← Chapters

အခန်း (၃၅၈)

Vol. 14 Ch. 358

အခန်း (၃၅၈)

Vol. 14 Ch. 358

ယဲ့ကျိုနျန် ၊ ဒီနာမည်က ယဲ့ယွီ အတွက် မရင်းနှီးတာ မဟုတ်ဘူး။

အရင်က၊ လင်းမြောက်ရွှယ် က ပြောခဲ့ဖူးတယ်။

သူမရဲ့အစ်ကို လင်းဖန်ယွမ် ကို ကယ်ဖို့အတွက် သူမရဲ့ စစ်မှန်သော ဓားနှလုံးသား ကို စျေးနှုန်းအဖြစ် ပေးဖို့ တောင်းဆိုခဲ့သူက ယဲ့ မိသားစုရဲ့ အရင်ခေါင်းဆောင် ယဲ့ကျိုနျန် ပဲ ဖြစ်တယ်။

ဒီလိုကြည့်မယ်ဆိုရင်။

ဒါက သောင်းနှင့်ချီသော နှစ်ပေါင်းများစွာ တန်ခိုးရှင်အဖြစ် ရှိခဲ့တဲ့သူတစ်ဦးပဲ!

သို့သော်လည်း၊ ယဲ့ယွီ စူးစမ်းချင်စိတ် ဖြစ်မိတာက

သူ ပြောတဲ့ အိပ်မက်ယက်လုပ်သူ က ဘယ်သူလဲ?

ယွင်ရိုမူ ၏ အကြည့်က ရေခဲလို အေးစက်သွားသည်။

သူမက သူမရဲ့ သိုလှောင်လက်စွပ်ထဲကနေ ဓားတစ်လက်ကို ရွှမ်းကနဲ ထုတ်လိုက်သည်။

အသံနက်ဖြင့်၊ သူမက ပြောသည်၊ “ အိပ်မက်ယက်လုပ်သူ က ကျွန်မရဲ့ ကျင့်ကြံရေးမှာ လမ်းညွှန်ပေးခဲ့တဲ့သူပါ။

သူမက ရှင့်ကို မသတ်ခင်မှာ မေးခွန်းတစ်ခု မေးဖို့ ပြောခဲ့တယ်။

ရှင် သူမကို လုပ်ခဲ့တဲ့အရာအတွက် နောင်တရပါသလား?

နည်းနည်းလေးပဲဖြစ်ဖြစ်?”

ဒီစကားတွေကို ကြားတော့။

ယဲ့ကျိုနျန် က ရူးသွပ်စွာ ရယ်မောသည်။

"ဟားဟား...ဟား"

အချိန်အတော်ကြာပြီးမှ၊ သူ နောက်ဆုံးတော့ တည်ငြိမ်သွားသည်။

သူ၏အမူအရာက ရုတ်တရက် ပျော့ပြောင်းသွားသည်။

သူက လွန်ခဲ့တဲ့နှစ်များက အဖြစ်အပျက်တွေကို ပုံပြင်တပုဒ်ပမာ ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်း ကျော်က

အဲဒီအချိန်တုန်းက၊ ယဲ့ကျိုနျန် က ယဲ့ မိသားစုရဲ့ ခေါင်းဆောင် မဖြစ်သေးဘူး။

သူ အပြင်ထွက်တဲ့အခါ တစ်ရက်မှာ။

သူက အိပ်မက်ယက်လုပ်သူ နဲ့ ဆုံခဲ့သည်။

ပထမအကြည့်မှာ၊ သူ တအံ့တဩ ဖြစ်သွားသည်။ မြင်မြင်ချင်းချစ်ဆိုတာကို သူယုံကြည်သွားခဲ့သည်။

သူ ချက်ချင်း သူမနောက်ကို နွားသိုးကြိုးပြတ် လိုက်တော့သည်။

ပထမတွင်

အိပ်မက်ယက်လုပ်သူ က ချစ်ကြိုးသွယ်ဖို့ လုံးဝ သဘောမတူခဲ့ဘူး၊ လူသားတွေနဲ့ နတ်ဆိုးတွေရဲ့ ပေါင်းစည်းမှုက ကောင်းတဲ့အဆုံးသတ်နဲ့ ပြီးခဲလို့ပဲ။

ဒါ့အပြင်၊ သူမက အလွန်ရှားပါးတဲ့ ခေးအို့စ်အာရုံမှားလိပ်ပြာလေး ဖြစ်သည်။

မရေမတွက်နိုင်တဲ့ လူသားကျင့်ကြံသူတွေက သူမရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် သူမဆီကို ချဉ်းကပ်လာကြလိမ့်မယ်။

ဒါကြောင့်၊ အိပ်မက်ယက်လုပ်သူ က ယဲ့ကျိုနျန် ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

ဒါပေမဲ့ စကားပုံတစ်ခုရှိတယ်၊ ကောင်းမွန်တဲ့အမျိုးသမီးက ဆက်တိုက်လိုက်တဲ့သူကို ချစ်တယ်!

ရာစုနှစ်ပေါင်းများစွာ နွားကျခံကာ လိုက်ပြီးနောက်

ယဲ့ကျိုနျန် က နောက်ဆုံးတော့ အိပ်မက်ယက်လုပ်သူ ရဲ့ နှလုံးသားကို အနိုင်ယူနိုင်ခဲ့သည်။

သူတို့ ပေါင်းစည်းပြီးနောက်၊ သူတို့ ပျော်ရွှင်တဲ့ ကာလတစ်ခုကို ခံစားခဲ့ကြရသည်။

နောက်ပိုင်းတွင်

ယဲ့ မိသားစုက မငြိမ်မသက်မှုတွေ ကြုံခဲ့ရပြီး၊ မိသားစုခေါင်းဆောင် ကွယ်လွန်သွားသည်။

အမျိုးမျိုးသော မျိုးနွယ်စုခွဲတွေက မိသားစုခေါင်းဆောင်ရာထူးအတွက် မုန်တိုင်းသဖွယ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်။

ဒါက အကြမ်းဖက်တဲ့ မိသားစုတွင်း ပရမ်းပတာ ရုန်းကန်မှုတစ်ခုပဲ။

ယဲ့ကျိုနျန် ဟာ မိသားစုခေါင်းဆောင်ဖြစ်ချင်တဲ့အလွန် ကြီးမားတဲ့ ရည်မှန်းချက်တွေ အမြဲတမ်း ရှိခဲ့တယ်။

ဒီအခြေအနေကို သိရှိသောအခါ

သူက ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ ယဲ့ မိသားစုဆီကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မထွက်ခွာခင်၊ သူက အိပ်မက်ယက်လုပ်သူ ကို ခဏလောက် စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ပြောခဲ့တယ်။

သူ မိသားစုခေါင်းဆောင် ဖြစ်သွားတာနဲ့

သူက သူမကို လက်ထပ်ဖို့ လာခဲ့မယ်။

အချစ်ကြောင့် ဘာကိုမှမသိတော့တဲ့ မျက်စိကန်းနေတဲ့လူလိုမျိုး အိပ်မက်ယက်လုပ်သူ က ချက်ချင်း သဘောတူခဲ့သည်။

နောက်ပိုင်းတွင်

ယဲ့ကျိုနျန် ဟာ ယဲ့ မိသားစုဆီ ပြန်လာခဲ့ပြီး၊ ရာစုနှစ် ကျော်ကြာအထိ မိသားစုခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်ခဲ့တယ်။

နောက်ဆုံးမှာ၊ သူ မိသားစုခေါင်းဆောင် ဖြစ်လာခဲ့သည်။

သူက အိပ်မက်ယက်လုပ်သူ ကို ပေးခဲ့တဲ့ ကတိကို မမေ့ခဲ့ပါဘူး။

ဒါပေမဲ့ ကံမကောင်းစွာပဲ၊ ယဲ့ မိသားစုဟာ မငြိမ်မသက်မှုကြီးရဲ့ ကာလတစ်ခုမှာ ရှိနေပြီး၊ သူချစ်သူဆီကိုပြန်သွားဖို့ အချိန်မရခဲ့ဘူး။

ဒါ့အပြင်၊ အရေးကြီးဆုံး အကြောင်းရင်းက

ယဲ့ကျိုနျန် ရဲ့ မွေးဖွားမှုက တရားဝင်သားမဟုတ်ပဲ သူက မျိုးနွယ်စုခွဲက ဖြစ်တယ်။

ဒါကြောင့်၊ မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်မှာတောင်

ယဲ့ မိသားစုက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝ မရှိခဲ့ဘူး။

သူ့ကို ဆန့်ကျင်ဖို့ ကြိုက်တဲ့လူအနည်းငယ် ရှိနေဆဲပဲ။

ဒီလိုကာလမှာ

အကယ်၍ ယဲ့ကျိုနျန် က အမျိုးသမီးနတ်ဆိုးတစ်ဦးကို လက်ထပ်ပြီး ယဲ့ မိသားစုရဲ့သခင်မကြီးဖြစ်ဖို့ အဆိုပြုခဲ့ရင်

သူက သေချာပေါက် တညီတညွတ်တည်း ဆန့်ကျင်ခြင်းကို ရင်ဆိုင်ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်၊ ယဲ့ မိသားစုက အလယ်ဗဟိုတိုက်ကြီး ရဲ့ အခွန်အမာဆုံး မိသားစုပဲ။

လူတိုင်းက မာနကြီးကြတယ်။

သူတို့က အမျိုးသမီးနတ်ဆိုးတစ်ဦးကို သခင်မကြီးရာထူးမှာ ထိုင်ခွင့် ဘယ်လိုပေးမှာလဲ?

အကယ်၍ စနစ်တကျ မကိုင်တွယ်ခဲ့ရင်

ဒါက သူ့ရဲ့ပြိုင်ဘက်တွေက သူ့ကို ဆန့်ကျင်ဖို့ အလွယ်တကူ အသုံးပြုနိုင်ပြီး၊ မိသားစုခေါင်းဆောင်ရာထူးအပေါ် သူ့ရဲ့ ဆုပ်ကိုင်မှုကို အားနည်းစေလိမ့်မယ်။

ဒါကြောင့်၊ ယဲ့ကျိုနျန် က သူ့ရဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားခဲ့တယ်။

ရာစုနှစ် အကြာတွင်

ယဲ့ကျိုနျန် က ထိပ်တန်း မှော်ဓားတစ်လက်ကို ရရှိဖို့အတွက် တခြား ကျင့်ကြံမိသားစုတစ်ခုရဲ့သမီး စုရုန် ကို လက်ထပ်ခဲ့တယ်။

သူ လင်းမြောက်ရွှယ် အတွက် ထောင်ခဲ့တဲ့ ထောင်ချောက်က တကယ်တော့ သူ့ကိုယ်သူအတွက် ပြင်ဆင်ခဲ့တာ။

သူက နှစ်ပေါင်းငါးရာ အကြာမှာ စစ်မှန်သော ဓားနှလုံးသား နဲ့ လဲလှယ်ဖို့ စီစဉ်ထားတယ်။

ဓားကောင်းတစ်လက်ကိုရရှိထားတဲ့ လူစွမ်းကောင်းတဉီးသာမဟုတ်ရင် သူ ဘယ်လိုအောင်မြင်နိုင်မှာလဲ?

ယဲ့ကျိုနျန် က စုရုန် ကို လက်ထပ်ပြီးနောက်၊ နှစ်အနည်းငယ် အတွင်းမှာပဲ၊ သူတို့ သားလေးတစ်ဦး ရခဲ့တယ်။

သူတို့က သဟဇာတဖြစ်စွာ နေထိုင်ခဲ့ကြတယ်။

သူတို့ရဲ့သားရဲ့ ရက်တစ်ရာမြောက်ပွဲ ကျင်းပနေစဉ်မှာ။

ယဲ့ကျိုနျန် က ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ဒါက သူ့ရဲ့အရင်ချစ်သူ အိပ်မက်ယက်လုပ်သူ ပဲ!

ယဲ့ကျိုနျန် ရဲ့ နှလုံးသားက လှိုင်းထန်သောပင်လယ်ပြင်လို မငြိမ်မသက် ဖြစ်နေသည်။

ဒါပေမဲ့ သူ မမျှော်လင့်ခဲ့တာက

အိပ်မက်ယက်လုပ်သူ က သူ့ရဲ့ဇနီး စုရုန် ကို နေရာမှာတင် ခိုးယူသွားသည်။

ပြီးတော့ ခေးအို့စ်အာရုံမှားလိပ်ပြာလေး ရဲ့ မွေးရာပါ စွမ်းရည်တွေကို အသုံးပြုပြီး၊ သူမကထိုနေရာရှိ ဧည့်သည်အများစုကို အိပ်မက်ထဲသို့ ရောက်သွားစေခဲ့တဲ့ ပုံရိပ်ယောင် တစ်ခုကို ဖန်တီးခဲ့တယ်။

ဧည့်သည်အများစုက ယဲ့ကျိုနျန် ကို ဝိုင်းဝန်းကာ တိုက်ခိုကြသည်။

ဒါက အသက်ရှူချိန် အနည်းငယ်လောက် သူ့ကို ပိတ်ဆို့ထားခဲ့တယ်။

သူ ယဲ့ မိသားစုထဲကနေ အပြေးအလွှား ထွက်လာတဲ့အခါ၊ ကျီးမန် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။

ဒါကြောင့်

ယဲ့ကျိုနျန် ဟာ သူ ကျီးမန် နဲ့ အတူနေခဲ့တဲ့နေရာကို အမောတကော ရောက်လာခဲ့သည်။

ကျီးမန် က အဲဒီမှာ သူ့ကို တည်ငြိမ်စွာ စောင့်နေခဲ့တာကို တွေ့လိုက်ရတယ်။

ဒါပေမဲ့ သူက စုရုန် ကို မတွေ့ခဲ့ဘူး။

ယဲ့ကျိုနျန် က စုရုန် ဘယ်မှာလဲလို့ မေးသည်။

ကျီးမန် က မသက်ဆိုင်တဲ့အဖြေကို ဖြေသည်၊ ရှင်ကျမကို အခုထိ ကြိုက်သေးလား?

ယဲ့ကျိုနျန် က ရှင်းပြသည်: အချိန်တစ်လျှောက်လုံး၊ ငါ ကြိုက်တဲ့လူက နင်ပဲ ဖြစ်ခဲ့ပြီး၊ ဒါက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။

ငါ စုယာအို နဲ့ တာအို အဖော် ဖြစ်ခဲ့တာ စု မိသားစုရဲ့အရင်းအမြစ်တွေအတွက်ပဲ။

တကယ့်အချစ် မရှိပါဘူး။

စု မိသားစုရဲ့ခေါင်းဆောင်မှာ သားမရှိဘူး၊ ဒီသမီးတစ်ဦးပဲ ရှိတယ်။

ဒါကို သေသေချာချာ လုပ်ဆောင်နိုင်သရွေ့၊ စု မိသားစုရဲ့ အရင်းအမြစ်တွေ ငါ့ဟာ ဖြစ်လာလိမ့်မယ်။

ငါ စု မိသားစုဆီက အရာအားလုံးကို လုံးဝ ရလာတဲ့အခါ

ငါ စုရုန် ကို စွန့်ပစ်ပြီး နင့်ဆီ ပြန်လာခဲ့မယ်။

ကျီးမန် က မျက်ရည်တွေနဲ့ ပြုံးလိုက်သည်။

သူမက ရာစုနှစ် ပေါင်းများစွာ စောင့်ခဲ့ရတယ်။

ဒီကာလအတွင်းမှာ၊ သူမက အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ပြီး၊ ယဲ့ကျိုနျန် ကို စောင့်ကြည့်နေခဲ့တာ။

ဒီလူက တစ်နေ့နေ့တော့ သူမကို လွမ်းဆွတ်သတိရ မှတ်မိပြီး သူမနဲ့အတူ ရှိလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာ။

ဒါပေမဲ့ ဒီလောက်ကြာနေပြီ။

ဒါပေမဲ့ သူက သူမကို လာတွေ့ဖို့ တစ်ခါမှ မလာခဲ့ဘူး။

ဆက်သွယ်ရေးကျောက်တုံးတောင် မသုံးခဲ့ဘူး။

ကျီးမန် က စောင့်ဆိုင်းခြင်းလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို အခုထိ ယုံနေဦးမှာလား?

သို့သော်လည်း၊ အခုထိ၊ သူမက ယဲ့ကျိုနျန် အပေါ် မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေသေးတယ်။

ယဲ့ကျိုနျန် ကိုကျီးမန် က ပြန်မေးသည်။

အကယ်၍ရှင်ကကျမကို တကယ် ကြိုက်တယ်ဆိုရင်၊ အရာအားလုံးကို စွန့်လွှတ်ပြီး စုရုန် ဘယ်မှာလဲဆိုတာ ဂရုမစိုက်နဲ့။

ကျမတို့ လောကကြီးကို လှည့်လည်ပြီး လောကီကိစ္စတွေကို ဂရုမစိုက်ဘဲ အနာဂတ်မှာ အတူတူ ကောင်းကင်ဘုံတက်လှမ်းကြမယ်။

ဒါပေမဲ့ ရှင်က စုရုန် ကိုပဲ အတင်းအကျပ် လိုချင်ပြီး ကျမကို မဟုတ်ဘူးဆိုရင်။

ဒါဆိုရင်၊ ရှင့်လို သစ္စာမရှိတဲ့သူကို ကျမက သတ်ပစ်ရလိမ့်မယ်!

ဒီလိုပဲ။

ယဲ့ကျိုနျန် က ချက်ချင်း ငြင်းပယ်ခဲ့သည်။

သူက အခု အရာအားလုံးကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ?

ဒီ ရက်တစ်ရာမြောက်ပွဲ မှာ၊ လူအများအပြားက စုရုန် ကို ခေါ်သွားတာ မြင်ခဲ့ကြတယ်။

အကယ်၍ ယဲ့ကျိုနျန် က သူမကို မထိခိုက်ဘဲ ပြန်မခေါ်လာခဲ့ရင်။

ဒါဆိုရင် သူ၊ ယဲ့ မိသားစုရဲ့ခေါင်းဆောင်၊ ဘယ်လိုမျက်နှာ ရှိနိုင်မှာလဲ?

ဒါကြောင့်၊ ဘာပဲဖြစ်ဖြစ်၊ စုရုန် ကို ပြန်ခေါ်သွားရမယ်။

သစ္စာဖောက်ဆိုပြီး အသတ်ခံရတာနဲ့ပတ်သက်ပြီးတော့?

ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ!

အတ္တသမား တစ်ဦးအနေနဲ့

ယဲ့ကျိုနျန် ရဲ့ ပန်းတိုင်က အရမ်း ရှင်းလင်းတယ်။

ဘယ်သူမဆိုက သူ့အတွက် ပိုပြီး ခွန်အားကြီးလာဖို့ လှေကားတစ်တထစ်ပဲ။အဲ့ဒီထက်မပိုဘူး၊

အကယ်၍ လှေကားတစ်က သူ့ လမ်းကို ပိတ်ချင်တယ်ဆိုရင်

ဒါဆိုရင်၊ သူက သေချာပေါက် သူ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ ဖျက်ဆီးပစ်လိမ့်မယ်။

ဒါက အရင်က အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူဖြစ်နေရင်တောင် အတူတူပဲ။

ဒါကြောင့်၊ ယဲ့ကျိုနျန် နဲ့ ကျီးမန် တို့ ကြီးမားတဲ့ တိုက်ပွဲတစ်ခုပြင်းထန်စွာ တိုက်ခဲ့ကြတယ်။

နှစ် ဖက်လုံး ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ကြတယ်။

သူတို့ အဲဒီအချိန်ကတည်းက တိုက်ပွဲပြီးတာနဲ့ ခွဲခွာသွားကြတယ်။

ယဲ့ကျိုနျန် ဒီအရာကို ပြောလိုက်တဲ့အခါ၊ သူ့ရဲ့မျက်နှာက ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလာသည်။

“အခုတော့၊ သူမက နင့်ကို ငါ့မှာ နောင်တရတာ ရှိလားလို့ မေးဖို့ တကယ်ပဲ ပြောလိုက်တာလား?

ငါ နင့်ကို အမှန်အတိုင်း ပြောပြလိုက်မယ်။

ငါနောင်တ မရဘူး!

လုံးဝကို မရဘူး!

သူ့ဆီကနေ ပြန်လာတဲ့လမ်းမှာ၊ ငါ့ရဲ့ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို တရွတ်ဆွဲပြီးသွားနေတုန်း ဘယ်ကမှန်းမသိပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးတစ်ဦးနဲ့ တွေ့ခဲ့တယ်။

သူက ကောင်းကင်ဘုံတက်လှမ်းခြင်း ဖြစ်ခဲ့တဲ့သူတွေ သေဆုံးသွားတာနဲ့ပတ်သက်ပြီး ဘာမှန်းမသိ အဓိပ္ပာယ်မရှိတာတွေ ငါ့ကို အော်ပြောခဲ့တယ်။

ပြီးတော့ရုတ်တရက် သူက ငါ့ရဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့တယ်။

ငါသာ လျှို့ဝှက်နည်းလမ်းနဲ့ မလွတ်မြောက်ခဲ့ရင်၊ ငါ အခု သေသွားလောက်ပြီ။

ဒါပေမဲ့ ငါ အသက်ရှင်ခဲ့ရင်တောင်၊ ငါ နှစ်ပေါင်းနှစ်သောင်း ကျော်ကြာ ခံစားခဲ့ရလိမ့်မယ်!

ဒီနှစ်တွေအတွင်းမှာ၊ ငါက အဲဒီ တာအို သခင်လေးကို မုန်းတယ်၊ ပြီးတော့ ကျီးမန် ကို ပိုတောင် မုန်းတယ်။

သူမသာ မဟုတ်ခဲ့ရင်၊ ငါ ဒီလို အဆုံးသတ်မျိုး ဘယ်လို ရောက်လာနိုင်မှာလဲ?”

ယဲ့ကျိုနျန် က ဒီစကားတွေကို အော်ပြောသလို ပြောခဲ့တယ်!

သူက အရင်က အရာတွေအကြောင်း တွေးမိတိုင်း။

သူ အလွန်အမင်း ဒေါသထွက်နေလိမ့်မယ်။

သူက အပြစ်အားလုံးကို ကျီးမန် အပေါ် ပုံချခဲ့တယ်။

ဘာပဲဖြစ်ဖြစ်၊ ဒီရူးသွပ်နေတဲ့အမျိုးသမီးက သူ့နဲ့ သူမရဲ့ဘဝအတွက် ရန်မဖြစ်ခဲ့ရင်။

သူ ဘယ်လိုလုပ် ပြင်းထန်စွာ ဒဏ်ရာရနိုင်မှာလဲ?

သူ ပြင်းထန်စွာ ဒဏ်ရာမရခဲ့ရင်၊ သူ့ရဲ့ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေးက ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ?

ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ် မဖျက်ဆီးခံရဘူး။

သူက သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ဖို့အတွက် နှစ်ပေါင်းနှစ်သောင်း ကျော်ကြာ သွေးကန်ထဲမှာ အိပ်ပြီး ဝေဒနာများစွာ ဘယ်လိုခံစားနေရမှာလဲ။

သူ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ကို လွန်ခဲ့တာ ကြာပြီ ဖြစ်နိုင်တယ်။

ဒီဖြစ်ရပ်ကြောင့်ပဲ။

ယဲ့ မိသားစုက လောကကြီးကနေ ပုန်းအောင်းဖို့ ရွေးချယ်ခဲ့တယ်။

ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို သခင်လေး ရှာမတွေ့အောင် ပုန်းအောင်းဖို့ပဲ။

တစ်ချိန်တည်းမှာပဲ၊ ဒါက ယဲ့ကျိုနျန် ကို သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပြီး သူ့ရဲ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးပေးခဲ့တယ်။

၃၅၉ ဆက်ရန်

All Chapters