အခန်း (၃၆၂)
Vol. 14 Ch. 362
ချင်းယွင်ဂိုဏ်းအတွင်းမှာ လွန်းသွားသလို ခေါက်တုန့်ခေါက်ပြန်လျောက်နေရင်း
လော့ဇေ ဟာ ဆောက်တည်ရာမရအောင် အလွန်ဝမ်းနည်းပူဆွေးနေသည်။
သက်တမ်းရှည်ကျောက်စိမ်း ကျိုးပဲ့သွားတာဟာ အချိန်အားဖြင့် ၁၈ နာရီ ကြာသွားပြီ။
လက်ငါးချောင်းတောင်ထိပ် ကနေ ရှာဖွေရေးလုပ်ဆောင်ဖို့ ယဲ့ယွီ နဲ့ သူ့ရဲ့ဇနီးအားလုံး တက်သုတ်ရိုက်ကာ အပြင်ထွက်သွားခဲ့ကြသည်။
ချင်းယွင်ဂိုဏ်း ရဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအထိ တပည့် ထောင်ပေါင်းများစွာ နဲ့ အတူတူ ပေါင်းကာရှာဖွေနေကြတာကို တောင်မှ၊ အခုထိ မတွေ့ရသေးဘူး။
ဒါက လော့ဇေ ရဲ့ နှလုံးသားကို မကောင်းတဲ့ အထင်တွေနဲ့ ပြည့်စေသည်။ ပြင်းထန်သောစိုးရိမ်စိတ်တို့က ဖိစီးနေရှာသည်။
သူက သူ့ကိုယ်သူ ပိုကောင်းတဲ့အမြင်ကနေ ကြည့်ဖို့တောင်ကို့ဟာကိုနှစ်သိမ့်နေခဲ့သည်။
ဒါပေမဲ့ သူ ဘယ်လိုလုပ် ပိုကောင်းတဲ့အမြင်ကနေ ကြည့်နိုင်မှာလဲ?
ဒါက သူ အရမ်းချစ်ခဲ့တဲ့ နှစ်ပေါင်းများစွာပျိုးထောင်ပြီး ပိုးမွေးသလိုဂရုတစိုက်နဲ့ ကြီးပြင်းလာတာကို ကြည့်ခဲ့ရတဲ့ သူ့ရဲ့မွေးစားသမီးလေးပဲလေ။
အသက်ရှူကြပ်စေတဲ့ ခံစားချက်က လော့ဇေ ရဲ့ နှလုံးသားပေါ်မှာ လေးလံစွာ ဖိစီးနေပြီး၊ သူ့ကို တောင်ကြီးတစ်တောင်လုံးရွက်ထားရသလို အလွန် မသက်မသာ ခံစားရစေသည်။
အဲဒီနောက် သူ ပင်မခန်းမကနေ လမ်းလျှောက်ထွက်လာပြီး၊ နည်းနည်းလေး စိတ်လျော့ကာ အပန်းဖြေဖို့ကြိုးစားသည်။
ဒါပေမဲ့ သူ ရုတ်တရက် သတိထားမိလိုကတာက
ကြီးမားတဲ့ ဝိညာဉ်သင်္ဘော တစ်ခုက ချင်းယွင်ဂိုဏ်း ရဲ့ အပေါ်မှာ တည့်တည့် ရောက်လာနေပြီ။
ဒါက ယဲ့ယွီ ရဲ့ ဝိညာဉ်သင်္ဘော ပဲ။
ဒါက သတင်းတစ်ခုခု ရပြီလား..........?
လော့ဇေ ရဲ့ ပုံရိပ်က မှိတ်တုတ်မှိတ်တုတ်နဲ့ ဖျတ်ကနဲလင်းကာ နေရာရွှေ့ပြောင်းနည်းစနစ်ကိုသုံး၍ ဝိညာဉ်သင်္ဘော ပေါ်ကို ချက်ချင်း ရောက်သွားသည်။
အဲဒီမှာ၊ သူက အရမ်းမြင်ချင်နေတဲ့ အလွန် ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို၊ အိုမင်းတဲ့ မျက်ရည်တွေ တာရိုးကျိုးသလို သူ့မျက်နှာပေါ် စီးကျလာသည်။
“မင်း၊.... မင်း အသက်ရှင်နေသေးတယ်နော်?”
ယွင်ရိုမူ က လော့ဇေ ရဲ့ အမူအရာကို မြင်လိုက်သောအခါ
သူမက ချက်ချင်းပဲ အရမ်းစိတ် ရှုပ်ထွေးသွားသည်။
“ကျွန်မ လုံးဝ အဆင်ပြေပါတယ်ရှင့် ၊ ဘာလို့ ဒီလို မေးတာလဲ?”
“ဒါဆို ဒီဟာက.. ဘာတွေဖြစ်နေတာလဲ?”
လော့ဇေ က သူ့ရဲ့ ညာဘက်လက်ကို ဖြန့်လိုက်ပြီး၊ ကျိုးပဲ့နေတဲ့ သက်တမ်းရှည်ကျောက်စိမ်းကို ပြလိုက်သည်။
ဒီအရာကို မြင်တော့
ယွင်ရိုမူ က ခဏတာ စဉ်းစားလိုက်သည်။
သူမက ဒါဟာ သူမ ကျီးမန် ရဲ့ မျိုးရိုး နဲ့ ပေါင်းစည်းခဲ့တဲ့အချိန်၊ ပြီးတော့ သူမရဲ့ မျိုးရိုးသွေးဗီဇလိုင်းကို ပြန်လည်ဖွဲ့စည်းပြီး ကြီးမားတဲ့ နတ်ဆိုးတစ်ဦးအဖြစ် ခမ်းနားစွာ ပြောင်းလဲသွားခဲ့တဲ့အချိန်မှာ ဖြစ်လိမ့်မယ်လို့ ထင်သည်။
ဒါကြောင့် သက်တမ်းရှည်ကျောက်စိမ်း ကျိုးပဲ့သွားတာ။
ယွင်ရိုမူ က သူမ ကြုံခဲ့ရတဲ့ မကြာသေးခင်က ထီပေါက်သလိုမျိုး ကံကောင်းတဲ့ အတွေ့အကြုံတွေကို ရိုးရှင်းစွာ ပျော်ရွှင်စွာ ပြန်ပြောပြခဲ့သည်။
လော့ဇေ က ခေါင်းကို ပုတ်သင်ညိုရှုံးလောက်အောင် အကြိမ်ကြိမ် ညိတ်လိုက်သည်။
သူ ပိုပြီး အသေးစိတ်အချက်အလက်တွေကို မနားတမ်းထပ် မေးတော့မလို့ပြင်နေတုန်း
ယွင်ရိုမူ သူမရဲ့လက်ကို အနည်းငယ် ဝှေ့ယမ်းပြတာကို မြင်လိုက်ရသည်။ “ ဂိုဏ်းချုပ် ၊ ကျွန်မမှာ အခု လုပ်စရာတစ်ခု ရှိပါတယ်၊ ဒါကြောင့် အခုတော့ မပြောတော့ပါဘူး။
ကျွန်မ နောက်မှ ဂိုဏ်းချုပ် ကို လာရှာပါ့မယ်!တခုမကျန် အသေးစိတ်ကိုရှင်းပြပေးမယ်နော်”
လော့ဇေ က လုံးဝ ရှုပ်ထွေးသွားသည်။
“မင်း ခုမှ ပြန်ရောက်တာ၊ မင်း ဘာလုပ်စရာ ရှိနိုင်မှာလဲ?နားနားနေနေ နေပါဉီး”
“ကျွန်မ တချို့လူတွေနဲ့ စာရင်းတချို့ရှင်းဖို့လိုတယ်!”
သူမရဲ့ စကားတွေပင် အကုန်မပြီးသေးခင်မှာပင်
ယွင်ရိုမူ ဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး၊ ဖျောက်ကနဲ မြည်သံပေးကာ ပျောက်ကွယ်သွားရင်း တောင် အရှေ့ဘက်ကို ဦးတည်သွားနှင့်ပြီဖြစ်သည်!
---
လက်ငါးချောင်းတောင်ထိပ် မှာ။
ယွင်ရိုမူ ဟာ တောင်ထိပ်ပေါ်ကို ဘဝင်မြင့်လာတဲ့မျက်နှာမျိုးနဲ့ခေါင်းကိုမော့ပီး မာနကြီးစွာ ဆင်းသက်လိုက်သည်။
သူမဟာ နောက်ဆုံးတော့ ယဲ့ယွီ ရဲ့ တာအို အဖော် ဖြစ်လာခဲ့ပြီ။
သူမက အရင်ကလို တခြားဇနီးတွေကနေ အနှိမ်ခံကာ ချန်လှပ်ခံရတော့မှာ မဟုတ်ဘူး။
အရင်က စိတ်ဓာတ်ကျနေတာတွေ လွင့်ပြယ်သွားပြီ။
အခုတော့။
သူမရဲ့ အဆင့်အတန်းအသစ်နဲ့၊ သူမက ဒီကိုလာကာ အားလုံးကို ကြွားဝါပြီး ဒါကို အဝေးကြီးအထိ အသံချဲ့စက်လော်စပီကာနဲ့တောင် ကြေညာချင်တာ သဘာဝပဲ။
ဒါပေမဲ့ သူမ မမျှော်လင့်ခဲ့ဘူး။
အဲဒီ လက်ငါးချောင်းတောင်ထိပ် က လက်ရှိမှာ ဘယ်သူမှ မရှိတော့ပဲ ဗလာဖြစ်နေတာကို။
ဒါက ယွင်ရိုမူ ကို အရမ်း စိတ်ပျက်စေသည်။
ဒါဟာ သူမရဲ့ ခွန်အားအားလုံးကို စုစည်းပြီး လက်သီးနဲ့ထိုးလိုက်တာပေမဲ့ တဖက်က အရှောင်တိမ်းအရမ်းကောင်းတဲ့ရန်သူနဲ့ လက်ဝှေ့ထိုးနေရသလိုပဲ
ဒါက တကယ်ပဲ စိတ်ပျက်အားငယ်စရာကောင်းတယ်။
ယွင်ရိုမူ ထွက်သွားတော့မလို့ပြင်နေတုန်းမှာ
သူမက လူ ၁၂ ယောက်ကျော် အလျင်အမြန် ချဉ်းကပ်လာတာကို သတိထားမိလိုက်သည်။
ယွင်ရိုမူ က သူမရဲ့မျက်လုံးတွေကို အနည်းငယ် မှိတ်လိုက်ပြီး၊ အနီးကပ် ကြည့်လိုက်သည်။
ချဉ်းကပ်လာတဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အတည်ပြုပြီးနောက်။
လှပတဲ့ အပြုံးတစ်ခုက သူမရဲ့မျက်နှာပေါ်မှာ တိမ်တွေနောက်ကထွက်လာတဲ့ လဝန်းကြီးလို တောက်ပစွာ ချက်ချင်း ပေါ်လာသည်။
မှန်တယ်လေ။
ရောက်လာတဲ့သူတွေဟာ ပိုင်မြောက်လန် ၊ ဖူဝမ်ဒိုင် ၊ ထူအော့ချီယွဲ့ နဲ့ တခြားသူတွေပဲ။
သူတို့အားလုံး လက်ငါးချောင်းတောင်ထိပ် ကို ပြန်ရောက်နေကြပြီ။
ယွင်ရိုမူ ရဲ့ ပုံရိပ်ကို မြင်တော့။
ရွှဲ့မူလင်း နဲ့ ပူလင်းဖေး ၊ တခြားသူတွေကြားမှာ၊ အရမ်း အံ့ဩနေကြသည်။
“မင်း အဆင်ပြေရဲ့လား?”
“ကျွန်မ အဆင်ပြေတာပေါ့၊ မဟုတ်ဘူး၊ နေဦး၊ တစ်ခုခုတော့ ထူးခြားသွားတာ ရှိတယ်!”
ယွင်ရိုမူ က အနည်းငယ် ချောင်းနှစ်ချက် ဆိုးလိုက်သည်။
"အဟမ်း... အဟမ်း.."
သူမက ထိန်းမနိုင်သိမ်းမရသော အပြုံးကြီးနဲ့ ဆက်ပြောသည်: “ချစ်ရတဲ့ အစ်မတို့ရေ၊ အခုကစပြီး ကျွန်မကို ဂရုစိုက်ပေးကြပါဦး၊ ကျွန်မရဲ့ ခင်ပွန်း ယဲ့ယွီ နဲ့ ကျွန်မက တာအို အဖော်တွေ ဖြစ်သွားကြပြီ!”
ဒီစကားတွေကို ကြားတော့။
အမျိုးသမီးတွေဟာ အနည်းငယ် အံ့ဩသွားပေမဲ့၊ အရမ်းကြီးတော့ မဟုတ်ဘူး။
ယွင်ရိုမူ ရဲ့ ယဲ့ယွီ အပေါ် ချစ်ခင်မှုက အမြဲတမ်း ရှင်းလင်းနေခဲ့သည်။
အခုတော့ သူတို့ နောက်ဆုံးတော့ အတူတူ ဖြစ်သွားကြပြီဆိုတော့၊ ဒါကလည်း မျှော်လင့်ထားတဲ့အတိုင်းပဲ။
ပိုင်မြောက်လန် တစ်ဦးတည်းသာ သူမရဲ့မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ထားပြီး၊ အရမ်းကို စကားမပြောနိုင် ဖြစ်နေသည်။
“နောက်ထပ် တာအို အဖော်တစ်ဦး? တစ်ယောက်ယောက်က ယဲ့ယွီ မှာ တကယ်တမ်း တာအို အဖော် ဘယ်နှစ်ဦး ရှိတယ်ဆိုတာ ကျွန်မကို ပြောပြပေးနိုင်မလား?
ကျွန်မကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု နည်းနည်းလေးတော့ ပေးပါဦး၊ ဟုတ်ပြီလား?”
---
တစ်ဖက်မှာ။
ယဲ့ယွီ ဟာ အလယ်ဗဟိုတိုက်ကြီး ရဲ့ နယ်စပ်ကို ရောက်တဲ့အခါ။
သူက ရှေ့မှာ အာကာသ လှိုင်းအတက်အကျအချို့ကို ရုတ်တရက် သတိထားမိလိုက်သည်။
သူ ချက်ချင်း ရပ်လိုက်သည်။
ဒါက သူ လျှို့ဝှက်ဘုံ တစ်ခုနဲ့ ဆုံခဲ့တာ ဖြစ်နိုင်သလား?
ယဲ့ယွီ က သူ့ရဲ့မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။
သူက သူ့ရဲ့ နတ်ဘုရားအာရုံ ကို ရှေ့ကို စုံစမ်းဖို့အတွက် ဆန့်ထုတ်လိုက်သည်။
သို့သော်လည်း၊ သူက သူ့ရှေ့က အာကာသ လှိုင်းအတက်အကျတွေက လျှို့ဝှက်ဘုံ ရဲ့ လေဟာနယ်တွန့်လိမ်ကွေ့ကောက်ခြင်း မဟုတ်ဘူးဆိုတာ တွေ့လိုက်ရသည်။
ဒါက တစ်စုံတစ်ယောက်က တမင်တကာ ထားရှိထားတဲ့ အစီရင် ပုံစံ တစ်ခု ဖြစ်နေသည်။
တစ်စုံတစ်ယောက်က ရတနာတစ်ခုခုကို ဖွက်ဖို့ ကြိုးစားနေတာလား?
ယဲ့ယွီ က စိတ်ဝင်စားသွားပြီး ချက်ချင်း ရှေ့ကို တည့်တည့် လမ်းလျှောက်သွားသည်။
ကြယ်ထောင်ပေါင်းများစွာ နတ်ဘုရားပညာ ရဲ့ အကူအညီနဲ့
အစီရင်ပုံစံ ကို အမြန် ရှင်းလင်းလိုက်သည်။
အာကာသစိတ်ဝိဉာဉ်လှိုင်းတွေက ဆက်ပြီး လှိုင်းအတက်အကျ မဖြစ်တော့ပဲ
ကြီးမားတဲ့ တောင်ထိပ်တစ်ခုသူ့ ရှေ့မှာ ပေါ်လာသည်။
တောင်ရဲ့ အလယ်ဗဟိုမှာ၊ရောင်စဉ်များစူးရှစွာပေါ်ထွက်နေသော နက်ရှိုင်းတဲ့ ဂူပေါက်ဝတစ်ခုလည်း ရှိသည်။
ယဲ့ယွီ က တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။
သူက ရုတ်တရက် အလွန်ရင်းနှီးနေတဲ့ ဝိုင်နံ့ကိုရှူမိလိုက်သည်။
ဒါက သူ့ရဲ့ ဆရာ ဟုန်လွမ်း ရဲ့ သီးသန့်ဝိညာဉ်ဝိုင်နံ့ ဖြစ်နေတာ
ကို အတည်ပြုပြီးနောက်။
ယဲ့ယွီ ဟာ ဆက်ပြီး မတွန့်ဆုတ်တော့ပဲနဲ့ နေရာရွှေ့ပြောင်းနည်းစနစ်ကိုသုံးကာ
သူ့ရဲ့ ပုံရိပ်ကပျောက်သွားပြီး တောင်ဂူထဲကို ဝင်သွားသည်။
အဲဒီကို ရောက်တဲ့အခါ
အတွင်းမှာ တော်တော်လေး ကြီးမားတဲ့ ရေခဲတုံးတစ်ခု ရှိနေတာကို မြင်လိုက်ရသည်။
ဒါက ၂ ကျန့် မြင့်သည်။(မီတာသုံးဆယ်ခန့်)
သူ့ပတ်ပတ်လည်မှာ၊ ဝိုင်နံ့က အသက်ရှူရခက်အောင်ပင် ပိုပြီး ပြင်းထန်နေသည်။
ယဲ့ယွီ ဟာ ရုတ်တရက် အနီးကပ် ကြည့်လိုက်သည်။
သူ့ရဲ့ ဆရာ ဟုန်လွမ်း ဟာ တကယ်တမ်း အဲဒီထဲမှာ ရှိနေတာကို သူ တွေ့လိုက်ရသည်။
ဒါက သူ့ကို အကြီးအကျယ် အံ့အားသင့်စေသည်။
ယဲ့ယွီ ရဲ့ နားလည်မှုမှာ
ဟုန်လွမ်း ဟာ အရမ်း ယုံကြည်စိတ်ချရသူ မဟုတ်ဘဲနဲ့ သူမရဲ့အသက်လို ဝိုင်ကို ချစ်ပေမဲ့
သူမရဲ့ ခွန်အားက လျှော့တွက်လို့ မရဘူး။
သူမက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ရဲ့ အလယ်အဆင့် ဒါမှမဟုတ် အဲဒီထက် ပိုမြင့်တဲ့ ကြီးမားတဲ့ ကျင့်ကြံသူ တစ်ဦး ဖြစ်တာ သေချာတယ်။
သူမ ဘယ်လိုလုပ် အကြောင်းမဲ့ အေးခဲနေနိုင်မှာလဲ?
ယဲ့ယွီ ဟာ ဟုန်လွမ်း ဟာ ကျင့်ကြံနည်းစနစ် တစ်ခုခု ကို ကျင့်ကြံနေတာ မဟုတ်ဘူးဆိုတာ အတည်ပြုပြီးနောက်၊ သိပ်မစဉ်းစားတော့ပဲ
သူက အပြင်ဘက်က ရေခဲအလွှာကို အရည်ပျော်စေဖို့အတွက် သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ဖွင့်ထုတ်ကာ သုံးလိုက်သည်။
“ဆရာ၊ ထပါဦးဗျ!”
ယဲ့ယွီ အကြိမ်များစွာ ခေါ်ပြီးနောက်မှာတောင်။
သူက အဖြေမရသေးဘူး။
ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။
ဒါကြောင့်၊ သူက လက်ကို ဆန့်ထုတ်ပြီး၊ဟုန်လွမ်း မှာ ချီ ရှိနေသေးလားလို့ စမ်းသပ်ကြည့်လိုက်သည်
မထင်မှတ်ဘဲ၊ သူ့ရဲ့လက်ကို တစ်ဝက်လောက်ပဲ မြှောက်ရသေးတယ်
ဟုန်လွမ်း က ရုတ်တရက် လေတက်သံပေးလိုက်သည်။
"အေ့..."
မွှေးကြိုင်တဲ့ အော့စ်မန်သပ် ဝိုင်နံ့က ဂူတစ်ခုလုံးကို ပြည့်သွားသည်။
အနီးဆုံးမှာရှိတဲ့ ယဲ့ယွီ ဟာ ဒါကြောင့် အသက်ရှူကျပ်ကာ မေ့မျောလုနီးပါး ဖြစ်သွားသည်။
ဒီအချိန်မှာ
သူက ဟုန်လွမ်း အေးခဲနေတာက သူမရဲ့ တမင်ရည်ရွယ်ချက်လားဆိုတာတောင် သံသယဝင်ခဲ့သည်။
ဒါက သူမရဲ့ သောက်တဲ့နည်းလမ်းကို နည်းနည်းပိုပီး ပျော်စရာဖြစ်အောင်လုပ်နေတာလဲ ဖြစ်နိုင်တယ်။
အကယ်၍ ဒါက တကယ်တမ်း အဲဒီလိုဆိုရင်
ဒါဆိုရင် သူမက တကယ်ကို အရမ်း မူးရူးပျော်ပါးတတ်တဲ့ ကိုကြီးကျော်လို ဆရာ ပဲ!
ယဲ့ယွီ စဉ်းစားနေတုန်းမှာပဲ။
ဟုန်လွမ်း က ဖြည်းဖြည်းချင်း နိုးလာသည်။
အရမ်း နီးကပ်နေတဲ့ ယဲ့ယွီ ရဲ့ မျက်နှာကို ကြည့်ပြီးတော့။
သူမက လက်ချောင်းတစ်ချောင်းကို မြှောက်ပြီး သူ့ရဲ့နှာခေါင်းကို အသာလေး ထိလိုက်သည်။
“ကောင်လေး၊ မတွေ့တာ ရက်အနည်းငယ်လေးပဲရှိသေးတယ်လေ၊ မင်းက ငါ့ကို ဖက်ရဲတယ်လား?”
ယဲ့ယွီ ဟာ ချက်ချင်းပဲ ပါးစပ်ကြီးဟကာ လက်များကားယားဖြစ်သွားပီး
သူက အမြန် ရှင်းပြသည်: “ကျွန်တော် ဆရာကို မဖက်ရင်၊ ဆရာကို မြေကြီးပေါ်ကို ပစ်လဲကျတော့မယ်လေဗျာ?
ဆရာ၊ ကျေးဇူးပြုပြီး သူတော်စင်မ ယွင်ရိုမူ ပြောသလိုတွေလိုက်မပြောပါနဲ့ဗျာ!”
ဟုန်လွမ်း က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
သူမက စနောက်သည်: “သူမဆီကနေ သင်ယူတာလား? မင်း သူမကိုလည်း ဖက်ဖူးတယ် ထင်တယ်?
လာပါဦး၊ ဆရာ ကို ပြောပြ၊ ဘယ်သူ့ကို ဖက်ရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လဲ?”
ယဲ့ယွီ က အသက်ပြင်းပြင်း ရှူလိုက်သည်။
တကယ်ပဲ၊ ဆရာ ဟာ အခုထိ ဆရာပါ ပဲကွာ။
သူမရဲ့ စကားတွေက အမြဲတမ်း မမျှော်လင့်ဘဲ ဖြစ်နေတတ်တယ်။
ဒါက တကယ်ကို စကားမပြောနိုင်လောက်အောင်ပဲ။
ယဲ့ယွီ စကားမပြောတာကို မြင်တော့။
ဟုန်လွမ်း က ထပ်မေးသည်: “လာပါဦး၊ လာပါဦး၊ ပြောပြ။ ငါ ယွင်ရိုမူ ကို မပြောပါဘူးလို့ ကတိပေးတယ်၊ ဘယ်လိုလဲ?”
ဒီ ယုံကြည်စိတ်ချရသူ မဟုတ်တဲ့ ဆရာ ကို ဒီအသေးအဖွဲမေးခွန်းနဲ့ ပတ်သက်ပြီး စဉ်းစားတာကို တားဆီးဖို့အတွက်။
ယဲ့ယွီ ဟာ ခေါင်းစဉ်ကို အမြန် ပြောင်းလိုက်သည်။
“ဆရာ၊ ဒီမသက်ဆိုင်တဲ့ မေးခွန်းကို မေးမယ့်အစား၊ ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ၊ ပြီးတော့ ဘာလို့ အေးခဲနေရတာလဲဆိုတာ ကို ပြောပြပါလား?
ပီးတော့ဘာလို့ အကြောင်းမဲ့ အရမ်းပျော်နေတာလဲ!”
“ဘာလဲ၊ ငါ ပျင်းနေတဲ့အခါ ဒီလို မပျော်ရဘူးလား?
မင်း အခု ငါ့ကိုတောင် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။
သွား၊ ဂိုဏ်းကို ပြန်သွား!”
ဟုန်လွမ်း က သူ့ရဲ့လက်ကို မြှောက်ပြီး ယဲ့ယွီ ကို တွန်းဖယ်လိုက်သည်။
သူမရဲ့အသံက လုံးဝ ဂရုမစိုက်တဲ့ပုံ ရှိနေသည်။
ဒါပေမဲ့ အနည်းငယ် သဘာဝမကျတဲ့ အကြည့်တစ်ခုက သူမရဲ့မျက်လုံးတွေမှာ လင်းလက်သွားသည်။
ယဲ့ယွီ က အဲ့ဒါကိုရိပ်မိသွားတော့
သူက ချက်ချင်း မေးသည်: “ဆရာ၊ ကျွန်တော့်ကို ပြောပြပါဦး၊ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ?”
၃၆၃ ဆက်ရန်