← Chapters

အခန်း (၃၆၈)

Vol. 14 Ch. 368

အခန်း (၃၆၈)

Vol. 14 Ch. 368

ရက်အနည်းငယ်ခန့် ကြာသောအခါ

ဝူကျီ တောင်ထိပ်ပေါ်မှာ သစ်သားတဲ ဆယ် လုံးကျော် လှပစွာ ဆောက်ထားပြီးပြီ။

အဲဒီထဲက တစ်လုံးက ယွင်ရိုမူ ရဲ့ဟာ ဖြစ်တယ်။

ဆောက်လုပ်ရေးခန်းမက တပည့်တွေ အဲဒီအချိန်တုန်းက အတော်လေးကို ရှုပ်ထွေးနေခဲ့တယ်။

ပုံမှန်ဆိုရင်၊ ချင်းယွင်ဂိုဏ်း ရဲ့ သန့်ရှင်းသော သမီးတော် သူတော်စင်နတ်သမီး က သာလွန်တဲ့ အဆင့်အတန်းရှိပြီး၊

သူမမှာ သူ့ရဲ့ကိုယ်ပိုင် သီးသန့် ကျင့်ကြံဖို့ အရမ်းကောင်းတဲ့နေရာ ရှိပီးသားပဲဖြစ်တယ်။

ဒါဆို ဘာလို့ အကြောင်းရင်းမရှိဘဲ ဝူကျီ တောင်ထိပ်မှာ နေထိုင်နေတာလဲ?

ယွင်ရိုမူ က ဆောက်လုပ်ရေးခန်းမရဲ့ တပည့်တွေကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့တယ်၊

သူမ ဝူကျီ တောင်ထိပ်ကို ရောက်လာရတဲ့ အကြောင်းရင်းက သူမရဲ့ ခင်ပွန်းသည်ရဲ့ ဘေးမှာ ချစ်ခင်စွာ နေထိုင်ဖို့ပဲ။

ဒါကို ကြားတော့၊

တပည့်တွေက ပါ့းစပ်အဟောင်းသားနဲ့ ထိတ်လန့်သွားကြတယ်။

မကြာခင်မှာပဲ၊ ဒီသတင်းကတောမီးပမာ ပျံ့နှံ့သွားတယ်။

ချင်းယွင်ဂိုဏ်း တစ်ခုလုံး နွားတင်းကုတ်ထဲ ကျားဝင်ဆွဲသလို ဆူညံနေတယ်။

သူတို့ နောက်ဆုံးတော့ သူတော်စင်နတ်သမီး ရဲ့အချစ်ဇာတ်ကြမ်းကို ဖုံးကွယ်ထားတာ ရပ်ပြီး လူသိရှင်ကြား လုပ်လိုက်ပြီလား?

ဝူကျီ တောင်ထိပ်ပေါ်မှာ ယဲ့ယွီ က တစ်ဦးတည်းသော အမျိုးသားဖြစ်ပီးသူ့မှာ မယားများစွာရှိတယ်ဆိုတာ လူတိုင်း သိကြတယ်။

ဒါကြောင့်၊ သဘာဝအတိုင်း၊ သူမက သူမရဲ့ ခင်ပွန်းသည်အကြောင်း ပြောတဲ့အခါ၊ တပည့်တွေမှာ အားလုံးကသူ့အစားရှက်သလိုလိုတောင်ခံစားမိကြသေးတယ်။

ဒါပေမဲ့ အဲဒီနောက်မှာ၊ ရှုပ်ထွေးမှုက တစ်ဖန် ပေါ်ပေါက်လာပြန်တယ်။

ဝူကျီ တောင်ထိပ်ပေါ်မှာ ထူပါချီယွဲ့ နဲ့ ရွှဲ့မူလင်း အပါအဝင် ရင်သပ်ရှုမောဖွယ်ရာ အမျိုးသမီး နတ်ဘုရား တစ်ဆယ့်ငါး ဦး ရှိနှင့်ပြီးသား။

ရှင်းနေတာက၊ သူတို့အားလုံးက ယဲ့ယွီ ကြောင့် ဒီကို ရောက်လာကြတာ။

ဒါဆို၊ ယွင်ရိုမူ ၊ မင်း ဘာလို့ အခုထိ ဒီမယားလုပ်တမ်းကစားနည်းမှာ ပျော်ပါးစွာ ပါဝင်နေရတာလဲ?

မင်း ဒါကို တကယ်တမ်း ဆန္ဒရှိရှိနဲ့ လုပ်တာလား?ဒါကိုကစားနေမဲ့အစား စကွစ်ဂိမ်းပဲ သွားဆော့လိုက်ပါတော့လား။

ဘာပဲဖြစ်ဖြစ်၊ မင်းက ချင်းယွင်ဂိုဏ်း ရဲ့ သန့်ရှင်းသော သမီးတော် ၊ ဂိုဏ်းချုပ် လော့ဇေ ရဲ့ နတ်သမီး။

ဒီလို အဆင့်အတန်းနဲ့၊ ကမ္ဘာပေါ်က မင်းလိုချင်တဲ့ ပါရမီရှင်ကို မင်း ခေါင်းခေါက်ရွေးပီး ပိုင်ဆိုင်နိုင်တယ်။

ဘာလို့ တခြားသူတွေ အများကြီးနဲ့ ပြိုင်ဆိုင်ဖို့ ဂရုစိုက်နေရတာလဲ?

ချင်းယွင်ဂိုဏ်း က လူတိုင်းက ယွင်ရိုမူက လင်စိတ်မွှန်ကာ စိတ်ဖောက်ပြန်သွားပြီလို့ ထင်ခဲ့ကြတယ်။

ပြီးတော့ သူတို့အားလုံးက ဂိုဏ်းချုပ် လော့ဇေ ဘယ်လိုမှ မနေနိုင်ပဲ ဝင်ရောက်စွက်ဖက်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။

ဒါပေမဲ့ လူတိုင်းကို အံ့အားသင့်စေတာက၊

ရက်အနည်းငယ် ကြာအောင်၊

ဂိုဏ်းချုပ် လော့ဇေ က ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ဘူး၊

ဒါကို တိတ်တဆိတ် သဘောတူနေပုံရတယ်။

ဘာ!

ဒီဖြစ်ရပ်က ချင်းယွင်ဂိုဏ်း က တပည့်တွေကို ယဲ့ယွီ အတွက် လေးစားမှုနဲ့ ရူးသွပ်စေခဲ့တယ်။

တာအိုဟောပြောခြင်း တောင်ထိပ်က “ကျွန်တော်နဲ့ သန့်ရှင်းသော သမီးတော်ကြားက မပြောမဆို ဇာတ်လမ်း” ကို စာစဉ်အသစ်အတွက် ရေးသားနေတာတောင် ရပ်သွားခဲ့တယ်။

အစားထိုးအနေနဲ့၊ သူတို့က “ယဲ့ယွီရဲ့ လိမ်လည်လှည့်ဖြားတဲ့ ဘဝ”စာအုပ် ကို စတင် ရေးသားခဲ့ကြတယ်။

ယဲ့ယွီဟာ

ဘာမှကို မဟုတ်တဲ့ အပြင်စည်းတပည့်အဆင့်ကနေ စတင်ပြီး၊

ကျင့်ကြံမှုလောကထဲက အင်အားမရှိတဲ့ လက်ဝေခံတစ်ဦး ဖြစ်ဖို့ ကံကြမ္မာပါခဲ့တယ်။

ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာကို သူကိုယ်တိုင် ထိန်းချုပ်နိုင်ခဲ့တယ်။

ပထမဆုံး၊ သူက တာချန် မင်းဆက်ရဲ့ ဧကရီ ကို အချစ်ကျော့ကွင်းထဲမှာ ဖမ်းမိခဲ့တယ်၊ ပြီးတော့ ဂိုဏ်းရဲ့ သန့်ရှင်းသော သမီးတော်ရဲ့ စိန်ထက်မာကျောတဲ့နှလုံးသား ကို စိန်ခေါ်ဖို့ လှည့်ပြန်ခဲ့တယ်၊ ခြောက်လ အတွင်းမှာ၊ သူကဒီနှစ်ယောက်သာမကပဲ

ရင်သပ်ရှုမောဖွယ်ရာ တာအို အဖော်ပေါင်းများစွာကိုတောင် ရရှိခဲ့တယ်။

ဒါ့အပြင်၊ ဝူကျီ တောင်ထိပ်ပေါ်က အမျိုးသမီးတွေရဲ့ အများစုက ကပ်ဘေးဖြတ်ကျော်အဆင့်မှာ ရှိနှင့်ပြီးသားလို့ ကောလာဟလတွေ ရှိခဲ့တယ်။

ဘာ?

ပါရမီရှင်တစ်ဦးလား?

ပါရမီရှင်ဆိုတာ ငါ့ဇနီးဖြစ်ဖို့ အနိမ့်ဆုံးစာမေးဝင်ခွင့်လက်မှတ်ပဲ

မင်းမှာ ကပ်ဘေးဖြတ်ကျော်အဆင့် အစွမ်းမရှိရင်၊ မင်းက ကျွန်တော့်ရဲ့ တာအို အဖော် ဖြစ်ဖို့တောင် အရည်အချင်းမပြည့်မီဘူး။

ပြီးတော့ အဲဒါကတောင် ယဲ့ယွီရဲ့ ကြောက်ခမ်းလိလိ အစွမ်းအထက်ဆုံးအပိုင်း မဟုတ်သေးဘူး။

သူ့ရဲ့ အံ့အောဘနန်းဖြစ်လောက်အောင် အစွမ်းအထက်ဆုံးအပိုင်းက သူက ဒီ ကပ်ဘေးဖြတ်ကျော်အဆင့် အစွမ်းထက်သူ တစ်ဆယ့်ငါး ဦးကို ငြိမ်းချမ်းစွာ အတူတကွ နေထိုင်အောင် လုပ်နိုင်ခဲ့တာ။

ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ၊

သန့်ရှင်းသော နယ်မြေ ရဲ့ ဂိုဏ်းချုပ် လော့ဇေ ရဲ့ သန့်ရှင်းသော သမီးတော် ရဲ့ မွေးစားဖခင်ကတောင် ဒါကို တိတ်တဆိတ် ခွင့်ပြုခဲ့တယ်။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဘဝမျိုးကို ဘယ်သူက လေးစားဖို့ မရဲမှာလဲ?

ရိုးရိုးသားသား ပြောရရင်၊ ပေါ့ပေါ့ပါးပါး ဝတ္ထုတွေအတွက် ပုံမှန် ဖွဲ့စည်းပုံကတောင် ဒီလိုမျိုး ရေးဖို့ မရဲဘူး။

ဒါပေမဲ့ ဒါက တကယ်တမ်း ဖြစ်ပျက်ခဲ့တယ်။

ဘယ်သူ ရှင်းပြနိုင်မလဲ?

“ယဲ့ယွီရဲ့ လိမ်လည်လှည့်ဖြားတဲ့ ဘဝ” ကို တာအိုဟောပြောခြင်း တောင်ထိပ်က ထုတ်ဝေလိုက်တာနဲ့၊

ဒါကို ချင်းယွင်ဂိုဏ်း က တပည့်တွေ ချက်ချင်း ငွေကြေးတောင်းသလောက်ပေးကာ ဝယ်ပြီး ချောင်တခုထဲကို တစ်ရှုးအချို့နဲ့အတူ (လွမ်းခန်းတွေပါရင်မျက်ရည်သုတ်ဖို့) ဆွဲယူသွားကြတယ်။

စာအုပ်ကရောင်းမလောက်အောင် ပြတ်လပ်မှုကြောင့်၊

တပည့်များစွာဟာ ဒါကို အရင်ဆုံး ရဖို့အတွက်တောင် ရန်ဖြစ်ခဲ့ကြတယ်၊

စာအုပ်ကို အရင်ဆုံး လက်ထဲ ရဖို့အတွက်ပဲ။

နှစ်ရာ ပေါင်းများစွာ တစ်ကိုယ်ရေသမား ဖြစ်ခဲ့တဲ့ တပည့်များစွာဟာ ယဲ့ယွီ ကို သူတို့ရဲ့ ဖူးစာရေးနတ်မင်းဘိုးဘေးအဖြစ် လေးစားနေပြီးသားဆိုတာ သိရတယ်။

စကားတစ်ခု ရှိတယ်-

“ ဘိုးတော်ယဲ့ယွီ ကို ယုံကြည်ပါ၊ ပသ ပါ ၊ ဆီး(ဆည်း)ကပ်ပါ တာအို အဖော် ရလိမ့်မယ်။”

တစ်နေ့ကို သုံး ကြိမ် ဆုတောင်းပါ၊ နံနက်၊ နေ့လယ်နဲ့ ညနေ၊ တစ်ကြိမ်မှ မလွတ်စေနဲ့။

စိတ်ရင်းမှန်တဲ့ ယုံကြည်မှုနဲ့၊ ဒါက အံ့ဖွယ်အမှုတွေ လုပ်ဆောင်နိုင်တယ်။

အခု၊ ဘိုးဘေးရဲ့ အကွက်ဆန်းများစွာပါတဲ့ စာအုပ်တွေက ရောင်းချနေပြီ။

သူတို့ ဘယ်လိုလုပ် ဒါကို အရူးအမူး မဖြစ်ဘဲ နေနိုင်မှာလဲ?

သူတို့ ဒါကို စောစော ဝယ်ရမယ်၊ တစ်ဆင့်ပြီးတစ်ဆင့် လေ့လာပြီး မှန်ကန်တဲ့ လမ်းကြောင်းကို ရှာရမယ်!

---

ဝူကျီ တောင်ထိပ်ပေါ်မှာ၊

ပိုင်မြောင်လန် ရဲ့ မျက်နှာက သူမရဲ့ လက်ထဲက “ယဲ့ယွီရဲ့ လိမ်လည်လှည့်ဖြားတဲ့ ဘဝ” ကို ကြည့်ရင်း ဒေါသနဲ့ ဖြူဖျော့နေတယ်။

သူမရဲ့ စိတ်ပျက်မှုက ရင်ဘတ်ထဲမှာ လောင်ကျွမ်းနေတယ်။

ကောင်းပြီ၊ ယဲ့ယွီ ။

မင်း ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လဲဆိုတာကို အခုထိ ငါ မသိခဲ့ဘူး။

ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး!

မဖြစ်ဘူး၊ ငါတို့ ဒီအကြောင်းကို သေချာ စကားပြောရမယ်!

ပိုင်မြောင်လန် က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်၊

ယဲ့ယွီ ကို တစ်ဖန် ပြန်ရှာဖို့ အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။

ဝူကျီ တောင်ထိပ်ပေါ်မှာ အပျင်းကြီးစွာထိုင်နေရင်း လင်တော်မောင်ဆောင်တော်ကူးတာကို မျှော်နေရတဲ့ ဒီဘဝက သူမအတွက် တကယ်ကို မသင့်တော်ဘူး။

သူမ တခြားအရပ်ကို ပျံသန်းကာထွက်သွားတော့မလို့လုပ်နေစဉ်

ပုံရိပ် နှစ် ခု သူမဆီကို အရှိန်အဟုန်နဲ့ လာနေတာကို ရုတ်တရက် မြင်လိုက်ရသည်။

သူတို့ထဲက တစ်ဦးက သဘာဝအတိုင်း သူမရဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ခင်ပွန်းသည် ယဲ့ယွီ ။

ပိုင်မြောင်လန် က အလိုလို ပြုံးလိုက်သည်၊

ဒါပေမဲ့ သူမရဲ့ဘေးက အနီရောင်ဝတ်ရုံ ဝတ်ထားတဲ့ ရင်သပ်ရှုမောဖွယ်ရာ အမျိုးသမီးတစ်ဦးကို မြင်တဲ့အခါ၊

သူမရဲ့ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။

နာကျင်မှု၊ နာကျင်မှုက ဒီရင်ဘတ်ကြီးကို မခံမရပ်နိုင်အောင်ပါပဲ။

အလယ်ဗဟိုတိုက်ကြီး ထဲကို ဝင်ရောက်လာကတည်းက၊

ပိုင်မြောင်လန် က လှပတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့တိုင်း၊ သူတို့က ယဲ့ယွီ ရဲ့ တာအို အဖော်တွေ ဖြစ်နေတာကို သိခဲ့တယ်။

ဒါက တစ်ခါမှ မမှားခဲ့ဘူး။

တကယ်တော့၊ ယဲ့ယွီ မပြန်လာခင်ကတောင်၊ တာအို အဖော်တွေက သူ့မိန်းမဖြစ်ဖို့ မျိုးစုံအသက်ပင်သေသေ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတယ်။

ယွင်ရိုမူ က ဒီအရာအတွက် ပြီးပြည့်စုံတဲ့ ဥပမာပဲ။

အရာအားလုံးကို စဉ်းစားကြည့်တော့၊

အနီရောင်ဝတ်ရုံ ဝတ်ထားတဲ့ ဒီအမျိုးသမီးက ယဲ့ယွီ ရဲ့ တာအို အဖော်ဖြစ်ဖို့သေချာတဲ့ ဝိသေသလက္ခဏာတွေအားလုံးနဲ့ ကိုက်ညီနေတယ်။

သူမက ရင်သပ်ရှုမောဖွယ်ရာ လှပပြီး ယဲ့ယွီ ကိုယ်တိုင်က အတူတူပျံသန်းရင်း ဒီမယားစုရပ်ကွက်ထဲကို ခေါ်လာတာ။

သူမက သူ့ရဲ့ တာအို အဖော်ဆိုတာ လုံးဝသေချာတယ်။

ဒါက ဒေါသထွက်စရာပါ။

နောက်ထပ် ပြိုင်ဘက်တစ်ဦး!

ပိုင်မြောင်လန် ရဲ့ မျက်လုံးတွေက တဖြည်းဖြည်း အေးစက်လာသည်။

နင်ငါ့ကိုနောက်ကျော ဓါးနဲထိုးမယ်ဆိုရင်တောင် ငါကခါးကော့ပေးမဲ့သူပါ။ ခုတော့ မလွန်လွန်းဘူးလား။

---

ယဲ့ယွီ က ပိုင်မြောင်လန် ကို ဝူကျီ တောင်ထိပ်ပေါ်မှာ မတ်တပ်ရပ်နေတာ မြင်တဲ့အခါ၊

သူကလည်း အံ့ဩသွားခဲ့တယ်။

ဒါက မဖြစ်နိုင်သလိုပါပဲ။

နတ်ဆိုးလောကဘုံ ကနေ ဒီရှေးဟောင်းနတ်ဆိုးသခင်မကြီး က ဘယ်လိုလုပ် ဒီကို ရောက်အောင်လာခဲ့တာလဲ?

သူက မူလက သူမကို နတ်ဆိုးဘုံထိသွားရှာဖို့ စီစဉ်ထားခဲ့တာ၊

ဒါပေမဲ့ အခုတော့၊ သူမက ဖိတ်မခေါ်ဘဲရောက် လာခဲ့တယ်။

ယဲ့ယွီ ပြုံးလိုက်သည်၊

ပြီးတော့ ဟုန်လွမ်း နဲ့အတူ ပိုင်မြောင်လန် ရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း လှပငြိမ်သက်စွာ ဆင်းသက်လိုက်သည်။

သူ့ရဲ့အလွန် ညှို့ငင်အားကောင်းဆော်ကြည်သော လေသံဖြင့် ညင်သာစွာ ပြောသည်၊ “မင်းရဲ့ စိတ်ထဲမှာ မေးစရာ မေးခွန်းများစွာ ရှိရမယ်ဆိုတာ ငါ သိပါတယ်။

ဒါကြောင့်…”

သူ သူ့ရဲ့ ဝါကျကို မဆုံးခင်မှာ၊

ပိုင်မြောင်လန် က သူမရဲ့ ခေါင်းကို ခါယမ်းပြီး ပြောသည်၊ “ကျွန်မမှာ ဘာမေးခွန်းမှ မရှိပါဘူး!”

ဒါကို ကြားတော့၊

ယဲ့ယွီ က ခဏတာ ကြက်သေ သေသွားသည်။

ဟမ်း ?

ဒီနတ်ဆိုးမလေး က ပုံမှန် ဇာတ်လမ်းအတိုင်း မကချင်တော့ဘူးလား?

ယုတ္တိရှိရှိ ပြောရရင်၊ အိပ်မက်လောက နိုးထပြီးနောက်၊ သူတို့ လက်တွေ့မှာ တွေ့တဲ့အခါ၊ မေးစရာ မေးခွန်းများစွာ ရှိမှာ သေချာတယ်။

ဒါပေမဲ့ သူမက ဘာလို့ မေးခွန်းမရှိဘူးလို့ ပြောတာလဲ?

သူက အိပ်မက် ထဲမှာ ကောင်းကင်ဘုံ လောကကို တက်လှမ်း သွားတဲ့သူက ဘာလို့ ရုတ်တရက် လူသားလောကကို ပြန်လာတာလဲဆိုတာ သိချင်တာ မဟုတ်ဘူးလား?

သူက ဘာလို့ ချင်းယွင်ဂိုဏ်း ရဲ့ တပည့်တစ်ဦး ဖြစ်လာတာလဲ?

သူမ အဲဒီအကြောင်း မမေးချင်ဘူးလား?

ယဲ့ယွီ က စူယာအို နဲ့ ယွမ်လျန်ရွဲ့ တို့ဆီက ပြိုင်ဘက်ကမ္ဘာ သီအိုရီအကြောင်း ပိုင်မြောင်လန် ကြားပြီးသားဆိုတာ မသိခဲ့ဘူး။

ဒါက အရမ်းကို မှော်ဆန်တယ်လို့ ထင်ရပေမဲ့၊

ဒါက အိပ်မက် ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ပြီးပြည့်စုံစွာ ရှင်းပြခဲ့တယ်။

ပိုင်မြောင်လန် က ဒီအဖြေကို သူမရဲ့ နှလုံးသားထဲမှာ လက်ခံပြီးသား၊

ဒါကြောင့် သူမမှာ ဘာမေးခွန်းမှ မကျန်တော့ဘူး။

ပြီးတော့ လက်ရှိမှာ၊

ပိုင်မြောင်လန် အတွက် အရေးအကြီးဆုံးအရာက ပြိုင်ဘက်ကမ္ဘာ သီအိုရီ မဟုတ်ဘူး!

“အခု၊ ကျွန်မ ပြောစရာတစ်ခု ရှိတယ်၊ ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း!”

ဒါကို ကြားတော့၊

ယဲ့ယွီ က အမြန် အသက်ရှူသွင်းပြီး ပိုင်မြောင်လန် ရဲ့ ပါးစပ်ကို ပိတ်ဖို့ အလျင်အမြန် သွားလိုက်သည်။

အမျိုးသမီး နတ်ဆိုးကလေး ၊ ကျေးဇူးပြုပြီး မင်းရဲ့ ကိုယ်ရေးကိုယ်တာကို မဖော်ထုတ်ပါနဲ့!

လူသားလောကမှာ နေခဲ့တဲ့ တခြား နတ်ဆိုးကလေးတွေကို ဘယ်သူက တစမကျန် အမဲလိုက်ပြီး သတ်သွားလဲဆိုတာ မင်း သိလား?

ဒါက မင်းရဲ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ တိုက်ကြီးရဲ့အုပ်ထိန်းသူ နတ်ဆိုးသုတ်သင်ရေးသမား (ဟုန်လွမ်း) ပဲ။

အကယ်၍ မင်း အခု မင်းရဲ့ နတ်ဆိုးဖြစ်ကြောင်း ကိုယ်ရေးကိုယ်တာကို ကြေညာလိုက်ရင်၊ မင်းဒါက သက်သက် အသတ်ခံရအောင်လို့ ပြဿနာကို ရှာနေတာ မဟုတ်ဘူးလား?

ယဲ့ယွီ က ပိုင်မြောင်လန် ကို ဘာမှမပြောစေချင်ဘူး။

အနည်းဆုံးတော့ အခုချိန်မှာ ပြောသင့်တဲ့အခြေနေမျိုးလုံးဝ မဟုတ်ဘူး။

ဒါကြောင့်၊ သူက ဟုန်လွမ်း ကို အဆင်မပြေစွာ ပြုံးပြီး ပြောသည်၊ “သခင်မ သွားနှင့်ပါ၊ ကျွန်တော်မှာ လုပ်စရာ ကိုယ်ရေးကိုယ်တာ အသေးစားကိစ္စလေး ရှိတယ်။”

“ကောင်းပြီလေ။”

ဟုန်လွမ်း ရဲ့ အကြည့်က ပျော်စရာကောင်းနေပြီး၊ သူမရဲ့ အသံက သူမအရမ်းကြွေသွားတဲ့ ချစ်တပည့်လေးနားကထွက်သွားဖို့ နည်းနည်း ဆန္ဒမရှိသလိုပါပဲ။

သူမက ပိုင်မြောင်လန် ဟာ ယဲ့ယွီ ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးလို့ သံသယရှိခဲ့တယ်။

သူတို့ နှစ် ယောက်ကြားမှာ အငြင်းပွားမှုလေးတစ်ခု ရှိကောင်းရှိနိုင်တယ်။

မူလက၊ သူမက ဇာတ်လမ်းအဆုံးကို တိတ်တဆိတ် ကြည့်ဖို့ စီစဉ်ထားခဲ့တာ။

ဒါပေမဲ့ အခုတော့၊ ယဲ့ယွီ က သူမကို ကြည့်ခွင့် မပြုဘူး။

ကောင်းပြီ၊ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး။

သူမက နောက်မှ ထောင့်တစ်နေရာကနေ ခိုးကြည့်နိုင်တယ်။

ဟုန်လွမ်း ထွက်သွားတော့မလို့ပဲ၊

ပိုင်မြောင်လန် က ယဲ့ယွီ ရဲ့ ဆုပ်ကိုင်မှုကနေ ရုတ်တရက် လွတ်မြောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ “သခင်မ ထွက်သွားလို့ မရဘူး! ရပ်လိုက်!”

ယဲ့ယွီ ရဲ့ အမူအရာက ချက်ချင်း အရမ်းကိုရင်တုန်ပန်းတုန်နဲ့ မျက်လုံးပြူးလေးနဲ့ ဖြစ်လာသည်။

၃၆၉ ဆက်ရန်

All Chapters