← Chapters

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

Vol. 101 Ch. 1409

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

Vol. 101 Ch. 1409

အခန်း (၁၄၀၉) မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး

ရန်ကျောက်ကဲနှင့် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ အတွင်းပိုင်းပြဿနာများစွာ အမြဲရှိနေခဲ့သည်။

ဖုထင် ၊ မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ယုံကြည်ခြင်းအလင်းကိုခံစားနေခဲ့ရပြီး ငရဲကိုးထပ်၏ခြိမ်းခြောက်မှုကလည်း ရှိနေသေးသည်။

နက္ခတ်ဧကရာဇ် ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကြောင့် ဒုက္ခရောက်နေရခြင်းတစ်ခုတည်းသာ မဟုတ်ပေ။

ဝါဒတောင်တွင်လည်း ရှီကျွင်းနှင့် ယင်ယွီကျန်းတို့သားအမိနှင့်ပတ်သက်သော ပြဿနများ ရှိနေသည်။

အတိတ်အချိန်များတွင် ရန်ကျောက်ကဲက အသိပညာ မလုံလောက်ခဲ့ပေ။

ယခု ကျင့်ကြံခြင်းအဆင့် တဖြည်းဖြည်းတိုးတက်လာသည်နှင့်အမျှ ပိုမိုမြင့်မားသော အဆင့်မြင့်သိုင်းကျင့်ကြံသူများနှင့်ထိတွေ့လာရပြီး ရှီကျွင်းတို့သားအမိ၏ လက်ရှိအခြေအနေကို ပိုမိုနားလည်လာခဲ့ရသည်။

ဖန်းယွင်ရှန်း ငရဲကိုးထပ်မှ ပြန်ရောက်လာပြီးနောက် ထိုကိစ္စက ပိုမိုထင်ရှားလာခဲ့ပြီး ရန်ကျောက်ကဲနှင့် ချန်ရွှမ်ကျုန်းတို့၏ခန့်မှန်းချက်များကို အတည်ပြုပေးခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာကတည်းက ရှီကျွင်း ၊ ယင်ယွီကျန်းတို့နှင့်ဆက်နွယ်နေသော ငရဲကိုးထပ်မှနတ်ဆိုးက ထူးခြားသော ဇာစ်မြစ်ရှိနေမည်ဟု ရန်ကျောက်ကဲ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ထိုစဉ်အချိန်က သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဟုသာ သူက ထင်မှတ်ခဲ့မိသည်။

နတ်ဆိုးများလက်ထဲ ကျရောက်မသွားစေရန်အတွက် မိမိကိုယ်ကိုပြန်လည်ထိန်းညှိရန် ရှီကျွင်းတို့သားအမိ ကာလရှည်ကြာ အိပ်စက်နေသည်ဟုသာ ယူဆခဲ့သည်။

သို့သော် သူတို့သားအမိမှာ မဟာနတ်ဆိုးကြီးများ ပြန်လည်မွေးဖွားလာရန် ရွေးချယ်ခံထားရသော ရုပ်ခန္ဓာများဖြစ်နေမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

သူတို့ခန္ဓာကိုယ်များက နတ်ဆိုးများအတွက် အလွန်သင့်လျော်သည်။

မဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာမည်ဆိုလျှင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် ၊ အလားအလာရှိမှုများနှင့် လုံးဝမသက်ဆိုင်ပေ။

ထိုသူ၏ရုပ်ခန္ဓာက နတ်ဆိုးများပြန်လည်မွေးဖွားလာရန် သင့်လျော်မှု ရှိ မရှိ ဆိုခြင်းတွင်သာ မူတည်သည်။

ရှီကျွင်း၏ခန္ဓာကိုယ်က အတိတ်ကာလက သေဆုံးသွားသော ထိုက်ရွှီးမူလနတ်ဘုရားအဆင့် မဟာနတ်ဆိုးတစ်ပါး၏ သိမ်းပိုက်ခြင်းကို ခံထားရသည်။

ရှီကျွင်း၏မိခင် ၊ ရှီစုန်းထောင်း၏ဇနီး ယင်ယွီကျန်းကတော့ ပိုပြီးထိတ်လန့်ဖွယ်ရာ ဖြစ်သည်။

ယင်ယွီကျန်း၏ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားရန်ကြိုးစားနေသော မဟာနတ်ဆိုးက စိတ်ဝိညာဉ်နတ်ဆိုး၊ သစ်သားနတ်ဆိုး၊ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့နှင့် တူညီသောအဆင့်ရှိသည့် ထိပ်တန်းမဟာနတ်ဆိုးဆစ်ပါး ဖြစ်သည်။

သူက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ တစ်ပါးဖြစ်သော “မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး” ဖြစ်၏။

ထိုနတ်ဆိုးမသေဆုံးခင်က ငရဲကိုးထပ်တွင် ကောင်းကင်နတ်ဘုရားအဆင့်နှင့်ညီမျှသော ကျင့်ကြံခြင်းရှိသည့် ထိပ်တန်းမဟာနတ်ဆိုးဖြစ်ခဲ့သည်။

ယင်ယွီကျန်း၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားရန်ကြိုးစားနေသော ထိုနတ်ဆိုးက ချန်ရွှမ်ကျုန်းခန္ဓာကိုယ်မှတစ်ဆင့် ပြန်လည်မွေးဖွားရန်ကြိုးစားနေသည့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးထက် များစွာ ပြဿနာကြီးမားသည်။

ချန်ရွှမ်ကျုန်းက နတ်ဘုရားတံခါးကိုတွန်းဖွင့်ထားသည်မှာ နှစ်ပေါင်းထောင်ချေီကြာမြင့်ပြီဖြစ်သော နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ရန်လည်း သိပ်မဝေးတော့ပေ။

သို့တိုင် သူ့အခြေအနေက ရေခဲအလွှာပါးပေါ် လမ်းလျှောက်နေရသည့် အခြေအနေမျိုး ဖြစ်သည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ချန်ရွှမ်ကျုန်းကို အသုံးပြုနေပြီး မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ယင်ယွီကျန်းကို အသုံးပြုနေသည်။

သို့သော် ချန်ရွှမ်ကျုန်းနှင့်ယှဉ်လျှင် ယင်ယွီကျန်းက ကျင့်ကြံခြင်း အလွန်အားနည်းသည်။

ယင်ယွီကျန်းမှာ နှစ်ပေါင်းများစွာ သေမင်းတံခါးဝတွင်ရှိနေပြီး ယခုထိတိုင် အသက်ရှင်နေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက သူမ၏ခန္ဓာကိုယ်မှတစ်ဆင့် ပြန်လည်မွေးဖွားလာရန် ပိုမိုနီးကပ်လာခဲ့သည်။

ဖန်းယွင်ရှန်းက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...

“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးက ပြင်ဆင်မှုတွေ ပြီးစီးသွားပြီဠို့ ကျွန်မထင်တယ် ၊ သူ အချိန်မရွေး လှုပ်ရှားလာနိုင်တယ်”

ဖန်းယွင်ရှန်း ၊ ချန်ရွှမ်ကျုန်းနှင့် ရန်ကျောက်ကဲက ငရဲကိုးထပ်ကို အကောင်းဆုံးနားလည်ထားသူများဖြစ်သည်။

ယင်ယွီကျန်းနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကိစ္စတွင် သူတို့(၃)ဦး၏စောင့်ကြည့်မှုမှတစ်ဆင့် တူညီသောကောက်ချက်ချနိုင်ခဲ့သည်။

ရန်‌ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးက အစ်မယွီကျန်းအခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားလိမ့်မယ် ၊ သူက ပတ်ဝန်းကျင်အခြေအနေကိုလည်း နားလည်ထားမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“ပြန်လည်မွေးဖွားလာဖို့က သူ့ရည်မှန်းချက်ပဲ ၊ ဒါပေမဲ့ ပြန်လည်မွေးဖွားလာပြီးတာနဲ့ ချက်ချင်းပြန်သေသွားဖို့ကို သူလည်း ဖြစ်ချင်မှာမဟုတ်ဘူး”

ယင်ယွီကျန်း၏ ကျင့်ကြံခြင်းအဆင့်က အလွန်ပင် အားနည်းလှသည်။

မြေကမ္ဘာပလ္လင်နတ်ဆိုးက သူမ၏ခန္ဓာကိုယ်တွင် ပြန်လည်မွေးဖွားလာပြီးနောက် နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို အသုံးပြုလျှင်တောင်မှ အစပိုင်းတွင် အားနည်းနေဦးမည် ဖြစ်သည်။

နတ်ဆိုးပြန်လည်မွေးဖွားလာသဖြင့် သူ၏ကျင့်ကြံခြင်းအဆင့် များစွာတိုးတက်သွားလျှင်တောင် အချိန်တစ်ခု လိုအပ်မည်ဖြစ်သည်။

လိုအပ်သောအချိန်က မည်မျှတိုတောင်းပါစေ ချက်ချင်းတိုးတက်လာမည်မဟုတ်ဘဲ ဖြည်းဖြည်းချင်းလုပ်ဆောင်ရန် လိုအပ်သည်။

သို့ဖြစ်ရာ မြေကမ္ဘာပလ္လင်နတ်ဆိုးအနေဖြင့် မသင့်လျော်သည့်အခြေအနေတွင် ပြန်လည်မွေးဖွားလာပါက မလွှဲမရှောင်သာ အားနည်းချက်ရှိသော အနေအထားတွင် ရှိနေမည်ဖြစ်၏။

ထို့ကြောင့် ယင်ယွီကျန်း၏အခြေအနေက ချန်ရွှမ်ကျုန်း သို့မဟုတ် ချူးလီလီထံတွင် ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားခြင်းထက် များစွာပိုမိုအန္တရယ်များသည်။

မြေကမ္ဘာပလ္လင်နတ်ဆိုးအနေဖြင့် လောကအလယ် လှည့်လည်သွားလာလိုပါက ပြန်လာမွေးဖွားပြီးပြီးချင်းတွင် သေဆုံးမသွားရန် အခွင့်အလမ်းကို ဆုပ်ကိုင်ရမည်ဖြစ်သည်။

ဖန်းယွင်ရှန်းက...

“သူက ရေပလ္လင်နတ်ဆိုးနဲ့အတူလှုပ်ရှားဖို့ အခွင့်အရေးစောင့်နေတာ ဖြစ်နိုင်တယ်”

သူမက ဆက်ပြောသည်။

“ငရဲကိုးထပ်က မဟာနတ်ဆိုးတွေကလည်း သူတို့ပြန်လာမှာကို စောင့်နေကြမှာပဲလေ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်...”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...

“ရှီကျွင်းလေးရဲ့ခန္ဓာကိုယ်ကတစ်ဆင့် ပြန်လည်မွေးဖွားလာမယ့်နတ်ဆိုးက မြေကမ္ဘာပလ္လင်နတ်ဆိုးရဲ့ လက်အောက်ခံဆိုတာ သေချာလား”

ဖန်းယွင်ရှန်းက...

“မမှားနိုင်ပါဘူး”

ရန်ကျောက်ကဲက စဉ်းစားလိုက်ရင်း...

“သူတို့ အခုချိန်ထိ တိတ်ဆိတ်နေတာ မဆန်းပါဘူး”

ပြန်လည်နိုးထမလာဘဲ အိပ်စက်နေခဲ့သူ ယင်ယွီကျန်းနှင့်မတူညီစွာ ရှီကျွင်းက အချိန်များစွာစောပြီး နိုးထလာခဲ့သည်။

သူက ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်ပြီး ကျင့်ကြံခြင်းအဆင့်လည်း ဆက်လက်တိုးတက်နေသည်။

ယခုဆိုလျှင် ရှီကျွင်းက ဝါဒတောင်၏ စတုတ္တမျိုးဆက်တပည့်များထဲတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေပြီ။

သူက သိုင်းသူတော်စင်အဆင့် တက်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီး ကျင့်ကြံခြင်းအဆင့်က ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ သူ၏ကိုယ်တွင်းမှ ထူးခြားသောစည်းတံဆိပ်ကို ယခုထိ ဖုံးကွယ်ထားနိုင်ဆဲ ဖြစ်၏။

ပုံမှန်အခြေအနေများအောက်တွင် ထိုစည်းတံဆိပ်က ရှီကျွင်း၏ နေ့စဉ်လှုပ်ရှားမှုများကို ထိခိုက်ခြင်း မရှိခဲ့ပေ။

သို့သော် ထိုစည်းတံဆိပ်က သူ၏ခန္ဓာကိုယ်ထဲတွင် အချိန်မရွေးပေါက်ကွဲသွားနိုင်သည့်ဗုံးတစ်လုံးဖြစ်ကြောင်း ရှီကျွင်းကိုယ်တိုင် သိရှိထားသည်။

ရန်ကျောက်ကဲနှင့် ဝါဒတောင်တစ်ခုလုံး ရှီကျွင်း၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့ကြသည်။

နောက်ပိုင်း ဖန်းယွင်ရှန်းနှင့် ချန်ရွှမ်ကျုန်း၏လေ့လာချက်အရ ရွှီကျွင်း၏အခြေအနေက ထူးခြားကြောင်း သဘောပေါက်ခဲ့ကြသည်။

သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ ပြန်လည်မွေးဖွားရန် ရည်ရွယ်ထားသော မဟာနတ်ဆိုးက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ လက်အောက်ခံဖြစ်သည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကိုယ်တိုင် ပြန်လည်မွေးဖွားပြီးမှသာ လက်အောက်ခံက ပြန်လည်မွေးဖွားရန် မျှော်လင့်ချက်ရှိမည်ဖြစ်၏။

သို့ဖြစ်ရာ လက်အောက်ခံအနေဖြင့် သင့်လျော်သည့်ခန္ဓာကိုယ်တစ်ခု ရရှိထားလျှင်တောင်မှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရပေမည်။

သူ၏ ထိုးထွင်းသိမြင်နိုင်သောစွမ်းအားက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်မွေးဖွားခြင်းနှင့် တူညီမည်ဖြစ်သည်။

ဥပမာအားဖြင့် -

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ကျောက်တုံးနတ်ဆိုးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါက လက်အောက်ခံ၏ဂုဏ်ရည်သည်လည်း သူနှင့်ဂုဏ်ရည်ဆင်တူပြီး ကျောက်တုံးနတ်ဆိုးသာလျှင် ဖြစ်လာပေမည်။

လွန်ခဲ့သောနှစ်များတစ်လျှောက် ရှီကျွင်း၏အခြေအနေ ပုံမှန်ဖြစ်နေသည်မှာ မြေကမ္ဘာပလ္လင်နတ်ဆိုး၏လက်အောက်ခံက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။

သူက သူ၏သခင်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

သို့သော် ယခုတော့ အချိန်ကျရောက်လုနီးပါး ဖြစ်လာပေပြီ။

သူ့အနေဖြင့် နောက်ဆုံးအခိုက်အတန့်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်။

ရန်ကျောက်ကဲက အလင်းတန်းကြိုးကိုသိမ်းဆည်းရင်း...

“ဒီပစ္စည်းက သေချာပေါက် အသုံးဝင်မယ်ထင်တာပဲ”

သူက ဆက်ပြောလိုက်သည်။

“ငါ ရှီကျွင်းလေးနဲ့ အစ်မယွီကျန်းကို သွားကြည့်လိုက်ဦးမယ်”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဂိုဏ်းတူအစ်မယွီ ရောက်နေတယ်လို့ သတင်းကြားတယ် ၊ ကျွန်မလည်း သူ့ကိုသွားပြီး ဧည့်ခံလိုက်ဦးမယ်”

ရန်ကျောက်ကဲက...

“ဟုတ်ပြီ... ခဏနေမှ အဲဒီကိုလိုက်လာခဲ့မယ်”

သူတို့နှစ်ယောက် နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲက ရှီကျွင်းကိုရှာဖွေရန် ထွက်ခွာသွားသည်။

ယခု ဝါဒတောင်က များစွာတိုးတက်လာပြီဖြစ်လေရာ ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိသည့်တပည့် သို့မဟုတ် သတ်မှတ်ထားသောအရည်အချင်းပြည့်မီသည့်တပည့်တိုင်း ကိုယ်ပိုင်ကျောက်ဂူအိမ်တော်တစ်ခု ပိုင်ဆိုင်ခွင့်ရှိသည်။

သို့သော် ရှီကျွင်းကတော့ အခြေအနေထူးခြားသည်။

သူက အိပ်ပျော်နေဆဲဖြစ်သော မိခင်နှင့်အတူ ဝါဒတောင်တွင်သာ ဆက်လက်နေထိုင်ရန် ဆန္ဒရှိခဲ့သည်။

ရန်ကျောက်ကဲ ရှီကျွင်း၏နေအိမ်သို့ရောက်လာတော့ အခြားသူတစ်ယောက်လည်း ရောက်ရှိနေလေသည်။

ရှီကျွင်း၏ဆရာ ကောင်းကင်ဠုန်’ရွှီဖေး’ ဖြစ်၏။

ရန်ကျောက်ကဲက ရွှီဖေးကိုတွေ့တော့ လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

“ဂိုဏ်းတူအစ်ကိုရွှီ...”

ယခု ရွှီဖေးက ဝါဒတောင်၏ တာဝန်ခန်းမ၏ အကြီးအကဲဖြစ်သည်။

မျိုးဆက်ဟောင်းများက မျိုးဆက်သစ်များကို ဂိုဏ်း၏တာဝန်များ တဖြည်းဖြည်းလွှဲပြောင်းပေးအပ်ပြီးသည့်နောက် ရွှီဖေးက ဂိုဏ်းချုပ်’ရန်တိ’ ၏ နံပါတ်(၁) အကူအညီပေးသူ ဖြစ်လာသည်။

ဂိုဏ်းအတွင်းရေးများ စီမံခန့်ခွဲရာတွင် သူက ရန်တိ၏ နံပါတ်(၁) လက်ထောက်အဖြစ် သတ်မှတ်ခံရသည်။

သူ၏ဆရာ ရှီတိကဲ့သို့ပင် ရွှီဖေးက ဖြောင့်မတ်မှန်ကန်သူဖြစ်ရာ သူ၏ကိုင်တွယ်ပုံကို မည်သူမှ မကျေမနပ် မဖြစ်ရဲကြပေ။

သူက တပည့်ဖြစ်သူ ရှီကျွင်းအပေါ် အမြဲတမ်း ဂရုစိုက်ခဲ့သော်လည်း တရားဝင်ကိစ္စများဆောင်ရွက်ရာတွင်တော့ သူက တပည့်အဖြစ်သူ အပေါ်တွင်လည်း မျက်နှာလိုက်ခြင်း မရှိပေ။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရရှိပြီးနောက် သူက ရှီကျွင်းအတွက် စိတ်ပူပန်နေခဲ့သည်။

ရန်ကျောက်ကဲရောက်လာတော့ ရွှီဖေးက ခေါင်းမော့ကြည့်ရင်း ပြုံးပြနှုတ်ဆက်သည်။

“ဂိုဏ်းတူညီလေးရန်...”

ဘေးတွင်ရှိနေသော ရှီကျွင်းကလည်း ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး ဝမ်းသာအားရဖြင့် စကားဆိုလိုက်သည်။

“ဆရာဦးလေးရန်... ပြန်ရောက်လာပြီလား”

All Chapters