တစ်ယောက်နှင့် ခုနစ်ယောက်
Vol. 8 Ch. 751
“ဘုန်း …”
ဘုန်းကြီးအိုက သူ၏ မိုးကြိုးဗုံကို တီးခတ်ကာ ရွှေရောင် အသံလှိုင်းဖြင့် ချန်းဖန်အား တိုက်ခိုက် လိုက်သည်။
ကျိမိသားစု ခေါင်းဆောင်ကလည်း မီးနဂါး ငါးကောင်ကို ထိန်းချုပ်ရင်း ချန်းဖန်အား သတ်ဖြတ်ရန် ကြိုးစားသည်။
“နဂါးငါးကောင် ကြာပွတ်”
ထိုလက်နက်ကား ဖန်ရှင်းတောင်ကြား၏ ဝိညာဉ် ရတနာပင် ဖြစ်၏။
“ဟူး ... ဟူး …”
တစ်ချိန်တည်းတွင် အမတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်၏ ဦးခေါင်း အထက်၌ “ချင်းရှုချီ ခေါင်းလောင်း” သည် မျောလွင့် နေသည်။ ထိုခေါင်းလောင်းက အဖြူရောင် အလင်းများကို ထုတ်လွှတ်ရင်း အရာရာကို ဖျက်ဆီးနိုင်သည့် အဆုံးမဲ့ စွမ်းအားကို ထောက်ပံ့ ပေး၏။
“သွားစမ်း …”
အမြုတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်က လက်အား ဝှေ့ယမ်းလိုက်ရာ အဖြူရောင် အလင်းတန်းများက ကောင်းကင်ဓား အသွင် ဖွဲ့စည်း၍ ချန်းဖန်ထံ တိုးဝင်သည်။
“ပျက်စီးစမ်း …”
ချန်းဖန်က နတ်ဘုရား မိုးကြိုး ကြေးပြားကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရွှေရောင် အသံလှိုင်းများ ရှိရာသို့ ပစ်လွှတ်လိုက်သည်။
“ဘုန်း …”
ရုတ်တရက် မိုးကြိုးများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုမိုးကြိုးများက ပြင်းထန်သော အင်အားကို သယ်ဆောင်ရင်း ရွှေရောင် အသံလှိုင်းများထံ တိုးဝင်၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
စွမ်းအား နှစ်ခု၏ တွေ့ဆုံမှုတွင် လေထုသည် အဆက်မပြတ် ပေါက်ကွဲ၏။
ပေါက်ကွဲမှု၏ တန်ပြန် အရှိန်တွင် ဆင်နတ်ဘုရားသည် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိဘဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
“လာစမ်း …”
ရွှေရောင် အသံလှိုင်းအား ဖျက်ဆီး ပြီးသည်နှင့် ချန်းဖန်က အင်္ကျီလက်အား ခါယမ်းကာ အဇူရာ ဓားတစ်ချောင်းကို ဖန်တီး လိုက်သည်။
ထို့နောက် သူက ထိုဓားကို အမြုတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်၏ ကောင်းကင်ဓားထံ ပစ်လွှတ်ကာ ဖျက်ဆီး ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိမိသားစု ခေါင်းဆောင်၏ မီးနဂါး ငါးကောင်က ချန်းဖန်ဆီသို့ တိုးဝင်ရင်း သံကြိုးကြီးများအလား ဖမ်းဆီး ချည်နှောင်၏။
“ဘုန်း …”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သံကြိုးများ၏ ချည်နှောင်မှုမှ ရုန်းထွက် လိုက်သည်။
“သူက တကယ် အစွမ်းထက်တာပဲ …”
မြေကမ္ဘာ နတ်ဘုရားများ၏ မျက်နှာများကား အလွန်တရာ လေးနက် သွားကြ၏။
သူတို့ လေးယောက်သည် ဝိညာဉ် ရတနာများကို သုံး၍ တိုက်ခိုက်ခဲ့သည့်တိုင် ချန်းဖန်က ယခုထိ အသာစီး ယူနိုင်နေဆဲ ဖြစ်သည်။ ထိုသို့သော စွမ်းအားကား သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။
“တိုက်ကြရအောင် …”
တရှီ ဂိုဏ်းချုပ်က ရှေ့သို့ တစ်လှမ်းတိုး လိုက်သည်။
“ဘုန်း …”
ရုတ်တရက် သူ၏ နံဘေး၌ ပုလဲ နှစ်ဆယ့် လေးလုံး ပေါ်လာသည်။ ထိုပုလဲ တစ်ခုချင်းစီက ကမ္ဘာ တစ်ခုချင်းစီကို သယ်ဆောင်ထားသည့်အလား ပြင်းထန်သည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။
ထိုအရာများကား တရှီဂိုဏ်း၏ ဓမ္မ ရတနာများ ဖြစ်ပြီး “ကောင်းကင် နှစ်ဆယ့် လေးခု” ဟု အမည် ရ၏။
တရှီဂိုဏ်း၏ ဘိုးဘေး တစ်ဦးသည် ထိုဓမ္မရတနာကို သုံး၍ ကောင်းကင် တန်ခိုးရှင် တစ်ဦးကိုပင် ရာစုနှစ်နှင့် ချီ၍ ပိတ်ဆို့ ထားခဲ့ဖူးသည်။
“ဟင်း …”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က လေးပင်စွာ သက်ပြင်းချရင်း သူ၏ အင်္ကျီလက်ထဲမှ ရွှေရောင် အလုံး တစ်လုံးကို ထုတ်ယူ လိုက်သည်။
“ကလန့် …”
ထိုရွှေရောင် အလုံးက ဓားချီကို ထုတ်လွှတ်ကာ ကောင်းကင်သို့ ပျံတက်ရင်း နတ်ဘုရားဓား တစ်ချောင်း အသွင်သို့ ပြောင်းလဲ၏။
ထျန်းရွှမ်ဓား …
ထိုအရာကား ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံးဓား ဖြစ်ပြီး လျှို့ဝှက်အဇူရာ ဂိုဏ်း၏ ဝိညာဉ် ရတနာလည်း ဖြစ်၏။
“သေစမ်း …”
တိမ်ကောင်းကင် အဘိုးအိုမှာမူ မည်သည့် ဓမ္မရတနာကိုမျှ အသုံးပြုခြင်း မရှိချေ။ သူက ကောင်းကင်သို့ ပျံတက်ကာ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက် လိုက်၏။
“ဘုန်း …”
လက်သီးမှ ထွက်ပေါ်လာသော အစစ်အမှန် အမြုတေက လေထုရှိ အမြုတေချီများနှင့် ပူးပေါင်းကာ မီတာ ရာချီ ရှည်လျားသော နဂါးကြီး ဖြစ်ပေါ်လာသည်။ ထိုနဂါးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ကောင်းကင်သို့ တက်၏။
“ဟူး ... ဟူး ... ဟူး …”
တစ်ခဏ အတွင်းမှာပင် ခွန်ရှု့ နယ်မြေကို အစိုးရသော အရှင်သခင် ခုနစ်ယောက်ကား ချန်းဖန်ကို ဝန်းရံထားခဲ့ပြီ ဖြစ်လေသည်။ ထိုသို့သော အင်အားနှင့် ရင်ဆိုင်ရပါက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ပင်လျှင် အခက်တွေ့မည်မှာ သေချာပေသည်။
“အရမ်းကောင်းတယ်ဟေ့ …”
သို့သော်လည်း ချန်းဖန်က စိတ်ပူခြင်း မရှိဘဲ အော်ဟစ် ရယ်မောလိုက်၏။
“သွား …”
တရှီ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်ရာ ပုလဲလုံးများက ကမ္ဘာငယ်လေးများ အသွင်သို့ ပြောင်းလဲရင်း ချန်းဖန်အား ဖမ်းဆီးရန် ကြိုးစား၏။
“ပျက်စီးစမ်း …”
ချန်းဖန်က လက်ဗလာဖြင့် ထိုပုလဲလုံးများအား ရိုက်ချလိုက်၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
မိုးကြိုး စွမ်းအားကို သယ်ဆောင်ထားသော လက်၏ ရိုက်ခတ်မှု၌ ပုလဲလုံး နှစ်ဆယ့် လေးလုံးကား တစ်ခုပြီးတစ်ခု အစဉ်လိုက် ပေါက်ကွဲ၏။
“အား …”
တရှီဂိုဏ်းချုပ်က နောက်သို့ ခြေလှမ်း သုံးဆယ်ခန့် ဆုတ်ကာ သွေးတစ်လုတ် အန်လိုက်ရ၏။
တရှီဂိုဏ်းချုပ်အား တိုက်ခိုက် ပြီးသည်နှင့် ဆက်တိုက် ဆိုသလိုပင် ချန်းဖန်က ဆက်လက် လှုပ်ရှားသည်။
“ဘုန်း …”
သူသည် အစစ်အမှန် နတ်ဘုရား လက်သီးဖြင့် “ချင်ရှု့ချီ ခေါင်းလောင်း” အား ထိုးနှက်ကာ အမြုတေ ရောနှောခြင်း ဂိုဏ်းချုပ်အား နောက်သို့ ဆုတ်စေ၏။
တစ်ချိန်တည်းတွင် သူ၏ မျက်လုံးမှ မီးတောက်သုံးခု ထွက်ပေါ်လာကာ ကျိမိသားစု ခေါင်းဆောင်၏ “နဂါးငါးကောင် ကြာပွတ်” ကိုပါ တိုက်စားသည်။
“ကလန့် …”
ထိုအချိန်မှာပင် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ရွှေရောင်ဓားက ချန်းဖန်ထံသို့ တိုးဝင်လာသည်။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် အမြုတေကို ဆုံးရှုံးထားသော်လည်း ဝိညာဉ် ရတနာ လက်နက်၏ အားဖြည့်မှုတွင် ခွန်းဝူတောင် တိုက်ပွဲကထက်ပင် ပိုမို၍ အစွမ်းထက် နေသေး၏။
“ကလန့် …”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ထျန်းရွှမ်ဓားနှင့် ချန်းဖန်၏ လက်မောင်းတို့ ထိတွေ့ရာ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
“သွားစမ်း …”
ချန်းဖန်က ထျန်းရွှမ်ဓားအား လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ဓားနှင့်အတူ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပါ နောက်သို့ ဆုတ်လိုက်ရ၏။
ချန်းဖန်ကား မျက်စိတစ်မှိတ် အတွင်းမှာပင် ရန်သူများ အနက်မှ လေးယောက်ကို နောက်သို့ ဆုတ်စေခဲ့ပြီ ဖြစ်သည်။
“ရား …”
သို့သော်လည်း သူ အနားပင် မယူရ သေးခင်မှာပင် တိမ်ကောင်းကင် အဘိုးအို၏ နဂါးက ဟိန်းဟောက်သံကို ပေး၍ ပြေးဝင် လာပြန်၏။
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ကြာပန်း တစ်ထောင် နည်းစနစ်ဖြင့် နဂါးအား ဆီးကာ လိုက်သည်။
“ဘုန်း …”
စွမ်းအား နှစ်ခု ထိပ်တိုက် တွေ့ရာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ် လာသည်။
“ဘုန်း ... ဘုန်း …”
ကြီးမားသော ဖိအား၏ ရိုက်ခတ်မှုတွင် တိမ်ကောင်းကင် အဘိုးအိုသည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။
ချန်းဖန်မှာမူ မူလနေရာ၌ပင် မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီကာ သူ၏ မျက်နှာမှာလည်း အနည်းငယ် ဖြူရော် နေခဲ့၏။
“သူ ဒဏ်ရာ ရနေပြီ ... ဖိပြီး တိုက်ကြမယ် ဟေ့ …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင်က အော်ဟစ် လိုက်သည်။
ချန်းဖန် မည်မျှပင် သန်မာစေကာမူ သူကား မူလအဆင့်တွင်သာ ရှိနေသေးသူ ဖြစ်သည်။ သူ့အား ဖိ၍ တိုက်ခိုက်ပါက အနိုင်မရစရာ အကြောင်း မရှိချေ။
“ဘုန်း …”
ယခု တစ်ကြိမ်တွင်မူ မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်သည် တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ ခရမ်းရောင် မီးများ၊ မိုးကြိုးများ၊ အဖြူရောင် အလင်းများ၊ ဓား အလင်းများဖြင့် ပြည့်နှက် သွား၏။
ဝိညာဉ် ရတနာ ခြောက်ခုနှင့် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ စုပေါင်း တိုက်ခိုက်မှု …
ချန်းဖန်ကား ထိုသို့သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခြင်း၌ အနည်းငယ်ပင် ပေါ့ဆရဲခြင်း မရှိချေ။
“အစစ်အမှန် နတ်ဘုရား လက်သီး …”
“လီမီးတောက် ရွှေရောင် မျက်လုံး …”
“ကောင်းကင် မိုးကြိုး ဓား …”
နောက်ဆုံး၌ ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ကိုပင် ခွန်ပန် အသွင်သို့ ပြောင်းလဲ လိုက်ရ၏။
“ကြောက်ဖို့ကောင်းလိုက်တာ …”
မရေမတွက်နိုင်သော ပရိသတ်များကား ကောင်းကင်ကို ကြည့်ရင်း အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။
“ဘုန်း …”
တစ်ချိန်တည်း၌ ကောင်းကင်ရှိ တိုက်ပွဲမှာလည်း ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။
မူလ အထွတ်အထိပ် အဆင့် ခုနစ်ယောက်နှင့် ဝိညာဉ် ရတနာများ၏ ပေါင်းစပ် တိုက်ခိုက်မှုကား အလွန်ပင် ပြင်းထန်၏။ ထိုတိုက်ခိုက်မှုများ၏ အလယ်၌ ခွန်ပန်အသွင် ပြောင်းလဲထားသည့် ချန်းဖန်ပင်လျှင် ဒဏ်ရာများပင် ရနေခဲ့ပြီ ဖြစ်သည်။
“ဘုန်း ... ဘုန်း …”
နဂါးငါးကောင် ကြာပွတ်က ချန်းဖန်၏ ခန္ဓာကိုယ်အား ရစ်ပတ်ထား သကဲ့သို့ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ ဓားကလည်း သူ၏ ပခုံး၌ ဒဏ်ရာ တစ်ခုကို ချန်ရစ်၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
မကြာခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာ၏။
အကယ်၍ ချန်းဖန်သာ ကောင်းကင် ခန္ဓာကို ထူးခြား အဆင့်အထိ အောင်မြင် မထားပါက ထိုတိုက်ခိုက်မှုများ၏ အောက်၌ သေဆုံး နေလောက်ပြီ ဖြစ်သည်။
“အား …”
ချန်းဖန်က ကျယ်လောင်စွာ အော်ဟစ်ရင်း သူ၏ စွမ်းအားကို အမြင့်ဆုံး အခြေအနေအထိ မြှင့်တင်လိုက်သည်။ ထို့နောက် သူက အတောင်ပံကို ဓားများ အသွင်သို့ ပြောင်းလဲရင်း ဝိညာဉ် ရတနာများကို ခုတ်ပိုင်း လိုက်၏။
“ဘုန်း …”
ရုတ်တရက် ကောင်းကင်နှင့် လေထုသည် တုန်ရီလာကာ လေမုန်တိုင်းများပင် ဖြစ်ပေါ်လာ၏။ တစ်ချိန်တည်းတွင် ကောင်းကင်၌ ဆင့်ကဲ ပေါက်ကွဲမှုများက မိုင်ချီအောင် ဖုံးလွှမ်းသွားသည်။
“ဘုန်း …”
ပေါက်ကွဲမှုများ၏ အရှိန်တွင် ချန်းဖန်၏ ခန္ဓာကိုယ်သည် မီတာ ရာချီအောင် လွင့်စဉ်သွား၏။ ထိုအချိန်၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား သွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်လေသည်။
“ချန်းပေ့ရွှမ်း ... အညံ့ခံစမ်း …”
တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ်လိုက်၏။
ချန်းဖန်က လေထဲတွင်ပင် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသိမ်းရင်း မားမားမတ်မတ် ပြန်လည် ရပ်လိုက်၏။ ထို့နောက် သူက လှောင်ပြုံးပြုံးလိုက်သည်။
“မင်းတို့က နိုင်ပြီလို့ ထင်နေတာလား”
“ဘုန်း …”
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ မိုးကြိုး အလင်းများ ဝန်းရံလာ၏။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်က နဂါးခေါင်းနှင့် လူသား ခန္ဓာကိုယ် ပါရှိသော နတ်ဘုရား တစ်ပါး အသွင်သို့ ပြောင်းလဲသည်။
ထိုနတ်ဘုရား၏ ဦးခေါင်းထက်တွင်မူ သေးငယ်သော ချိပ်တံဆိပ်တစ်ခု မျောလွင့် နေ၏။ ထိုချိပ်တံဆိပ်ထံမှ ဝိညာဉ် ရတနာနှင့် ယှဉ်နိုင်သည့် မိုးကြိုးစွမ်းအားများ ထွက်ပေါ်နေသည်။
ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ဒုတိယ ပန်းချီ လိန်ဟူ သားရဲကား ထွက်ပေါ် လာချေပြီ ဖြစ်လေသည်။
***