← Chapters

အခန်း (၃၆၉)

Vol. 14 Ch. 369

အခန်း (၃၆၉)

Vol. 14 Ch. 369

ဟုန်လွမ်း က သူမရဲ့ ခြေလှမ်းတွေကို တုန့်ခနဲ ရပ်လိုက်ပြီး၊ စိတ်ဝင်စားစွာနဲ့ လှည့်လိုက်သည်။

“မင်း ငါ ထွက်သွားတာကို မလိုချင်ဘူးဆိုတော့၊ ငါ မသွားတော့ဘူး!”(မသွားချင်တာနဲ့အတော်ပဲ)

ဒီအရာကို ကြားတော့၊

ယဲ့ယွီ က ပြိုလဲလုနီးနီး ဖြစ်သွားသည်။

ဘာဖြစ်နေတာလဲ?

လူတစ်ဦးက ပြဿနာရှာချင်နေတယ်၊ နောက်တစ်ဦးကတော့ ထူးဆန်းစွာပဲ အရမ်း နာခံနေတယ်။

သူတို့ တယောက်အကြောင်းတယောက်သိပြီးရင် တကယ်တမ်း အသေအကျေ တိုက်ပွဲဝင်ကြတော့မှာလား?

ယဲ့ယွီ က ဒါကို ကြိုတင်မြင်နိုင်နှင့်ပြီ။

မကြာခင်မှာပဲ၊ ဒီမှာ လောကတုန်လှုပ်စေနိုင်တဲ့ ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာလိမ့်မယ်။

ဒါဆို၊ သူက ဘယ်သူ့ကို ကူညီသင့်လဲ?ဆရာသမားနဲ့ မယားအလှကြီး ၊ ဒါပေမဲ့ ဆရာသခင်ကလဲ အလှကြီးပဲ

မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး! သူ ဒီလိုဖြစ်ပျက်တာကို ခွင့်မပြုနိုင်ဘူး။

ပိုင်မြောင်လန် က လူတစ်ဦးတည်းပဲ။

ဟုန်လွမ်း မှာတော့ ဒီမှာ ဝူကျီ တောင်ထိပ်ပေါ်မှာ မဟာမိတ်တွေ အများကြီး ရှိတယ်။

သူမရဲ့ တပည့် ထူပါချီယွဲ့ ၊ ရွှဲ့မူလင်း ၊ ပြီးတော့ သူမရဲ့ တူမ ယွင်ရိုမူ တောင် ပါသေးတယ်။

ဒါက ကြီးမားတဲ့ ရှုပ်ထွေးတဲ့ တိုက်ပွဲတစ်ခုအဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်တယ်။

သူ ပိုင်မြောင်လန် ကို ရပ်တန့်ရမယ်!

ဒီအတွေးကို စိတ်ထဲမှာ ထားပြီး၊

ယဲ့ယွီ က ခဏတာ မတွန့်ဆုတ်တော့ဘူး၊ ရှေ့ကို တက်ပြီး စိတ်ချင်းဆက်သွယ်ကာ မက်ဆေ့ချ် ပို့လိုက်သည်- “ဘာမှ မပြောပါနဲ့၊ သူမကို အရင် ထွက်သွားစေပါ။

ရှင်းပြရမယ့် ဘာပဲဖြစ်ဖြစ်၊ နောက်မှ မင်းကို ကို ကိုယ်ဖိရင်ဖိ ရှင်းပြမယ်!”

ပိုင်မြောင်လန် က ယဲ့ယွီ ဟုန်လွမ်း ကြားသွားမှာစိုးတာကို သိလိုက်ရတော့

သူက ဟုန်လွမ်း ကို ပိုပြီး နှစ်သက်နေတယ်လို့ အလိုလို တွေးလိုက်တယ်။

သူမက မယုံနိုင်လောက်အောင် ဆိုးရွားစွာ အနိုင်ကျင့်ခံရတယ်လို့ ခါးသက်သက် ခံစားလိုက်ရသည်။

ပြီးတော့ ဟုန်လွမ်း ကတော့၊ မူလက ဇာတ်လမ်းအဆုံးကို ကြည့်ဖို့ စီစဉ်ထားခဲ့တာ၊ ပိုင်မြောင်လန် ရဲ့ မျက်နှာပေါ်က သနားစရာ နစ်နာမှုအမူအရာကို ချက်ချင်း သတိထားမိလိုက်ပြီး အလျင်အမြန် ချဉ်းကပ်လာသည်။

“ကလေးမလေး၊ မင်း နစ်နာတယ်လို့ ခံစားရရင်၊ ငါ့ကို ပြောလိုက်ပါ။ ငါ မင်းဘက်က ရပ်တည်ပေးမယ်!”

သူမက ယဲ့ယွီ ကို မျက်စောင်းထိုးရင်း ပြောသည်။

သေချာပေါက်၊

ယဲ့ယွီ က ပိုင်မြောင်လန် ကို အနိုင်ကျင့်ခဲ့တယ်လို့ ထင်ခဲ့တယ်။

မဟုတ်ရင်၊ ဒီ မိန်းကလေးငယ်လေး ဘယ်လိုလုပ် ရုတ်တရက် ဒီလောက် နစ်နာတယ်လို့ ခံစားရမှာလဲ?

ဒီအခြေအနေမျိုးမှာ၊

ဟုန်လွမ်း က ကြားဝင်စွက်ဖက်တာက အတော်လေး သူရဲကောင်းဆန်တယ်လို့တောင် ထင်ခဲ့တယ်။

ပြီးတော့ သူတို့ကြားက ဇာတ်လမ်းအစအဆုံးကို သိရဖို့ဆိုရင်၊ ဆရာသမားအနေအထားနဲ့ တရားမျှတအောင်လုပ်ပေးချင်သလိုလိုနဲ့ စပ်စုတာက ပါဝင်ပတ်သက်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခုပဲ။

ဒီမိန်းကလေးငယ်လေးဘက်က ရပ်တည်ပေးပြီးနောက်၊ သူမကတောင် သူမကို ကျေးဇူးတင်လိမ့်မယ်။

ဒါပေမဲ့ ဟုန်လွမ်း က ယဲ့ယွီ အတော်လေး စိတ်တိုလွန်းလို့ စိတ်လွတ်နေပြီဆိုတာကို သတိမထားမိခဲ့ဘူး။

သခင်မ ၊ အိုး သခင်မ ၊ သခင်မက ထွက်သွားဖို့ ငြင်းဆန်ရုံမက၊ “တရားမျှတမှုကို ယူဆောင်လာသူ” အဖြစ် ဝင်လာချင်သေးတာလား?

အရာအားလုံးကို ပြိုကွဲတဲ့ ပျက်စီးခြင်း အမှတ်အထိ တွန်းပို့ဖို့ တကယ်တမ်း လိုအပ်လို့လား?

“ရှင်က ကျွန်မဘက်က ရပ်တည်ပေးမှာလား? ဘယ်လိုတောင်ရီရတဲ့ ဟာသလဲ!”

ပိုင်မြောင်လန် က နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး၊သူမ၏ ပြိုင်ဖက်လို့ထင်ရသော ဟုန်လွမ်း ကို အေးစက်စွာ ကြည့်နေသည်။

ယဲ့ယွီ က အလျင်အမြန် ရှေ့ကို တိုးပြီး သူမကို ထပ်ပြီး စကားပြောတာကို ရပ်တန့်ဖို့ ကြိုးစားသည်။

ဒါပေမဲ့ ဟုန်လွမ်း က သူ့ကို ရပ်တန့်လိုက်သည်။

“သူမကို စကားဆုံးအောင် ပြောပါစေ!”

ဒီအချိန်မှာ၊ ဟုန်လွမ်း က ပိုင်မြောင်လန် နဲ့ တစ်ခုခု မှားနေတယ်ဆိုတာလည်း ရိပ်မိလိုက်သည်။

သူတို့က ပထမဆုံးအကြိမ် တွေ့တာ။

ဒီအမျိုးသမီးက ဘာလို့ ဒီလောက် ပြင်းထန်တဲ့ ရန်လိုမှု ရှိနေရတာလဲ?

ယဲ့ယွီ က ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။

သူက ဟုန်လွမ်း ရဲ့ အကြံပြုချက်ကို ငြင်းဆန်ချင်ခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက် သူက ပိုင်မြောင်လန် က ပြောတာကို ကြားလိုက်ရသည်၊ “ဟုတ်တယ်၊ ကျွန်မကို စကားဆုံးအောင် ပြောစေ။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း ပြောတာ ဘာများ မှားနေလို့လဲ?”

ဒီလို ရိုးရှင်းတဲ့ ဝါကျက

ယဲ့ယွီ ကို မယုံနိုင်လောက်အောင် စိတ်ဆိုးစေတယ်။

သူက လက်လျှော့ပြီး အရာအားလုံးကို ရိုက်ချိုးပစ်ချင်စိတ် တောင်တခုလုံးကို ပြိုကွဲစေချင်စိတ်တောင် ပေါ်လာခဲ့တယ်။

ထားလိုက်တော့၊ သူတို့ကို သူတို့ လိုချင်တာ လုပ်စေ။

ဒါပေမဲ့ သေချာပေါက်၊ ဒါက မဖြစ်နိုင်ဘူး။

တစ်ဖက်က သူ့ရဲ့ သခင်မ ၊ နောက်တစ်ဖက်က သူ့ရဲ့ ဇနီး။

သူတို့ထဲက တစ်ဦးဦး ထိခိုက်သွားရင်၊ ဒါက ယဲ့ယွီ အတွက် အရမ်းကို မသက်မသာ ဖြစ်စေလိမ့်မယ်။

ဒါကြောင့်၊

သူက သူ့ရဲ့လက်တွေကို သူ့ရဲ့ ကျောနောက်မှာ ထားပြီး ပိုင်မြောင်လန် ကို မိုင်တစ်ထောင် အကွာကို အရင် ပို့ဖို့ အစီရင်ပုံစံတစ်ခု တည်ဆောက်ဖို့ ဟန်းဆိုင်းများလုပ်ရင်း ပြင်ဆင်နေသည်။

အဝေးကိုပို့ပီးမှ သူက ဒီကိစ္စကို သူမကို သီးခြား ရှင်းပြလိမ့်မယ်။

သို့သော်လည်း၊အစီရင် ပုံစံက စတင်အသက်ဝင်ခါနီး အချိန်တွင်

ပိုင်မြောင်လန် က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

နတ်ဆိုးလောကရဲ့သခင်မလေးက စကားပြောရင်းရှေ့ကိုပြေးထွက်လာလို့

ယဲ့ယွီ က တယ်လီပို့ နည်းစနစ်ကို အမြန်လေး လုပ်ဆောင်တော့မလို့ပဲ၊

သူမက အရမ်းကို စိတ်ရင်းမှန်စွာဖြင့် အံကိုကြိတ်ကာ ပီသချိုမြ ဝင့်ကြွားသောအသံဖြင့် ပြောသည်၊ “ကျွန်မနာမည်က ပိုင်မြောင်လန် ၊ ယဲ့ယွီ ရဲ့ တာအို အဖော် ဖြစ်တယ်!”

ဒီစကားတွေကို ဘုံကထိန်ကလော်စပီကာအသံလို အတော်လေးကျယ်လောင်စွာ ကြီးမားတဲ့ အစွမ်းနဲ့ ပြောခဲ့သည်။

ယဲ့ယွီ ရော ဟုန်လွမ်း ရော နေရာမှာတင် ကြက်သေ သေသွားသည်။

ဒါဆို၊ ဒါက ပိုင်မြောင်လန် ဖော်ပြချင်တဲ့ ကိုယ်ရေးကိုယ်တာလား?

ယဲ့ယွီ က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။

ဟုန်လွမ်း က ခေါင်းညိတ်ပြီး ပြောသည်၊ “ အင်း ၊ ငါ နားလည်ပါတယ်။ ပြီးတော့ ဘာဖြစ်လဲ?”

သူမရဲ့ တည်ငြိမ်တဲ့ အသံက ပိုင်မြောင်လန် ရဲ့ ဒေါသကို ပိုပြီး လောင်ကျွမ်းစေသည်။

“ဘာလို့? ရှင် ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နေရတာလဲ? ကျွန်မတို့က တာအို အဖော်တွေပါ၊ ရှင် သိလား!”

အခုတော့၊ ဟုန်လွမ်း တစ်ဦးတည်း မဟုတ်ဘူး၊

ယဲ့ယွီ တောင် ရှုပ်ထွေးနေသည်။

နှစ် ဦးက အကြည့်ဖလှယ်လိုက်ပြီး၊ တစ်ဦးစီက တခြားတစ်ဦးရဲ့ မျက်လုံးတွေထဲက ရှုပ်ထွေးမှုကို မြင်နေရသည်။

ယဲ့ယွီ က သူ့ရဲ့မျက်ခုံးတွေကို အနည်းငယ် တွန့်လိုက်သည်။ ဒါကို ဒီလောက် အကျယ်ကြီး အော်ပြောဖို့ တကယ်တမ်း လိုအပ်လို့လား?

ပိုင်မြောင်လန် ရဲ့ စိတ်ခံစားမှုတွေက မမှန်ဘူးလို့ ဘာလို့ ခံစားရတာလဲ?

ပြီးတော့ အကြည့်ဖလှယ်ရုံမျှနဲ့ပဲ

ပိုင်မြောင်လန် ကို သူတို့ ဖောက်ပြန်နေတယ်လို့ အဓိပ္ပာယ်လွဲစေခဲ့တယ်။

စုဆောင်းထားတဲ့ ဒေါသက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

“ရှင်တို့ နှစ် ယောက် တကယ်ကို အတည်လား? ကျွန်မကအာပလာမလေးလို့ ရှင်တို့ ကထင်နေတာလား?

ကျွန်မ ပြောပြမယ်၊ အခု ကျွန်မတို့ တွေ့ပြီဆိုတော့၊ ကျွန်မ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်မယ်။

အခုကစပြီး၊ ကျွန်မက အကြီးမ၊ ရှင်က အငယ်၊ ပြီးတော့ ကျွန်မတို့ တွေ့တဲ့အခါ၊ ရှင်က ကျွန်မကို ‘ အစ်မ ’ လို့ ခေါ်ရမယ်!

နားလည်လား?”

ဒီအရာကို ကြားတော့ ယဲ့ယွီ က တစ်ဖန် အသက်ရှူသံပြင်းပြင်း ရှူလိုက်သည်။

သူမက တကယ်တမ်း သူ့ကိုယ်သူအရမ်း အထင်ကြီးနေပြီ!

ဒီ အရမ်းတန်ခိုးကြီးတဲ့ တိုက်ကြီးအုပ်ထိန်းသူဟုန်လွမ်းရဲ့ဒေါသကို စမ်းနေတာလားကွာ။

ပြီးတော့ အခု သူမက ‘ အစ်မ ’ လို့ ခေါ်ခံချင်တာလား?

ဒါက တကယ်တမ်း အလုပ်ဖြစ်မှာလား?

ဒါပေမဲ့၊ သူမက ငါ့ကို ဘာလို့ ‘ အစ်မ ’ လို့ ခေါ်စေချင်တာလဲ?

ဟုန်လွမ်း ကလည်း လုံးဝ ထိတ်လန့်သွားပုံရပြီး၊ သူမက အရာအားလုံးကို အာရုံတွေမှားပြီး ကြားနေတာလို့တောင် ခံစားရတယ်။

သူမ ပြောတဲ့အရာအားလုံးက နားလည်သလိုလိုရှိပေမဲ့ ဒါက လုံးဝ အဆက်စပ်မရှိ အဓိပ္ပာယ်မရှိတာ ဘာကြောင့်လဲ?

ဟုန်လွမ်းက သူမရဲ့ ခါးက ဝိုင်အိုးကို ဆွဲယူပြီး အရက် နှစ် ကျိုက်ကိုအငမ်းမရကြီး သောက်လိုက်သည်။

သူမရဲ့ ကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားနေတာ။

အဲဒီနောက် သူမက အတည်ပြောသည်၊ “မင်း ခုနက ဘာပြောလိုက်တာလဲ? ထပ်ပြီး ပြောစမ်း?”

ပိုင်မြောင်လန် က ဟုန်လွမ်း ရဲ့ အနီးကို လှုပ်ရှားသွားပြီး၊ စကားလုံး တစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောသည်- “အခုကစပြီး၊ ရှင်က ကျွန်မကို တွေ့တဲ့အခါ၊ ရှင်က ကျွန်မကို ‘ အစ်မ ’ လို့ ခေါ်ရမယ်!

ရှင်ကလည်း ယဲ့ယွီ ရဲ့ တာအို အဖော် ဖြစ်တဲ့အတွက်၊ ဒါကဖြစ်သင့်တယ် မှန်ကန်တယ်!ကျမကမယားကြီးပဲ”

ဟုန်လွမ်း က ရယ်မောခြင်းကို အူလှိုက်သဲလှိုက်ဖြစ်သွားပြီး မထိန်းနိုင်ခဲ့ဘူး။

ဒါဆို၊ ဒါက နားလည်မှုလွဲခြင်းတစ်ခုပဲ။

ယဲ့ယွီ ကလည်း ဘာဖြစ်ခဲ့တယ်ဆိုတာကို သဘောပေါက်လိုက်သည်။

အဲဒီနောက် သူက ပြုံးပြီး ပြောသည်၊ “ ပိုင်မြောင်လန် ၊ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့၊ ဒီတစ်ဦးက…”

ယဲ့ယွီ စကားမဆုံးခင်မှာ၊

ပိုင်မြောင်လန် က တစ်ဖန် ဖြတ်ပြောလိုက်သည်- “‘အဓိပ္ပာယ်မရှိတာတွေ’ ဆိုတာ ဘာကို ဆိုလိုတာလဲ?

ရှင်က ဒီအမျိုးသမီးအပေါ် ဘာရည်ရွယ်ချက်မှ မရှိဘူးလို့ ပြောရဲလား?

အနည်းငယ်တောင် မရှိဘူးလား?”

ယဲ့ယွီ က ချက်ချင်း တိတ်ဆိတ်သွားသည်။

မင်းက ရဲရင့်တဲ့လူတစ်ဦးပါ၊ ဒီလို မေးခွန်းမျိုးကို တိုက်ရိုက် မေးရဲတယ်လား?

ငါ ဘယ်လိုလုပ် ဒါကို ဖြေရမှာလဲ?

ဘာပဲဖြစ်ဖြစ်၊ ဟုန်လွမ်း က ကျွန်တော့်ရဲ့ သခင်မ ပဲ။

သူမက ရင်သပ်ရှုမောဖွယ်ရာ လှပပေမဲ့၊ ငါ ကအရာအားလုံးကို လိုချင်နေလို့ မရဘူး။ရရင်တော့ယူမှာပေါ့နော်၊ ဒါပေမဲ့ လိုချင်တယ်ရယ်လို့လဲမဟုတ်ပါဘူး

နေဦး၊ တကယ်တမ်းတော့၊ ဒါက သိပ်ပြီး ထူးဆန်းပုံမပေါ်ဘူး။

ဒီကျင့်ကြံမှုလောကထဲမှာ၊ ဆရာသခင် နဲ့ တပည့် တွေ အများကြီးက တာအို အဖော်တွေ ဖြစ်လာကြတယ်။ ဒါက သိပ်ပြီး ရှားပါးတာ မဟုတ်ဘူး။

အူးဂ် ၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး။

ငါ ဘာတွေ တွေးနေတာလဲ?

ပြီးတော့ ယဲ့ယွီ ရဲ့ ဒီလို ရှက်နေသလိုလိုဖြစ်နေတဲ့ တွန့်ဆုတ်မှုက

ဟုန်လွမ်း ရဲ့ အပြုံးကို ပိုပြီး ပေါ်လွင်စေသည်။

ရှင်းနေတာက၊ သူမက ဒီမြင်ကွင်းကို ကြည့်ပြီး ပျော်နေတာ။

ဘာပဲဖြစ်ဖြစ်၊သူမအနေနဲ့လဲအတော်လေးသဘောကျမိနေတဲ့ တစ်စုံတစ်ဦးက သူမကို ကြိုက်တာက ပျော်ရွှင်စရာ ကိစ္စတစ်ခုပဲ။

“ရှင်က အရမ်းပျော်နေတာ၊ ရှင်က ယဲ့ယွီ ကို နည်းစနစ်တစ်ခုကိုသုံးပီး မြူဆွယ်ဖမ်းစားခဲ့တာ ဖြစ်ရမယ်။

ဒါပေမဲ့ ကျွန်မ အဲဒါကို နောက်ထပ် ဂရုမစိုက်နိုင်တော့ဘူး။

ကျွန်မ ရှိတဲ့နေရာတိုင်းမှာ၊ ကျွန်မကပဲ ပိုပီးယဲ့ယွီနှစ်သက်တဲ့သူပါ။ ”

ယဲ့ယွီ ၊ ရှင် ကျွန်မကို ပြောပါ၊ ကျွန်မတို့ နှစ် ယောက်ထဲက ဘယ်သူ့ကို ရှင်က ပိုပြီး ကြိုက်လဲ?”

ပိုင်မြောင်လန် ရဲ့ ပိုင်ဆိုင်လိုစိတ်က ပေါ်လွင်လာသည်။

ဒါပေမဲ့ ဟုန်လွမ်း က ဘယ်သူလဲ?

သူမရဲ့ ရှည်လျားတဲ့ ဘဝမှာ၊ ဘယ်သူကများ သူမကို ဒီလိုမျိုး အကြိမ်ကြိမ်အခါခါ ပြောရဲတာလဲ?

မာနကြီးတဲ့ ဒီ အရက်သမားက ချက်ချင်း သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်သည်- “‘ငါကသူ့ဆရာမပဲ ကလေးမရဲ့’၊ ‘ငါကသူ့ကို မြူဆွယ်ဖမ်းစားနေတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ?

မင်းက ငါတို့က တာအို အဖော်တွေလို့ ယုံကြည်နေတယ်ဆိုတော့၊ ဒီလိုပဲ ထားလိုက်တော့။

ပြောရဦးမယ်၊ အကယ်၍ ငါ တကယ်တမ်း သူ့အချစ်အတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင်၊ မင်းကငါ့ကို နိုင်မယ်လို့ ထင်လား?”

ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုက ပိုင်မြောင်လန် ကို မီးဖိုထဲကျသွားသော ကြက်မလေးလို ဆွေ့ဆွေ့ခုန်အောင် ဖြစ်သွားစေသည်။

အဲဒီနောက်၊ သူမရဲ့ အကြည့်အောက်မှာ၊

ဟုန်လွမ်း က သူမရဲ့လက်ကို ယဲ့ယွီ ရဲ့ ဘယ်ဘက်လက်မောင်းကို လှည့်ဖက်ထားလိုက်သည်။

သူမရဲ့ခေါင်းကို သူ့ရဲ့ ပခုံးပေါ်မှာ ချစ်ခင်စွာ တင်ထားလိုက်သည်။

“လူတစ်ဦးရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့၊ မင်းက သူ့ကို ဘာမှ အတင်းအကျပ် ပြောခိုင်းတာ ဒါမှမဟုတ် အတင်းအကျပ် လုပ်ခိုင်းတာမျိုး လုပ်လို့မရဘူး။

မင်းက သူ့ကို သူ့ရဲ့နှလုံးသားထဲမှာ အချစ်ရဲ့အလိုအတိုင်း ရွေးချယ်ခွင့် ပေးရမယ်၊ မင်း နားလည်လား?”

ယဲ့ယွီ မှာကြက်သီးများထက မျက်လုံးပြူးသွားခဲ့သည်။

ဒါက တကယ်ကို ငါ့ရဲ့ သခင်မ လား?

ဒါက ဘယ်လိုလုပ် ရုတ်တရက် ဒီလိုမျိုး အလှည့်အပြောင်း ဖြစ်သွားတာလဲ?

သူမရဲ့ ရုတ်တရက် နူးညံ့တဲ့ ပျားသကာလိုချိုလှသော စကားတွေက လုံးဝကို အနိုင်ယူနေသည်။

၃၇၀ ဆက်ရန်

All Chapters