← Chapters

အခန်း (၃၅၉)

Vol. 14 Ch. 359

အခန်း (၃၅၉)

Vol. 14 Ch. 359

---

ယွင်ရိုမူ က မျက်နှာလှလှလေးကိုမဲ့ကာ ခါးသီးစွာ ပြုံးလိုက်သည်။

ယဲ့ကျိုနျန် ၏ ဇာတ်လမ်းက သူမကို ရှုပ်ထွေးစေခဲ့သည်။

ဘယ်လို တာအို သခင်လေးလဲ? ဘယ်လိုခံစားမှုလဲ?

ဒါပေမဲ့ ဒါကို နားမလည်တာက သူမအတွက်ပိုပြီး အဆင်ပြေတယ်။

သူမကို တကယ် စိတ်ဆိုးစေတာက ယဲ့ကျိုနျန် ရဲ့ အိပ်မက်ယက်လုပ်သူ အပေါ် လုပ်ခဲ့တဲ့အရာ—သူ၏ လုပ်ဆောင်ချက်တွေက လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူး။

သူမက စီနီယာအိပ်မက်ယက်လုပ်သူ အတွက် တကယ်ပဲ နှလုံးအောင့်လောက်အောင် ရင်နာခဲ့ရတယ်။

ယွင်ရိုမူ က သူမရဲ့ဓားကို အသံမြည်သည်အထိ တင်းတင်းဆုပ်ကိုင်လိုက်သည်။

သူမက ယဲ့ကျိုနျန် ကို သတ်ပြီး အိပ်မက်ယက်လုပ်သူ ရဲ့ နာမ်ဝိညာဉ်ကို နောင်ဘဝမှာ နှစ်သိမ့်ဖို့ တိတ်တိတ်ဆိတ်ဆိတ် ကျိန်ဆိုလိုက်သည်။

သူမက အရေးယူဖို့ ပြင်ဆင်နေချိန်မှာပဲ။

ယဲ့ယွီ ရုတ်တရက် ရှေ့ကို တိုးလာသည်။

သူက သူ့ရဲ့လက်တစ်ဖက်နဲ့ ထူးဆန်းတဲ့ အမူအရာတစ်ခု လုပ်ပြလိုက်သည်။

ပြီးတော့ ဖြည်းဖြည်းချင်း ပြောသည်၊ စကားလုံးတိုင်းက လေထဲကို ကျည်ဆန်များပမာ ထိုးဖောက်သည်။ “ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ဖြစ်သူ၊ သေစမ်း!”

ဒီအရာကို ကြားတော့၊ ယဲ့ကျိုနျန် ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

သူက အမြန် မေးသည်၊ “မင်း ဘယ်သူလဲ? မင်းနဲ့ အဲဒီ တာအို သခင်လေးရဲ့ ဆက်ဆံရေးက ဘာလဲ? ပြော!”

“ကျွန်တော် တစ်ချိန်က အနောက်ဘက် နယ်စပ်ဒေသ မှာ တာအို သခင်လေးတစ်ဦးနဲ့ တွေ့ဖူးတယ်။”

“သူက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်ထက် ပိုမြင့်တဲ့ ကျင့်ကြံမှု ရှိတယ်။”

“သူက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကို ရောက်ရှိတဲ့ ကျင့်ကြံသူတွေကို သုတ်သင်ဖို့ပဲ ရောက်လာခဲ့တာ။”

“ဒါပေမဲ့ မြောက်ဘက်ခြမ်း နဲ့ တောင်ဘက် တိုက်ကြီးမှာ၊ ကျွန်တော် သူ့ရဲ့တည်ရှိမှုကို မတွေ့ခဲ့ရဘူး။ ဘာကြောင့်လဲဆိုတာခင်ဗျား သိလား?”

ယဲ့ယွီ က သူ့ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ ရှုပ်ထွေးမှုကို ပြောလိုက်သည်။

အနောက်ဘက် နယ်စပ်ဒေသ မှာ အဲဒီ တာအို သခင်လေးနဲ့ သူ ဆုံပြီးကတည်းက။

ယဲ့ယွီ က တွေးနေခဲ့တာ။

ဒီ တာအို သခင်လေးက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေကို အထူး ပစ်မှတ်ထားနေတာလား?

ဒါက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကို ကျင့်ကြံလောကတစ်ခုလုံးမှာ ဒဏ္ဍာရီအဖြစ် ဘာကြောင့် သတ်မှတ်ထားလဲဆိုတာ ရှင်းပြနိုင်လိမ့်မယ်။

ဒါပေမဲ့ သူ ဒါကို ဘာကြောင့် လုပ်နေတာလဲ?

သူ တစ်ယောက်တည်း လုပ်နေတာလား?

ဒါမှမဟုတ် တိုက်ကြီးတစ်ခုစီမှာ ဒီလိုလုပ်နေတဲ့ တခြား တာအို သခင်လေးတွေ ရှိသေးလား?

အိပ်မက်များစွာ မြင်ပြီးနောက်၊ ယဲ့ယွီ က အနောက်ဘက် နယ်စပ်ဒေသ မှာပဲ တာအို သခင်လေးတွေ ရှိနေပုံရတယ်လို့ ကောက်ချက်ချခဲ့သည်။

တခြားတိုက်ကြီးတွေနဲ့ပတ်သက်ပြီးတော့

ယဲ့ယွီ ပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကို ရောက်ရှိခဲ့တဲ့ သူ့ရဲ့ဇနီးတွေပဲဖြစ်ဖြစ်၊ ဘယ်သူမှ သူတို့နောက်ကို လိုက်လာတာ မရှိဘူး။

ဒါပေမဲ့ ယဲ့ကျိုနျန် ရဲ့ စကားတွေကတော့

လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးဟာ အလယ်ဗဟိုတိုက်ကြီး မှာလည်း ရှိနေတယ်ဆိုတာ သက်သေပြခဲ့သည်။

အနည်းဆုံးတော့၊ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်း ကျော်က ရှိခဲ့တယ်။

အခုအချိန်မှာတော့၊ ဒါက ရှင်းရှင်းလင်းလင်း မရှိဘူး!

ယဲ့ကျိုနျန် က သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်း ကျော်က၊ သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးနဲ့ တွေ့ခဲ့တယ်။

သူ သူ့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘူး။

သေချင်ယောင်ဆောင်ပြီးနောက်၊ သူက သူ့ရဲ့ဝိညာဉ်ကို မနည်းကြီးဖျစ်ညှစ်ကာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

နောက်ပိုင်းတွင်၊ တားမြစ်ယင် မြစ်ရှိ ယဲ့ မိသားစုမှာ တခြား ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေ ရှိခဲ့ပေမဲ့

ဘယ်သူမှ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးနဲ့ မဆုံခဲ့ကြဘူး။

ဒီကိစ္စက ယဲ့ကျိုနျန် ကို အရမ်း ရှုပ်ထွေးစေခဲ့သည်။

အခုတော့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးနဲ့ ဆုံခဲ့ဖူးတဲ့ တခြားတစ်ဦး ရုတ်တရက် ပေါ်လာသည်။

သူ တကယ်ပဲ စိတ်လှုပ်ရှားနေခဲ့တယ်။

သူက ထိုင်ပြီး အရာအားလုံးကို မေးချင်ခဲ့တယ်။

ဒါပေမဲ့ ယဲ့ကျိုနျန် က ချီတုံချတုံ ဖြစ်နေသည်။

အတ္တသမား တိုင်းမှာ စိတ်ခြောက်ခြားမှု ရှိကြတယ်။

သူက ဘယ်သူ့ရဲ့စကားကိုမှတောင် မယုံခဲ့ဘူး။

ယဲ့ယွီ ၊ ရန်သူတစ်ဦးရဲ့စကားကို ဘယ်ပြောကောင်းမလဲ။

ဒါကြောင့်၊ ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သူ့ကို သတ်ပြီးနောက်၊ သူက ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြုပြီး အဖြေတွေကို ရယူလိမ့်မယ်။

ဒီလိုလုပ်ရင်၊ သူက လိမ်တာတွေကို ကြားရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။

ဒီအတွေးကို စိတ်ထဲထားပြီးတော့။

ယဲ့ကျိုနျန် က မကောင်းဆိုးဝါး ပြုံးလိုက်သည်။

“ကလေး၊ မင်း ငါ့ကို လှည့်စားနိုင်မယ်လို့ မထင်နဲ့။”

“တစ်ဦးတည်းရဲ့ သက်သေခံချက်က ယုံကြည်ဖို့ အနည်းဆုံးပဲ။ မင်းနဲ့ အဲဒီ တာအို သခင်လေးရဲ့ ဆက်ဆံရေးက တကယ်တော့ ဘာလဲဆိုတာ ဘယ်သူသိမှာလဲ?”

“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ မင်းကို သတ်ပြီး မင်းရဲ့ဝိညာဉ်ကို ထုတ်ယူလိုက်တာနဲ့၊ အရာအားလုံးက ရှင်းသွားလိမ့်မယ်!”

“အိုး၊ မင်းလည်းပဲ။ ခေးအို့စ်အာရုံမှားလိပ်ပြာလေး ကို ဒီလောကကနေ ကြာကြာကတည်းက သုတ်သင်ပစ်သင့်တာ။”

“အထူးသဖြင့် မင်းက အဲဒီ မိစ္ဆာမ အိပ်မက်ယက်လုပ်သူ နဲ့ ဆက်စပ်နေတဲ့အတွက်၊ မင်း သေဖို့ ထိုက်တန်တယ်!”

ယဲ့ယွီ ၏ မျက်လုံးများ တောက်ပလာသည်။

ဒီစကားတွေက သူ့ကို သတိပေးခဲ့သည်။

မှန်တယ်၊ ဒီမေးခွန်းတွေအားလုံးကို မေးပြီး ဘာလို့ အချိန်ဖြုန်းနေရမှာလဲ?

သူ့ကို သတ်ပြီး ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြုလိုက်တာနဲ့၊ သူ အရာအားလုံးကို သိနိုင်မှာ မဟုတ်ဘူးလား?

ဒီလိုနဲ့။

ယဲ့ယွီ နှင့် ယဲ့ကျိုနျန် တို့ နှစ် ဦးလုံးက အတူတူပဲ စဉ်းစားနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ၊ ယွင်ရိုမူ က သူမရဲ့ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

လေးနက်သောအသံဖြင့်၊ သူမက တလုံးချင်း ပြောသည်၊ “ဂျူနီယာလေး၊ မမ သူ့ကို ကိုင်တွယ်လိုက်မယ်!”

ယွင်ရိုမူ က ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

ဒါပေမဲ့ သူမကို ယဲ့ယွီက ချက်ချင်း ပြန်ဆွဲလိုက်ရင်း အသံလှိုင်းဖြင့် ပို့လိုက်သည်၊ “ဒီလူက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့် ဂိုဏ်းအကြီးအကဲ ပဲ၊ မင်း သူ့အတွက် ပြိုင်ဘက် မဟုတ်ဘူး။

မမအတွက် လက်စားချေတာကို ငါ လုပ်လိုက်မယ်!”

ဒီအရာကို ကြားတော့။

ယွင်ရိုမူ က ခဏတာ ကြက်သေသေသွားသည်။

ပြင်းထန်တဲ့ ရှုံးနိမ့်မှုခံစားချက်က သူမရဲ့နှလုံးသားထဲမှာ ပေါ်လာသည်။

ခုနက၊ သူမ အရမ်းဒေါသထွက်နေခဲ့တာ။

သူမက ယဲ့ကျိုနျန် ရဲ့ ကျင့်ကြံမှုအဆင့်ကိုတောင် မစဉ်းစားခဲ့မိဘူး။

အခုတော့၊ သူမရဲ့ ဝိညာဉ်အသိနဲ့၊ ဒီလူဆီကနေ ဝိညာဉ်စွမ်းအင် လှိုင်းအတက်အကျတွေက အရင်က ယဲ့ရွှမ်ကျီ ထက် အများကြီး ပိုအားကောင်းတယ်ဆိုတာ သူမ သဘောပေါက်သွားသည်။

ရှင်းနေတာပဲ၊ သူကလည်း ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်မှာပဲ။

ယွင်ရိုမူ တကယ်ပဲ မပျော်ရွှင်ခဲ့ဘူး။

သူမ သန္ဓေတည်ဝိညာဉ် အဆင့်မှာတုန်းက၊ လူတိုင်းက ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်မှာ ရှိနေကြတယ်။

အခုတော့၊ နောက်ဆုံးမှာ ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်ကို ရောက်လာတော့၊ သူမ တွေ့တဲ့လူတိုင်းက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်မှာ ရှိနေကြတာလား?

ဘာတွေဖြစ်နေတာလဲ?

ဒါက နောက်ပြောင်တာလား?

သို့သော်လည်း၊ ယွင်ရိုမူ က အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းရည် သူမမှာ ရှိတယ်လို့ မယုံကြည်ပေမဲ့၊ သူမက ကူညီချင်နေဆဲပဲ။

“ကောင်းပြီ၊ မင်းတို့ နှစ် ယောက် ဆက်ပြီး ငြင်းခုံနေစရာ မလိုတော့ဘူး! မင်းတို့ နှစ် ယောက်လုံး အတူတူ သေလို့ရပြီ!”

ယဲ့ကျိုနျန် ၏ အသံက ယုံကြည်မှုတွေ ပြည့်နေသည်။

နှစ်ပေါင်းနှစ်သောင်း ကျော်။

ဒီလောက်များတဲ့ ခံစားမှုတွေကို ခံစားခဲ့ရတာက သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်တာအပြင်

တစ်ချိန်တည်းမှာပဲ သူက နည်းစနစ်အသစ်တစ်ခုကိုလည်း ကျင့်ကြံခဲ့တယ်။

“ ထွက်သွားပြီးသူများ ပြန်လာခြင်း !”

အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်!

ယဲ့ကျိုနျန် က သူ့ရဲ့လက်တွေနဲ့ ဟန်းဆိုင်း အမှတ်အသားတွေ ဖန်တီးသည်။

ရုတ်တရက် သူတို့ကို မြေပြင်ပေါ်ကို ဖိလိုက်သည်။

ချက်ချင်းဆိုသလို

နောက်ဘက်က တောင်တွေက မီးတောင်ပေါက်ကွဲသလို အပြင်းအထန် တုန်ခါစပြုသည်။

တစ်ချိန်က ငြိမ်းချမ်းနေတဲ့ ဝိညာဉ်စွမ်းအင်က ပြင်းထန်စွာ ကြမ်းတမ်းသွားသည်။

ကြည်လင်တဲ့ကောင်းကင်က

တစ်ဖန် အမှောင်ကိုသယ်ဆောင်လာသောတိမ်တွေနဲ့ တလိမ့်လိမ့်ဖုံးလွှမ်းသွားသည်။

ဒါပေမဲ့ ယဲ့ယွီ ရဲ့ အပြာရောင်ကြာပန်း မိုးကြိုးထိုးနှက်ခြင်း ဓားပညာ လို မဟုတ်ဘဲ၊ မိုးကြိုးတွေလျက်သိုင်းနေတာမျိုး မဟုတ်ဘူး။

ဒီတစ်ခါတော့၊ အမှောင်တိမ်တွေက အေးစိမ့်တဲ့ aura နဲ့ ပြည့်နေသည်။

နောက်တစ်စက္ကန့်မှာ

လက်စားချေလိုတဲ့ ဝိညာဉ်တွေရဲ့ ငိုကြွေးသံတွေ ရုတ်တရက် ဟိုမှသည် ထွက်ပေါ်လာသည်။

အစပိုင်းတွင် အသံတိုးတိုးဖြင့် စတင်ခဲ့ပေမဲ့၊ ပိုပြီးနားများအတွင်းသာမက စိတ်ဝိညာဉ်ကိုပါ ထိုးဖောက်လာသည်။

ဒါတွေကို ကြားတဲ့သူတွေရဲ့ စိတ်ဝိညာဉ်တွေကိုပင် ဆောက်တည်ရာမရလောက်အောင်ထိ အနှောင့်အယှက်ပေးနေသည်။

‌ေ

လက်စားချေလိုတဲ့ ဝိညာဉ်တွေက တဖြေးဖြေးလေထုထဲတွင် ပေါ်လာကာ ဟိုမှသည် ပျံသန်းရင်း သူတို့ရဲ့စစ်မှန်တဲ့ကြောက်မက်စရာရုပ်ကြီးများကို ဖော်ပြကြသည်။

သူတို့ထဲမှာ ယဲ့ယွီ သတ်ဖြတ်ခဲ့တဲ့ ယဲ့ မိသားစုဝင်တွေသာမက

ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲအများအပြားလည်း ပါဝင်သည်၊ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ရင်သပ်ရှုမောဖွယ်ကောင်းတယ်။

သူတို့အားလုံးမှာ ဘုံလက္ခဏာတစ်ခု ရှိသည်- သူတို့ရဲ့ ခန္ဓာကိုယ်တွေက သွေးနီရောင်ရှိပြီး၊ ရက်စက်တဲ့ aura ကို ထုတ်လွှတ်နေသည်။

ဒါက ယဲ့ကျိုနျန် က နှစ်ပေါင်းနှစ်သောင်း ကျော်ကြာ ကျင့်ကြံခဲ့တဲ့ နည်းစနစ်ပဲ။

တကယ်တော့၊ ဒါက မတော်တဆ ဖန်တီးမိခဲ့တာ။

ယဲ့ကျိုနျန် မှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အား မရှိတော့တဲ့အခါ၊ သူက လျှို့ဝှက်နည်းလမ်းတွေ အသုံးပြုပြီး ရှားပါးသားရဲ ထောင်ပေါင်းများစွာ နဲ့ ကျင့်ကြံသူတွေကို အမဲသုတ်သင်လိုက်ခဲ့တယ်။

ယဲ့ မိသားစုရဲ့ နောက်ဘက်တောင်တွေတစ်ခုလုံးက

ကြီးမားတဲ့ သင်္ဂြိုဟ်ရာနေရာ ဖြစ်သွားခဲ့သည်။

ပြီးတော့ ပင်မခန်းမထဲက သွေးကန်က ဒီသားရဲတွေနဲ့ ကျင့်ကြံသူတွေရဲ့ သွေးတွေနဲ့ ဖွဲ့စည်းထားတာ။

ယဲ့ကျိုနျန် က သူတို့ရဲ့သွေးကို အသုံးပြုပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ဖန်တီးခဲ့ပြီး၊ ကြီးမားတဲ့ နှိပ်စက်မှုတွေနဲ့ ခံစားမှုတွေကို ခံခဲ့ရတယ်။

သူ့နှလုံးသားထဲက မုန်းတီးမှုက လက်စားချေလိုတဲ့ ဝိညာဉ်တွေနဲ့ ထပ်တူကျခဲ့တယ်။

အဲဒီအချိန်ကမှပဲ သူ ဒီနည်းစနစ်ကို စဉ်းစားမိခဲ့တာ။

လက်စားချေလိုတဲ့ ဝိညာဉ်တွေက သူတို့ရဲ့ မူလခွန်အားရဲ့ ၈၀% ကျော်ကို ထိန်းသိမ်းထားပြီး၊ သားရဲ အများအပြား ရဲ့သွေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ၊ ဒါက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မြှင့်တင်ပေးခဲ့တယ်။

သူတို့ ဒီသင်္ဂြိုဟ်ရာနေရာမှာ ရှိနေသရွေ့၊ သူတို့ကို ယင် စွမ်းအင်က အဆက်မပြတ် အားဖြည့်ပေးလိမ့်မယ်။

ဒါကြောင့်၊ ယဲ့ကျိုနျန် က ဘယ်သူ့ကိုမှ မရှုံးနိမ့်နိုင်ခဲ့တဲ့တန်ခိုးတွေရလာခဲ့တဲ့အကြောင်းရင်းပဲ။

ဒါက ယဲ့ကျိုနျန် ဘာကြောင့် ဒီလောက် ယုံကြည်မှုရှိနေရတာလဲဆိုတဲ့ အကြောင်းရင်းပဲ။

ယွင်ရိုမူ က ပတ်ဝန်းကျင်က လက်စားချေလိုတဲ့ ဝိညာဉ်တွေကို ကြည့်လိုက်သည်။

သူမက သူမရဲ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး အသံနက်ဖြင့် ပြောသည်၊ “ ယဲ့ မိသားစုက တစ်ချိန်က မွန်မြတ်တဲ့ မိသားစုတစ်ခုဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်!”

“ဒါပေမဲ့ရှင်က နတ်ဆိုးပညာတွေကို လေ့ကျင့်နေတာလား?”

“ငါ အဆုံးမဲ့ စွမ်းအားကို ရနိုင်သရွေ့၊ ကောင်းတာနဲ့ ဆိုးတာ၊ နတ်ဆိုးပညာနဲ့ တာအို နည်းလမ်းတွေကြားမှာ ဘာကွာခြားချက် ရှိမှာလဲ?”

ယဲ့ကျိုနျန် ၏ အသံက စိတ်လှုပ်ရှားမှုတွေ ပြည့်နေသည်။

ပြီးတော့ သူ မသိခဲ့တာက။

ပစ္စုပ္ပန်မှာ သူ့ထက်တောင် ပိုစိတ်လှုပ်ရှားနေတဲ့ လူတစ်ဦး ရှိနေတာပဲ။

အဲဒီလူက ယဲ့ယွီ ပဲ!

ဒီလောက်များတဲ့ လက်စားချေလိုတဲ့ ဝိညာဉ်တွေက၊ တခြားသူတွေအတွက်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါပေမဲ့ ယဲ့ယွီ အတွက်တော့

သူတို့က မယုံနိုင်စရာ အရသာရှိလွန်းတဲ့ ဖြည့်စွက်စာပဲ။

ဒါက ရွှေတွင်းပဲ!

စစ်မှန်တဲ့ ရွှေတွင်းပဲ!ရတနာသိုက်ကြီးပဲ ။ ထီဆယ်ငါးခါဆက်တိုက်ပေါက်ရင်တောင်ဒီထက်တော့ပျော်စရာကောင်းမယ် မထင်တော့ဘူး။

အခုတော့ သူ့ရဲ့ ဝှက်ဖဲလေးဖြစ်တဲ့ ဝိညာဉ်ခေါ်နဖူးစည်း က သေချာပေါက် ပွဲခံနိုင်လိမ့်မယ်!

ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေသေးတယ်၊ ယွင်ရိုမူ ကို ဘယ်လို ကိုင်တွယ်မလဲ?

သူက အရင်ကလို သူမကို သတိလစ်သွားအောင် လုပ်ရတော့မှာလား?

၃၆၀ ဆက်ရန်

All Chapters