← Chapters

ကိုယ်ကအကောင်းဆုံးကြိုးစားရမယ် ကျန်တာကတော့ကံတရားပေါ့

Vol. 101 Ch. 1411

ကိုယ်ကအကောင်းဆုံးကြိုးစားရမယ် ကျန်တာကတော့ကံတရားပေါ့

Vol. 101 Ch. 1411

အခန်း (၁၄၁၁) ကိုယ်ကအကောင်းဆုံးကြိုးစားရမယ် ကျန်တာကတော့ကံတရားပေါ့

ရန်ကျောက်ကဲက...

“အချိန်အတိအကျတော့ မပြောနိုင်သေးဘူး ၊ ဒါပေမဲ့ ဒါက တော်တော်စိတ်ပျက်စရာကောင်းတယ် ၊ ရန်သူက အသာစိးရထားတဲ့အနေအထားမျိုးလေ”

သူ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...

“ဒါပေမဲ့ မကြာခင် ဖြစ်လာနိုင်တယ် ၊ ငါရော ယွင်ရှန်းရော နက္ခတ်ဧကရာဇ်ရော အမြင်တူကြတယ်”

ရွှီဖေးက ခေါင်းညိတ်ပြီး ငြိမ်သက်နေလေသည်။

ထို့နောက် သူက ခါးတွင်ချိတ်ထားသော သေရည်ထည့်ထားသည့် သားရေအိတ်ကိုဆွဲယူပြီး အဖုံးဖွင့်လိုက်သည်။

သေရည်နံ့က လေထဲတွင် ပျံ့နှံ့လာသည်။

ရွှီဖေးက ခေါင်းမော့ပြီး သေရည်ကိုမော့သောက်လိုက်ပြီး ရန်ကျောက်ကဲဆီ လက်ဆင့်ကမ်းပေးလိုက်သည်။

ရန်ကျောက်ကဲက ဤသို့သောအခြေအနေမျိုးနှင့် ရင်းနှီးပြီးသားပင်။

သူက သားရေအိတ်ကိုယူလိုက်ပြီး သေရည်အနည်းငယ်မော့သောက်ကာ ရွှီဖေးကို ပြန်ပေးလိုက်သည်။

သားရေအိတ်ကိုပြန်ယူပြီး ရွှီဖေးက ကျန်ရှိသည့်သေရည်များအားလုံးကို မော့သောက်လိုက်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ပျောက်ကွယ်သွားပြီ ဖြစ်၏။

သူကပြုံးလိုက်ရင်း...

“အစကတော့ ငါတို့ ဘာမှန်းမသိတဲ့ကံကြမ္မာကို စောင့်ကြည့်နေရတယ် ၊ အခု ရန်သူက အသာစီးရနေတယ်ဆိုတာ သိရပြီ ၊ အများကြီးတိုးတက်လာတာပဲ... ဘာပဲဖြစ်ဖြစ် သူတို့ကိုအနိုင်ယူဖို့ အခွင့်အရေးရှိနေပြီပေါ့”

သူက ဆက်ပြောလိုက်သည်။

“အခွင့်အရေးက ငါးဆယ်ငါးဆယ်ပဲ မဟုတ်လား ၊ ရန်သူက အသာစီးရနေတယ်ဆိုတော့ သူတို့အားနည်းချက်ကို ရှာဖွေဖို့ ကြိုးစားရမယ်”

ခြေလှမ်း အနည်းငယ်လျှောက်ပြီးနောက် ရန်ကျောက်ကဲက ခြေလှမ်းများနှေးလိုက်ပြီး ရပ်တန့်လိုက်သည်။

သူက နေရာတွင်မတ်တတ်ရပ်ရင်း ခဏမျှ စဉ်းစားလိုက်ပြီး...

“တကယ်တော့ ကျွန်တော်တို့ဘက်က စပြီးပြဿနာရှာလိုက်လို့ရတယ်”

ရွှီဖေး မတ်တတ်ရပ်လိုက်ပြီး ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ဆိုရင် နက္ခတ်ဧကရာဇ်ရဲ့တပည့် အကြီးအကဲချူးကို ရှာတွေ့မှ ဖြစ်မှာမလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ အမှန်ပဲ”

သူက ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် ရန်သူဘက်က အသာစီးရနေတယ်လို့ ငါပြောခဲ့တာပေါ့ ၊ အဲဒီဘက်မှာ ငါတို့က အားနည်းနေတာ”

“ရန်သူတွေမလှုပ်ရှားခင် အကြီးအကဲချူးကိုရှာတွေ့မှ ရန်သူဘက်က အသာစီးရမှုပျက်ဆီးသွားမှာ ၊ အဲဒီအချိန်ကျရင် ငရဲကိုးထပ်ကပဲ စပြီးလှုပ်ရှားနိုင်မှာမဟုတ်ဘူး ၊ ငါတို့ဘက်ကလည်း စပြီးလှုပ်ရှားနိုင်လိမ့်မယ်”

ရန်ကျောက်ကဲ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။

ရွှီဖေးက...

“အကြီးအကဲချူး ငရဲကိုးထပ်ကိုရောက်နေပြီလား မသိဘူး ၊ ပြီးတော့ ရေပလ္လင်နတ်ဆိုးက နက္ခတ်ဧကရာဇ်ရဲ့ခန္ဓာကိုယ်ကို လိုချင်နေတာပြင်... သူ ငြိမ်သက်နေရတဲ့အကြောင်းက မြေကမ္ဘာပလ္လင်နတ်ဆိုး ပြင်ဆင်မှုတွေပြီးအောင်လို့ စောင့်နေတာများလား ၊ သူက မြေကမ္ဘာပလ္လင်နတ်ဆိုးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်နေတာထင်တယ်”

ရန်ကျောက်ကဲ ဖြည်းညင်းစွာဖြင့်...

“အဲဒါတွေအားလုံး ဖြစ်နေနိုင်တယ်”

ရန်တိနှင့် ချန်ရွှမ်ကျုန်းတို့ အတူတူ ပြင်ပလောကသို့ ထွက်ခွာသွားကြသည်။

သူတို့ ပြန်မလာသေးသော်လည်း အဆက်အသွယ်ပြတ်တောက်သည်ဟူ၍ မရှိခဲ့ပေ။

သို့သော် ထျန်းစူးခန်းမ၏တည်နေရာကို ဖုံးကွယ်ထားရန်အတွက် လျှို့ဝှက်ဆက်သွယ်ခြင်းသာ ပြုလုပ်ကြပြီး လိုတိုရှင်း အကြောင်းအရာများသာ ပြောဆိုလေ့ရှိကြသည်။

လက်ရှိမှာတော့ သူတို့က ချူးလီလီနှင့် ကျဲ့မင်ခုန်တို့ကို ရှာဖွေရန် ကြိုးစားနေကြဆဲဖြစ်သည်။

သူတို့နှစ်ယောက်၏ သတင်းအစအန ရရှိခြင်း မရှိသေးသော်လည်း လမ်းစအနည်းငယ်တော့ တွေ့ရှိထားပြီဖြစ်ရာ ၊ ဤသို့သောရလဒ်က စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

သို့သော် ရန်သူများ၏ထောင်ချောက်အတွင်း ကျရောက်မသွားစေရန် အထူးသတိထားရပေမည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ရန်သူ့ဘက်ကလည်း ပိုပြီးအသာစီးရဖို့ကြိုးစားရင်း တစ်ချက်တည်းနဲ့အောင်မြင်ဖို့ စီစဉ်နေမှာပဲ”

ရန်ကျောက်ကဲတို့ဘက်မှ အသာစီးယူနိုင်ခဲ့လျှင်တောင် အနိုင်ရရန်အခွင့်အရေးက (၅၀)ရာနှုန်းသာလျှင် ရှိသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲရော ရွှီဖေးရောက စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြသည်။ သူတို့စိတ်ထဲ စိုးရိမ်မှုများရှိနေသည့်တိုင် သူတို့၏တိုက်ပွဲစိတ်ဓာတ်က အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။

ရွှီဖေး၏မျက်ဝန်းများထဲ အလင်းရောင်တောက်ပသွားပြီး...

“ဆရာဘိုးဘိုး သင်ပေးခဲ့သလိုပဲ ၊ ကိုယ်ကအကောင်းဆုံးကြိုးစားရမယ် ကျန်တာကတော့ ကံတရားပေါ့ ၊ ဒီတော့ ဒါကြောင့် အခုလည်း အကောင်းဆုံးကြိုးစားပြီး ငရဲကိုးထပ်က မဟာနတ်ဆိုးတွေကို တိုက်ခိုက်ရမယ်”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြကာ လက်သီးချင်းထိုးလိုက်ကြပြီး ရှေ့ဆက်လျှောက်သွားကြသည်။

ရွှီဖေးက ဝါဒတောင်ဂိုဏ်းနှင့်ပတ်သက်ပြီး လုပ်စရာကိစ္စများရှိသည်ဟု ပြောဆိုရင်း ရန်ကျောက်ကဲနောက်သို့ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ရှီကျွင်းရှေ့တွင် မပြောသင့်သည့်စကားတချို့ပြောဆိုလိုခြင်းကြောင့်ဖြစ်သလို သူကိုယ်တိုင်က အမှန်တကယ်လည်း ဝါဒတောင်အရေးများဖြင့် အလုပ်ရှုပ်နေခဲ့သည်ပင်။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“မင်းနဲ့ မျိုးဆက်တူတဲ့သူတွေထဲမှာ မင်းလိုအလုပ်လုပ်နိုင်တဲ့သူ နည်းနည်းပဲရှိတယ် ၊ တကယ်တော့ ကိစ္စတွေအများကြီးကို မင်းကိုယ်တိုင်ပဲ ကိုင်တွယ်နေရတာမလား”

ရွှီဖေးက ပြုံးလိုက်ရင်း...

“ငါတစ်ယောက်တည်း အကုန်လုပ်နိုင်တာ မဟုတ်ဘူးလေ ၊ ငါနဲ့မျိုးဆက်တူတဲ့သူတွေ လုပ်နိုင်စွမ်းရှိတယ်ဆိုရင် သူတို့ လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့ အခွင့်အရေးပေးပါတယ် ၊ ငါက အုပ်ချုပ်ရေးပိုင်းကို ဖက်တွယ်မထားပါဘူး”

ဝါဒတောင်ဂိုဏ်း၏ တတိယမျိုးဆက်ထူးချွန်သူများထဲတွင် ရန်ကျောက်ကဲကတော့ အလွန်တရာထူးခြားသူဖြစ်သဖြင့် ဖယ်ထားနိုင်သည်။

ကျန်ရှိသူများထဲတွင် ဖန်းယွင်ရှန်းသည်လည်း ထူးခြားသူတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။

သို့သော် သူမက ငရဲကိုးထပ်သို့ မဝင်ရောက်ခဲ့လျှင်တောင်မှ ဂိုဏ်း၏ကိစ္စရပ်များကို တာတန်ယူရန် ကျွမ်းကျင်မှုမရှိသလို စိတ်ဝင်စားမှုလည်း မရှိပေ။

လက်ရှိတွင် စစ်ခုန်ချင်းက သိုင်းပညာဆက်ခံသူခန်းမကို စီမံခန့်ခွဲနေသော်လည်း သူမက ကျင့်ကြံခြင်းကိုသာစိတ်အားထက်သန်ပြီး တခြားကိစ္စများကို လျစ်လျူရှုထားဆဲ ဖြစ်သည်။

သိုင်းပညာဆက်ခံသူခန်းမကို ကိုင်တွယ်ရတာကပင် သူမအတွက် အကြီးမားဆုံး စွမ်းဆောင်မှုဖြစ်နေပေပြီ။

သူမအနေဖြင့် ထို့ထက်ပိုမိုသည့်တာဝန်များကိုထမ်းဆောင်ရန်နှင့် ရွှီဖေး၏တာဝန်ခန်းမကို တာဝန်ယူပေးရန် လုံးဝမဖြစ်နိုင်ပေ။

စစ်ဆေးမှုများအောင်မြင်လျှင်တော့ ရှကွမ်းက စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမထိုင်ခုံအကြီးအကဲ ဖြစ်လာနိုင်သည်။

ရှကွမ်းက ငယ်စဉ်ကလို ဒေါသထွက်လွယ်ခြင်းမရှိတော့သော်လည်း စိတ်ဓာတ်ပြင်းထန်ပြီး ဖြောင့်မတ်သည့်သဘောထားကတော့ လုံးဝ ပြောင်းလဲမသွားခဲ့ပေ။

သူက ဖြောင့်မတ်မှန်ကန်မှုမရှိခြင်းကို လုံးဝ သည်းမခံနိုင်သူဖြစ်လေရာ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ဦးဆောင်ရာတွင် ပြဿနာမရှိသော်လည်း အရေးကြီးကိစ္စများကို ကိုင်တွယ်ရန်ကတော့ မဖြစ်နိုင်ပေ။

ပြီးတော့ ဝါဒတောင်တွင် သူ၏ကျော်ကြားမှုက ဖန်ကျွင်းနှင့် ရွှီဖေးတို့ထက်ဆာလျှင် အဆပေါင်းများစွာ နိမ့်ကျသည်။ သို့သော် အသက်အရွယ်နှင့်အတွေ့အကြုံအရ နောက်ပိုင်း တိုးတက်လာနိုင်မည်လားတော့ မသေချာပေ။

လောလောဆယ်မှာတော့ မျိုးဆက်တူသူများထဲတွင် ရှကွမ်းက ရွှီဖေး၏လက်ထောက်တစ်ယောက်ဖြစ်နေပြီး ဂိုဏ်းကိုဦးဆောင်ခြင်းနှင့် ပြင်ပလောကတွင် လွတ်လပ်စွာလှုပ်ရှားခြင်းများတွင် ပြဿနာမရှိပေ။

စည်းကမ်းထိန်းသိမ်းရေးခန်းမနှင့် သိုင်းပညာဆက်ခံသူခန်းမများတွင် အကြီးအကဲနေရာဆက်ခံရန်မှာ အနည်းဆုံး သိုင်းသူတော်စင်အဆင့်ရောက်ရှိရန်လိုအပ်သော်လည်း ဂိုဏ်း၏ အတွင်းရေးကိစ္စများကိုကိုင်တွယ်ရသည့် တာဝန်ခန်းမအတွက်တော့ ကျင့်ကြံခြင်းအဆင့်က သိပ်အရေးမကြီးပေ။

ဘာပဲဖြစ်ဖြစ် ရန်တိ ၊ ဖန်ကျွင်း ၊ ရွှီဖေး တို့ကဲ့သို့ လက်ရုံးရည်ရော နှလုံးရည်ပါ ကျွမ်းကျင်သူများက ရှားပါးလှသည်။

သို့သော် ရာထူးကြီးကြီးတာဝန်ယူရခြင်းက ပင်ကိုယ်စွမ်းရည်သာမက အသက်အရွယ်နှင့်အတွေ့အကြုံများလည်း လိုအပ်လေရာ အချိန်တစ်ခု တည်ဆောက်ယူရန် လိုအပ်သည်။

အလယ်ဆင့်နှင့် အောက်ခြေအဆင့်တပည့်များအတွက် တာဝန်ခန်းမက ဦးဆောင်ပြီး တာဝန်ခွဲဝေပေးခြင်းက ပြဿနာမရှိသော်လည်း အဆင့်မြင့်ရာထူးများအတွက်တော့ သတိထားရပေမည်။

ရန်ကျောက်ကဲက...

“အရင်တုန်းက ဂိုဏ်းတူညီလေးရှ ဘယ်တော့မှမမေ့တဲ့ ကိစ္စ(၂)ခုရှိတယ် ၊ တစ်ခုက လက်စားချေဖို့ ၊ နောက်တစ်ခုက သူ့ဆွေမျိုးတွေကို ရှာဖွေဖို့”

သူက ဆက်ပြောလိုက်သည်။

“သုံးပေတောင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖျက်ဆီးခံလိုက်ရပြီ ၊ ဒီတော့ သူ လက်စားချေပြီးသွားပြီလို့ပြောလို့ရတယ် ၊ ဒါပေမဲ့ သူ့ဆွေမျိုးတွေကိုတော့ လုံးဝ ရှာမတွေ့သေးဘူး”

ရွှီဖေး ခေါင်းညိတ်လိုက်သည်။

“ငါတို့ အထက်ဘုံကမ္ဘာက ထွက်လာခဲ့ပေမယ့် အဲဒီမှာကျန်ခဲ့တဲ့ တခြားသိုင်းဂိုဏ်းတွေနဲ့ဆက်သွယ်ပြီး သူ့ဆွေမျိုးတွေကို ရှာပေးဖို့ အကူအညီတောင်းခဲ့တယ် ၊ ဒါပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး ၊ ကြည့်ရတာတော့...”

သူက စကားကိုဆုံးအောင်မပြောဘဲ ရပ်လိုက်သည်။

ရန်ကျောက်ကဲ သူဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်စွာဖြင့် သက်ပြင်းချလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဂိုဏ်းတူညီလေးရှက လုံးဝလက်မလျှော့ခဲ့ပေမယ့် အခုတော့ စိတ်ထဲမှာအသင့်ပြင်ထားပြီး ခံစားချက်တွေတည်ငြိမ်အောင် ထိန်းထားနိုင်လောက်ပါပြီ”

ရွှီဖေးက ဝမ်းနည်းစရာအကြောင်းများကို ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။

သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“သူက မိုးကြိုးသွားသွေးပိုင်ရှင်ဆိုတော့ ယန်စွမ်းအား အရမ်းပြင်းထန်တယ် ၊ သူသာ ကျင့်စဉ်လမ်းကို အလောတကြီးရှေ့ဆက်မယ်ဆိုရင် အလွယ်တကူ အတားအဆီးနဲ့ရင်ဆိုင်ရလိမ့်မယ် ၊ ဒါပေမဲ့ စိတ်ခံစားမှုတွေကို ထိန်းနိုင်မယ်ဆိုရင်တော့ သိသိသာသာ တိုးတက်လာလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“သူ့ရဲ့ ဂိုဏ်းတူညီလေးထက် နောက်ကျကျန်ခဲ့ပေမယ့် အခုတော့ ပြန်မီတော့မယ်”

ရွှီဖေးပြောသည့် ဂိုဏ်းတူညီလေးဆိုသည်မှာ ယင်လုန်ထူဆိုသော ဟန်လုန်အာကို ပြောခြင်းဖြစ်သည်။ ယခု ဟန်လုန်အာက အများကြီး ရင့်ကျက်လာပြီး ငယ်စဉ်ကလို တုံးတုံးအအလေး မဟုတ်တော့ပေ။

သို့သော် သူ့စရိုက်ကတော့ စိတ်ထားဖြူစင်ပြီး ရိုးစင်းနေဆဲပင် ဖြစ်၏။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်နဲ့ဆိုရင် ဟန်လုန်အာ နတ်ဘုရားသိမြင်ခြင်းအဆင့် ရောက်တဲ့အခါ သူ့ရဲ့ သွေးကြောဆုံချက်တွေကို တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်းကျင့်ကြံနေစရာမလိုဘူး ၊ သူ့ရဲ့ သွေးကြောဆုံချက် (၃၆)ခုလုံး တပြိင်တည်း နတ်ဘုရားသိမြင်ခြင်းကို ရောက်ရှိသွားလိမ့်မယ် ၊ သူ့ရဲ့ သွေးကြောဆုံချက်တစ်ခု အောင်မြင်သွားတာနဲ့ ကျန်တဲ့ (၃၅)ခုက အလိုလို နတ်ဘုရားသိမြင်ခြင်းကို ရောက်သွားလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“တကယ်ကို မနာလိုဖြစ်ရလောက်အောင် ထူးခြားတဲ့ရုပ်ခန္ဓာပဲ”

All Chapters