← Chapters

ကောင်းကင် တန်ခိုးရှင်ကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 759

ကောင်းကင် တန်ခိုးရှင်ကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 759

“အချိန် ကုန်လွန်ခြင်း …”

ထိုအရာကား အဆုံးမဲ့ စကြဝဠာကို မျိုးဆက်သုံးခု တိုင်တိုင် လွှမ်းမိုးနိုင်ခဲ့သည့် အဇူရာ အဘိုးအို၏ နတ်ဘုရား စွမ်းအား ဖြစ်၏။

“ခရက် …”

လျှို့ဝှက် ဆန်းကြယ်သော အချိန်၏ ထိန်းချုပ်မှုတွင်  ယွင်ထျန်းရွှမ်၏ ခန္ဓာသည် လေထုတွင် အေးခဲနေ၏။

အမှန်အတိုင်း ဆိုရလျှင် ချန်းဖန်သည် “အချိန် ကုန်လွန်ခြင်း” နတ်ဘုရား စွမ်းအားကို အသုံး မပြုလိုချေ။

ထိုနတ်ဘုရား စွမ်းအားမှာ စွမ်းအင် လိုအပ်ချက် ကြီးမားလှရကား သာမန် အခြေအနေ၌ အသုံးပြုလျှင်ပင် လအနည်းငယ် ကြာအောင် ပြန်လည် ကုစားရပေလိမ့်မည် ဖြစ်သည်။

“ကလန့် …”

ချန်းဖန်က လက်အား ဝှေ့ယမ်းလိုက်လျှင် ပါးလွှာသော ဓားအလင်း တစ်ခု ပေါ်လာကာ ယွင်ထျန်းရွှမ်၏ ခန္ဓာအား ပိုင်းဖြတ်၏။

“ဘုန်း …”

ထို့နောက် အေးခဲနေသော အချိန်သည် ပေါက်ကွဲကာ အရာရာမှာလည်း ပုံမှန် ပြန်လည် လည်ပတ်သည်။

“ခရက် …”

ရုတ်တရက် ယွင်ထျန်းရွှမ်၏ ပခုံးတွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာ၏။ ထိုဒဏ်ရာက ဝမ်းဗိုက်အထိ ဆက်ကာ ကွဲအက်ပြီးမှ ရပ်တန့် သွားသည်။

“အား …”

ယွင်ထျန်းရွှမ်က နာကျင်စွာ အော်ဟစ်ရင်း ချန်းဖန်အား ကြောက်လန့်စွာ ကြည့်လိုက်သည်။

“အဲဒါက ဘာနတ်ဘုရား စွမ်းအားလဲ …”

လူတိုင်းမှာ သတိ ပြန်လည်လာသည်နှင့် တစ်ယောက်ကို တစ်ယောက် နားမလည်စွာ ကြည့်လိုက်ကြသည်။

သူတို့ မြင်တွေ့ရသမျှ အရာရာကား အသာစီးဖြင့် တိုက်ခိုက်နေသော ယွင်ထျန်းရွှမ် ရုတ်တရက် ဒဏ်ရာ ရကာ နောက်သို့ ဆုတ်လိုက်ရခြင်းပင် ဖြစ်သည်။

မြေကမ္ဘာ အဆင့် အချို့သာ မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း ခံစားမိကြသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ ... ဘယ်လို လုပ်ပြီး ချန်းပေ့ရွှမ်းက  အချိန်ကို ထိန်းချုပ်နိုင် ရတာလဲ …”

မီးဝိညာဉ် ဧကရာဇ်မှာ ထိတ်လန့်မှုကြောင့် အနည်းငယ် တုန်ရီသွား၏။

“ဟူး ... ဟူး …”

ထိုအချိန်၌ လေနှင့်အတူ လွင့်မြောနေသော ချန်းဖန် ဆံပင်များကား မီးခိုးရောင် သန်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူက ထိုအရာကို ဂရုမစိုက်ဘဲ ရှေ့သို့ တိုးကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။

“ခရက် …”

အချိန်သည် အေးခဲကာ ရပ်တန့် သွားပြန်သည်။

“ဘုန်း …”

လူအများမှာ မည်သည့် အရာကိုမျှ သေချာ မသိလိုက်ခင်မှာပင် ယွင်ထျန်းရွှမ်၏ ဘယ်ဘက် လက်မောင်း ရုတ်တရက် ထပ်မံ ပေါက်ကွဲသွားသည်ကို မြင်လိုက် ကြရ ပြန်သည်။

“အား …”

ယွင်ထျန်းရွှမ်ကား ရူးသွပ် မတတ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“အဲဒါက အချိန်ရဲ့ စွမ်းအား ... ချန်းပေ့ရွှမ်း မင်း ဘယ်သူလဲ”

ယခု အချိန်၌ ထိုကောင်းကင် တန်ခိုးရှင်ကား မိမိကိုယ်ကို ယုံကြည်ချက် အနည်းငယ်ပင် မရှိတော့ချေ။ အလွန်တရာ ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။

“ချန်း ... ချန်းပေ့ရွှမ်း ... ငါ မင်းရဲ့ နတ်ဘုရား စွမ်းအားရော ကျင့်စဉ်တွေရော မလိုချင် တော့ပါဘူး ... ငါတို့ အေးအေးဆေးဆေး ဆွေးနွေးကြရင် မကောင်းဘူးလား”

ယွင်ထျန်းရွှမ်က တုန်ရီစွာဖြင့် တောင်းပန် လိုက်သည်။

သို့သော်လည်း ချန်းဖန်ကား သူ၏ အတွင်းပိုင်း စိတ်ကို တွေ့မြင်ခဲ့ပြီး ဖြစ်ရာ မည်ကဲ့သို့ လွှတ်ပေးနိုင်ပါမည်နည်း။

“တတိယ တိုက်ခိုက်မှု …”

ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးလိုက် ပြန်သည်။

“သွား …”

ယွင်ထျန်းရွှမ်က အချိန် ထိန်းချုပ် မခံရခင် နောက်သို့ ဆုတ်ရင်း ရွှေရောင် လှံတံတစ်ခုကို ဖန်တီးကာ ချန်းဖန်ထံသို့ ပစ်၏။

“ကလန့် …”

သူ၏ အနက်ရောင် ဝတ်စုံကလည်း တောက်ပသော အလင်းများကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်အား ကာကွယ်သည်။

“ခရက် …”

ထိုအချိန်မှာပင် အချိန် ကုန်လွန်ခြင်းသည် ပတ်ဝန်းကျင်အား ထိန်းချုပ် သွားပြန်၏။

“ဘုန်း …”

ချန်းဖန်၏ တတိယ ဓားချက်က ယွင်ထျန်းရွှမ်၏ ခန္ဓာကိုယ် အပေါ်သို့ အလျားလိုက် ကျရောက်သည်။

“ဘုန်း …”

တစ်ချိန်တည်း၌ ယွင်ထျန်းရွှမ်၏ လှံတံကလည်း ချန်းဖန်အား ထိုးဖောက်သည်။ ချန်းဖန်သည် နောက်သို့ လျှင်မြန်စွာ ဆုတ်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာ၌ ကြီးမားသော အပေါက် တစ်ခု ပေါ်လာခြင်းမှ မရှောင်လွှဲ နိုင်ခဲ့ချေ။

အခြား တစ်ဖက်၌ ယွင်ထျန်းရွှမ်ကား သူ့ထက်ပင် အခြေအနေ ဆိုးသေးသည်။

“အား …”

အချိန် ပြန်လည် စီးဆင်းချိန်၌ သူ၏ နဖူးတွင် ခုတ်ရာ တစ်ခု ဖြစ်ပေါ်လာသည်။ ထိုခုတ်ရာက နဖူးမှ နေ၍ နှာခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ နောက်ဆုံး ဝမ်းဗိုက် အထိ ရောက်၏။

“ခရက် …”

သူ၏ အကာအကွယ် ဝတ်စုံနှင့် မျက်နှာဖုံးက ကွဲအက်ကာ အိုမင်းသော မျက်နှ တစ်ခု ပေါ်လာ၏။ ထို့နောက် ထိုမျက်နှာသည်လည်း ထက်ပိုင်းအက်ကွဲသည်။

“အား …”

ယွင်ထျန်းရွှမ်ကား လုံးဝ ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။

ချန်းဖန်၏ ခုတ်ချက်တွင် သူ၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်ကား နှစ်ပိုင်းပြတ်လုနီးပါး အထိပင် ဖြစ်ခဲ့ရသည်။ သူသည် ထိုကဲ့သို့ သေခြင်းတရားနှင့် အနီးကပ်ဆုံး အခြေအနေကို  ယခုမှ ပထမဆုံး အကြိမ် အဖြစ် ခံစားခဲ့ရခြင်း ဖြစ်သည်။

“ငါ မင်းကို သတ်မယ် …”

ယွင်ထျန်းရွှမ်က ရှေ့သို့ ပြေးလာရင်း သူ၏ လက်သီးအား ဆုပ်လိုက်သည်။

“ဘုန်း …”

ထိုလက်သီးက ပြင်းထန်သော အဟုန်အား ယူဆောင်၍ နျူကလိယ ပေါက်ကွဲ သကဲ့သို့ စွမ်းအားကို စုစည်း၏။

“ချန်းပေ့ရွှမ်း ... အချိန်ရဲ့ စွမ်းအားက အရမ်း အစွမ်းထက်တယ် ဆိုပေမဲ့ နောက်ထပ် တိုက်ခိုက်မှု ဘယ်လောက် များများကို မင်းဖော်ထုတ် နိုင်မှာလဲ ... ငါ မင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ ခန္ဓာကို ယူမယ် ... မင်းရဲ့ နတ်ဘုရား စွမ်းအားကိုလည်း ယူမယ် ... ပြီးရင် စကြဝဠာ အထိပါ လွှမ်းမိုးမယ်ကွ”

“ဟုတ်လား …”

ချန်းဖန်၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေ၏။

“အချိန် ကုန်လွန်ခြင်း …”

သူက လက်အား ဆန့်ထုတ်၍ ညင်သာစွာ ဆုပ်ကိုင်လိုက်ပြန်သည်။

“ခရက် …”

ရုတ်တရက် အက်ကွဲသံ တစ်ခုနှင့် အတူ ချန်းဖန်၏ အနောက်၌ ကြီးမားသော အဇူရာ အလင်း ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်မှာ အလွန် ကြီးမားလွန်းရကား တောင်တန်းပင်လျှင် သူ၏ အရိပ်၌ လွှမ်းမိုးခံရလေ၏။

“ရှေးဟောင်း အဇူရာ နတ်ဘုရား …”

“ဘုန်း …”

ရှေးဟောင်း အဇူရာ နတ်ဘုရားက ချန်းဖန် အတိုင်း လိုက်လံ လှုပ်ရှားကာ ဓားတစ်ချောင်းအား ဆွဲကိုင်သည်။

“ဘုန်း …”

ယွင်ထျန်းရွှမ်က အသံ၏ ဆယ်ဆသော အမြန်နှုန်းကို ချိုးဖျက်၍ ယွင်ထျန်း နန်းတော် အတွင်း ပြန်လည် ဝင်ပြေးရန် ကြိုးစားသည်။

သို့သော်လည်း သူ နန်းတော် အတွင်းသို့ မဝင်ခင်မှာပင် ထိုနေရာရှိ အချိန်သည် ကန့်သတ်ခံရကာ ရပ်တန့် သွား၏။

“ကလန့် …”

ခဏအတွင်းမှာပင် ချန်းဖန်၏ အသက်သည် အနှစ် သုံးဆယ်ခန့် ပိုမို အိုမင်းသွား၏။ ထိုအခိုက်၌ သူကား အသက် ငါးဆယ်အရွယ် သက်လတ်ပိုင်း တစ်ဦးပုံစံ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အချိန်ဓား …”

ချန်းဖန်က ဓားအား ခုတ်လျှင် ရှေးဟောင်း အဇူရာ နတ်ဘုရားကပါ လိုက်လံ ခုတ်ထစ်၏။

“  ... ”

ယွင်ထျန်းရွှမ်က တစ်ခုခုကို ပြောရန် ကြိုးစား လိုက်သည်။

သို့သော်လည်း သူပါးစပ် မဟရသေးခင်မှာပင် အချိန်ဓားက သူ့အား အကြိမ် တစ်ရာခန့် ခုတ်ဖြတ် ပစ်လိုက်၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

အချိန် ပုံမှန် ပြန်လည် စီးဆင်းချိန်၌ ယွင်ထျန်းရွှမ်၏ ခန္ဓာမှာ သွေးမြူ အသွင်ဖြင့် လေထုနှင့်အတူ လွင့်မျော သွားခဲ့ပြီ ဖြစ်လေသည်။

“ဘာဖြစ်သွားတာလဲ ...”

မရေ မတွက်နိုင်သော လူများသည် ဆွံ့အစွာဖြင့် ကောင်းကင်သို့ မော့ကြည့် လိုက်ကြ၏။

“ဟူး ... ဟူး …”

သူတို့၏ ဦးခေါင်း အထက် လေထုတွင်မူ ချောင်းဆိုးရင်း အားရပါးရ ရယ်မောနေသော သက်လတ်ပိုင်း လူတစ်ယောက်သာလျှင် ရှိသည်။

ထိုလူ၏ အသွင်အပြင်သည် သာမန် ဆန်နေသော်လည်း လူတိုင်း၏ စိတ်နှလုံးများတွင်မူ နတ်ဆိုး တည်းဟူသော ကြောက်မက်ဖွယ် အာရုံကို ခံစားကြရ၏။

၁၂ လပိုင်း ၂၀ ရက်…

ချန်းဖန်သည် ကောင်းကင်မြို့တော်၌ ကောင်းကင် တန်ခိုးရှင် တစ်ပါးကို သတ်ဖြတ်ခဲ့၏။

***

All Chapters