← Chapters

အခန်း (၃၆၆)

Vol. 14 Ch. 366

အခန်း (၃၆၆)

Vol. 14 Ch. 366

တားမြစ်ထားတဲ့ နည်းစနစ်များ ဟာ ပုံမှန်အားဖြင့် လူတစ်ဦးရဲ့ အသက်ကိုပေးဆပ်မှုနဲ့သာ သုံးနိုင်တဲ့ တားမြစ်ထားတဲ့ ပညာရပ်များ ဖြစ်တယ်။

ဘယ်လိုလုပ် တစ်ယောက်ယောက်က ဒါကို ကလေးကစားသလို လွယ်ကူစွာသုံးပြနေရတာလဲ?

ဒါက အရမ်းကို ရူးနှမ်းတယ်လို့ပြောရလိမ့်မယ်!

ယုတ္တိရှိရှိ ပြောရရင် ယဲ့ယွီ ဟာ သွေးလောင် ကောင်းကင်မီးတောက် လို့ ခေါ်တဲ့ ကျင့်ကြံနည်းစနစ် ကို တကယ်ကို နှစ်သက်သည်။

ပြိုင်ဘက်မှာ သွေးနဲ့ အရွတ်တွေ ရှိသရွေ့၊ ပြင်းထန်တဲ့ ကောင်းကင်မီးတောက် ကို မီးညှိနိုင်ပြီး၊ သူတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို အစာအာဟာရအဖြစ် အသုံးပြုပြီး အရာအားလုံးကို မီးရှို့ပစ်နိုင်တယ်!

ဒါက နတ်ဆိုးမျိုးနွယ် ရဲ့ သွေးနတ်ဆိုးများ ကို တန်ပြန်ဖို့အတွက် လုံးဝ ပြီးပြည့်စုံသည်။

သို့သော်လည်း၊ သွေးမရှိတဲ့ ဒါမှမဟုတ် သွေး အရမ်းနည်းတဲ့ သတ္တဝါအချို့အတွက်၊ ဒီ တားမြစ်ထားတဲ့ နည်းစနစ် က သေစေနိုင်မှာ မဟုတ်ဘူး။

ဒါကလည်း အားနည်းချက် သေးသေးလေးတစ်ခုပဲ။

ယဲ့ယွီ က မူလက ဒီလှုပ်ရှားမှုတစ်ခုတည်းက ချွေဟဲ ကို ပြင်းထန်စွာ နာကျင်စွာ သေဆုံးစေဖို့အတွက် လုံလောက်လိမ့်မယ်လို့ ထင်ခဲ့သည်။

ဒါပေမဲ့ သူ့ကို အံ့အားသင့်စေတာက၊ အသက်ရှူ နှစ် ကြိမ်အကြာမှာပဲ၊ ကောင်းကင်မီးတောက် က လုံးဝ ငြိမ်းသွားခဲ့သည်။

ချွေဟဲ ရဲ့ ခန္ဓာကိုယ်က မီးလောင်ကျွမ်းပြီး အပေါက်တွေနဲ့ ပြည့်နေပေမဲ့၊ ဒါက ဘယ်လိုနည်းနဲ့မှ သူ့ကိုသေစေနိုင်တာ မဟုတ်ဘူး။

ဒါက ယဲ့ယွီ ရဲ့ အမူအရာကို အလွန်လေးနက်သွားစေသည်။

တာအိုလူငယ်များ မှာ တားမြစ်ထားတဲ့ နည်းစနစ်များ ကို ပယ်ဖျက်ဖို့ နည်းလမ်းတစ်ခု ရှိနေတာလား? ဒါမှမဟုတ် သူ့ရဲ့ခန္ဓာကိုယ်မှာ သွေး အရမ်းနည်းနေတာလား?

သူ့ရဲ့ နတ်ဘုရားအာရုံ နဲ့ စစ်ဆေးပြီးနောက်၊ ယဲ့ယွီ က အကြောင်းရင်းကိုတွေ့ရှိခဲ့သည်။

ချွေဟဲ ရဲ့ ခန္ဓာကိုယ်မှာ သွေး အများကြီး မရှိဘူး။

ကောင်းကင်မီးတောက် ဟာ အသက်ရှူချိန် နှစ် ကြိမ် ကြာဖို့ဆိုတာတောင် တော်တော် ခက်ခဲနေပြီ။

ဒါ့အပြင်၊ ဒါက ချွေဟဲ တစ်ဦးတည်း မဟုတ်ဘူး၊ ချန်ရှု နဲ့ ကျန်းအန်း တို့လည်း ဒီလိုပဲ ဖြစ်နေတယ်။

ဒါက ရဲရင့်တဲ့ မှန်းဆမှုတစ်ခု ယဲ့ယွီ ရဲ့နှလုံးသားထဲမှာ ပေါက်ဖွားလာစေသည်။

---

“ကောင်လေး၊ မင်းကတော်တော် သေချင်နေတာပဲ ၊ စိတ်ချ အဆိုးဝါးဆုံးနည်းတွေငါသုံးပေးမယ်!” ချွေဟဲ က သူ့ရဲ့လက်သီးများကို ကျစ်နေအောင် ဆုပ်ပြီး မာကျောသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။

သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့အတူ၊ သူက ငရဲကနေ လွတ်မြောက်လာတဲ့ လက်စားချေလိုစိတ်ပြင်းပြတဲ့ နတ်ဆိုးတစ်ဦးလို ဖြစ်နေပြီး၊ သူ့ရဲ့ အရင်က သိမ်မွေ့တဲ့ အသွင်အပြင်ကို လုံးဝ ဆုံးရှုံးသွားသည်။

ချန်ရှု နဲ့ ကျန်းအန်း တို့က ဒီ နှစ် ဦးကြားက တိုက်ပွဲကို အာရုံစိုက််ခြင်း မရှိဘူး။

သူတို့က ဟုန်လွမ်း ကို အမြန်ဆုံး သတ်ပစ်ပြီး သူတို့ရဲ့ အကျိုးအမြတ်တွေ မြန်မြန်ရဖို့ပဲ အာရုံစိုက်နေကြသည်။

ပီးမှသာ သူတို့က ချွေဟဲ ကို ကူညီဖို့ အချိန်ရလိမ့်မယ်။

သူတို့ နှစ် ဦး ဟုန်လွမ်း ကို တိုက်ခိုက်တော့မလို့ နည်းစနစ်တွေထုတ်ဖော်ဖို့ ပြင်တုန်းမှာပဲ၊ ရွှေရောင်စာလုံးတွေနဲ့ ပြုလုပ်ထားတဲ့ လှောင်အိမ်သဖွယ် ကွင်းဆက်များစွာက သူတို့ကို ချက်ချင်း နေရာမှာ တင်းကြပ်စွာ ပိတ်လှောင်ထားလိုက်သည်။

ဒါက စာပေပညာရှိကျင့်ကြံသူတစ်ဦးရဲ့ ကြီးမြတ်သော ဖြောင့်မတ်ခြင်းချီပဲ လား?

သူတို့က အနောက်ဘက် နယ်စပ်တိုက်ကြီး မှာ အများဆုံး ခရီးသွားလာကြတာ မဟုတ်ဘူးလား? သူတို့ ဘယ်လိုလုပ် အလယ်ဗဟိုတိုက်ကြီးမှာ ပေါ်လာနိုင်တာလဲ?

ချန်ရှု နဲ့ ကျန်းအန်း တို့က အလိုလိုနေရင်း နောက်လှည့်ကြည့်လိုက်ကြသည်။

သူတို့က ယဲ့ယွီ ရဲ့ ရင်ဘတ်ကနေ တောက်ပတဲ့ ရွှေရောင်အလင်း ထွက်လာတာကို မြင်လိုက်ရပြီး၊ မရေမတွက်နိုင်တဲ့ ရွှေရောင်စာလုံးတွေက သူ့ပတ်ပတ်လည်မှာ အလိုအလျောက် လည်နေပြီး၊ နတ်ဘုရားစာပေပညာရှင်တစ်ဦး ဆင်းသက်လာသလို ဖြစ်နေသည်။

တစ်ဖက်မှာ၊ ဟုန်လွမ်း က ဒီမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေပြီး၊ လုံးဝ ထိတ်လန့်တုန်လှုပ်သွားသည်။

ထိပ်တန်းအဆင့် စာပေနတ်ဘုရားနည်းစနစ် လား?

သူမရဲ့ ကိုယ်ပိုင်တပည့်က ထိပ်တန်းအဆင့် စာပေနတ်ဘုရားနည်းစနစ် ကို တကယ်တမ်း ကျင့်ကြံနိုင်ခဲ့တာလား?

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

လူတစ်ဦးက အလွန်ကိုပြင်းထန်တဲ့တသက်စာ စာပေလေ့လာကျင့်ကြံမှုတွေကို ကြီးမားတဲ့ ကံ နဲ့ ပေါင်းစပ်မှသာ စာပေနတ်ဘုရားနည်းစနစ် ကို ကျင့်ကြံနိုင်ဖို့ ဖြစ်နိုင်ခြေတစ်ခု အရမ်းနဲနဲလေး ရှိတယ်ဆိုတာ သိရမယ်။

ဒါပေမဲ့ ယဲ့ယွီ က ထိပ်တန်းအဆင့် စာပေနတ်ဘုရားနည်းစနစ် ကို ချက်ချင်း ပြသခဲ့သည်။

ဒီကိစ္စက အရမ်းကို ထူးဆန်း နေတယ်!

သူမ ဒီကောင်လေး စာအုပ်ဖတ်တာကို တစ်ခါမှ မမြင်ဖူးဘူး။

သူက တစ်နေ့လုံး အိပ်နေတာ မဟုတ်ဘူးလား?

သူက သူ့ရဲ့ အိပ်မက်တွေထဲမှာ ဖတ်တာ ဖြစ်နိုင်သလား? အကယ်၍ ဒါက တကယ်တမ်း အဲဒီလိုဆိုရင်၊ ဒါက အရမ်းကို အံ့သြစရာမကောင်းဘူးလား?

ဟုန်လွမ်း က ရင်တွေခုန်ပြီး အသက်ရှူမြန်လာတဲ့အတွက်သူမရဲ့ မို့မောက်သော ရင်အုံမှာ နိမ့်ချီမြင့်ချီဖြင့် အလွန်ဆွဲဆောင်အားကောင်းနေခဲ့သည်။

ယဲ့ယွီ က ကဗျာရွတ်ပြီး လူတွေကို စကားလုံးတွေရဲ့ ခွန်အားကို ကိုယ်တိုင် ကိုယ်ကျ ခံစားစေလိမ့်မယ်လို့ သူမ တွေးနေတုန်းမှာပဲ၊

ရုတ်တရက် ယဲ့ယွီ က ရှေ့ကို တစ်လှမ်းတက်တာကို မြင်လိုက်ရသည်။

သူ့ပတ်ပတ်လည်က စာလုံးတွေ ချက်ချင်း ပျောက်ကွယ်သွားသည်။

ကောင်းကင်ရဲ့အထက်မှာ၊ မရေမတွက်နိုင်တဲ့ အပြာရောင်လင်းလက်လွန်းတဲ့ ကြယ်တံခွန်လိုအရောင်တွေဟာ နေ့ခင်းကြောင်တောင်မှာ ပေါ်လာခဲ့သည်။

တောက်ပမှုက ပြင်းပြင်းထန်ထန် ပူပြင်းတဲ့ နေရောင်ထက်တောင် ပိုပြီး တောက်ပနေသည်။

ဒါက သဘာဝဖြစ်စဉ်တစ်ခုကိုဆန့်ကျင်လွန်းနေတဲ့ တန်ခိုးရှင်တပါးရဲ့ ရှင်းလင်းတဲ့ လက္ခဏာပဲ။

ပြီးတော့ ယဲ့ယွီ က လက် နှစ် ဖက်စလုံးနဲ့ ထိန်းချုပ်လိုက်တဲ့အခါ၊ ပိုပြီး မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခု ပေါ်လာသည်- ကြယ်တွေ ရွေ့လျားသွားသည်!

ကြယ်တွေက အလိုအလျောက်အလွန် ကြီးမားတဲ့ အစီရင် ပုံစံ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ချွေဟဲ ၊ ချန်ရှု နဲ့ ကျန်းအန်း တို့ကို လုံးဝ ဝန်းရံထားလိုက်သည်။

ထို့နောက် ဆိုင်ကလုန်းမုန်တိုင်းကြီးတခုသဖွယ် လှိုင်းထန်နေတဲ့ ဝိညာဉ်ဖိအား က မိုင်တစ်ထောင် အတွင်းက မြေပြင်ကို တော်လဲသံများ တဂျိမ်းဂျိမ်းမြည်စေကာ တုန်ခါစေခဲ့သည်။

မရေမတွက်နိုင်တဲ့ ကြယ်ရောင်တွေက ဧရာမ တောင်တန်းကြီးတခုသဖွယ်ကြီးမားသော ရှေးဟောင်း ညနဂါး တစ်ကောင်လို ပုံဖော်ပြီး၊ ချွေဟဲ ၊ ချန်ရှု နဲ့ ကျန်းအန်း တို့ဆီကို နားကွဲမတတ် အော်ဟစ်ပြီး တိုက်ခိုက်ခဲ့သည်။

ထိုနဂါးကြီးက တာအိုလူငယ် သုံး ဦးကို မြွေကဖားကိုမျိုသည်ထက်အဆများစွာမြန်သည့်နုုန်းဖြင့် ပါးစပ်ကြီးကိုဖြဲကာ တစ်ခါတည်း မြိုချလိုက်သည်။

သူတို့ကို လုံးဝ မြိုချလိုက်ပြီးနောက်၊ ရှေးဟောင်း ညနဂါး က သူ့ရဲ့ခန္ဓာကိုယ်ကို လှည့်ပတ်ပြီးတော့ မိုးချုန်းသံနဲ့အတူ ပေါက်ကွဲသွားသည်။

ပေါက်ကွဲလာတဲ့ အားပြင်းတဲ့ ချီ လှိုင်းက မြင်နိုင်သမျှနေရာမှာ ရှိသမျှအရာတိုင်းကို စိစိညက်ညက်ကျေစေကာ ဘာအနှောင့်အယှက်မှ မချန်ထားခဲ့ဘူး။

ပေါက်ကွဲမှုရဲ့ ဗဟိုချက်က ကြီးမားပြီး အောက်ခြေမရှိတဲ့ အသူရာတွင်းနက်ကြီးတစ်ခု ဖြစ်လာသည်။

ဟုန်လွမ်း ရဲ့ ဝတ်ရုံတွေက ချီ လှိုင်းမှာ အရိုင်းဆန်စွာ လွင့်နေကာ သူမရဲ့ကောက်ကြောင်းတွေပေါ်နေပေမဲ့၊ သူမက ဒါကို ဂရုမစိုက်ခဲ့ဘူး။

သူမကအိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာ သေချာအောင် မယုံကြည်နိုင်စွာနဲ့ သူမရဲ့မျက်လုံးတွေကို ပွတ်လိုက်သည်။

ပထမဆုံး၊ မီးဓာတ် ပညာရပ်တစ်ခုက အချိန်တိုအတွင်းမှာပဲ အဖြူရောင်ဝတ်ရုံ တာအိုလူငယ် တွေကို ထိခိုက်နိုင်စွမ်း ရှိတယ်၊ ဒါကြောင့် သူ့ရဲ့အဆင့်က သဘာဝအတိုင်း မနိမ့်ဘူး။

အဲဒီနောက်၊ သူက ထိပ်တန်းအဆင့် စာပေနတ်ဘုရားနည်းစနစ် ကို ထုတ်ဖော်ခဲ့ပြီး၊ သူ့ပတ်ပတ်လည်မှာ အရမ်း နက်ရှိုင်းတဲ့ ကြီးမြတ်သော ဖြောင့်မတ်ခြင်းချီ ရှိနေတာကြောင့် ဒါက လောက ကလူတိုင်းရဲ့ လေးစားမှုကို ဖြစ်ပေါ်စေတယ်။

သူက နတ်ဘုရားချီစကားလုံးတွေနဲ့ ပဲနည်းစနစ်သုံးကာ သတ်ပစ်ဖို့ ပြင်ဆင်နေတယ်လို့ သူမ ထင်နေတုန်းမှာပဲ၊ သူက သူ့ရဲ့ ကြီးမြတ်သော ဖြောင့်မတ်ခြင်းချီ ကို ဘောလုံးသမားတွေဂိုးသွင်းခါနီးဖိန့်သလိုမျိုးပဲ စွန့်ပစ်လိုက်ပြီး အစီရင်ပုံစံ တွေနဲ့ တိုက်ခိုက်ပြခဲ့ပြန်သည်။

ကျင့်ကြံနည်းစနစ် ကတောင် ကောင်းကင်ပေါ်က ကြယ်တွေကို ပြောင်းလဲနိုင်လောက်အောင် အစွမ်းထက်တယ်။

ဒီလိုလူတစ်ဦးက တကယ်ကို သူမရဲ့တပည့်လား?

ဒါ့အပြင်၊ “ အရာအားလုံးကို ဆုပ်ကိုင်ထားရင်၊ အရာအားလုံးကို ဆုံးရှုံးလိမ့်မယ် ” ဆိုတဲ့ စကားဟောင်းက မဟုတ်ဘူးလား?

ယဲ့ယွီ ဘာပဲ ကျင့်ကြံကျင့်ကြံ၊ သူက ဘယ်လိုလုပ် ဒါကို ပြီးပြည့်စုံစွာ ကျွမ်းကျင်နေရတာလဲ? လုံးဝ မဖြစ်နိုင်တော့ဘူးမလား?

အခုထိလောကကြီးမှာ တရားမျှတမှု ရှိနေသေးသလား? အခုထိ အကြောင်းပြချက် ရှိနေသေးသလား? ဒါက တကယ်ကို ရှင်းပြလို့မရဘူး။

နောက်တစ်စက္ကန့်မှာ၊ ဟုန်လွမ်း က သူမရဲ့မျက်နှာ နီရဲသွားတာကို ရုတ်တရက် ခံစားလိုက်ရသည်။

နာရီဝက် အကြာက သူမက ယဲ့ယွီ ကို သူမက အလယ်ဗဟိုတိုက်ကြီးမှာ အစွမ်းအထက်ဆုံးပဲ၊ လောကတိုက်ကြီးများစောင့်ရှောက်သူအဖွဲ့ လို့ အမည်ပြောင်ပေးထားတယ်၊ စစ်မှန်တဲ့ ပါရမီရှင် ကျင့်ကြံသူ တစ်ဦးပဲလို့ ယုံကြည်ချက်ရှိစွာ ပြောခဲ့တယ်ဆိုတာ သတိရလိုက်တယ်။

ဒီတောက်ပတဲ့ ခေါင်းစဉ်တွေအားလုံးက အခုတော့ သူမအတွက် ကြီးမားတဲ့ ဟာသတစ်ခုလို ဖြစ်နေသည်။

ဒါက တကယ်ကို ရှက်စရာကောင်းလွန်းတယ်!

---

ယဲ့ယွီ က လေလယ်မှာ ရပ်နေပြီး၊ သူ့ရဲ့ သတိကို မလျှော့ချဘူး၊ သူ့ရဲ့အကြည့်က နက်နဲတဲ့ တွင်းနက်ကြီးပေါ်မှာ ရှိနေတုန်းပဲ။

အသက်ရှူ အနည်းငယ် အကြာတွင်၊ ပုံရိပ် သုံး ခု ရုတ်တရက် ထွက်လာသည်။

ဒါက အတိအကျဆိုရရင် ချွေဟဲ ၊ ချန်ရှု နဲ့ ကျန်းအန်း တို့ပဲ။

ဒီအချိန်မှာ၊ သူတို့က မယုံနိုင်လောက်အောင် ပုံပျက်ပန်းပျက် ဖြစ်နေပြီး၊ သူတို့ရဲ့ခန္ဓာကိုယ်တွေ မပြည့်စုံတော့ဘူး။

ချွေဟဲ က အပြင်းထန်ဆုံး ဒဏ်ရာရခဲ့ပြီး၊ သူ့ရဲ့ ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ခြေထောက်က ပျောက်ဆုံးနေနှင့်ပြီးပြီ။

ဒါပေမဲ့ ထူးဆန်းစွာပဲ၊ သွေးထွက်နေတာမရှိဘူး။

တခြား နှစ် ဦးက သူ့ထက် အနည်းငယ် ပိုကောင်းတယ်လို့ပဲ ပြောနိုင်တယ်။

လက်ရှိမှာ၊ ဒီ တာအိုလူငယ် သုံး ဦးက သူတို့ရဲ့ အရင်က မာနကြီးမှုတွေကို လုံးဝ ဆုံးရှုံးသွားခဲ့ကြသည်။

သူတို့ရဲ့ မျက်လုံးတွေက ယဲ့ယွီ ကို ကြည့်တဲ့အခါ၊ အခုတော့ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပါလာသည်။

ရှင်းနေတာက၊ သူတို့ထဲက ဘယ်သူမှ ဒီလူကလည်း ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။

ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံနည်းစနစ် ရဲ့ နက်နဲမှုနဲ့ သူ့ရဲ့စွမ်းအားရဲ့ ခွန်အားက သူတို့ရဲ့ စိတ်ကူးထက် အများကြီး ကျော်လွန်နေသည်။

သူတို့ကို ကြောက်စရာကောင်းတယ်လို့ပဲ ဖော်ပြနိုင်တယ်။

ဒီကောင်လေးကိုသတ်ဖို့ဆိုတာက အခုတော့ ဘယ်လိုမှဖြစ်မလာနိုင်တော့ဘူး။

သူတို့ရဲ့ တစ်ခုတည်းသော အတွေးက အရင်ဆုံး ထွက်ပြေးဖို့ပဲ။

ဒါကြောင့်၊ ကျန်းအန်း ၊ ချန်ရှု နဲ့ ချွေဟဲ တို့က ချက်ချင်း ကွဲပြားတဲ့ လမ်းကြောင်းတွေဆီကို ထွက်ပြေးခဲ့ကြပြီး၊ သူတို့ကိုယ်သူတို့ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု လောက်ရရှိဖို့ မျှော်လင့်ခဲ့ကြသည်။

ဒါပေမဲ့ ရှင်းနေတာက၊ သူတို့က ယဲ့ယွီ ရဲ့ ထက်ရှလွန်းနေတဲ့ သတ်ဖြတ်လိုစိတ်ကို လျှော့တွက်ခဲ့ကြသည်။

သူတို့ သုံး ဦး မီတာတစ်ရာတောင် မပျံသန်းရခင်မှာပဲ၊ သူတို့က ရုတ်တရက် ရပ်တန့်သွားကြသည်။

ဘာကြောင့်လဲဆိုတော့ သူတို့က ပတ်ဝန်းကျင်မှာ ဓားရည်ရွယ်ချက် တွေနဲ့ ပြည့်နေပြီဆိုတာ တွေ့ရှိခဲ့လို့ပဲ။

မှန်တယ်လေ။

သူတို့ ညနဂါး က မြိုချခံရတုန်းက၊ ယဲ့ယွီ ဟာ ဟောက်ရမ်း နှလုံးဓားနည်းစနစ် ကို တိတ်တဆိတ် စတင်ခဲ့နှင့်ပြီးပြီ။

အသက်ရှူ အနည်းငယ် အတွင်းမှာပဲ၊ သူက ဓားချီ ကို နေရာတစ်ခုလုံးမှာ ပြန့်ပွားစေခဲ့ပြီး၊ သူတို့ ကို တားဆီးဖို့အတွက်နဲ့တခါတည်းအပြတ်ရှင်းဖို့အတွက် အတိအကျတွက်ချက်ပြီး လုပ်ခဲ့တာ။

အခုတော့၊ ဒါက ပြီးပြည့်စုံစွာ ချိတ်ဆက်သွားပြီ။

ယဲ့ယွီ ရဲ့ အတွေးတစ်ခုနဲ့အတူ၊ ဒီ တာအိုလူငယ် သုံး ဦးက ဓားချက်ပေါင်းသိန်းချီပိုင်းချခံလိုက်ရကာ အက်တမ်မြူ အမှုန်လေးများအဆင့်ထိအောင် ချက်ချင်း ပျက်စီးသွားသည်။

ကောင်းကင်နဲ့မြေကြားမှာ၊ ပြီးပြည့်စုံတဲ့ အေးချမ်းမှု ပြန်လည်ရောက်ရှိလာသည်။

ယဲ့ယွီ က မတွန့်ဆုတ်ခဲ့ဘူး။

သူက ချက်ချင်း ရှေ့ကို တက်ပြီး သေဆုံးသွားတဲ့ ချွေဟဲ ရဲ့ရှေ့ကို ရောက်လာသည်။

သူက အချိန်ကုန်လွန်သွားတာနဲ့အမျှ၊ ချွေဟဲ ရဲ့ ခန္ဓာကိုယ်ဟာ ကွဲအက်နေတဲ့ ကြွေထည်တစ်ပိုင်းလို မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေ ပေါ်လာစပြုတာကို ရုတ်တရက် သတိထားမိလိုက်သည်။

ကျန်းအန်း နဲ့ ချန်ရှု တို့လည်း အတူတူပဲ ဖြစ်နေသည်။

ဒီအရာအပြင်၊ သူတို့ သုံး ဦးလုံးမှာ နောက်ထပ် တူညီချက်တစ်ခု ရှိသည်- သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ထူးဆန်းတဲ့ မွှေးရနံ့တစ်ခု။

ဒီရနံ့က ယဲ့ယွီ အတွက် အရမ်း ရင်းနှီးတယ်။

---

တစ်ချိန်တည်းမှာပဲ၊ ကောင်းကင်ဘုံလောကမှာ၊ ငါးဖမ်းသမား သုံး ဦးရဲ့ လက်ထဲက ငါးမျှားကြိုးတွေက ချက်ချင်း ပြတ်တောက်သွားသည်။

သူတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေက အလွန် ရုပ်ဆိုးနေသည်။

၃၆၇ ဆက်ရန်

All Chapters