← Chapters

ကောင်းကင် တန်ခိုးရှင်

Vol. 8 Ch. 757

ကောင်းကင် တန်ခိုးရှင်

Vol. 8 Ch. 757

“ငါ ဆန်းကြယ်တဲ့ သက်ပြင်းချသံတစ်ခု ကြားလိုက်ရ သလိုပဲ … တိမ်ကောင်းကင် အဘိုးအို အပါအဝင် ယွင်ထျန်း နန်းတော်ရဲ့ အကြီးအကဲတွေ အားလုံးက ချန်းပေ့ရွှမ်း သတ်လို့ သေပြီ မဟုတ်ဘူးလား … သက်ပြင်းချတဲ့လူက ဘယ်သူလဲ”

တစ်ယောက်က နားမလည်စွာဖြင့် မေး၏။

“သူက သာမန် အကြီးအကဲ တစ်ယောက်တော့ မဟုတ်လောက်ဘူး … ဒဏ္ဍာရီ ဆန်တဲ့ တစ်ယောက်ပဲ ဖြစ်ရမယ်”

အဘိုးအို တစ်ဦးက တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ကြောက်လန့်စွာ ဆိုလိုက်သည်။

“ဟူး … ဟူး …”

ထိုအချိန်၌ ချန်းဖန်သည်ကား ပြင်းထန်စွာ တိုက်ခတ်နေသော လေထုအား နင်း၍ ယွင်ထျန်း နန်းတော်အား ငုံ့ကြည့် နေ၏။ သူ၏ မျက်လုံးများကမူ သိလိုစိတ်ဖြင့် တလက်လက် တောက်ပ နေသည်။

ယွင်ထျန်း နန်းတော် အတွင်းရှိ အသံက ဒုတိယအကြိမ် ပေါ်ထွက် လာ၏။

“လူငယ် ကျင့်ကြံသူ … သင့်မှာ ပြိုင်ဘက်ကင်း ပါရမီ ရှိတယ် … တစ်နေ့မှာ သင် ရွှေအမြုတေ အဆင့်ကို ရောက်မှာ သံသယ ရှိစရာ မလိုဘူး … ဒါပေမဲ့ ဘာလို့ ငါ့ကို အတင်းအကြပ် တွန်းအားပေး နေရတာလဲ”

“ရွှေအမြုတေ အဆင့် …”

လူများက နားမလည်စွာဖြင့် လိုက်လံ ရေရွတ်လိုက်ကြ၏။

ထိုအရာက အဘယ်နည်း။ မည်သူမျှ ထိုနာမည်ကို မကြားဖူးကြချေ။

“သင်က ရွှေအမြတေ အဆင့်ကို သိတယ် ဆိုတော့ ရှေးဟောင်း ကျင့်ကြံခြင်း ကမ္ဘာတစ်ခုက လူပဲ ဖြစ်ရမယ် … ဒါဆိုရင် ဒီကမ္ဘာက ငါ့ အတွက် ထောင်တစ်ခုသာ ဖြစ်တယ် ဆိုတာ သင်နားလည်မှာပါ”

ချန်းဖန်က ဆိုလိုက်သည်။

“ကောင်းကင်လမ်းကြောင်းက ပိတ်သွားပြီ … ကျေးဇူးပြုပြီး ပြန်ပါ”

အသံရှင်က ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“ကောင်းကင်လမ်းကြောင်း …”

ခွန်ရှု့ နယ်သားများ၏ ရင်ဘတ်များကား တဒိတ်ဒိတ် ခုန်သွားကြ၏။

ထိုရှေးဟောင်း ဒဏ္ဍာရီက အပြင် လောကတွင် အမှန်တကယ် ရှိနေသည်လား။

“ဟမ့် …”

ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။

“မင်းရဲ့ ဂိုဏ်းနဲ့ တပည့်တွေ အားလုံးကို သတ်ပြီးတဲ့ အချိန်ထိအောင် မင်း ဆက်ပြီး ပုန်းနိုင်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့”

ကမ္ဘာမှ မထွက်ခွာနိုင်ပါက ချန်းဖန် အနေဖြင့် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိအောင် နောင်အနှစ် သုံးဆယ်ခန့် လေ့ကျင့် ရပေလိမ့်မည်။ ချန်းဖန် အနေဖြင့် ထိုအချိန် အထိ မစောင့်နိုင်ပေ။ သို့ဖြစ်ရာ သူ့အတွက် ကောင်းကင်လမ်းကြောင်းက အရေးတကြီး လိုအပ်ပေသည်။

“သင်က ငါ့ကို လွယ်လွယ်နဲ့ နိုင်မယ် ထင်နေတာလား”

ယွင်ထျန်း နန်းတော် အတွင်းရှိ အသံကား ပိုမို အေးစက်လာ၏။

“ကောင်းကင်လမ်းကြောင်းကို ဖွင့်ပေး မလုပ်နိုင်ရင် အပြင်ထွက်ပြီး ငါ့ကို နိုင်အောင်တိုက် …”

ချန်းဖန်က ထပ်မံ ဖိအားပေး လိုက်သည်။

“ကောင်းပြီလေ … ငါ ယွင်ထျန်းရွှမ် ခွန်ရှု့ နယ်မြေမှာ နှစ်ထောင်ချီအောင် နေခဲ့တယ် … သင်က ငါ့ကို စိန်ခေါ်တဲ့ ပထမဆုံး တစ်ယောက်ပဲ”

အသံက ပိုမို ကျယ်လောင်ကာ ပိုမို အေးစက် လာ၏။

“အဲဒါ … အဲဒါက …”

ရုတ်တရက် ရေနက် ဂိုဏ်းချုပ်မှာ မထိန်းချုပ်နိုင်မှာဖြင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ လာသည်။

“ဆရာ … ဘာဖြစ်တာလဲ”

ဝတ်စုံနက်ဝတ် မိန်းကလေးက သူမ၏ ဆရာကို ကြည့်ရင်း မေးသည်။

“ယွင် … ယွင်ထျန်းရွှမ်”

ရေနက် ဂိုဏ်းချုပ်က အထစ်ထစ် အငေါ့ငေါ့ဖြင့် အဖြေပေး လိုက်သည်။

“အဲဒါက ဘိုးဘေး ယွင်ရှောင်ရဲ့ နာမည် အရင်းပဲ”

“ဘိုးဘေး ယွင်ရှောင် …”

ထိုနာမည်အား ကြားသည်နှင့် မိန်းကလေး၏ မျက်နှာက ဖြူရော် သွား၏။

ဘိုးဘေး ယွင်ရှောင် ဆိုသော နာမည်ကား ခွန်ရှု့ နယ်မြေ၌ အလွန်ပင် ကျော်ကြားသည်။ သူကား ယွင်ထျန်း နန်းတော် တည်ထောင်သူ၏ တပည့်ဖြစ်ကာ ခွန်ရှု့ နယ်မြေ၏ နောက်ဆုံးသော ကောင်းကင် တန်ခိုးရှင်လည်း ဖြစ်၏။

“သူက လွန်ခဲ့တဲ့ နှစ်သုံးထောင်တည်းက သေသွားတာ မဟုတ်ဘူးလား …”

မိန်းကလေးက တုန်ရီစွာဖြင့် ရေရွတ် လိုက်သည်။

“ဘုန်း …”

ထိုအချိန်မှာပင် ယွင်ထျန်း နန်းတော် အတွင်းမှ အလင်းတန်း တစ်ခု ကောင်းကင်သို့ ပျံသန်း တက်လာ၏။

“ဘုန်း …”

ရုတ်တရက် ကောင်းကင်နှင့် မြေကြီး အကြား၌ ကြီးမားသော ဖိအားတစ်ခု ပျံ့နှံ့လာသည်။ ထိုဖိအား၏ အောက်၌ မရေမတွက်နိုင်သည့် ကျင့်ကြံသူများကား ဒူးထောက် ကြရ၏။ တန်ခိုးရှင် အဆင့်များပင် မားမားမတ်မတ် ရပ်နိုင်ရန် အတွက် သူတို့၏ စွမ်းအား အလုံးစုံကို ထုတ်သုံးကြရသည်။

“ဘုန်း …”

ကောင်းကင်ရှိ အလင်းတန်းက အနက်ရောင် ဝတ်စုံဝတ် လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း နတ်ဘုရား အသွင်သို့ ဖွဲ့စည်း၏။

“ဟူး … ဟူး …”

ပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာ အတွင်းရှိ အမတေချီများက သူ့ထံသို့ အရူးအမူး တိုးဝင် စီးဆင်းကြသည်။

“ဘိုးဘေး … ကျုပ်တို့ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အတွက် လက်စားချေ ပေးပါ”

ယွင်ထျန်း နန်းတော်၏ များစွာသော တပည့်များက မြေပြင်၌ ဒူးထောက် ချရင်း အော်ဟစ် လိုက်ကြသည်။

“သင်က ငါ့ကို နေအလင်းရောင်အောင် ရောက်အောင် တွန်းအားပေးတယ် … ငါ ဒီနေ့ သင့်ကို သတ်မယ် … သင့်ရဲ့ မူလ ဝိညာဉ်တောင် မကျန်စေရဘူး”

ယွင်ထျန်းရွှမ်က ချန်းဖန်အား စူးရဲစွာ ကြည့်ရင်း ဆိုလိုက်သည်။

“ခရက် …”

ရုတ်တရက် ကောင်းကင်ကို ဖြတ်သန်း၍ အလင်းနှစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာကိုယ်ရှိ ရွှေရောင် အလင်းသည် ပိုမို လင်းလက်စွာ တောက်ပလာ၏။

“ရွှေအမြုတေ အဆင့် တစ်ယောက်က နှစ်တစ်ထောင် နေနိုင်တယ် … ဒါပေမဲ့ မင်းက အကန့်အသတ်ထက် ကျော်လွန်ပြီး နေခဲ့တယ် … အဲဒါက မင်းအတွက် လွယ်ကူမှာတော့ မဟုတ်ဘူး”

ချန်းဖန်က ဂရုမစိုက်သည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများကမူ အလွန်တရာ လေးနက်နေ၏။

ထိုအရာက သူသည် ရွှေအမြုတေအဆင့် တစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ရွှေအမြုတေ အဆင့်နှင့် မူလအဆင့် ကြားထဲမှ ကွာခြားချက်မှာ အဆများစွာ ကြီးမား၏။

ချန်းဖန်က ဆက်လက်၍ ပြောလိုက်၏။

“အသက်ကို ဆွဲဆန့်ဖို့ အတွက် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေက သိပ်မများဘူး … ဒီတော့ ခန့်မှန်းဖို့ မခက်ပါဘူး … ဒီကမ္ဘာမှာ ဝိညာဉ်ချီက ရှားပါးတယ် ဆိုတော့ ဖီးနစ် ပြန်လည် မွေးဖွားခြင်း တို့လို နတ်ဘုရား စွမ်းအားတွေကို မင်းသုံးနိုင်မှာ မဟုတ်ဘူး … ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ် … မင်း မူလ အသက် ကျောက်တုံးကို သုံးထားတာမလား”

“ဟမ့် …”

ယွမ်ထျန်းရွှမ်က နှာခေါင်းရှုံ့ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ သူ၏ မျက်လုံးတွင်မူ မီးများက တဟုန်းဟုန်း တောက်လောင်နေသည်။

“ဘုန်း …”

အဘိုးအို၏ ဒေါသ အောက်၌ ကမ္ဘာ မြေကြီးသည် ငလျင်လှုပ်သည့်အလား တုန်ရီ သွားသည်။ အဆုံးမဲ့ မိုးကြိုးနှင့် လျှပ်စီးများက ကောင်းကင်တွင် ဖြစ်ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့ကြ၏။

“အဲဒါက …”

များစွာသော လူများမှာ ဆွံ့အ ငြိမ်သက် သွားကြ၏။

ထိုအရာကား ကောင်းကင် တန်ခိုးရှင်၏ စွမ်းအား ဖြစ်သည်။ ကမ္ဘာအား စိုးမိုးနိုင်သော စွမ်းအား ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိဘဲ ဆက်လက် ပြောလိုက်၏။

“အသက်ဓာတ် ကျောက်တုံးက လူတစ်ယောက်ရဲ့ အသက်ကို ဆွဲဆန့် ပေးနိုင်တယ် … ဒါပေမဲ့ အဲဒါကို သုံးတာနဲ့ သရဲတစ္ဆေ တစ်ကောင်လိုပဲ ကျောက်တုံးအိမ်ထဲမှာ ရာစုနှစ်များစွာ နေရတယ် … မင်းက အခု ကျောက်တုံးအိမ်ထဲက ထွက်လာပြီ ဆိုတော့ သေခြင်းတရား တစ်ခုတည်းက မင်းကို စောင့်ကြိုနေတယ် … ဟုတ်တယ် မလား ကျင့်ကြံသူ ယွန်ထျန်းရွှမ်”

ချန်းဖန်၏ စကားလုံးများက အရှိုက်ကို တည့်တည့်ထိ၏။ အဘိုးအို၏ မျက်နှာက ချက်ချင်းပင် ဖြူရော် သွားသည်။

“ခွေးကောင် …”

ယွင်ထျန်းရွှမ်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ သူ၏ အသံတွင် လေထုကား အဆုံးမဲ့ အေးခဲလာ၏။

“ကောင်းပြီလေ … တိုက်ခိုက်ကြတာပေါ့”

ချန်းဖန် အတွက် နောက်သို့ ပြန်လှည့်စရာ လမ်းကား မရှိတော့ချေ။

သူသည် ယွင်ထျန်း နန်းတော်၏ တပည့်များစွာကို သတ်ဖြတ်ခဲ့သည့် အပြင် ယွင်ထျန်းရွှမ်ကိုလည်း ပုန်းကွယ်နေရာမှ ထွက်လာအောင် ဖိအားပေးခဲ့သည်။

သူ့အတွက် ဆက်လက် အသက်ရှင်ရန် တိုက်ခိုက်ခြင်းမှ လွဲ၍ အခြား နည်းလမ်း မရှိတော့ချေ။

“ဘုန်း …”

ချန်းဖန်က သူ၏ စွမ်းအားများကို စုစည်းကာ လိန်ဟူ သားရဲ အသွင်သို့ ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက လျှပ်စီးများအား စုစည်းရင်း ဓားတစ်ချောင်း အသွင် ဖန်တီး လိုက်၏။

“ကောင်းကင် မိုးကြိုးဓား …”

“ဟမ့် …”

ယွင်ထျန်းရွမ်က နှာခေါင်းရှုံ့ရင်း မိုးကြိုး နတ်ဘုရားဓားကို လက်ဖြင့် တောက်ထုတ် လိုက်၏။

“ကလန့် …”

သတ္တုချင်း ရိုက်ခတ်သံတစ်ခု ပေါ်ထွက်လာသည်။

အားလုံး၏ အကြည့်များ အောက်တွင်ပင် ယွင်ထျန်းရွှမ်သည် ချန်းဖန်၏ ပြိုင်ဘက်ကင်း ဓားကို လက်တစ်ဖက်ဖြင့် ဟန့်တားလိုက်ပြီ ဖြစ်လေသည်။

“အရမ်း အစွမ်းထက်တာပဲ …”

များစွာသော လူများမှာ နှလုံးသား အတွင်းမှ ကြောက်လန့်မှုနှင့် လေးစားမှုတို့ကို ခံစားကြရ၏။

သို့သော်လည်း ချန်းဖန်ကမူ ဂရုစိုက်ခြင်း မရှိချေ။ သူက စွမ်းအားကို နှစ်ဆတိုးကာ ဓားအလင်းများဖြင့် ထပ်မံ တိုက်ခိုက်လိုက်၏။

နောက်ဆုံးသော တိုက်ပွဲကား စတင်ချေပြီ ဖြစ်သည်။

***

All Chapters