← Chapters

အံ့အားသင့်စရာ

Vol. 101 Ch. 1408

အံ့အားသင့်စရာ

Vol. 101 Ch. 1408

အခန်း (၁၄၀၈) အံ့အားသင့်စရာ

ရွှယ်ချူးချင်က ပြုံးလိုက်ရင်း...

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေ ဘယ်တုန်းကမှ သံသယမရှိပါဘူး ၊ ဒါပေမဲ့ အဲဒီနေ့ရက်တွေကိုမြင်တွေ့ရဖို့ အမေ အသက်ရှည်ပါ့မလားတော့ မသေချာဘူး”

ထို့နောက် သူမက မတ်တတ်ထရပ်လိုက်ပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို နှုတ်ဆက်လိုက်သည်။

“ကျောက်ကဲ... မင်းပြန်ရောက်လာပြီဆိုတော့ ဒီနေရာကို မင်းလက်ထဲ အပ်ခဲ့တော့မယ် ၊ အမေ... ထုန်းမင်တောင်ကြားမှာ ဆရာဘွားဘွားကို သွားပြီးဂါရဝပြုလိုက်ဦးမယ်”

ရှောက်ကျွင်းဟွမ်နှင့် ဟူယွဲ့ရှင်းတို့နှင့် နှိုင်းယှဉ်ပါက ရွှယ်ချူးချင်က သူမ၏ဆရာနှင့် ပိုမိုရင်းနှီးသည်။

ထို့ကြောင့် သူမမျက်နှာထက် စိတ်မကောင်းဟန်ရှိနေသော်လည်း အ‌တော်အတန် တည်ငြိမ်လေသည်။

သို့သော် ဗလာနယ်အစွန်အဖျားမှ ဟူယွဲ့ရှင်း၏ရုပ်ကြွင်း ပြန်လည်ရောက်ရှိလာသည့်အခါ သူမအနေဖြင့် ဆရာဘွားဘွားအတွက် ဂါရဝပြု ဆုတောင်းပေးရန် လိုအပ်သည်။

ဘာပဲဖြစ်ဖြစ် သူမနှင့် ဆရာဘွားဘွားကလည်း ဆက်စပ်မှုရှိနေသည် မဟုတ်လား။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကလည်း ရွှယ်ချူးချင်ကို နှုတ်ဆက်လိုက်ကြသည်။ မကြာမီ ရွှယ်ချူးချင် တောင်ပေါ်မှ ထွက်ခွာသွားလေသည်။

တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ရွှယ်ချူးချင်၏အရိပ်ကိုကြည့်ရင်း ဖန်းယွင်ရှန်း သက်ပြင်းချလိုက်သည်။

“မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ရဲ့အဆက်အနွယ်တွေက မျိုးဆက်တစ်ခုမှာ တပည့်တစ်ယောက်ပဲ အမွေဆက်ခံခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ကြတယ် ၊ ကံကောင်းတာက... ရှင့်အမေ သက်ရှိထင်ရှား ရှိနေသေးတာပဲ”

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“ဒီလိုအခြေအနေဖြစ်လာဖို့ ငါတို့ဘိုးဘေးတွေ တစ်ယောက်ပြီးတစ်ယောက် စတေးခံခဲ့ကြရတယ် ၊ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး ၊ အခုမှ အစပဲ ရှိသေးတယ်”

ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားပြီး...

“အရင်တုန်းက အမေလည်း အန္တရယ်ကြားထဲမှာ အသက်ရှင်ခဲ့ရတာ ၊ ငါတို့သားအဖသာ အမြဲတမ်း သတိထားမနေခဲ့ရင် ၊ ပြီးတော့ ကျောက်စိမ်းကျောက်ဆောင်က ဂိုဏ်းတူအစ်ကိုနျဲ့၊ ဂိုဏ်းတူအစ်ကိုဝမ်တို့ရဲ့ အကူအညီသာ မရှိခဲ့ရင်... အမေလည်း အသက်ရှင်နိုင်မလားတောင် မသိနိုင်ဘူး”

မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ၏ ကြိုးကြာဖမ်းအစီအစဉ်နှင့်ပတ်သက်ပြီး ရန်ကျောက်ကဲထံမှ ဖန်းယွင်ရှန်း အသေးစိတ်သိရှိထားပြီး ဖြစ်သည်။

သူမက မျက်မှောင်ကျုံ့ရင်း...

“ဝမ်ကျန်းချန်၊ တာအိုဆရာထျန်းယိနဲ့ အနက်ရောင်ပိုးသားဧကရာဇ်တို့က အဓိကခြိမ်းခြောက်မှုတွေပဲ ၊ ပြီးတော့ သူတို့နဲ့အတူ  ချန်ချန်းဟွာနဲ့ ချင်းယွမ်ဧကရာဇ်လည်း ပါသေးတယ်မလား”

သူမက ဆကပြောလိုက်သည်။

“ချန်ချန်းဟွာသာ မူလကောင်းကင်ကျမ်းစာကို မသုံးခဲ့ရင် ဝမ်ကျန်းချန်တို့တွေ ရှင့်အမေကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာမဟုတ်ဘူး ၊ သူက ကျွန်မတို့နဲ့ ရန်ငြိုးဟောင်းတွေကိုတောင် မဖြေရှင်းရသေးပဲ ပြဿနာအသစ်တွေ လာရှာနေတယ်”

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

“ဒီကောင် ငါ့လက်ထဲ နောက်တစ်ခါရောက်လိုကတော့ အသက်ရှင်လျက်နဲ့ ငရဲဘယ်လိုကျသလဲဆိုတာ သိသွားစေရမယ်”

သူက ဆက်ပြောလိုက်သည်။

“သူက အဲဒီရက်တွေကစပြီး ပုန်း‌‌အောင်းနေခဲ့တာ ၊ သူ့လက်ထဲမှာ မူလကောင်းကင်ကျမ်းစာရှိနေတော့ သူ့ကို ရှာဖို့ခက်တယ်လေ”

“အဂ္ဂိရတ်ခန်းမထဲ ပထမဆုံးဝင်တုန်းကလည်း သူ ငါတို့ကို အနှောက်အယှက်ပေးဖို့ကြိုးစားတယ် ၊ အဲဒီတုန်းက ငါက ထျန်းစူးခန်းမရဲ့ ခန်းမဝိညာဉ်နဲ့ရင်ဆိုင်နေရလို့ သူ့ကို အရေးမစိုက်နိုင်ဘူး ၊ မဟုတ်လို့ကတော့ ဒီနေ့လိုကိစ္စတွေတောင် ဖြစ်လာနိုင်မှာမဟုတ်ဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းများမဲ့ရွဲ့လိုက်ရင်း...

“ဒီကောင်က ပါးနပ်တာတော့ အမှန်ပဲ ၊ ဒီတစ်ခေါက်လည်း သူ့ရဲ့ခန္ဓာကိုယ်အစစ်နဲ့ ကြယ်စင်မြစ်လက်တက်ထဲ ဝင်မလာခဲ့ဘူး ၊ မဟုတ်ရင် ငါ သူ့ကို နေရာမှာတင် သတ်ပစ်လိုက်ပြီ”

ဖန်းယွင်ရှန်းက...

“ရှင်က သူ့ကို နတ်ဘုရားအဆင့်ကနေ ပြုတ်ကျအောင်လုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တာအိုဒဏ်ရာတွေ ရထားတယ်လေ ၊ သူ နောက်တစ်ကြိမ်ထပ်ပြီး ကျင့်ကြံမယ်ဆိုရင်တောင် မဖြစ်နိုင်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ ၊ ပြီးတော့ နတ်ဘုရားလူသားကပ်ဘေးမှာတင် အသက်ပျောက်သွားနိုင်တယ်”

ရန်ကျောက်ကဲက တစ်ချက်လှောင်ရယ်လိုက်ပြီး...

“ငါက သူ့ဆီက နည်းနည်းပါးပါးအမြတ်ထုတ်ပြီး သင်ခန်းစာပေးလိုက်တာပဲ ရှိတာပါ”

ခဏမျှတွေးပြီးနောက် ဖန်းယွင်ရှန်းက...

“လီရှင်းပါ့က ငရဲကိုးထပ်က ရှေးဟောင်းနတ်ဆိုးကို ဆင့်ခေါ်တယ်ဆိုပေမယ့် ဒီကိစ္စက ချန်ချန်းဟွာနဲ့လည်း ဆက်နွယ်နေနိုင်တယ် ၊ ရှင်ပြောခဲ့သလိုပဲ... သူလည်း အရင်က ငရဲကိုးထပ်ကို သွားခဲ့ဖူးတယ်လေ”

ဖန်းယွင်ရှန်းက ခဏမျှတွန့်ဆုတ်နေပြီးမှ ရန်ကျောက်ကဲဘက်သို့လှည့်ကြည့်ရင်း...

“ရှင်ထင်တာ သူက...”

ရန်ကျောက်ကဲက သူမဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်လိုက်သည်။

“ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ငါလည်း သေချာမပြောနိုင်ဘူး”

သူက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

“ဒီကောင့်လိုလူစားမျိုးက နတ်ဆိုးလမ်းကြောင်းပေါ်ရောက်သွားမှာကိုလည်း အရေးစိုက်မှာ မဟုတ်ဘူး”

ခဏနားပြီးမှ ရန်ကျောက်ကဲက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

“တခြားသူတွေ နတ်ဆိုးလမ်းကြောင်းပေါ် ရောက်သွားတယ်ဆိုတာ သူတို့ရဲ့ခေါင်းမာမှု ဒါမှမဟုတ် ရန်ငြိုးနက်ရှိုင်းမှုတွေကြောင့်ပဲ ၊ ဒီလိုစိတ်တွေ အတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါ နတ်ဆိုးစိတ်အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာ နတ်ဆိုးချီနဲ့ သူတို့ရဲ့ဆန္ဒတွေရောယှက်သွားတယ် ၊ အဲဒီနောက် မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲသွားတော့တာပဲ”

“ချန်ချန်းဟွာကတော့ နတ်ဆိုးလမ်းကြောင်းထဲ ကျရောက်တာမဟုတ်ဘူး ၊ သူကိုယ်တိုင်က လူ့လောကထဲမှာတင် နတ်ဆိုးတစ်ကောင်ဖြစ်နေပြီးသား...”

ရန်ကျောက်ကဲက မျက်လုံးများကို မှေးစင်းလိုက်ရင်း...

“ပြီးတော့ သူကိုယ်တိုင်က နတ်ဆိုးလမ်းကြောင်းပေါ် ရောက်မသွားရင်တောင် သူက နတ်ဆိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်မဝင်စားဘူးလို့ မဆိုနိုင်ဘူး ၊ ငရဲကိုးထပ်ကလည်း သူ့ကို သာမန်လူတစ်ယောက်လို သဘောမထားဘူး ၊ ဒိတော့ သူ့လိုလူမျိုး နတ်ဆိုးဖြစ်သွားလည်း အံ့သြစရာ မရှိပါဘူး”

ဖန်းယွင်ရှန်းက...

“ဒါပေမဲ့ သူ နတ်ဆိုးလမ်းကြောင်းပေါ်ရောက်သွားမယ်ဆိုရင်... အခု သူရရှိထားတဲ့ဒဏ်ရာတွေကို ကုသနိုင်သလို နတ်ဘုရားလူသားကပ်ဘေးကို စိန်ခေါ်ဖို့လည်း ကူညီပေးနိုင်တယ်လေ”

ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း...

“ဟုတ်တယ်... ငါ နည်းလမ်းရှာပြီး ဒီကောင့်ကို သတ်ပစ်ရမယ်”

ထို့နောက် သူက ဖန်းယွင်ရှန်းကိုကြည့်လိုက်ပြီး...

“မင်း ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်သေးလဲ”

ဖန်းယွင်ရှန်းက...

“ထူးခြားဖြစ်စဉ်မရှိဘူးဆိုရင် ကျွန်မ နှစ်ပေါင်းတစ်ထောင်လောက်အထိ ဆက်ထိန်းထားနိုင်သေးတယ်”

သူမက ဆက်ပြောလိုက်သည်။

“ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ပြိုင်ဘက်နဲ့ မတိုက်ခိုက်ရဘူးဆိုရင်ပေါ့”

ရန်ကျောက်ကဲက နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး...

“အနာဂတ်မှာ ငါတို့တွေ ကောင်းကင်နတ်ဘုရားတစ်ပါးနဲ့တော့ အနည်းဆုံးရင်ဆိုင်ရနိုင်တယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...

“ရေစင်ထက်ယံအရှင်သခင် ၊ အကြီးအကဲချူး ၊ ရှီကျွင်းလေးနဲ့ သူ့အမေတို့ထဲက တစ်ယောက်ယောက်ပေါ့”

ရန်ကျောက်ကဲက နဖူးကို ဖြည်းညင်းစွာပွတ်သပ်လိုက်ရင်း...

“ဒီတစ်ခေါက် သူတို့တွေ မင်းကိုဒုက္ခပေးတာကို ဖယ်လိုက်မယ်ဆိုရင်... လွန်ခဲ့တဲ့နှစ်တွေအတွင်း ငရဲကိုးထပ်က အရမ်းတိတ်ဆိတ်နေခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“ပြင်ပတာအိုကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ် ၊ နတ်မိစ္ဆာမျိုးနွယ်တွေက အနောက်ဘက်သူတော်စင်ဘုံနဲ့ တိုက်ခိုက်နေတယ် ၊ ဒီတော့ ငါတို့ လမ်းမှန်တာအိုဝါဒနဲ့ ငရဲကိုးထပ်က ကြားထဲကလွတ်နေတယ်လို့ ပြောလို့ရတယ်”

သူက ဖန်းယွင်ရှန်းကိုလှည့်ကြည့်ရင်း...

“တွေးကြည့်လိုက်တော့ ကြယ်စင်မြစ်လက်တက်မှာ ငါတို့ကိုဒုက္ခပေးဖို့ရောက်လာတဲ့ ရှေးဟောင်းနတ်ဆိုးက ငရဲကိုးထပ်အတွက် ဘာမှလှုပ်ရှားတဲ့သူမဟုတ်ဘူး ၊ သူက ငါတို့ကို စမ်းသပ်ကြည့်တာ ဖြစ်ရမယ်”

“စမ်းသပ်ကြည့်တယ် ဟုတ်လား”

ဖန်းယွင်ရှန်း တီးတိုးရေရွတ်လိုက်သည်။

သူတို့က ဖန်းယွင်ရှန်းကို စမ်းသပ်ခြင်းဖြစ်နိုင်သလို အခြားအင်အားစုများမှ ထိပ်တန်းသိုင်းသမားများ၏ တုံ့ပြန်မှုကို စမ်းသပ်ခြင်းလည်း ဖြစ်နိုင်သည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...

“သူတို့လိုချင်တဲ့ရလဒ်ကိုသိရရင် သူတို့တွေ ပြန်ဆုတ်ခွာသွားနိုင်တယ် ၊ ဒါမှမဟုတ်ရင်တော့...”

ခဏနားပြီး ဖန်းယွင်ရှန်းက ဆက်ပြောလိုက်သည်။

“သူတို့တွေ အကြီးအကျယ် လှုပ်ရှားလာနိုင်တယ်။”

ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“အခုလက်ရှိအရ ကြည့်ရသလောက်တော့ ၊ ဒုတိယတစ်ခုက ပိုပြီးဖြစ်နိုင်ခြေများတယ်”

ဖန်းယွင်ရှန်း၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။ သို့သော် သူမက သူမအတွက် စိုးရိမ်နေခြင်း မဟုတ်ပေ။

“ဒါဆို ရေစင်ထက်ယံအရှင်သခင်...”

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“စိတ်ရှည်ရှည်ထားကြတာပေါ့...”

သူက ဆက်ပြောသည်။

“အန္တရာယ်နဲ့အတူ အခွင့်အလမ်းတွေလည်း ရောက်လာနိုင်တယ် ၊ ဒါက ပြဿနာကိုဖြေရှင်းဖို့ အခွင့်အလမ်း ဖြစ်လာနိုင်တယ် ၊ ဒီအခွင့်အလမ်းကို ငါတို့ ဆုပ်ကိုင်နိုင်မလားဆိုတာပဲ အဓိကကျတယ်”

ဖန်းယွင်ရှန်းက...

“အကြီးအကဲချူး ဘယ်ရောကနေလဲမသိရတာ စိတ်မကောင်းစရာပဲ ၊ မဟုတ်ရင် ကျွန်မတို့လှုပ်ရှားမယ့်နေရာကို ရွေးချယ်နိုင်တယ်လေ ၊ ကြယ်စင်မြစ်လက်တက်က ရှင့်စိတ်တိုင်းကျလုပ်ဆောင်နိုင်တဲ့ နေရာကောင်းတစ်ခုလို့ ထင်တာပဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“အားလုံး သူ့သဘောသူဆောင်ပါစေ... သူတို့ကံဆိုးတာ သူတို့ကိစ္စပဲ ၊ သူတို့ကံဆိုးတော့ ငါတို့အတွက် ပိုပြီးလွယ်သွားတာပေါ့”

စကားပြောရင်း ရန်ကျောက်ကဲက မှိုင်းညို့ညို့ ပုလဲတစ်လုံးကို ထုတ်ယူပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။

ထိုပုလဲက လီရှင်းပါ့၏ မြေခွင်းပုလဲပင် ဖြစ်၏။

“မြေကြီးကို မြေကြီးနဲ့ ချိုးဖျက်တယ် ၊ ဒီပုလဲက တကယ့်ကို နာမည်ကြီးထိုက်တယ်”

ရန်ကျောက်ကဲက ချီးကျူးစကားဆိုလိုက်သည်။

“ငါ့မှာ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာရှိတာကို သိရဲ့သားနဲ့ လီရှင်းပါ့ ငါ့ကိုဒုက္ခလာပေးရဲတာ မဆန်းပါဘူး ၊ သူက ဒီပုလဲကို အားကိုးတာလေ”

ဖန်းယွင်ရှန်းက အံ့အားသင့်သွားပြီး...

“တိုက်ပွဲကနေ ရတနာပစ္စည်းတွေ ရလာသေးတာလား”

ရန်ကျောက်ကဲက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်ရင်း...

“နေဦး... ရှိသေးတယ်”

မြေခွင်းပုလဲကိုသိမ်းပြီးနောက် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ဖြန့်လိုက်ရာ ကြိုးကြာငှက်မွှေးများစွာ ထွက်ပေါ်လာသ်ည။

“ဒါကတော့ အရမ်းအံ့အားသင့်စရာကောင်းတဲ့ ရတနာပဲ”

သူက ဆက်ပြောလိုက်သည်။

“အဲဒီကြိုးကြာနတ်မိစ္ဆာရဲ့ အမွှေးတွေက တကယ်ကို တန်ဖိုးရှိတယ် ၊ ဒါပေမယ့်...”

သူ၏အခြားလက်တစ်ဖက်တွင် တောက်ပသော အလင်းတန်းကြိုးတစ်ချောင်း ပေါ်လာသည်။

ရန်ကျောက်ကဲက မျက်ဝန်းများကျဉ်းမြောင်းလိုက်ရင်း...

“ဒါပေမဲ့... ဒီငှက်မွှေးတွေအားလုံးပေါင်းရင်တောင် ဒီပစ္စည်းနဲ့ ယှဉ်လို့မရဘူး”

ဖန်းယွင်ရှန်းက အလင်းတန်းကြိုး၏ တန်ခိုးစွမ်းအားကို အာရုံခံလိုက်ပြီး စဉ်းစားရင်း ပြောလိုက်သည်။

“အဲဒါက ရှင်အရင်ကပြောခဲ့ဖူးတဲ့ နတ်မိစ္ဆာတွေရဲ့ မွေးရာပါစွမ်းရည်အခြေခံအုတ်မြစ် မဟုတ်လား ၊ အဲဒါက ရန်သူရဲ့သိုင်းပညာကို ပြိုကွဲစေတဲ့ တန်ခိုးစွမ်းအားရှိတယ်ဆိုတာလေ...”

ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...

“အမှန်ပဲ...”

သူက ဆက်ပြောသည်။

“ဒီပစ္စည်းသာရှိရင် ငရဲကိုးထပ်ကို ရင်ဆိုင်ဖို့ ယုံကြည်မှုပိုများလာမယ်”

သူက ဝါဒတောင်ထိပ်တွင် မတ်တတ်ရပ်နေရင်း ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာရှိ ဝေးလံသော တောင်တန်းများနှင့် မြစ်ချောင်းများဆီသို့ အကြည့်ရောက်သွားသည်။

“ဒီတစ်ခါတော့ ကျန်နေသေးတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”

All Chapters