← Chapters

( ပြာကျစေမဲ့နေရာက တံခါးသစ်!)

Vol. 8 Ch. 100

( ပြာကျစေမဲ့နေရာက တံခါးသစ်!)

Vol. 8 Ch. 100

ကြွတ်ကြွတ်ကြွတ်!

နို့ရေခဲမုန့်ရဲ့ အချိုဓာတ်နဲ့ ကတော့ရဲ့ ပေါ့ပါးမှုက ပေါင်းစပ်ချိန်မှာ ပါးစပ်ထဲ လျင်မြန်စွာ ပျော်ဝင်သွားပြီး တစ်ကိုက်ချင်းဆီကို ပိုစားချင်စိတ် ဖြစ်ပေါ်စေသည်။

ဟောင်က ကတော့ရဲ့ အောက်​ခြေနားကို ရောက်လာပြီဖြစ်၍ စက္ကူစကို ဘေးခွာလိုက်သည်။

ကတော့ချွန်အောက်ပိုင်းနားမှာ နောက်ဆုံးလက်ကျန် ရေခဲမုန့်က ထွက်ခွာဖို့ တွန့်ဆုတ်နေသည့်ဟန် ရှိသည်။

နောက်ဆုံးလက်ကျန် ရေခဲမုန့်ကို အပေါ်မြှောက်လိုက်သည်။

တစ်ကြိမ်နှစ်ကြိမ် လေထဲမှာ လည်သွားပြီး… အဆုံးမှာတော့ ပါးစပ်ထဲ ဝင်ရောက်သွားလေ၏။

ကြွတ်!

‘ အာ ကောင်းလိုက်တာ’ ဟောင် ပြုံးလိုက်သည်။

‘ ရှီရှီလေး သေချာပေါက် ကြိုက်မှာပဲ’

လက်နှစ်ဖက်ပွတ်ကာ ဆိုင်ရဲ့ အပြင်အဆင် အသစ်တွေကို ပြန်ကြည့်လိုက်သည်။ အဆင့်မြင့်တာက နေရာကို လုံးဝ ပြောင်းပစ်နိုင်တာပဲ။

ဒါပေမဲ့ ရုတ်တရက် သူ အေးခဲသွားလေ၏။

တံခါးအသစ်!

‘ တံခါးအသစ်က ဘယ်မှာလဲ စနစ်? နောက်တစ်နေရာနဲ့ ဆက်သွယ်ပြီးပြီလား?’

( မဆက်သွယ်ရသေးဘူး။ ပိုင်ရှင်မှ အစမပျိုးသေးတဲ့ဟာကို။ အခု စလို့ရပြီ)

ဟောင် ကိုယ့်နှဖူးကိုယ် ရိုက်လိုက်ကာ

‘ အာ ငါမေ့တာ!’

‘ ဆိုင်ရဲ့ အဆင့်​မြင့်တာက အရမ်းမိုက်နေတော့ကွာ။ ငါ့ခေါင်းထဲ အသစ်ပြောင်းတာတွေပဲ ဝင်လာပြီး တံခါးအသစ်အကြောင်း လုံးဝ မေ့သွားတယ်!’

ဟောင် အနည်းငယ် ပြောစရာ ပျောက်စွာ သက်ပြင်းချလိုက်ရင်း

‘ ပြပါအုံး’

ဟောင်ရဲ့ မျက်နှာရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။

ကျင့်ကြံရေးလောကရှိ ကောင်းကင်ပြာ နယ်မြေကြီးတွင် တံခါးအသစ် ဖွင့်လိုပါသလား?

ဖွင့်မည်။……မဖွင့်ဘူး။

‘ ကောင်းပြီ လုပ်တာပေါ့’

ဟောင် အထက်ပုဂ္ဂိုလ်တွေကို ဆုတောင်းဟန်ဖြင့် ခေါင်မိုးကို မော့ကြည့်ကာ ပြောလိုက်သည်။

‘ ကျေးဇူးပြုပြီး ထူးထူးဆန်းဆန်း မပေးပါနဲ့။ မုဆိုးသစ်တောတွေ၊ ကျိန်စာသင့်ဂူတွေတော့ မလုပ်ပါနဲ့နော်’

‘ ကောင်းတာလေး ပေးလေ ဟုတ်ပြီလား?’

ဒရာမာဆန်လှသည့် မျက်နှာဖြင့် ဟောင် မျက်နှာပြင်ကို နှိပ်လိုက်သည်။

‘ ဖွင့်မည်’

မျက်နှာပြင်ပေါ်က စကားလုံးတွေ ဝါးသွားပြီး အကုန်ခုန်ပေါက်သွားသည်။

ဟောင် မျက်လုံးများ.ပြူးကျယ်စွာ ​ကြည့်နေမိသည်။ အကောင်းဆုံးဖြစ်ပါစေ ဆုတောင်းနေတာမို့ လက်ကိုတောင် လေထဲမှ မဖယ်အားသေးချေ။

အဆုံးမှာ စကားလုံးတွေ ငြိမ်သွားပြီး အဆီအငေါ်တည့်တဲ့ စာကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ပျော်ရည်ပြာနယ်မြေကြီးရဲ့ ဝိညာဥ်မီးတောက် မြို့တော်။

‘ ဝိညာဥ်မီးတောက်? ပျော်ရည်ပြာ နယ်မြေကြီး?’

( ဒုတိယတံခါး ပွင့်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ပိုင်ရှင်! အလုပ်ကြိုးစားပြီး နေရာသစ်တွေ ထပ်ရအောင် ကြိုးစားပေးပါအုံး)

‘ နောက်တစ်မြို့ပေါ့?’

ဟောင် မျက်တောင်ခတ်လိုက်သည်။

‘ ကံကောင်းတာပဲ’

‘ တံခါးက နောက်ထပ် မှောင်မဲတဲ့ လမ်းကြားနဲ့ မပတ်သတ်နေရင်မှ.. တစ်ကယ် အချီကြီးလို့ ပြောရမှာ’

ဟောင် စိတ်လှုပ်ရှားစွာဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။

‘ ဝိညာဥ်မီးတောက်မြို့တော်တဲ့လား.. နာမည်ကိုက ကန္တာရလိုပဲ။ ဖြစ်နိုင်တာ မီးတောင်တွေ ပြည့်နေတဲ့ နယ်မြေများလား?’

ပျော်ရည်ပြာ နယ်မြေကြီးလို့ ဆိုကတည်းက သေချာပေါက် ပန်းဥယျာဥ်တွေ၊ ရေပြာအိုင်တွေတော့ ရှိမနေနိုင်ဘူးလေ။

နေရာက ပူလောင်နေလောက်သည်။ ဖြစ်နိုင်တာ အန္တရယ်ပါ များနိုင်သည်။

‘ ငါတော့ လူမနေတဲ့ အိုဟောင်းနေတဲ့ နေရာကြီး မဖြစ်ဖို့ပဲ မျှော်လင့်တယ်’

ဟောင်ရဲ့ အပြုံးက အနည်းငယ် တောင့်တင်းသွားသည်။

‘.... အဲ့လိုမျိုးတော့ မဖြစ်လောက်ဘူးမလား?’

ဟောင် ခဏရပ်သွားလေ၏။

စနစ်ကို သေချာမေးဖို့ ဝိညာဥ်ကျောက်တုံး သုံးလိုက်ရမလား?

‘...တော်ပြီ သိမ်းထားရအုံးမယ်’

သူ သိုင်းကျင့်စဥ်အသစ်တစ်ခုကို မျက်စိကျနေခဲ့သည်။ အဲ့ဒါအပြင် ထပ်ပြီး ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက် လိုလာအုံးမယ် ဘယ်သူ သိမှာမလို့လဲ?

သူ တစ်ကယ် အသေးစိတ် သိချင်ရင်လဲ အလုပ်သမားတစ်ယောက်ကို သွားခိုင်းကြည့်လို့ ရတာပဲ။

ဖောက်သည်တစ်ယောက်ယောက်ကလဲ အဲ့နေရာကို ကြားဖူးနိုင်တာပဲ။ ဒါမှမဟုတ် အဲ့ဒီနေရာကနေ ဈေးဝယ်တွေ့ရရင်တော့ အကောင်းဆုံးပဲ။

နေရာအကြောင်း သိချင်ရင် လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိသည်။

အခုခဏတော့ စောင့်ကြည့်ရမှာပေါ့။

ဟောင် လက်ခေါက်လိုက်ကာ အလုပ်လုပ်ဖို့ ပြင်တော့သည်။

ဟောင် စင်တစ်ခုချင်းစီကို ပြန်ဖြည့်သည်။ အသင့်စားခေါက်ဆွဲနဲ့ ဖျော်ရည်ဗူးတွေကို သေချာထားပြီးချိန်မှာ နာမည်တွေကိုပါ ဖတ်ရလွယ်အောင် ဖုန်သုတ်လိုက်သည်။

ရောင်းကုန်အသစ်တွေ မရှိသေးဘူး။ ထို့ကြောင့် ပိုရှည်လာတဲ့ စင်တွေမှာ ထင်းမနေအောင်လို့ ပစ္စည်းတွေကို နေရာချဲလိုက်လေ၏။

အလုပ်ကို ပြီးမြှောက်ခဲ့ပြီ။

ဟောင် ဝင်ပေါက်ကို လျှောက်လာပြီး ဖွင့်သည်ဆိုတဲ့ ဘက်ခြမ်းကို လှည့်လိုက်သည်။

အပြိုင်ကမ္ဘာကုန်စုံဆိုင်ကို တရားဝင် ဖွင့်လှစ်လေပြီ။

ဟောင် ကောင်တာမှာ မှီနေရင်း အစောက ရေခဲမုန့်လေးကို ပြန်တွေးနေမိသည်။

ရေခဲမုန့် စားပြီးနောက်မှာ သူ အစွမ်း မခံစားခဲ့ရချေ။ ဒါပေမဲ့ သူအခုထိ အရသာကနေ မကျော်လွှားနိုင်သေးဘူး။

ဖြစ်နိုင်တာ သူ့အတွက် အခု အသုံးမဝင်သေးတာ နေမှာပေါ့။

ဟုတ်တယ်။ အဲ့ဒီလိုပဲ ဖြစ်မည်။

ဒါပေမဲ့ သူ ခံစားချက်တစ်ခု ရနေသည်။ အသစ်ပွင့်တဲ့တံခါးက မီးတောက်ဆန်တဲ့ နာမည်မျိုးနဲ့ မြို့မှာဆိုတော့ ရေခဲမုန့်က ရောင်းအားကောင်းလာနိုင်သည်။

အကယ်လို့ အစွမ်းတစ်ခုခု မပေးနိုင်ရင်တောင်မှ….

လုပ်စမ်းပါ။ ရေခဲမုန့်ပဲလေ။

အေးပြီး ပွပွလေးနဲ့ ချိုနေမှာပဲ။ အစွမ်းရှိရှိ မရှိရှိ ဒီလောက်နဲ့တင် လူတွေ အရူးအမူးဖြစ်ဖို့ လုံလောက်နေပြီ။

တံခါးချပ် ပွင့်သွားခဲ့သည်။

ဒီနေ့အတွက် ပထမဆုံးဈေးဝယ်ပင်။

ဆိုင်ရဲ့ အဆင့်မြင့်မှုအပြီးမှာ ပထမဆုံး ရောက်လာသူဖြစ်သည်။

လင်ယွီကျွင်းပဲလား? ဒါမှမဟုတ် နှင်းပွင့်လွှာဂိုဏ်းရဲ့ အလှလေးနှစ်ယောက်လား?

ဟောင် ပုံမှန်မျက်နှာထားနဲ့ အနောက်လှည့်ကြည့်လိုက်သည်။

ဒါပေမဲ့ အထဲဝင်လာသူကို သူ မသိပါချေ။

သူ ပထမဦးဆုံး မြင်ဖူးတာပဲ။

ထိုသူရဲ့ အဝတ်အစားတွေကို ဝေဖန်ရရင်… မဟာမြို့တော်က ဟုတ်ပုံမရှိဘူး။

တံခါးပေါက်အသစ်က ရောက်လာတာ ဖြစ်နိုင်သည်။

အရမ်းဖြစ်နိုင်သည်။

ထိုသူသည် အရပ်အမောင်းကောင်းပြီး သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် လမ်းလျှောက်နေတဲ့ တောင်တစ်ခုနဲ့ တူသည်။

အသားအရေက နေလောင်နေသည်။ ဆယ်စုနှစ်များစွာ နေ၊လေ ဒဏ်ခံထားရသကဲ့သို့ ကြမ်းရှသည်။

ကျောက်ထုံးထစ်တွေလိုမျိုး ကြွက်သားအဖုအထစ်များနှင့်။

အလှဆော့ထားတာမဟုတ်ဘူး။ သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံများစွာကနေ ရလာဟန်ရှိသည်။

ရင်ဘတ်နဲ့ လက်မောင်းတွင် မီးလောင်ထားတဲ့ အနာရွတ်များရှိပြီး ရုပ်ဆိုးတဲ့ ဒီဇိုင်းတစ်ခုလို သဘာဝကျကျ တည်ရှိနေသည်။

ထိုသူသည် အပေါ်ပိုင်း ဗလာနှင့်ပင်။

ခပ်လျှောလျှောဝတ်ထားတဲ့ အနက်ရောင် ဘောင်းဘီရှည်သည်လဲ တစ်ဖက်က ဆုတ်ပြဲနေသေးသည်။

ဖိနပ်လဲမပါချေ။ နေ့တိုင်း မီးတောင်ချော်ရည်ကြားမှာ လမ်းလျှောက်ထားရသကဲ့သို့ ခပ်မဲမဲ ခြေဖဝါးတွေက အက်ကွဲနေသည်။

သူ့ရဲ့ ဆံပင်တွေကလဲ အချိန်အကြာကြီးတည်းက သူ့ကို ထားခဲ့ဟန် ရှိသည်။

ခေါင်းမာစွာ ကျန်ခဲ့တဲ့ အနည်းငယ်သော ဆံပင်စုလေးကိုသာ မာနလက်ကျန်လေးအဖြစ် ထိပ်မှာ ဝမ်းနည်းဖွယ် ထုံးထားလေ၏။

သူ့ရဲ့ မျက်လုံးတွေက စူးရှသည်။

ထိုသူက ကျားအိုကြီးကျောင်း ဟု လူသိများသော ကျောင်းလောင်ဟူ ဖြစ်သည်။

ခန္ဓာကိုယ်ကို အသားပေး လေ့ကျင့်တဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ။ သူ တစ်ခါက မီးတောက်ကြီးကို လက်ဗလာနဲ့ ကောင်းကင် အပြင်ရောက်တဲ့အထိ ထိုးလွှတ်ဖူးသည်။

သူက ကျင့်စဥ်တွေနဲ့ မလေ့ကျင့်ဘူး။ နာကျင်မှု၊ လောင်ကျွမ်းမှု၊ ကျိုးကြေရာတွေက သူ့ရဲ့နေ့စဥ်ပုံမှန် ဖြစ်ရပ်တွေပဲ။

သူက မီးတောင်အောက်မှာ လေ့ကျင့်ပြီး အတွင်းအင်္ဂါတွေ သန်မာအောင် ချော်ရည်သောက်သည်။.မီးတောင် နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ပြီး ကြွက်သားတွေကို သန်မာစေသည်လို့ လူတွေ ပြောကြသည်။

ပျော်ရည်ပြာ နယ်မြေကြီးတစ်လျှောက်မှာ သူ့ရဲ့သတင်းတွေက အပြည့်ပဲ။

ကောင်းကြောင်းတစ်ဝက် မကောင်းကြောင်း တစ်ဝက်ဖြင့်ပေါ့။

ဟောင် မှန်းဆတာ မှန်လေသည်။ သူက ဝိညာဥ်မီးတောက်မြို့တော်ကပင်။

“ ကြိုဆိုပါတယ်” ဟောင် နှုတ်ဆက်လိုက်သည်။

တံခါးအသစ်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်ဘူးဖြစ်စေ ဟောင် တစ်ပုံစံထဲ ဆက်ဆံမှာပင်။

လူတိုင်းကို ညီတူမျှတူပဲ။

ကျားအိုကြီးကျောင်းက လေကို တစ်ရှုံ့ရှုံ့ အနံ့ခံလိုက်သည်။

ထို့နောက်မှာ ထပ်အနံ့ခံလိုက်ပြန်သည်။

All Chapters