← Chapters

အခန်း (၃၅၆)

Vol. 14 Ch. 356

အခန်း (၃၅၆)

Vol. 14 Ch. 356

နာရီဝက်ခန့် အကြာတွင်။

ပိုင်မြောက်လန် ၊ လီရူအိုဝမ် ၊ ပူလင်ဖေး နှင့် ဇနီး ဆယ့်နှစ် ဦးတို့ အလှပလေးများ မောပန်းစွာ အတူတူ ထိုင်နေကြသည်။

လျန်ယွီ သည် သစ်သားချောင်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။

မြေပြင်ပေါ်တွင်၊ သူမက ရိုးရှင်းသော ပုံကြမ်းတစ်ခုကို မသေမသပ် ဆွဲထားသည်။

ပုံကြမ်း၏ ထိပ်ဆုံးတွင်၊ ယဲ့ယွီ ဟူသော အမည်ကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ရေးထားသည်။

၎င်း၏အောက်တွင်၊ လိုင်းများရေးချစ်ထားသည်မှာ ဒါဇင်ပေါင်းများစွာ ရှိသည်။

လိုင်းတစ်ခုစီကထိုနေရာရှိ ဇနီးတိုင်း၏အမည်သို့ ချိတ်ဆက်ထားသည်။ ဖယ်မလီထရီး ဆွဲသလိုမျိုးပေါ့

ဒီပုံကြမ်း ပြီးသွားတာနဲ့၊ လူတိုင်း ပြောစရာစကားမရှိတော့လောက်အောင် တိတ်ဆိတ်သွားကြသည်။

ဒါက တကယ်ကို ပုံပြင်တခုလိုပဲ လက်ခံဖို့ ခက်တယ်။

ပထမတွင်၊ လူတိုင်းက လျန်ယွီ နှင့် ယွမ်လျန်ယွဲ့ တို့သည် ဆရာနှင့်တပည့်သာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။

ဒါပေမဲ့ နောက်တစ်ခဏမှာ၊ အခြေအနေက ပြောင်းလဲသွားသည်။

ဆရာနှင့်တပည့် ဆက်ဆံရေးက လင်တူ ညီညီအမများအဖြစ် ပြောင်းလဲသွားသည်။

ဒါက သူတို့ နှစ် ဦးတည်းဆိုရင်တော့ တစ်မျိုးပဲ လို့ပြောလို့ရပေသည်။

ဒါပေမဲ့ မထင်မှတ်ဘဲ

အဖြစ်အပျက်က သပွတ်အူများသဖွယ် ပိုပြီး ရှုပ်ထွေးလာသည်။

ယွမ်လျန်ယွဲ့ က သူတို့ဘက်ခြမ်းက နတ်သမီးလေး ရှစ် ဦးလုံးက ယဲ့ယွီ ၏ တာအို အဖော်များ ဖြစ်ကြတယ်လို့ ပြတ်သားစွာပြောသောအခါ။

ဟွမ်ဖူပိုင်ကျီ ၊ ဖူဝမ်ဒိုင် နှင့် အခြားသူများသည် ချက်ချင်း မျက်လုံးများပြူးကျယ်ကာ တိတ်ဆိတ်သွားကြသည်။

တာအို အဖော်များ။ တာအို အဖော်များ။....... များလိုက်တာအေ...

ဘယ်သူမှ တာအို အဖော် မဟုတ်ဘူးလို့ ပြောတာနဲ့တူနေတယ်၊ ဟုတ်တယ်မလား?

ထိုနေရာမှ လူတိုင်းက သူတို့ရဲ့ ယဲ့ယွီနဲ့ နှစ်ပေါင်းများစွာ ချစ်ရည်လူး တစ်တီတူးခဲ့ကြသည့် ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်လိုက်သောအခါ။

သူတို့ ၏ဦးနှောက်များ အတွေးများပြွတ်ခဲကာ မြစ်ကို ရေတမံပိတ်လိုက်သလို စဉ်းစားနိုင်စွမ်း ချက်ချင်း ရပ်တန့်သွားသည်။

သူတို့က ဒီအမှန်တရားကိုတောင် လက်ခံနိုင်စွမ်း မရှိဘူး။

ဒါကြောင့်၊ လျန်ယွီ က စေတနာပါပါဖြင့် ဖယ်မလီထရီး ပုံကြမ်းကိုဆွဲကာ ဘယ်မိန်းမက ဘယ်လို ယဲ့ယွီနဲ့ညားခဲ့တာ ဟု လူတိုင်းရဲ့ ဆက်ဆံရေးတွေကို ရှင်းလင်းဖို့ ပုံတစ်ခု ဆွဲဖို့ အဆင်သင့် ဖြစ်နေသည်။

ဒီလိုနဲ့ ရိုးရှင်းတဲ့ ပုံကြမ်းကို ဖန်တီးခဲ့တာ။

ဒါကို ဆွဲလိုက်သောအခါ၊ ဆက်ဆံရေးတွေက ရှင်းလင်းပြီး ရိုးရှင်းသွားသည်။

အသက်နှင့်သေခြင်းတိုက်ပွဲ တိုက်ဖို့ အပြင်းထန်ဆုံးနည်းစနစ်တွေနဲ့ တန်ခိုးတွေအကုန်ထုတ်ကာ ပြင်ဆင်နေတဲ့လူတွေက

ချက်ချင်း ညီညီအမများအဖြစ် ပြောင်းလဲသွားသည်။

ဒီလိုမျိုး ဆက်ဆံရေးက လုံးဝနီးပါး အံ့မခန်းပဲ။

အထူးသဖြင့် ပိုင်မြောက်လန် အတွက်ကတော့ ထူးခြားလွန်းသည်!

အစပိုင်းတွင်၊ သူမ၏စိတ်ထဲတွင်

ယဲ့ယွီ ဘေးကင်းစွာ အသက်ရှင်နေနိုင်သရွေ့၊ သူမက နောက်ထပ် ညီအမအနည်းငယ် ရှိတာကို မနည်းမနား လက်ခံနိုင်ခဲ့သည်။

ဒါပေမဲ့ ဟွမ်ဖူပိုင်ကျီ ၊ လျန်ယွီ နှင့် ဖူဝမ်ဒိုင် ၊ ဒီ သုံး ယောက်က သူမအတွက် ကန့်သတ်ချက်ပဲ။ဒါတောင်တော်တော်လေး ဖျစ်ညှစ်ထားရတာ

ဒါက သူမ အဓိကဇနီး ဖြစ်နေဆဲလို့ ယူဆရင်ပေါ့။

ဒါပေမဲ့ အခုတော့

ညီအမတွေက သုံး ယောက်ထက် အများကြီး အများကြီး ပိုများတယ်။

ကျုံးကျိုး ကို ရောက်လာတာနဲ့ တိုက်ပွဲတစ်ပွဲ တိုက်လိုက်ရတာ။

ညီအမ ရှစ် ယောက်ထပ် ပေါ်လာတယ်။

အရေအတွက်က နှစ်ဆယ် အထိ ရောက်သွားပြီ။

ပိုင်မြောက်လန် ဘယ်လိုလုပ် ဒါကို လက်ခံနိုင်မှာလဲ?

ထန်းညက်ခဲကို ပုရွက်ဆိတ်တွေ ဝိုင်းကိုက်နေရသလိုပဲ ၊ ယဲ့ယွီက ထန်းညက်ခဲကြီးလား ၊

သူမက ဒေါသတကြီး ချက်ချင်း ထရပ်သည်။

ပြီးတော့ အသံနက်ဖြင့် ပြောသည်၊ “ဒါတွေအားလုံး အတုတွေ၊ အတုတွေ!”

“ ယဲ့ယွီ မှာ ဘယ်လိုလုပ် တာအို အဖော်တွေ ဒီလောက် အများကြီး ရှိနိုင်မှာလဲ?

နင်တို့ ငါ့ရဲ့ တာအို နှလုံးသားကို ဖျက်ဆီးဖို့ တမင်တကာ လုပ်နေတာ မဟုတ်လား?”

လီရူအိုဝမ် က တည်ငြိမ်စွာ ပြန်ပြောသည်၊ “ငါ က နင်တို့အားလုံး အတုဖြစ်နေတာ ပိုကောင်းတယ်။

ဒါဆိုရင်၊ ငါ နင့်ကို စိတ်အေးအေးနဲ့ သတ်လို့ရတယ်။”

သူမဘေးတွင်၊ ပူလင်ဖေး က ပုတ်သင်ညိုလေးသဖွယ် သဘောတူစွာ ခေါင်းညိတ်သည်။

ပူ မိသားစု၏ အကြီးအကဲခေါင်းဆောင်သခင်မသည် တကယ်ကို ဒေါသထွက်နေတာ ရှင်းနေသည်။

ပိုင်မြောက်လန် ပြန်ပြောဖို့ ပြင်နေချိန်မှာ။

ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်ပြီး မိုးကုတ်စက်ဝိုင်းထိ တောက်ပစွာ တရွှီးရွှီးအော်မြည်ကာ ဖြတ်သန်းသွားသည်။

လင်းမြောက်ရွှယ် က မှော်ဓားတစ်လက် ကိုင်ပြီး ပေါ်လာသည်။

ပြီးတော့ သူမဘေးတွင်၊ ဆွဲဆောင်မှုရှိသော မိန်းမပျို ယင်ဖေးကျင်း က ရပ်နေသည်။

သူတို့ ရောက်ရောက်ချင်း ချက်ချင်း မေးသည်၊ “ငါ့ ညီအမတို့ကို ဘယ်သူက ပြဿနာရှာနေတာလဲ?

ဒီအမကြီးက ဟောဒီလက်နဲ့ ခုတ်သတ်ပေးမယ်!”

ဒီလို ရိုးရှင်းတဲ့ ဝါကျတစ်ခုက

ပိုင်မြောက်လန် ရဲ့ မျက်နှာကို တစ်ဖန် ဖြူဖျော့သွားစေသည်။

သူမက သူမရဲ့နှလုံးသားကို လက်တစ်ဖက်နဲ့ ချက်ချင်း ဆုပ်ကိုင်သည်။

ပြီးတော့ တုန်ယင်စွာ မေးသည်၊ “သူတို့… သူတို့ကတော့ ထပ်ပီး...ထပ်ပီး ဟိုဒင်းတွေ မဟုတ်သေးဘူးလား…”

ထော်ပါချီယွဲ့ ၊ ကျိုယင်ချွန် နှင့် အခြားသူများသည် ပြောင်စပ်စပ်နဲ့ ခေါင်းညိတ်ပြီး ပြောသည်၊ “နင် တော်သားပဲ မှန်သွားပြီ၊ သူတို့ကလည်း ငါတို့ရဲ့ခင်ပွန်းရဲ့ တာအို အဖော်တွေ၊ ငါတို့ရဲ့ ညီအမတွေပဲ။”

ပိုင်မြောက်လန် ရဲ့ တင်းထားတဲ့စိတ်တွေ လုံးဝကိုပဲ နေရောင်ထိသော နှင်းခဲပမာ အရည်ပျော်ကျကာ ချက်ချင်း ကျိုးပဲ့သွားသည်!

---

တစ်ချိန်တည်းမှာပဲ။

ယွင်ရိုမူ သည် တားမြစ်ယင် မြစ်ရှိ ယဲ့ မိသားစုကို ရောက်နှင့်နေပြီ။

ဒီနေရာက ပျက်စီးနေတဲ့မြေ ဖြစ်သွားတာကို သူမ တွေ့လိုက်ရသည်။

သူမက တော်တော်လေး စူးစမ်းချင်စိတ် ဖြစ်မိသည်။

ဖျက်ဆီးမှုပမာဏနဲ့ ရှိနေတဲ့အလောင်းတွေအရ

ဒါက မကြာခင်ကမှ ဖြစ်ခဲ့တာလို့ ထင်ရတယ်။

ဘာတွေဖြစ်နေတာလဲ?

သူမ နောက်ကျပြီး ရောက်လာတာများလား?

သူမ လက်စားချေချင်တဲ့သူ ယဲ့ကျိုနျန် က သေသွားနှင့်ပြီလား?

ဒါပေမဲ့ သူမ တွေးကြည့်တဲ့အခါ၊ ဒါက အဓိပ္ပာယ်ရှိတယ်။

ကျီးမန် ရဲ့အဆိုအရ။

ဒီရန်ငြိုးက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်း ကျော်က စတင်ခဲ့တာ။

ဒီလောက်ကြာတဲ့အချိန်မှာ။

ကောင်းကင်ဘုံတက်လှမ်းသွားတာဖြစ်နိုင်သလို နဲ့ သေဆုံးခြင်းလဲဖြစ်နိုင်တာပဲ၊ နှစ်မျိုးလုံးက ဖြစ်နိုင်ခြေ မြင့်မားတယ်။

အခုထိ အသက်ရှင်နိုင်ဖို့ ဖြစ်နိုင်ခြေက အလွန်နည်းပါးပုံရသည်။

ဒါပေမဲ့ ဒီလိုဖြစ်နေရင်တောင် အသေးစိတ်ကျတဲ့ လွန်းတဲ့

ယွင်ရိုမူ က ယဲ့ မိသားစုကို အချိန်အတော်ကြာ သေချာ စစ်ဆေးသည်။

သူမက ဘယ်ထောင့်ကိုမှ မချန်ထားခဲ့ဘူး။

သူမက အသက်ရှင်နေတဲ့သူတစ်ဦးဦးရဲ့ ခြေရာကို ရှာချင်ခဲ့တယ်။

သူမ ယဲ့ မိသားစုရဲ့ နောက်ဘက်တောင်ကို ရောက်တဲ့အခါ....

ရုတ်တရက် မမြင်နိုင်တဲ့ အကာအကွယ်တစ်ခုနဲ့ ကြုံခဲ့ရသည်။

ပြီးတော့ အသံတစ်ခုက နေရာတိုင်းကနေ ထွက်ပေါ်လာသည်၊ထိုအသံသည် အလွန် အိုမင်းပြီး ခန့်ညားကာ လွှမ်းမိုးနိုင်လွန်းသည်။

“နတ်ဆိုးမ၊ ဒါက နင် ရှိသင့်တဲ့နေရာ မဟုတ်ဘူး။ အမြန်ထွက်သွား။

မဟုတ်ရင်၊ နင် နေရာမှာပဲ ပျက်စီးသွားလိမ့်မယ်!”

ဒီအရာကို ကြားတော့၊ ယွင်ရိုမူ ၏ အမူအရာက လေးနက်သွားသည်။

သူမက အသံနက်ဖြင့် ပြောသည်၊ “ကျွန်မ မေးချင်တာက၊ ရှင်က ယဲ့ မိသားစုကလား?

ကျွန်မ ဒီကို မေးစရာတစ်ခု မေးဖို့ လာခဲ့တာ။

ယဲ့ကျိုနျန် ဘယ်မှာလဲ?

ကျွန်မ သူနဲ့ကိစ္စတခု ရှင်းဖို့ရှိတယ်!”

တောင်အတွင်းက လျှို့ဝှက်ခန်းမ မှာ..

ယဲ့ရွှမ်ကျီ ရုတ်တရက် သူ့ခေါင်းကို မယုံကြည်နိုင်စွာ မြှောက်ကြည့်လိုက်သည်။

မင်း မြင်တဲ့အတိုင်းပဲ။

ယဲ့ မိသားစု လျှို့ဝှက်စွာနေခဲ့ကတည်းက။

လူတိုင်းက ယဲ့ကျိုနျန် သေသွားပြီလို့ ယုံကြည်ခဲ့ကြတယ်။

နှစ်ပေါင်းနှစ်ထောင် ကြာပြီးနောက်..

သူ့နာမည်က လုံးဝ မေ့လျော့ခံထားရတာ ကြာပြီ။

အခုမှ ဘာကြောင့်လဲ၊ နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦး ပေါ်လာတယ်။

ပြီးတော့ ယဲ့ကျိုနျန် ကို အထူး ရှာနေတာလဲ?

ဒီကိစ္စက အရမ်းထူးဆန်းနေတယ်!

နောက်တစ်စက္ကန့်မှာ။

အရင်က တည်ငြိမ်နေတဲ့ သွေးကန် စတင် လှုပ်ရှားလာသည်။

လူ့ပုံသဏ္ဌာန်ရှိ ပုံရိပ်တစ်ခု သရဲတကောင်ပမာ ဖြည်းဖြည်းချင်း ပေါ်လာသည်။

ဒါက ယဲ့ မိသားစုရဲ့ အရင်ခေါင်းဆောင် ယဲ့ကျိုနျန် မှလွဲ၍ တခြားသူ မဟုတ်ပေ။

သူက သူ့ရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ပြီးတော့ ညင်သာစွာ ပြောသည်၊ “ ခေးအို့စ်အာရုံမှားလိပ်ပြာမလေးပါလား ၊ ငါ သူ့ဆီက ရင်းနှီးတဲ့ အရှိန်ဝါကို ခံစားရတယ်။

ရွှမ်ကျီ ၊ သူ့ကို သွားသတ်လိုက်။

ငါ သူ့ရဲ့သွေးကို လိုချင်တယ်!”

ယဲ့ရွှမ်ကျီ က သူ့ရဲ့မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။

နှစ်ပေါင်းနှစ်ထောင် ကုန်လွန်သွားပြီ။

သူက ဒီလိုမျိုး အရာတွေ အများကြီး လုပ်ခဲ့ပြီးပြီ၊ သတ်ဖြတ်ရတာကို လုံးဝ ရိုးသွားပြီ။ သူသတ်ဖြတ်တာတွေကို စိတ်ကုန်နေပြီ။

ယဲ့ကျိုနျန် က သူ့ရဲ့ ဆန္ဒမရှိတာကို မြင်ပုံရသည်။

သူက အသံနက်ဖြင့် ပြောသည်၊ “အမြန်သွား၊ ငါ့ရဲ့နည်းစနစ်က ပြီးခါနီးပြီ။

အဲ့ဒီအချိန်မှာ၊ နင်လည်း လုံးဝ လွတ်မြောက်နိုင်လိမ့်မယ်။

ဒီထက်မက တုံ့ဆိုင်းမနေနဲ့တော့!”

ယဲ့ရွှမ်ကျီ က ညင်သာစွာ သက်ပြင်းချသည်။

သူ၏ပုံရိပ်က ထိုနေရာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပဲ၊ ကောင်းကင်မှာ။

ယွင်ရိုမူ သည် သူမရဲ့ ပတ်ဝန်းကျင်ကို အမြဲတမ်း သတိထားပြီး စောင့်ကြည့်နေသည်။

သူမရဲ့ အတောင်ပံတွေ နည်းနည်း တဖျပ်ဖျပ်ခတ်နေသည်။

ကြယ်များက သူမပတ်ပတ်လည်မှာ ပျံဝဲနေကာ

သဘာဝအတိုင်း အကာအကွယ်တစ်ခုကို ဖွဲ့စည်းထားသည်။

ရုတ်တရက်။

ပုံရိပ်တစ်ခု သူမဘေးမှာ ပေါ်လာသည်။

ဒါက ယွင်ရိုမူ ရဲ့ ပခုံးကို ပုတ်လိုက်သည်။

သူမ လန့်သွားပြီး အမြန် လှည့်လိုက်သည်။

သူမရဲ့ ညာဘက်လက်က မိုးကြိုးအလင်းကို လျင်မြန်စွာ စုစည်းပြီး ထိုးနှက်ဖို့ အဆင်သင့် ဖြစ်နေသည်။

ဒါပေမဲ့ ထိုသူရဲ့ မျက်နှာကို မြင်သောအခါ။

သူမ ချက်ချင်း ရပ်သွားသည်။

သူမရဲ့ လက်ထဲက မိုးကြိုးအလင်း ချက်ချင်း ပျောက်ကွယ်သွားသည်။

“ဂျူနီယာလေး၊ မင်း ဒီကို ဘယ်လို ရောက်လာတာလဲ?”

ယွင်ရိုမူ ၏ အသံက အလွန်ကိုပဲ ကြည်နူးသွားမှန်းသိသာလွန်းနေပြီး ပျော်ရွှင်မှုတွေ ပြည့်နေသည်။

သူမကို ဒီလောက် ပျော်ရွှင်စေတဲ့သူက ယဲ့ယွီ ပဲ ဖြစ်နိုင်တယ်။

မှန်တယ်။

ပေါ်လာတဲ့သူက ယဲ့ယွီ ပဲ။

ချင်းယွင် ဂိုဏ်းကနေ ထွက်ခွာပြီးကတည်းက သူက ယွင်ရိုမူ ရဲ့ ခြေရာကို ရှာဖွေနေခဲ့တာ။

နောက်ပိုင်းတွင်၊ ဒီနေရာကို ဖြတ်သွားတဲ့အခါ သူက ရင်းနှီးတဲ့ ဝိညာဉ်လှိုင်းအတက်အကျကို ခံစားမိသည်။

ဒါကြောင့်၊ သူ ဒီနေရာကို ရှာတွေ့ခဲ့တာ။

ပထမတွင် သူ ယွင်ရိုမူ ရဲ့ ပုံရိပ်ကို မြင်သောအခါ။

ယဲ့ယွီ က သိပ်မသေချာဘူး။

သူ့ရဲ့ မှတ်ဉာဏ်ထဲမှာ။

စီနီယာအမရဲ့ အတောင်ပံတွေ ဒီလောက်မကြီးဘူး၊ ဟုတ်တယ်မလား?

ဒါတွေက ဘယ်လိုလုပ် ရုတ်တရက် အဆပေါင်းများစွာ ပိုကြီးလာတာလဲ?

ဒါပေမဲ့ သေသေချာချာ စောင့်ကြည့်ပြီးနောက်။

ဒါက တကယ်ကို စီနီယာအမ ယွင်ရိုမူ ဖြစ်တယ်ဆိုတာကို သူ အတည်ပြုခဲ့သည်။

ဒါပေမဲ့ တစ်ခုခုတော့ နည်းနည်း ကွဲပြားနေတယ်။

အခုတော့။

ယွင်ရိုမူ ရုတ်တရက် လှည့်လိုက်တဲ့အခါ။

ယဲ့ယွီ က ဘာတွေဖြစ်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။

စီနီယာအမ ယွင်ရိုမူ က အရင်အတိုင်းပဲ ရှိနေသေးတယ်။

ဒါပေမဲ့ အခုတော့ သူမမှာ တစ်ခုခု… သန့်ရှင်းမြင့်မြတ်မှု ရှိနေတယ်။

ဟုတ်တယ်၊ သန့်ရှင်းမြင့်မြတ်မှု ။

တစ်ဦးက အဝေးကနေပဲ မြတ်နိုးစွာကြည့်ပြီး လေးစားချင်စရာကောင်းအောင် လှပနေတာ။

ပြီးတော့ သူမပတ်ပတ်လည်မှာ ကြယ်တွေ ပျံဝဲနေတာနဲ့။

ဒါက တကယ်ကို ရင်သပ်ရှုမောစရာကောင်းတယ်။

ဘာက ဒီလို ရုတ်တရက် ပြောင်းလဲမှုကို ဖြစ်စေတာလဲ?

ယဲ့ယွီ မသိခဲ့ဘူး။

ဒါက ခေးအို့စ်အာရုံမှားလိပ်ပြာ သွေးလိုင်းရဲ့ နိုးထလာခြင်းပဲ။

သူမရဲ့ သွေးလိုင်း ပိုပိုပြီး နိုးထလာသည်နှင့်အမျှ။

ယွင်ရိုမူ က ပိုတောင် လှပလာလိမ့်မယ်။

ယဲ့ယွီ ရဲ့ ထူးဆန်းတဲ့ အမူအရာကို ကြည့်ပြီးတော့။

ယွင်ရိုမူ က စူးစမ်းစွာ မေးသည်၊ “ဂျူနီယာလေး၊ ဘာဖြစ်လို့လဲ?”

၃၅၇ ဆက်ရန်

All Chapters