုဝတ်ရုံက သူ့ကို အရိပ်မဲကြီးလို မျက်နှာမမြင်ရအောင်ပဲ ကာပေးနိုင်သည်။

အရည်အသွေးလဲ မကောင်းလှပေ။

ထိုအချိန်က သူ့ရဲ့ ဆဋ္ဌမအာရုံကို မနားထောင်ခဲ့တဲ့အတွက် လိမ်ခံခဲ့ရသည်။

သူ အတိတ်ကို ပြန်စဥ်းစားနေချိန်မှာပဲ အစာအိမ်မှ ထပ်မံအချက်ပြလာပြန်ပြီ။

ကျားအိုကြီးကျောင်း နေရာတင် အေးခဲသွားသည်။

ဒါက ဝိညာဥ်ကျောက်တုံးနဲ့ပဲ မဆိုင်တော့ဘူး။

သူ့ရဲ့ အစာအိမ်က အလိုလိုက်ခံထားရတဲ့ သခင်လေးလို သောင်းကျန်းပြနေပြီပင်။

နှာခေါင်းနဲ့ အစာအိမ်က အပြည့်အဝ ချိတ်ဆက်မိသွားပြီ။.

'ရေခဲမုန့် ဆိုတဲ့အရာရဲ့ အနံ့က သောက်ကျိုးနည်းကို ကောင်းလွန်းတယ်ဟ’

သူ အမှန်ဆို ဗိုက်မဆာနေသင့်ဘူး။ ပေါက်စီ တစ်ဗန်းလုံး သူ စားခဲ့ပြီးသားပင်။

ဒါပေမဲ့ ဗိုက်ကတော့ သူ့ကို အဖက်မလုပ်ပါချေ။

ဓားပြနှစ်ကောင် ပူးပေါင်းသွားသလိုမျိုး အစာအိမ်နဲ့ နှာခေါင်းက ပေါင်းကာ ဆန္ဒပြနေကြလေ၏။

နောက်ဆုံးတော့ သူ အရှုံးပေးလိုက်ပြီ။

All Chapters