← Chapters

အခန်း (၃၇၀)

Vol. 14 Ch. 370

အခန်း (၃၇၀)

Vol. 14 Ch. 370

ဟုန်လွမ်း ကပြောချင်ရာတွေပြောပြီး ချာကနဲ လှလှပပ တင်ပါးကိုယမ်းကာ အိခနဲ ထွက်သွားသည်၊ သူမရဲ့ အနီရောင်ဝတ်ရုံက သူမနောက်မှာ လှပစွာ လွင့်နေသည်၊ သူမရဲ့ ပုံရိပ်က ရင်သပ်ရှုမောဖွယ်ရာ တော်ဝင်ဆန်စွာ လှပနေပြီး၊မြင်ရသော လူတွေကို မင်တက်စေခဲ့သည်။

ယဲ့ယွီ က အခုထိ ဒါကို လက်မခံနိုင်သေးဘူး။

သူ့ရဲ့ လက်ကို ခုနက ကိုင်ထားတဲ့သူက ဆရာသခင်မ ဟုန်လွမ်း ပဲ။

အဲဒီ နူးညံ့တဲ့ မျက်လုံးတွေက လုံးဝကို မတွန်းလှန်နိုင်လောက်အောင် စွဲဆောင်အားကောင်းလွန်းနေတယ်။

ဝိုင်မူးနေတဲ့ အချစ်စကားပြောပြီးသွေးဆောင်သူ မှာ ဒီလောက် အစွမ်းထက်တဲ့ ရင်ခုန်မှုအရသာကိုပေးနိုင်တဲ့ အစွမ်းတွေ ရှိနေတာလား?

ပိုင်မြောင်လန် က သူ့ရဲ့ နှလုံးသားထဲမှာ ပိုပြီးတောင် နစ်နာတယ်လို့ ခံစားရသည်။

ယဲ့ယွီ ရဲ့ မျက်လုံးထဲက အကြည့်ကနေ၊ဆရာသခင်ဆိုတဲ့ ဟိုဟာမကြီးကို အတော်ကြွေသွားပြီဆိုတာ ပြောပြနိုင်ခဲ့တယ်။

ခါးသီးတဲ့ စိတ်ခံစားမှုတစ်ခု သူမရဲ့ ရင်ဘတ်ကနေ ကြက်ဟင်းခါးသီးဖျော်ရည်လောင်းချလိုက်သလို ပျံ့နှံ့သွားသည်။

သူမက ချက်ချင်း ဆတ်ခနဲ လှည့်သွားသည်။

တိုးတိုးအသံနဲ့၊ သူမက ရေရွတ်လိုက်သည်၊ “ရှင်က သူ့ကို တကယ်တမ်း ကြိုက်တယ်ဆိုရင်၊နောက်ကလိုက် သွားလိုက်!”

ပိုင်မြောင်လန် ကို မနာလို မှုနဲ့အတူ အခုထိ စိတ်ဆိုးနေတာ မြင်တော့၊

ယဲ့ယွီ က မယုံနိုင်လောက်အောင် ရယ်စရာကောင်းတယ်လို့ မခံစားဘဲ မနေနိုင်ခဲ့ဘူး။

“လာပါဦး၊ မင်းက သူ့ကို မနာလို ဖြစ်နေတာလား? သူမက ဘယ်သူလဲဆိုတာ မင်း သိရော သိလား?”

“ဘယ်သူ ဖြစ်နိုင်သေးလဲ? ရှင်ရဲ့ တာအို အဖော်အသစ်ပဲ။

ပြီးတော့ ကျွန်မ ပြောနိုင်တယ်၊ သူမက သူ့ကိုယ်သူ မယားကြီးနေရာ အဓိကထားပြီး ကျွန်မကို အနိမ့်ပိုင်းမှာ ထားချင်နေတာ။

အကယ်၍ ဒါက တကယ်တမ်း အဲဒီလိုဆိုရင်၊ ကျွန်မက…”

ဒီအချိန်မှာ၊

ပိုင်မြောင်လန် က သူ့ကိုယ်သူ ဆက်ပြီး ပြောနိုင်ခြင်း မရှိတော့တာကို ရုတ်တရက် တွေ့ရှိလိုက်သည်။

သူမက ဒေါသနဲ့အတူ ကြမ်းတမ်းတဲ့ စကားလုံးအချို့နဲ့ ထွက်သွားဖို့ ရည်ရွယ်ခဲ့တာ။

ဒါပေမဲ့ သူမက ဒါတွေကို မပြောနိုင်ခဲ့ဘူး။

ဒါက ငြင်းလို့မရတဲ့ အရာတစ်ခုပဲ။

ပိုင်မြောင်လန် က ယဲ့ယွီ ကို အရမ်းအရမ်းအရမ်းကို ချစ်သည်။

အိပ်မက် လောကထဲမှာ၊ ယဲ့ယွီ ကောင်းကင်ဘုံ လောကထဲမှာ သေဆုံးသွားတာကို သိလိုက်ရတဲ့အခါ၊

သူမက ရူးသွပ်သွားပြီး ကောင်းကင်ဘုံ လောကထဲက နတ်ဘုရားများ အားလုံးကို ရန်သူတွေအဖြစ် သတ်မှတ်ခဲ့သည်။

သူမက သူတို့ကို တစ်ဦးပြီးတစ်ဦး လိုက်လံရှာဖွေအမဲလိုက်ကာသုတ်သင် ခဲ့သည်။

သူမသေချာပြောနိုင်တာက

ပိုင်မြောင်လန် က ယဲ့ယွီ ကို နှလုံးသားထဲကနေ ချစ်တဲ့အခါ၊

သူမက ကြမ်းတမ်းတဲ့ စကားလုံးတွေကိုတောင် ပြောလို့မရဘူး၊ ယဲ့ယွီ ဒေါသထွက်ပြီး သူမကို မုန်းသွားမှာ ငြင်းပယ်မှာကို ဓားနတ်ဘုရားနှင့်တိုက်ပွဲဝင်ရမည်ထက်ပင် ကြောက်နေသည်။

ဒါက သေဆုံးခြင်းထက် ပိုပြီး သူမကို နာကျင်စေလိမ့်မယ်။

“အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်ပါ၊ ရရဲ့လား? သူမက ဟုန်လွမ်း ၊ ကို့ရဲ့ ဆရာသခင်မ ။

ကိုတို့ နှစ် ယောက်က သန့်ရှင်းပြီး ဖြူစင်တယ်၊ ဒါကြောင့် ရမ်းပြီး စွပ်စွဲတာတွေ ရပ်လိုက်ပါ!”

ယဲ့ယွီ က သူ့ရဲ့လက်ကို မြှောက်ပြီး ပိုင်မြောင်လန် ရဲ့ ခေါင်းပေါ်က ဆံပင်ညှပ်ကို ပွတ်ပေးလိုက်သည်။

သူ့ရဲ့ အကြည့်က နူးညံ့လာသည်။

ပိုင်မြောင်လန် က ရုတ်တရက် လှည့်ပြီး စိတ်ရင်းမှန်စွာ မေးသည်၊ “ဒါ အမှန်လား?”

ယဲ့ယွီ က ခေါင်းညိတ်လိုက်သည်။

ပိုင်မြောင်လန် ရဲ့ မျက်နှာက အပြုံးလေးတစ်ခုထွက်ပေါ်စပြုလာသည်၊

ဒါပေမဲ့ ဒါက ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။

“မဟုတ်ဘူး၊ ဒါက အဲလို မဟုတ်နိုင်ဘူး။ ဒါက သခင် နဲ့ တပည့် ကြားက ဆက်ဆံရေးထက် ပိုနေတာ သေချာတယ်။

သူမက ခုနက ရှင့်ကို ကြည့်တဲ့အခါ၊ သူမရဲ့ မျက်လုံးတွေထဲမှာ အချစ်ရဲ့ အလင်းရောင် ရှိခဲ့တယ်။”

ဒီအရာကို ကြားတော့၊ ယဲ့ယွီ က ပျော်ရွှင်မှုရော၊ ကူကယ်ရာမဲ့မှုရော မခံစားဘဲ မနေနိုင်ခဲ့ဘူး။

အလင်းရောင်?

ဘာအလင်းရောင်လဲ?

ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်၊ သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးမှာ အခုထိ နွေးထွေးမှုအချို့ ရှိနေတုန်းပဲ။

ယဲ့ယွီ အတွေးများထဲမှာ ကယောက်ကယက်နဲ့ ပျောက်ဆုံးနေတာကို မြင်တော့၊

ပိုင်မြောင်လန် က တစ်ဖန် နှာခေါင်းရှုံ့လိုက်ပြီး တောင်အောက်ကို ဆင်းသွားတော့သည်။

---

တစ်ချိန်တည်းမှာပဲ၊

ဟုန်လွမ်း က သူမရဲ့ ဝါးအိမ်ကို ပြန်လာခဲ့သည်။

သူမရဲ့ စိတ်က အခုထိ မတည်မငြိမ် ဖြစ်နေတုန်းပဲ။

အရင်က မြင်ကွင်းတွေက သူမရဲ့ ခေါင်းထဲမှာ ပြန်ပီးတဖျတ်ဖျတ်မြင်ယောင်နေသည်။

မျက်လုံးချင်းဆုံတဲ့ အချိန်တိုလေးက သူမရဲ့ နှလုံးသားကို တကယ်တမ်း တုန်လှုပ်စေခဲ့တယ်။

ဟုန်လွမ်း ၊ ဟုန်လွမ်း ၊ မင်းက တကယ်တမ်း ဒီလောက် မူးနေတာလား?

တာအို အဖော်တွေအကြောင်း စဉ်းစားစပြုနေပြီလား?

မမေ့နဲ့၊

အဲဒါ မင်းရဲ့ တပည့်!

ဘယ် သခင် ကမှ သူတို့ရဲ့ တပည့် ဆီကနေ တာအို အဖော်ကို တစ်ခါမှ ရှာခဲ့တာ မရှိဘူး။

ဟုန်လွမ်း က သူမရဲ့ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။

အဲဒီနောက် သူမက သူမရဲ့ ဝိုင်အိုးကို ဆွဲယူပြီး နောက်ထပ် အများကြီး သောက်လိုက်သည်။

ဒါပေမဲ့ သောက်ပြီးနောက်၊ စိတ်ပါဝင်စားမှုက မလျော့ကျခဲ့ဘူး၊ ဒါက ပိုပြီးတောင် ပြင်းထန်လာသည်။

သူမရဲ့ မျက်နှာက ရဲလာသည်၊ သူမက ခြေချိတ်ထိုင်ပြီး သူမရဲ့ မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်၊

သူမရဲ့ တုန်လှုပ်နေတဲ့ အတွေးတွေကို တည်ငြိမ်အောင် ကြိုးစားနေသည်။

ဒါပေမဲ့ ဒါက နားထဲမှာ နတ်ဆိုးတစ်ဦးရဲ့ တိုးတိုးလေး ပြောဆိုမှုတစ်ခုလို ပဲ့တင်ထပ်နေပုံရတယ်။

မင်း ဘာကို ကြောက်နေတာလဲ?

အဲဒီ အမျိုးသမီးက ယဲ့ယွီ ကို မင်းအပေါ် ခံစားချက် ရှိလားလို့ ဘယ်လို မေးခဲ့လဲဆိုတာ မင်း မေ့သွားပြီလား?

ပြီးတော့ သူ့ရဲ့ ရုတ်တရက် တိတ်ဆိတ်သွားမှုလား?

ကိုယ့်ကိုယ်ကိုယ် လိမ်ညာတာ ရပ်လိုက်ပါ။

မင်းရဲ့ နှလုံးသားကို ရင်ဆိုင်လိုက်ပါ။

ယဲ့ယွီ ကလည်း မင်းကို ကြိုက်တာ သေချာတယ်။

သခင် နဲ့ တပည့် ၊ သူတို့က တကယ်တမ်း ကောင်းကင်က ဖန်ဆင်းပေးထားတဲ့ အဖော်တွေပဲ။

လောက အကြောင်းကို ပြောစရာတောင် မလိုဘူး၊ အလယ်ဗဟိုတိုက်ကြီး မှာတောင်၊ ဒီလို ဥပမာတွေ အများကြီး ရှိတယ်။

ပြီးတော့၊

မင်းတို့ နှစ် ယောက်ရဲ့ ခွန်အားတွေနဲ့၊ အကယ်၍ မင်းတို့ တကယ်တမ်း အတူတူဆိုရင်၊

ဒီကျယ်ပြန့်တဲ့ လောကထဲမှာ၊ ဘယ်သူက မင်းကို ဆန့်ကျင်ရဲမှာလဲ?

ဟုန်လွမ်း က သူ့ရဲ့ သွားတွေကို ကြိတ်လိုက်သည်၊ သူမရဲ့ အချစ်စိတ်ကို အလိုမလိုက်မိစေရန် ကာကွယ်မှုတွေက ဖြည်းဖြည်းချင်း ပြိုလဲနေသည်။

---

နောက်တစ်ဖက်မှာ၊

ယဲ့ယွီ က ပိုင်မြောင်လန် ကို ဝူကျီ တောင်ထိပ်ရဲ့ တစ်ဝက်အထိ လိုက်သွားတဲ့အခါ၊

သူ့ရှေ့က မြင်ကွင်းက သူ့ရဲ့မျက်လုံးတွေကို သံသယဝင်စေလုနီးပါး ဖြစ်စေခဲ့တယ်။

ဘာဖြစ်နေတာလဲ?

သူ့ရဲ့ ကိုယ်ပိုင်အိမ်အပြင်ဘက်မှာ ဝါးအိမ်တွေ ဘယ်လိုလုပ် ရုတ်တရက် ဒီလောက် အများကြီး ပေါ်လာတာလဲ?

သူက ခန့်မှန်းခြေအားဖြင့် ရေတွက်လိုက်တော့၊ ဆယ် လုံးကျော် ရှိတယ်။

ပြီးတော့ သူတို့အားလုံးက သူ့ရဲ့ ဝါးအိမ်ကို လုံးဝ ဝန်းရံထားတယ်။

ယဲ့ယွီ က အတော်လေးကို ရှုပ်ထွေးသွားပြီး ချက်ချင်း မေးသည်၊ “ဒါ-ဒါ ဘာတွေ ဖြစ်နေတာလဲ?”

“ရှင် ဘာလို့ မခန့်မှန်းကြည့်တာလဲ?”

ပိုင်မြောင်လန် က ရှေ့ကို အနည်းငယ် လှမ်းလိုက်သည်။

အဲဒီနောက်၊ နက်ရှိုင်းတဲ့ အသံနဲ့၊ သူမက အော်ခေါ်လိုက်သည်- “ခင်ပွန်းသည် ယဲ့ယွီ ပြန်ရောက်လာပြီ!”

ဒီဝါကျက ဝူကျီ တောင်ထိပ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားသည်။

အသက်ရှူ နှစ် ကြိမ်အတွင်းမှာပဲ၊

ဝါးအိမ်များစွာရဲ့ တံခါးတွေ ပွင့်လာသည်။

စူယာအို ၊ လင်းမြောင်ရွှဲ့ ၊ ထူပါချီယွဲ့ ၊ ရွှဲ့မူလင်း ၊ ယွမ်လျန်ရွဲ့ ၊ ဂန်ကျိကျွေ့ ၊ ကျောက်ယင်ချွန် ၊ လျန်ယွီ ၊ ဟွမ်ဖူဘိုင်ကျီ နဲ့ ဖူဝမ်ဒိုင် ၊ သူတို့ ဆယ် ဦးလုံး ထွက်လာကြသည်။

ယွင်စီဝူ ၊ ဘူးလင်းဖေး နဲ့ ယွင်ရိုမူ တို့လည်း အပြင်ဘက်ကနေ ပြန်ပြီး ပျံသန်းလာကြသည်။

ယဲ့ယွီ ရောက်ရှိလာတာကို မြင်တော့၊

သူတို့အားလုံး မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။

သူတို့က ချက်ချင်း ပြေးလာကြသည်၊

တစ်ဦးစီက သူ့အပေါ် သူတို့ရဲ့ တောင့်တမှုကို ဖော်ပြကြသည်။

ယဲ့ယွီ က လုံးဝ ဝန်းရံခံလိုက်ရသည်၊

သူ့ရဲ့ ကိုယ်ပိုင် ဝါးအိမ်က အခု ဝန်းရံခံနေရသလိုမျိုးပဲ။

ဒါက အတော်လေးကို သင့်လျော်နေတယ်။

ပိုင်မြောင်လန် က ဒါကို မြင်တော့ နည်းနည်း မနာလို တယ်လို့ ခံစားရသည်။

သူမက သူမရဲ့ လက်တွေကို ပိုက်ထားပြီး ဘေးမှာ ရပ်နေသည်၊ စိတ်မသက်မသာ ဖြစ်နေတာ ရှင်းနေတယ်။

ရုတ်တရက်၊

သူမက တခြားတစ်ဦးလည်း အပြင်ဘက်မှာ ရပ်နေပြီး ယဲ့ယွီ နားကို မချဉ်းကပ်ပဲ တောက်ပတဲ့မျက်လုံးတွေနဲ့သာ ကြည့်နေတာကို သတိထားမိလိုက်သည်။

အဲဒီလူက ဖူဝမ်ဒိုင် ပဲ။

ပိုင်မြောင်လန် က သူမဆီကို တည့်တည့် လျှောက်သွားသည်။

သူမရဲ့ နည်းနည်း နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး၊

သူမက တိုးတိုးအသံနဲ့ မေးသည်- “ဘာလို့ လဲ? ရှင် ယဲ့ယွီ ကို စိတ်ဆိုးနေတာလား?”

ဖူဝမ်ဒိုင် က သူမရဲ့ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။

“ကျွန်မက ခင်ပွန်းသည်ကို ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲ?

သူက အသက်ရှင်နေသရွေ့၊ တခြား ဘာမှ အရေးမကြီးဘူး။

အခု၊ ကျွန်မက သူ့ရဲ့ ဘေးမှာ နေပြီး သူ့ကို တိတ်တဆိတ် ကြည့်နိုင်တယ်၊ ဒါက ကျွန်မအတွက် လုံလောက်နေပြီ!”

ဒီအရာကို ကြားတော့၊

ပိုင်မြောင်လန် က နက်နက်ရှိုင်းရှိုင်း ထိမိသွားတယ်လို့ မခံစားဘဲ မနေနိုင်ခဲ့ဘူး။

ဟုတ်တယ်။

သူမက အရမ်း လောဘကြီးခဲ့တယ်။

ယဲ့ယွီ ကို ရှာမတွေ့ခင်က၊

သူမက ဖူဝမ်ဒိုင် လို မဟုတ်ဘူးလား?

ယဲ့ယွီ က အသက်ရှင်နေသရွေ့၊ သူမက အရာအားလုံးကို စွန့်လွှတ်လိမ့်မယ်။

အခု၊ ယဲ့ယွီ က တကယ်တမ်း အသက်ရှင်နေတယ်၊

ဒါပေမဲ့ သူမှာ တာအို အဖော်တွေ ပိုပြီး ရှိနေတယ်။

ပိုင်မြောင်လန် က ဒါကို အရမ်း မသက်မသာ ခံစားရတယ်၊ အထူးသဖြင့် ဟုန်လွမ်း နဲ့ နားလည်မှုလွဲခဲ့တာ။

ဒါက တကယ်တမ်း အဲလို မဖြစ်သင့်ခဲ့ဘူး!

ဒါ ဖြစ်နိုင်သလား…

သူမက လူတိုင်းကို လက်ခံဖို့ ကြိုးစားရမှာလား?

ပိုင်မြောင်လန် ရဲ့ အမူအရာက စိတ်အားထက်သန်လာသည်၊ သူမက ယဲ့ယွီပျော်ဖို့ အတွက်ခြေတစ်လှမ်းဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

အကယ်၍ ဒါကို လက်ခံတာက နည်းလမ်းဖြစ်ရင်၊ ဒါပဲ ဖြစ်ပါစေ!

ဒါပေမဲ့ အရာတစ်ခု ရှိတယ်၊ သူမက အကြီးဆုံးအစ်မ ဖြစ်ရမယ်၊ ပြီးတော့ တရားဝင်ဇနီးရဲ့ ခေါင်းစဉ်ကို ပိုင်ဆိုင်ရမယ်!

ဒါက သူမရဲ့ အနည်းဆုံးရပိုင်ခွင့်ပဲ!

သူမရဲ့ ဆုံးဖြတ်ချက်ကို တိတ်တဆိတ် ချမှတ်ပြီးနောက်၊

ပိုင်မြောင်လန် က တခြား အစ်မတွေနဲ့ နောက်မှဆွေးနွေးဖို့ စီစဉ်ဖို့ ပြင်ဆင်နေသည်။

ဟမ် ။

ခဏလေး၊ လူအရေအတွက်နဲ့ တစ်ခုခု မှားနေပုံရတယ်!

သူမ အပါအဝင် တစ်ဆယ့်လေး ဦးပဲ ဘာလို့ ရှိနေရတာလဲ?

ဘယ်သူ ပျောက်နေတာလဲ?

“ လီရူဝမ် ဘယ်မှာလဲ? အဲဒီ အမျိုးသမီး ဘယ်ကို သွားတာလဲ?”

ပိုင်မြောင်လန် က သူမရဲ့ မျက်ခုံးကို အနည်းငယ် တွန့်လိုက်သည်။

သူမက ချင်းယွင်ဂိုဏ်း မှာ အချိန်ကြာကြာ မနေခဲ့ပေမဲ့၊

သူမက လီရူဝမ်နဲ့ အကြိမ်ကြိမ် တွေ့ခဲ့တယ်။

သူတို့ နှစ် ယောက်လုံးက ခိုင်မာတဲ့ စိတ်ဓာတ် ရှိကြသည်၊

သဘာဝအတိုင်း၊ ဘယ်သူမှ လက်လျှော့ချင်မှာ မဟုတ်ဘူး။

ဒါကြောင့် ပိုင်မြောင်လန် က လီရူဝမ်ကို ခိုင်မာတဲ့ အထင်အမြင်ရှိခဲ့ပြီး၊ ခု သူမမရှိတော့ တာကိုချက်ချင်းပဲ သတိထားမိလိုက်သည်။

ဖူဝမ်ဒိုင် က တိုးတိုးလေး ပြောသည်၊ “မနေ့က၊ လီအမကြီး က ချင်းယွင်ဂိုဏ်း ကနေ ထွက်ခွာသွားပါတယ်။ သူမက အချိန်အတော်ကြာအောင် တိုင်းပြည်နဲ့ ဝေးကွာနေခဲ့တာကြောင့် ခဏပြန်သွားဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်။

သူမက သူမနဲ့အတူ လျှို့ဝှက်လက်နက်ကို ယူသွားမယ်လို့လည်း ပြောခဲ့တယ်။”

ပိုင်မြောင်လန် ရဲ့ မျက်နှာက ရှုပ်ထွေးမှုနဲ့ လိမ်သွားသည်- “လျှို့ဝှက်လက်နက်? အဲဒါ ဘာလဲ?”

သူတို့ နှစ် ဦး စကားပြောနေတုန်းမှာ၊

ကြီးမားတဲ့ ဝိညာဉ် သင်္ဘောတစ်စီးက ဝူကျီ တောင်ထိပ်ပေါ်ကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ဆင်းသက်လာသည်။

သူ့ရဲ့ ကြီးမားတဲ့ အရွယ်အစားက တောင်တစ်ခုလုံးကို အရိပ်ကျစေခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်ကြသည်။

သင်္ဘောပေါ်မှာ၊ အစွမ်းထက်တဲ့ စာလုံး နှစ် လုံး ထွင်းထုထားသည်- တာချန် !

၃၇၁ ဆက်ရန်

All Chapters