အခန်း (၃၅၇)
Vol. 14 Ch. 358
“ဘာမှ မဟုတ်ပါဘူး။”
ယဲ့ယွီ က သူ့ခေါင်းကို အနည်းငယ် ခါယမ်းပြီး သူ့အကြည့်ကို အမြန် ပြောင်းလိုက်သည်။
သူက ပတ်ဝန်းကျင်က ပျက်စီးနေတဲ့မြေကို ကြည့်လိုက်သည်။
စိတ်ရှုပ်ထွေးစွာဖြင့်၊ သူက မေးသည်၊ “မင်း ဒီနေရာကို ဘယ်လို ရောက်လာတာလဲ?”
ယွင်ရိုမူ အလွန်ပျော်ရွှင်ကာ ကလေးတယောက်လိုဖြစ်နေရာမှ သူမ၏ အမူအရာက ရုတ်တရက် သတိထားလာသည်။
“ကျွန်မ ဒီကို လူတစ်ယောက်ကို ရှာဖို့ လာခဲ့တာ။ ကျွန်မ သူ့ကို မရှာတွေ့သေးဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်မကို အမြန် ထွက်သွားဖို့ သတိပေးနှင့်ပြီးပြီ။”
သူမ သူမရဲ့ စကားကို ပြောလို့ မပြီးခင်မှာပင်။
ပုံရိပ်တစ်ခုက ချောက်ကမ်းပါးကနေ ဝိညာဉ်တခုပမာ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏မျက်နှာက နေထိထားသော ငါးခြောက်ပြားကြီးလို အိုမင်းပြီး ညှိုးနွမ်းနေသည်၊ သူက ဖြည်းဖြည်းချင်း ပြောသည်၊ “မင်းကို ထွက်သွားဖို့ ပြောတဲ့သူက ငါပဲ။
ဒါပေမဲ့ အခုတော့၊ ငါ စိတ်ပြောင်းသွားပြီ။
မင်းတို့ နှစ် ယောက်လုံး ဒီမှာ သေရမယ်။”
သေချာနေသည်မှာ ဒီလူက ယဲ့ မိသားစုရဲ့ ပုန်းအောင်းနေသော ဂိုဏ်းအကြီးအကဲ ယဲ့ရွှမ်ကျီ ပဲ ဖြစ်သည်။
သူ၏မျက်လုံးများက ယဲ့ယွီ အပေါ်မှာ စွဲမြဲနေပြီး၊ ကောင်းကင်ကို ရောက်လုနီးပါး သတ်ဖြတ်လိုစိတ်တွေ တောင်လိုပုံကာ ပြည့်နေသည်။
ယဲ့ မိသားစုရဲ့ အသက်ရှင်နေတဲ့ ဘိုးဘေးအဖြစ်
ယဲ့ရွှမ်ကျီ ဟာ နောက်ဘက်တောင်က ချောက်ကမ်းပါးတွေမှာ ယဲ့ကျိုနျန် ရဲ့ ဘေးကင်းရေးကို နှစ်ပေါင်းမရေတွက်နိုင်အောင် စောင့်ရှောက်နေခဲ့ပေမဲ့
ယဲ့ မိသားစုဝင် အများစုပင် သူ၏တည်ရှိမှုကို မသိခဲ့ကြဘူး။
ဒါပေမဲ့ ယဲ့ရွှမ်ကျီ က သူ၏မိသားစုကို အသက်တမျှ နက်နက်ရှိုင်းရှိုင်း ချစ်နေဆဲပဲ။
အနောက်ဘက်တောင်တွေမှာ၊ သူက ယဲ့ မိသားစုဝင်တွေ တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာတာကို ကြည့်ခဲ့ပြီး၊ အချိန်နဲ့အတူ ရော်ရွက်ဝါတွေလို အိုမင်းခဲ့တယ်။
သူ၏နှလုံးသားထဲမှာ
သူ ကာကွယ်ချင်ခဲ့တာ ယဲ့ကျိုနျန် တစ်ဦးတည်း မဟုတ်ဘူး။
ဒါက ယဲ့ မိသားစုတစ်ခုလုံးပဲ။
အရင်တစ်ခါတုန်းက ယဲ့ကျိုနျန် က သူ့အတွက် ဘေးကင်းစေရေးဆိုတဲ့ ခေါင်းစဉ်နဲ့ သာ မတားဆီးခဲ့ရင်
သူက ယဲ့ယွီ နဲ့ တိုက်ခိုက်ပြီးသား ဖြစ်လိမ့်မယ်။
အခုထိ ဘာလို့ စောင့်နေရမှာလဲ?
ဒီကာလတွေမှာ
သူက ယဲ့ မိသားစုရဲ့ ပျက်စီးနေတဲ့ တစပြင်လို အပိုင်းအစတွေကို ကြည့်ခဲ့ပြီး နက်နဲစွာ စိတ်ထိခိုက်ခဲ့ကာ၊ မကြာခဏ တိတ်တဆိတ် ဝမ်းနည်းခဲ့တယ်။
ဒါပေမဲ့ ယဲ့ယွီ အခုလို မကြောက်မရွံ့ ပြန်လာလိမ့်မယ်လို့ သူ ဘယ်တော့မှ မထင်ခဲ့ဘူး။
ယဲ့ရွှမ်ကျီ က ဒီအခွင့်အရေးကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်မှာလဲ?
သဘာဝအတိုင်းပဲ၊ သူ၏သတ်ဖြတ်လိုစိတ် မြင့်တက်လာသည်!
ဒီအသက်ကြီးနေတဲ့ပုံရိပ်က ဒီလိုသတ်ဖြတ်လိုတဲ့ အရှိန်ဝါတွေ ကို ထုတ်လွှတ်နေတာကို မြင်တော့
ယွင်ရိုမူ က ယဲ့ယွီ ရှေ့မှာ ချစ်သူကို ကာကွယ်ပေးရန် အလိုလို ရပ်လိုက်သည်။
အမြဲတမ်းလိုပဲ အရင်ကလိုပဲ၊ သူမက ယဲ့ယွီ ကို သူမရဲ့ဂိုဏ်းက အားနည်းတဲ့ ဂျူနီယာလေးအဖြစ် မြင်နေဆဲပဲ။
ဒါပေမဲ့ ယဲ့ယွီ ကတော့ ယဲ့ရွှမ်ကျီ ရဲ့ မရင်းနှီးတဲ့မျက်နှာကို ကြည့်ပြီး ရှုပ်ထွေးနေသည်။
အေးစက်စွာဖြင့်၊ သူက မေးသည်၊ “ခင်ဗျား လူမှားနေတာမဟုတ်တာရော သေချာရဲ့လား? ကျွန်တော်တို့ အရင်က တွေ့ဖူးလား?ကျနော့်အသိထဲ့ ခင်ဗျားလောက်ရုပ်ဆိုးတဲ့သူ မရှိဘူး”
ယဲ့ရွှမ်ကျီ က အသံနက်ဖြင့် ပြောသည်၊ “ဘာပြောတာလဲကွ ၊ ငါငယ်ငယ်က မင်းထက် အများကြီး.. အင်းထားလိုက်ပါတော့ မင်း မင်းက ...လူ တစ်ထောင့်သုံးရာခြောက်ဆယ့်ခုနစ် ဦးရှိတဲ့ ယဲ့ မိသားစုတစ်ခုလုံး၊ အားလုံးက နင့်ရဲ့လက်ထဲမှာ သေဆုံးခဲ့ကြတယ်။
အဲ့ဒီနေ့က၊ ငါ ဒါကို ငါ့မျက်လုံးနဲ့ကိုယ်တိုင် မြင်ခဲ့တာ။
မင်းက ငါ မှားယွင်းနိုင်တယ်လို့ ထင်နေတာလား?”
ဒီအရာကို ကြားတော့။
ယဲ့ယွီ က ယဲ့ရွှမ်ကျီ ကို အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ယဲ့ မိသားစုရဲ့ ကျန်ရစ်သူဘိုးဘေးအဖြစ် အလိုလို သတ်မှတ်လိုက်သည်။
ဒါဆိုရင်။
ပြောစရာ ဘာမှ မရှိတော့ဘူး!
လျို့ဝှက်ယင်မြစ် က ယဲ့ မိသားစုဝင်အားလုံး သေဖို့ ထိုက်တန်တယ်။
ယွင်ရိုမူ ၏ အမူအရာက အလွန်လေးနက်သွားသည်။
ယဲ့ရွှမ်ကျီ ဆီကနေ ဝိညာဉ်စွမ်းအင် လှိုင်းအတက်အကျတွေက အရမ်းအားကောင်းလွန်းလို့ ပတ်ဝန်းကျင်မြင်ကွင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်။
ဒီလို လေဟာနယ်တခုလုံးတွန့်လိမ်နေအောင် လွှမ်းမိုးနေတဲ့ ဝိညာဉ်စွမ်းအင်မျိုးက
ဒါက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်မှာရှိတဲ့သူတစ်ဦးတည်းသာ ပိုင်ဆိုင်တဲ့ စွမ်းအားမျိုးပဲ။
ကြောက်မက်ဖွယ်ကောင်းတယ်၊ အရမ်းကို ကြောက်မက်ဖွယ်ကောင်းတယ်!
ယွင်ရိုမူ က ယဲ့ယွီ ကို ထွက်သွားဖို့ အကြံပေးတော့မလို့ပဲ။
ဒါပေမဲ့ သူမ မပြောခင်မှာပင်
ယဲ့ရွှမ်ကျီ က သူ့လက် နှစ် ဖက်နဲ့ အစီရင်အမှတ်အသားတွေ ဖန်တီးနေတာကို တွေ့လိုက်ရသည်။
သူ့နောက်ကွယ်မှာ
ရုတ်တရက်၊ မတ်မတ်မားမားနဲ့ ခမ်းနားထည်ဝါတဲ့ တောင်တစ်ခုလို အရိပ် ပေါ်လာသည်။
အသက်ရှူ တစ်ခဏအတွင်းမှာပဲ၊
နတ်ဘုရားတပါးလိုစွမ်းအားတွေပြည့်နေတဲ့ တောင်က ခိုင်မာသွားသည်။
ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးမှာ အဆုံးမဲ့ ငိုကြွေးသံတွေ ခြောက်ခြားစရာကောင်းလှအောင် ပဲ့တင်ထပ်နေသည်။
လေထဲမှာ မကျေနပ်မှုတွေ ဝိညာဉ်ငိုကျွေးသံတွေ ပြည့်နေသည်။
တောင်က ပိုနီးလာသည်နှင့်အမျေ
ယွင်ရိုမူ က သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးနေတဲ့ သတ်ဖြတ်လိုစိတ်တစ်ခုက ချုပ်နှောင်ကာပိတ်ဆို့ထားတာကို ခံစားလိုက်ရသည်။
ပြီးတော့ ဒါက ထူးဆန်းတဲ့ စွမ်းအားတစ်ခုလိုပဲ။
သူမရဲ့ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို လုံးဝ ဖိနှိပ်ထားသည်။
သူမက ခွန်အား အနည်းငယ်လေးတောင် မစုစည်းနိုင်ခဲ့ဘူး။
သူမက တောင်ကြီး နီးကပ်လာတာကို ကြည့်နေရုံပဲ ရှိတော့သည်။
ဒီကြောက်မက်ဖွယ်ကောင်းတဲ့ နည်းစနစ်က
ယဲ့ မိသားစုရဲ့ လျှို့ဝှက် အဆင့်မြင့်နည်းစနစ် ကိုးအလှည့် ပြန်လည်မွေးဖွားခြင်းတောင် ဖြစ်ပြီး၊ မိသားစုရဲ့ သွေးရင်း အဓိကမျိုးဆက်အဖွဲ့ဝင်တွေပဲ သင်ယူနိုင်တယ်။
ဒါက ပုံဖော်ပြီးတာနဲ့၊ ပြိုင်ဘက်ကို ပိတ်ဆို့ထားနိုင်ပြီး၊ သူတို့ရဲ့ အတွင်းပိုင်း ဝိညာဉ်စွမ်းအင်ကို အလုပ်လုပ်ခြင်းကနေ ဖိနှိပ်ထားနိုင်တယ်။
တစ်ခါ တောင်အောက်မှာ ပိတ်မိသွားရင်
ကြောက်မက်ဖွယ်ကောင်းတဲ့ တောင်ရဲ့စွမ်းအားက ခန္ဓာကိုယ်ထဲက စွမ်းအင်အားလုံးကို စုပ်ယူလိမ့်မယ်။
ရုပ်ခန္ဓာနဲ့ ဝိညာဉ် နှစ် ခုလုံးက ကိုးအလှည့် ပြန်လည်မွေးဖွားခြင်းတောင် ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်။
အဆုံးမဲ့ နှိပ်စက်မှုကို ခံစားရပြီး၊ ပျောက်ကွယ်ခြင်း ဒါမှမဟုတ် ပြန်လည်မွေးဖွားခြင်း မဖြစ်နိုင်ဘူး။
ဒါက တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့ နည်းစနစ်တစ်ခုပဲ။
ဒီအချိန်မှာ။
ယဲ့ယွီ က ထိတ်လန့်မသွားခဲ့ဘူး။
သူ၏စိတ် ပြောင်းလဲသွားပြီး၊ အနက်ရောင် အမွေးပန်း ဓားက ရုတ်တရက် သူ့ရှေ့မှာ တောက်ပသောရောင်ဝါများထွန်းလင်းကာ ပေါ်လာသည်။
သူ ဒါကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ
သူ့ပတ်ပတ်လည်က ဓားစွမ်းအင်က ကောင်းကင်ဆီကို ဓားနတ်ဘုရားတစ်ပါးရဲ့အင်အားများကိုသယ်ဆောင်ကာ တည့်တည့် တက်သွားသည်။
တောင်ကနေ ကြောက်စရာကောင်းလောက်အောင်ထွက်ပေါ်နေသော ငိုကြွေးသံတွေတောင် ရုတ်တရက် ရပ်တန့်သွားသည်။
နောက်တစ်စက္ကန့်မှာ
ကောင်းကင်က ထူထပ်တဲ့တိမ်တွေနဲ့ မှောင်မိုက်သွားသည်။
မိုးကြိုးသံများ လျှပ်စီးများလက်ကာ တလောကလုံးသိမ့်သိမ့်တုန်လောက်အောင် ဟိန်းသွားသည်။
ယဲ့ယွီ က သူ့ဓားကို အပေါ်သို့ မြှောက်လိုက်သည်။
စစ်မှန်သော—အပြာရောင်ကြာပန်း မိုးကြိုးထိုးနှက်ခြင်း ဓားပညာ !
ရေမတွက်နိုင်တဲ့ အပြာရောင်ကြာပန်းပုံရိပ်တွေ ပွင့်လန်းလာပြီး၊ မိုးကြိုးတွေက နတ်ဘုရားများစစ်ပွဲဆင်နွဲနေသလို ဒေါသတကြီး ကျလာသည်။
အသက်ရှူ တစ်ခဏအတွင်းမှာ၊ နတ်ဘုရားလို တောင်ကြီး ချက်ချင်း ကျိုးပဲ့သွားသည်။
ယဲ့ရွှမ်ကျီ ပင် မိုးကြိုးရဲ့ဒေါသကနေ မလွတ်မြောက်ခဲ့ဘူး။
သူ နေရာမှာတင် သေဆုံးသွားသည်။
အားကောင်းတဲ့ ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကျွမ်းကျင်သူတစ်ဦး ဒီလိုပဲ ကျဆုံးသွားခဲ့သည်။
ဒီအရာတွေအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာ။
ယွင်ရိုမူ တုံ့ပြန်မိတဲ့အချိန်မှာ...
တိုက်ပွဲက ပြီးသွားနှင့်ပြီ။
သူမက တုန်လှုပ်စွာ ရပ်နေသည်။
မူလက၊ သူမက သူမ ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်ကို ရောက်ရှိသွားတာနဲ့
ယဲ့ယွီ က နောက်ဆုံးမှာ သူမကို မတူညီတဲ့ပုံစံနဲ့ ကြည့်လိမ့်မယ်လို့ ထင်ခဲ့တယ်။
ဒါပေမဲ့ မထင်မှတ်ဘဲ
ယဲ့ယွီ ရဲ့ ခွန်အားတန်ခိုး ကြီးထွားမှုနှုန်းက သူမရဲ့စိတ်ကူးကို အများကြီး ကျော်လွန်သွားသည်။
တိုက်ပွဲက မြန်ဆန်ခဲ့ပေမဲ့
ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းအတက်အကျတွေကနေ၊ သူတို့ နှစ် ဦးလုံးက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်မှာ ရှိနေတာ ရှင်းနေသည်။
ဒါက ယွင်ရိုမူ ရဲ့ အရင်က ဂုဏ်ယူခဲ့တဲ့ ကျင့်ကြံမှုအဆင့်ကို အခုတော့ ပြောဖို့ နည်းနည်း ခက်ခဲစေတယ်။
ဂျူနီယာလေး၊ ဂျူနီယာလေး၊ မင်းရဲ့ ကျင့်ကြံမှုအမြန်နှုန်းက ဘာကြောင့် ဒီလောက်မြန်နေတာလဲ?
ယွင်ရိုမူ က ခံစားချက်တွေ ရောနှောနေချိန်မှာ။
ယဲ့ယွီ ၏ အမူအရာကတော့ ရှုပ်ထွေးမှုတွေ ပြည့်နေသည်။
ဘာလို့လဲဆိုတော့ သူက ရှင်းရှင်းလင်းလင်း မြင်ခဲ့လို့ပဲ။
ယဲ့ရွှမ်ကျီ ရဲ့ အလောင်းက မြေကြီးပေါ် ရောက်ပြီးနောက်
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးတွေ မြေကြီးထဲကို အမြန် စိမ့်ဝင်သွားသည်။
ဒီဖြစ်ရပ်က အရမ်းထူးဆန်းနေတယ်၊ ဟုတ်တယ်မလား?
ယဲ့ယွီ က သူ့ရဲ့မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။
ပြီးတော့၊ သူက ယွင်ရိုမူ ရဲ့ နူးညံ့တဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ဒီလို ရိုးရှင်းတဲ့ လုပ်ဆောင်မှုက
ယွင်ရိုမူ ရဲ့ နှလုံးသားကို အပြေးအလွှား ခုန်စေပြီး၊ သူမရဲ့ အသက်ရှူနှုန်း မြန်လာသည်။
သူမရဲ့ နှုတ်ခမ်းတွေ ပြုံးယောင်သန်းနေတာကို မထိန်းချုပ်နိုင်ခဲ့ဘူး။
ဂျူနီယာလေး၊ မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီလား?
ဒါက ဒီလိုပဲ ဖြစ်သင့်တယ်။
ဂျူနီယာလေးက စီနီယာအမကို ရန်သူတွေကိုချေမှုန်းပြီး မရရအောင်လိုက်ရှာနေတာ၊ဒါကဘယ်လောက်တောင်မှ ကိုရီးယား ဒရာမာဇာတ်လမ်းဆန်လိုက်သလဲ။
ယွင်ရိုမူ က ဒီနေ့အတွက် အရမ်းအကြာကြီး တမေ့တမော စောင့်ခဲ့ရတာ။
ရုတ်တရက် ပျော်ရွှင်မှုက သူမကို အသက်ရှူမရအောင် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်စေခဲ့တယ်။
သူမက နုးညံ့သောနှုတ်ခမ်းလေးကို ဟကာ ပျားရည်ပေါ်နို့ဆီဆမ်းထာသောအသံလေးဖြင့် ချိုသာစွာ “ဂျူနီယာလေး” လို့် ခေါ်ဖို့ ပြင်နေသည်။
ဒါပေမဲ့ စကားလုံးတွေ သူမရဲ့နှုတ်ခမ်းကို ရောက်လာတဲ့အချိန်မှာ
ကြီးမားတဲ့ အင်အားတစ်ခုက သူမကို ဆွဲခေါ်သွားတာကို ခံစားလိုက်ရသည်။
ယဲ့ယွီ က သူမကို ခေါ်ပြီး ရုတ်တရက် ကောင်းကင်ဆီကို ပျံတက်သွားသည်။
ယွင်ရိုမူ လုံးဝ တုန်လှုပ်သွားသည်။
သူမက အမြန် မေးသည်၊ “ဘာတွေဖြစ်နေတာလဲ?”
ယဲ့ယွီ က မဖြေခဲ့ဘူး၊ ဒါပေမဲ့ အစားထိုးအနေဖြင့်၊ သူက အောက်ကို လက်ညွှိုးထိုးပြသည်။
ယွင်ရိုမူ က အောက်ကို ကြည့်လိုက်သည်။
သူမက ယဲ့ မိသားစုရဲ့ ချောက်ကမ်းပါး မြေပြင်မှာ၊ သွေးမြစ်တစ်ခု စီးဆင်းနေတာကို တွေ့လိုက်ရသည်။
ပြင်းပြင်းထန်ထန်စီးဆင်းနေသော သွေးနံ့အသက်က မြစ်ကြီးတခုသဖွယ် လူတိုင်းကို ဖျားနာစေဖို့ လုံလောက်သည်။
ပြီးတော့။
မြေပြင်က စတင် အက်ကွဲလာပြီး၊ နောက်ဆုံးတော့ လုံးဝ ကွဲထွက်သွားသည်။
ပတ်ဝန်းကျင်က သွေးတွေ စုဝေးလာပြီး၊ လူသားပုံသဏ္ဌာန်တစ်ခုကို ထိတ်လန့်စရာပုံပေါ်ပြီး ဖန်တီးလာသည်။
မကြာခင်မှာပဲ၊ ရဲရင့်တဲ့ မျက်နှာရှိတဲ့ အသက်အလယ်လတ်ပိုင်းလူတစ်ဦး သူတို့ရှေ့မှာ ပေါ်လာသည်။
အကယ်၍ ယဲ့ရွှမ်ကျီ သာ အသက်ရှင်နေမယ်ဆိုရင်
သူက ဒီလူဟာ သူ နှစ်ပေါင်းနှစ်ထောင် စောင့်ရှောက်ခဲ့တဲ့ ယဲ့ကျိုနျန် ဖြစ်တယ်ဆိုတာကို သေချာပေါက် မှတ်မိလိမ့်မယ်။
တကယ်တော့။
ယဲ့ရွှမ်ကျီ ရဲ့ သွေးအားလုံးကို စုပ်ယူပြီးနောက်။
ယဲ့ကျိုနျန် ရဲ့ ကျင့်ကြံမှု နောက်ဆုံးတော့ကျင့်ကြံမှုလုံးဝ ပြီးမြောက်သွားပြီး၊ သူ လျှို့ဝှက်နေရာကနေ အောင်မြင်စွာ ထွက်လာခဲ့သည်။
ယဲ့ကျိုနျန် က ပတ်ဝန်းကျင်လေကို အငမ်းမရ တပ်မက်စွာ ရှူသွင်းသည်။
သူက ချောက်ကမ်းပါးက သွေးကန်ထဲမှာ ဂူအောင်းပြီး နှစ်ပေါင်းနှစ်ထောင်တိတိ ပိတ်မိနေခဲ့တာ။
အခုတော့၊ သူ နောက်ဆုံးတော့ ထွက်လာနိုင်ပြီ။
သူ ဘယ်လိုလုပ် မစိတ်လှုပ်ရှားနိုင်မှာလဲ?
ယဲ့ယွီ က သူ့မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။
အေးစက်စွာဖြင့်၊ သူက မေးသည်၊ “ခင်ဗျား ဘယ်သူလဲ?”
ယဲ့ကျိုနျန် က မျက်နှာကြီးကို မသတီစရာ ပြုံးလိုက်သည်။
သူက စိတ္တဇကောင်လေသံဖြင့် ညင်သာစွာ ပြောသည်၊ “ငါ့နာမည်… လူအများစုက မေ့သွားနှင့်ပြီးပြီ!
ဒါပေမဲ့ ဒီနေ့၊ ငါက အထူးတလည် ပြောပြလိုက်မယ်။
ငါက ယဲ့ကျိုနျန် ၊ ယဲ့ မိသားစုရဲ့ အရင်ခေါင်းဆောင်ပဲ။
ခေးအို့စ်အာရုံမှားလိပ်ပြာလေး ၊ မင်း ရှာနေတဲ့သူက ငါပဲ!
ငါ နင့်ဆီမှာ အိပ်မက်ယက်လုပ်ခြင်း အရှိန်ဝါတွေ ကို ခံစားမိတယ်။
အခု၊ ငါ့ကိုပြောပြပါဉီး ၊ မင်းနဲ့ သူမရဲ့ ဆက်ဆံရေးက ဘာလဲ?”
၃၅၈ ဆက်ရန်