← Chapters

တွေ့ရှိမှု

Vol. 019 Ch. 1863

တွေ့ရှိမှု

Vol. 019 Ch. 1863

ရှားရှင်းယွန်သည် တံခါးပိတ်ကျင့်ကြံနေကာ အဆောင်ကား ပြင်ပလူများ ဝင်ခွင့်မပြုပေ။ သို့သော်လည်း ထိုကိစ္စကား ပုံမှန်သာဖြစ်ရာ မည်သူမှ စိတ်မဝင်စားပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ရှားရှင်းယွန်က တံခါးပိတ်ကျင့်ကြံသည်ဟု ပြောထားသော်လည်း အမှန်တကယ်တွင်ကား ရီဖူရှင်း ပြန်လည်သက်သာလာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။

မျက်လုံးတမှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

ထိုနေ့က ယင်ချင်းသည် ရီဖူရှင်းအား ရှားရှင်းယွန်ထံသို ခေါ်ဆောင်သွား၏။ သူမကား အလွန်စိုးရိမ်စိတ်ဖြစ်နေကာ ကြံရာပါအနေဖြင့် အသတ်ခံရမည်ကို ပူပန်နေ၏။

သို့တိုင်အောင် သူမသည် ရီဖူရှင်းအား ကူညီရန် ရွေးချယ်ခဲ့သည်။ သူမသည် ဆင့်လောခြံဝင်းတွင် ပိတ်မိနေသည်မှာ ကြာပြီဖြစ်ကာ ယခင်ကတည်းက ထွက်သွားလိုခဲ့သည်။ ရီဖူရှင်း၏ပြောစကားများက အတည်ဖြစ်မည်ဟု သူမမျှော်လင့်၏။

ယနေ့တွင် သူမသည် ယို့အိမ်တော်သို့ ဟန်လင်းနောက်မှ လိုက်ပါလာခဲ့သည်။

ယင်ချင်းနှင့် တခြားလူများသည် သူ့နောက်မှ ပုံမှန်အမူအရာဖြင့် လိုက်ပါလာကြ၏။ ရီဖူရှင်းကို အဆောင်မှ ခေါ်ထုတ်သွားသည်မှာ ရက်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ရှားရှင်းယွန်က တံခါးပိတ်ကျင့်ကြံနေသည်ဆိုခြင်းမှာ ရီဖူရှင်းကို ကုသနေခြင်းဖြစ်ကြောင်း သူမ ရိပ်မိသည်။ သူတို့ ဘာလုပ်လိုသနည်း။

သူတို့ သက်သာလာလျှင်ပင် သူတို့က ဆင့်လောခြံဝင်းနှင့် မည်သို့ရင်ဆိုင်မည်နည်း။

အနက်ရောင်ဝတ်ထားသောလူတစ်ဦးသည် ဟန်လင်းထံသို့ လျှောက်လာသည်။

“အဆောင်သခင်...” ဟန်လင်းက ခေါင်းညိတ်သည်။

“လက်ထောက်ခေါင်းဆောင်...ကျုပ်နောက်ကို လိုက်ခဲ့ပါ” ယို့အိမ်တော်သခင်က ဟန်လင်းနှင့် တခြားလူများအား စွမ်းအားကြီးအလောင်းကောင်များ သိုလှောင်ရာနေရာသို့ ခေါ်သွားသည်။

“ဘယ်လိုထင်လဲ” အဆောင်သခင်က ဟန်လင်းကို မေးသည်။

ဟန်လင်းက ကြီးမားသောအလောင်းကောင်အား ကြည့်သည်။ သူကား သတ္တမအဆင့်ရန်ဟောင်အား သန့်စင်ထားသော အလောင်းကောင်ဖြစ်သည်။ သူတို့က သည်အလောင်းကောင်အား သန့်စင်ရန် ကြီးမားသော တန်ဖိုးအား ပေးထားရ၏။ အလောင်းကောင်ထံမှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေသည်။

“ကျေးဇူးပါ အဆောင်သခင်...” ဟန်လင်းက သူ့အား ကျေးဇူးတင်သည်။ သူက ရှားရှင်းယွန်အား အရေးမပါသော အလောင်းကောင်များကိုသာ ပေးခဲ့ခြင်းသည်။ ဤသို့သော အဆင့်အလောင်းကောင်များသည်သာ ဆင့်လောခြံဝင်း၏စစ်မှန်သောခွန်အားဖြစ်ပေသည်။

ပုံမန်အားဖြင့် သူ့အဖေ၏အလောင်းကောင်များကို ပြောနေစရာမလိုပေ။ ယခု သူ့တွင် ကိုယ်ပိုင်အလောင်းကောင်တစ်ကောင်ရှိနေရာ သူ၏ခွန်အားကို ကြီးစွာ မြင့်တက်စေ၏။

“လက်ထောက်ခေါင်းဆောင်က အရမ်းယဉ်ကျေးလွန်းပါပြီ” ယို့အိမ်တော်သခင်က ပြောသည် “စိတ်မကောင်းစရာက ဆင့်လောအိမ်တော်မှာ ဒီလို အလောင်းကောင် ၂ယောက်ပဲ ရှိတာပဲ မဟုတ်ရင်”

ဟန်လင်းက ခေါင်းညိတ်သည်။ သူတို့တွင် သည့်ထက်များသော အလောင်းကောင်များရှိပါက တခြားအနီးတဝိုက်အင်အားစုများကို အုပ်စိုးနိုင်ပေမည်။

“အဆင့်မြင့် အလောင်းကောင်တွေက ရှာရခက်တယ်” ဟန်လင်းက ပြောသည်။

“တစ်နေ့က လက်ထောက်ခေါင်းဆောင် ယူသွားတဲ့ အလောင်းကောင်က တော်တော်ကောင်းတယ်။ ပျက်စီးသွားတာ စိတ်မကောင်းစရာပဲ” ယို့အိမ်တော်သခင်က ပြောသည်။

ဟန်လင်းက ရီဖူရှင်းကိုပြောကြောင်း သိလိုက်ကာ သူက ပြောသည် “သူက ဒုတိယအဆင့်နတ်ဝင်ရိုးပဲရှိတာ။ အဲဒါက ပြဿနာမဟုတ်ဘူး”

“မဟုတ်ဘူး။ ကျုပ်က သူ့အသက်ရှုသံကို လေ့လာခဲ့တယ်။ သူက အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်ဖြစ်ပြီးတော့ သေခြင်းရှင်ခြင်းစွမ်းအားတွေကို နားလည်တယ်။ ကျုပ်တို့ အစီအရင်က သူ့ကို မသန့်စင်နိုင်ဘူး” ယို့အိမ်တော်သခင်က ပြောသည် “လက်ထောက်ခေါင်းဆောင်က လူလွှတ်ပြီး မကြာမကြာ သူ့ကို လာကြည့်ခိုင်းထားတော့ အဲဒါကို တော်တော်လေး အလေးထားတယ်ထင်နေတာ။ ဒါပေမဲ့ ကျုပ်မှားသွားခဲ့တယ်”

“အက်ကြောင်းမဲ့ဝင်ရိုးဖြစ်ပြီးတော့ သေခြင်းရှင်ခြင်းစွမ်းအား...”

အဲဒါက ရှားရှင်းယွန် မဟုတ်ဘူးလား။

မည်မျှ တိုက်ဆိုင်လိုက်သနည်း။

ယို့အိမ်တော်သခင်၏စကားကိုကြားလျှင် ယင်ချင်း၏နှလုံးခုန်မြန်လာသည်။ ယို့အိမ်တော်သခင်က ရီဖူရှင်း၏အလောင်းအား ထိုသို့ သေချာလေ့လာကြည့်ထားသည်ဟု သူမ မထင်ထားပေ။

“ဟုတ်တယ်။ လက်ထောက်ခေါင်းဆောင်က အဲဒီမိန်းကလေးကို လေ့ကျင့်ခွင့်ပြုခဲ့တယ်လို့ ကြားတယ်” ယို့အိမ်တော်သခင်က မေးသည်။ သူက ရှားရှင်းယွန်နှင့်ပတ်သက်၍ သိပ်မသိပေ။ များသောအားဖြင့် သူကား အလောင်းကောင်များဖြင့် အလှုပ်ရှုပ်နေတတ်သည်။

ထိုစကားများမှာ တမင်ရည်ရွယ်ခြင်းမဟုတ်သော်လည်း ဟန်လင်း၏နားထဲတွင်ကား တူဖြင့် ထုနှက်သလို ဖြစ်လာသည်။

“အဆောင်သခင်...ဒီကို မကြာမကြာ ဘယ်သူလာလဲ” ဟန်လင်းက မေးသည်။ သူက ရီဖူရှင်းအား ဂရုစိုက်ရန်ကိုထား၊ သူရှိသည်ကိုပင် မေ့နေခဲ့ခြင်းဖြစ်သည်။

“အပြင်ဘက်က လက်ထောက်သခင်လေးရဲ့လူပါ” ယို့အိမ်တော်သခင်က ယင်ချင်းကို လက်ညိုးထိုးပြသည်။

ယင်ချင်းက ကြောက်လန့်တကြားပင် ရှေ့ကို တက်လာကာ ပြောသည် “သခင်လေး... အလောင်းကောင်က သန့်စင်ရခက်ခဲတယ်။ ယင်ချင်းက သခင်လေးအမိန့်ကို လျစ်လျူရှုဘဲ မနေရဲလို့ အလောင်းကောင်သန့်စင်ရာကို မကြာမကြာ လာကြည့်ဖြစ်ပါတယ်”

“ဘယ်နှစ်ခေါက်လဲ” ဟန်လင်းက မေးသည်။

“ဆယ်ခေါက်ထက်ကျော်တယ်” ယင်ချင်းက ဖြေသည်။

“မင်းပဲ သူ့ကို အပြင်ခေါ်ထုတ်သွားတာမလား” ဟန်လင်းက မေးသည်။

“သခင်လေး... အလောင်းကောင်က အဲလို ထူးခြားမယ်မှန်းသိရင် ယင်ချင်းက မခေါ်ထုတ်သွားပါဘူး။ တခြားအလောင်းကောင်နဲ့ လဲလိုက်မှာပါ” ယင်ချင်းက စိုးရိမ်စိတ်ကို တတ်နိုင်သမျှ ချိုးနှိမ်ကာ ဖြေသည်။

ဟန်လင်းက ယင်ချင်းအား စိုက်ကြည့်သည်။

ယခု အရာအားလုံးက  သံသယဝင်စရာ ကောင်းလာချေပြီ။

ယင်ချင်း၏အမူအရာကိုမြင်သော်လည်း ဟန်လင်းက သူမအား အမှန်တကယ် သံသယမဝင်မိသေးပေ။ မည်သို့ဆိုစေ ယင်ချင်းက သေတော့မည့်လူတစ်ဦးကို အဘယ်ကြောင့် ကယ်တင်မည်နည်း။ ထို့အပြင် သူမက ရှားရှင်းယွန်နှင့် မည်သို့ သိကျွမ်းမည်နည်း။

အရာအားလုံးက တိုက်ဆိုင်ခြင်းပေလော။

သို့သော်လည်း သူက ရှားရှင်းယွန်ထံသို့ သွားရောက်ပါက အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။

“ဘာဖြစ်လို့လဲ” ယို့အိမ်တော်သခင်က မေးသည်။

“အဲဒီမိန်းကလေးက သံသယဖြစ်စရာကောင်းတယ်” ဟန်လင်းက ပြောကာ အပြင်ကို ထွက်သည် “သူမကို ခင်ဗျားနဲ့ခေါ်လာခဲ့”

သူက ယင်ချင်းကို ပြောခြင်းဖြစ်သည်။

ယင်ချင်း၏မျက်နှာက ပြာနှမ်းသွားသည်။ ယို့အိမ်တော်သခင်နှင့် ဟန်လင်းတို့အကြား စကားများက သူမကို သံသယဝင်စေမည်ဟု မထင်ထားပေ။

ထို့အပြင် ဟန်လင်းသာ ရှားရှင်းယွန်ထံသို့ သွားသည်နှင့် အမှန်တရား ထွက်ပေါ်လာမည်ကို သူမ သိနေသည်။

ထိုသို့တွေးလေလေ သူမသည် တစ်ကိုယ်လုံး အေးစက်တောင့်တင်းလာလေဖြစ်သည်။ အတန်ကြာလျှင် သူမသည် စိတ်လျော့လိုက်သည်။ သူမက ရီဖူရှင်းကို ကူညီပြီးကတည်းက ဤသို့ဖြစ်လာမည်ကို တွေးထားပြီးဖြစ်သည်။ နောက်ဆုံးတွင် သူမ အသက်ဆုံးသွားလျှင်ကော အဘယ်အရေးနည်း။ ဤမကောင်းဆိုးဝါးအိမ်တော်မှ လွတ်မြောက်ခွင့်ရပေတော့မည်။

ယို့အိမ်တော်သခင် မျက်မှောင်ကြုတ်သွားသည်။ လက်ထောက်ခေါင်းဆောင် အလိမ်ခံရသည်လား။

ထိုသို့တွေးလျှင် သူက ဟန်လင်းနောက်မှ လိုက်ပါရန်ပြင်သည်။

ဟန်လင်းသည် ရှားရှင်းယွန်ထံသို့ မကြာခင် ရောက်လာသည်။ သူက အဆောင်အထက်တွင် ပျံသန်းကာ သူမရှိနေရာအား လှမ်းကြည့်၏။ အရာအားလုံးက တိုက်ဆိုင်ခြင်းသာဖြစ်ပေါစေဟု သူမျှော်လင့်နေသည်။ မဟုတ်လျှင် သူကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားပေတော့မည်။

“နတ်မိမယ် ကျင့်ကြံနေတုန်းလား...” ဟန်လင်းက အဆောင်ရှိရာသို့ လှမ်းကြည့်ကာ ပြောသည်။ သူ၏နတ်အာရုံက အဆောင်ထဲသို့ ဝင်၍ မရပေ။ အဆောင်အား အစီအရင်ဖြင့် ပိတ်ဆို့ထားသည်။

***

All Chapters