← Chapters

ကောင်းကင်သန့်စင်စိတ်ဝိညာဉ်

Vol. 101 Ch. 1413

ကောင်းကင်သန့်စင်စိတ်ဝိညာဉ်

Vol. 101 Ch. 1413

အခန်း (၁၄၁၃) ကောင်းကင်သန့်စင်စိတ်ဝိညာဉ်

ရှဲ့ယိုချန်က ရွှီဖေးစကားကို သဘောပေါက်သွားသညသည်။

“ရှင့်စိတ်ထဲက ဝန်ထုပ်ဝန်ပိုး ဟုတ်လား... ၊ ရှီကျွင်းန အစ်မယွီကျန်းရဲ့ ကိစ္စတွေလား”

ရွှီဖေးက နေရာတွင်ဝင်ထိုင်လိုက်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“အင်း... မကြာခင်ဖြစ်လာတော့မယ်”

ရှဲ့ယိုချန်က သူမ၏လက်ချောင်းသွယ်သွယ်များဖြင့် ရွှီဖေး၏ ကြီးမားသောလက်များကို ဆုပ်ကိုင်လိုက်ရင်း...

“အားလုံးက ဒီလောက်ကြာအောင် ပြင်ဆင်ထားခဲ့တာပဲလေ... သူတို့တွေ သေချာပေါက် ဖြတ်ကျော်နိုင်မှာပါ”

ရွှီဖေးက ဇနီးဖြစ်သူ၏ သွယ်လျသောလက်များကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း...

“ငရဲကိုးထပ်က မဟာနတ်ဆိုးတွေကလည်း နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပဲလေ ၊ သူတို့ ဖြတ်ကျော်နိုင်မလား ဆိုတာ မသေချာသေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ယိုချန်... ငါက စိတ်သဘောထားကျဉ်းမြောင်းတဲ့သူမဟုတ်ပေမယ့် ဒီကိစ္စတွေကို စိတ်ထဲကဖယ်ထုတ်လို့ မရနိုင်ဘူး”

တောင်တစ်လုံးပမာ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်သွင်ပြင်ရှိသည့် ထိုလူငယ်၏မျက်ဝန်းများထဲတွင် မျက်ရည်များပြည့်လာသည်။

“ငါဟာ ဘယ်လောက်တောင် အရည်အချင်းမရှိဘူးလဲလို့ တွေးနေမိတယ်”

ရှဲ့ယိုချန်က ခင်ပွန်းဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

ဇနီးတစ်ယောက်အနေဖြင့် သူမက ရွှီဖေး ဘေးကင်းစေရန် မျှော်လင့်ခဲ့သည်။ သို့သော် သူမက ခင်ပွန်းဖြစ်သူကို နားလည်ပေးပြီး သူ့စိတ်ထဲခံစားနေရသည်များကို သိရှိပေသည်။

ရှဲ့ယိုချန် ကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်သူ တစ်ယောက်ဖြစ်လေသည်။

သူမက...

“ဒီလောကမှာ အားနည်းချက်မရှိတဲ့သူရယ်လို့ မရှိပါဘူး ၊ ရှင် အတင်းအကျပ်လုပ်လို့မရတဲ့အရာတွေရှိသလို ရှင်တတ်နိုင်သမျှ ကြိုးစားရမယ့် ကိစ္စတွေလည်း ရှိတယ် ၊ အနည်းဆုံးတော့ ရှင်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်တောင် ပိုကောင်းအောင်တော့ အစွမ်းကုန် ကြိုးစားရမှာပဲ မဟုတ်လား”

ရွှီဖေးက ပြုံးလိုက်ရင်း...

“ငါ အစွမ်းကုန် ကြိုးစားမယ်... ဒါပေမဲ့ မင်းကတော့ မလုပ်ရဘူးနော်”

ရှဲ့ယိုချန်က ခေါင်းကိုအနည်းငယ်စောင်းလိုက်ရင်း...

“ရှင်ပြောပုံအရဆိုရင်... ကျွန်မတို့ရန်သူတွေက အဲဒီလောက် အစွမ်းထက်နေမှတော့ ကျွန်မ အစွမ်းကုန်ကြိုးစားလည်းအလကားပဲ ၊ ကျွန်မလုပ်နိုင်တာက ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ပဲ”

ရွှီဖေးက ဇနီးဖြစ်သူကို အသာအယာပွေ့ဖက်လိုက်ရင်း...

“ဟုတ်တယ်... ငါတို့ရဲ့ရန်သူတွေက အစွမ်းထက်လွန်းတယ် ၊ အရမ်းအစွမ်းထက်တာမို့လို့ ငါတောင် သူတို့ကို မကိုင်တွယ်နိုင်ဘူး”

သူ့မျက်ဝန်းများက တည်ငြိမ်ပြတ်သားနေသည်။

“ဒါပေမဲ့ ငါကူညီနိုင်တဲ့ကိစ္စရှိမယ်ဆိုရင် ငါ ဘယ်တော့မှ တာဝန်တွေကို ရှောင်လွှဲမှာ မဟုတ်ဘူး”

***

ရန်ကျောက်ကဲက ရွှီဖေးနှင့်နှုတ်ဆက်စကားပြောပြီးနောက် ဧည့်ခန်းမဆီ ဆက်လျှောက်သွားသည်။ သူရောက်သွားတော့ မိန်းကလေးနှစ်ယောက် အတူထိုင်ရင်း စကားပြောနေသည်ကို တွေ့လိုက်ရသည်။

အဖြူရောင်ဝတ်ဆင်ထားသူက ဖန်းယွင်ရှန်းဖြစ်ပြီး အစိမ်းရောင်ဝတ်ဆင်ထားသူက ယွီယဲ့ဖြစ်သည်။

သူမကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးရင်းနှုတ်ဆက်စကားဆိုလိုက်၏။

“ဂိုဏ်းတူအစ်မယွီ မတွေ့တောကြာပြီနော်”

ယွီယဲ့က လှည့်ကြည့်ရင်း...

“ဂိုဏ်းတူမောင်လေးရန်... မတွေ့တာကြာပြီနော် ၊ မင်းက နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီး နတ်ဘုရားအဆင့်တက်လှမ်းသွားတာကိုတောင် ဂုဏ်မပြုရသေးဘူး ၊ ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားက အခုတော့ ကောင်းကင်ကိုးထပ်ကိုပြန်ရောက်သွားပြီပေါ့”

ရန်ကျောက်ကဲက သူတို့ဘေးနားတွင် ဝင်ထိုင်လိုက်ရင်း...

“ဂိုဏ်းတူအစ်မယွီက ယဉ်ကျေးလွန်းနေပါပြီ ၊ ဒါနဲ့... မင်းလည်း ဓားထုတ်ခြင်းနဲ့ဓားကျင့်ကြံခြင်းကို ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပြီလား”

ယွီယဲ့က ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... ငါ့အဘိုးရော အဘွားရော ဦးလေးရောက အဲဒီလိုလုပ်ဖို့ အကြံပေးကြတယ်”

လက်ရှိတွင် ယွီယဲ့က သိုင်းသူတော်စင်ဒဿမအဆင့်၊ လူသားအထွတ်ထိပ်အဆင့်တွင် ရှိနေသည်။

ယခင်က ထျန်းစူးခန်းမ၏ခန်းမဝိညာဉ်က ဆေးလုံးများနှင့် ဆေးပင်များကိုအသုံးပြုပြီး ရုပ်ခန္ဓာတစ်ခု ဖန်တီးခဲ့သည်။ ထိုရုပ်ခန္ဓာ ဖျက်ဆီးခံလိုက်ရသည်အခါ ဆေးလုံးချီအနှစ်သာရအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထို့နောက် ဆေးလုံးချီအနှစ်သာရများကို ရန်ကျောက်ကဲနှင့် အခြားသူများ ခွဲဝေယူခဲ့ကြသည်။ ထိုသူများထဲတွင် ယွီယဲ့လည်း ပါဝင်လေသည်။

ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေနှင့် ကျင့်ကြံခြင်းတိုးတက်ရန်ခက်ခဲသော်လည်း ယွီယဲ့က မွေးရာပါထူးချွန်သူဖြစ်သလို ဆေးလုံးချီအနှစ်သာရကလည်း သူမကို ခိုင်မာသည့်အုတ်မြစ်တစ်ခု ချမှတ်ပေးသည်။

ထို့ကြောင့် သူမ အချိန်များစွာ သက်သာသွားခဲ့သည်။

သူမအနေဖြင့် နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး နတ်ဘုရားလူသားကပ်ဘေးကို စိန်ခေါ်ကာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်နေပြီ ဖြစ်သည်။

နျဲ့ကျင်းရှန်သည်လည်း ရန်တိ ပြီးနောက် အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်လှမ်းခဲ့ပြီး ဒါဟာ ရန်ကျောက်ကဲထက် အများကြီးစောခဲ့ပေသည်။

သို့သော် နတ်ဘုရားအဆင့်တက်လှမ်းပြီးသည်နှင့် သူက တံခါးပိတ်ကျင့်ကြံရင်းသာ အချိန်ကုန်ဆုံးခဲ့သည်။

ဆေးလုံးချီအနှစ်သာရကို အားလုံး ညီတူညီမျှခွဲဝေပေးသော်လည်း တစ်ယောက်ချင်းစီရရှိသည့်ပမာဏက အလွန်များပြားနေဆဲ ဖြစ်သည်။

သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် ထိုဆေးလုံးအနှစ်သာရအားလုံးကို သန့်စင်ကျင့်ကြံရန် မဖြစ်နိုင်ပေ။

ရန်ကျောက်ကဲ ၊ ရန်တိ ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့အတွက် နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးလျှင်တောင်မှ  ဆေးလုံးချီအနှစ်သာရများက နောက်ဆက်တွဲကျင့်ကြံခြင်းတွင် အကူအညီဖြစ်နေဆဲဖြစ်သလို အကျိုးကျေးဇူးဆက်လက်ရရှိနေဆဲ ဖြစ်သည်။

သူတို့အနေဖြင့် နတ်ဘုရားအဆင့်တက်ရောက်ပြီးနောက် အချိန်ကာလတစ်ခုအထိ အသက်ဓာတ်စွမ်းအားများ စုဆောင်းကျင့်ကြံရန် လိုအပ်မည် မဟုတ်ပေ။

ထိုအချက်ကြောင့် သူတို့အနေဖြင့် အခြားသူများထက် ကျင့်ကြံခြင်းတွင် ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့သည်။

လက်ရှိတွင် ယွီယဲ့က လူသားအထွတ်ထိပ်အဆင့်တွင် ဆက်လက်ရှိနေသည်မှာ သူမက နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်စွမ်းမရှိသောကြောင့် မဟုတ်ပေ။

သူမက စန့်ချင်အဆက်အနွယ်၏ “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ကို ကျင့်ကြံလိုသည့်အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် တမင်သက်သက် ဖိနှိပ်ထားခြင်း ဖြစ်သည်။

ဤသို့ဖိနှိပ်ထားခြင်းက အနာဂတ်တွင် ပိုမိုချောမွေ့ပြီး ပိုမြန်ဆန်သော တိုးတက်မှုကို ဖြစ်ပေါ်ရန် ဖြစ်သည်။

သို့သော် ဤသို့‌သောနည်းလမ်းက လူတိုင်းနှင့်မသင့်တော်ပေ။ အလွန်ပါရမီထူးခြားသူများမှသာ လုပ်ဆောင်နိုင်ပေသည်။

မဟုတ်ပါက မျှော်လင့်ချက်နှင့် ရလဒ်က ဆန့်ကျင်ဘက်ဖြစ်သွားနိုင်သည်။

ထို့ပြင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ချင်းစီ၏ သိုင်းပညာအရည်အချင်းအပေါ်မူတည်ပြီး ကွဲပြားမှုများလည်း ရှိနိုင်သည်။

ထူးချွန်သော ဓားသိုင်းကျင့်ကြံသူတိုင်း “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ကို လေ့ကျင့်ရန် မသင့်တော်ပေ။

ဥပမာ... ယွီယဲ့၏ဦးလေး ‘လုန်ရွှယ်ကျီး’ ။

သို့မဟုတ် တိမ်လွှာခွင်းဧကရာဇ်၏တပည့် ၊ ယွီယဲ့နှင့်အတူ ပါရမီရှင်အဖြစ် သတ်မှန်ခံရသူ ‘ဟယ်မြန်’ ။

ဓားသိုင်းကျင့်ကြံသူအများစုက ပြင်းထန်သည့်သဘော ရှိကြသော်လည်း တစ်ဦးနဲ့တစ်ဦး ကွဲပြားကြသည်။

မိဘများက ညီအစ်ကိုနှစ်ယောက်ဖြစ်သော ‘ကောင်းရွှယ်ပေါ်’ နှင့် ‘လုန်ရွှယ်ကျီး’ တို့ကို တန်းတူညီမျှ ဓားသိုင်းသင်ကြားပေးခဲ့သည်။

သို့သော် ကောင်းရွှယ်ပေါ် က ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်းကို လေ့ကျင့်နိုင်ပြီး လုန်ရွှယ်ကျီးကတော့ ထိုသို့မလုပ်နိုင်ခဲ့ပေ။

လုန်ရွှယ်ကျီးကို ထိုကျင့်စဉ် ကျင့်ကြံခိုင်းမည်ဆိုလျှင် သူ၏ဓားသွားထက်မြက်မှု ထာဝရဖုံးအုပ်ခံရပြီး သာမန်လူတစ်ယောက်အဖြစ် ဆွဲချခံရမည် ဖြစ်သည်။

အလားတူပင် ရန်ကျောက်ကဲနှင့် ရန်တိကို စန့်ချင်အဆက်အနွယ်၏ ဓားသိုင်းအခြေခံအုတ်မြစ်အသုံးပြုပြီး “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ကို လေ့ကျင့်ခိုင်းပါက ရန်ကျောက်ကဲက ဘာမှမဖြစ်သော်လည်း ရန်တိကတော့ ထိခိုက်နစ်နာနိုင်သည်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ မင်းရဲ့ကျင့်ကြံခြင်းစုဆောင်းထားမှုနဲ့ဆိုရင် မကြာခင် ဓားထုတ်ခြင်းနဲ့ဓားကျင့်ကြံခြင်းကို အောင်မြင်သွားမှာပါ”

“ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” က အံ့သြစရာကောင်းသော်လည်း ဤပညာရပ်က ထောက်ကူပေးသည့် ပညာတစ်ခုသာ ဖြစ်သည်။

သိုင်းသူတော်စင်တစ်ယော်က မည်မျှထူးချွန်ပါစေ ထိုပညာရပ်ကျင့်ကြံလိုက်ရုံဖြင့် နတ်ဘုရားလူသားကပ်ဘေးနှင့် သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်ကို ခုန်တက်သွားရန် မဖြစ်နိုင်ပေ။

သို့သော် “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ကို တစ်ကြိမ်ထက်ပိုပြီး အသုံးပြုနိုင်ပေသည်။

လူအများစုက ကပ်ဘေးဖြတ်ကျော်ပြီးနောက် ထိုပညာရပ်ကိုကျင့်ကြံကြသည်။ သို့မှသာ ထိုကျင့်စဉ်ပြီးဆုံးသွားသည့်အခါ သူတို့၏ကျင့်ကြံခြင်းက ကောင်းကင်ထိတိုင် မြင့်တက်သွားမည် ဖြစ်၏။

ယွီယဲ့က...

“ဟုတ်တယ်... အဲဒါကြောင့် အခုပဲ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာ”

ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ ယွင်ရှန်းဆီက သတင်းကြားတာ... ငရဲကိုးထပ်မှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်ဆို ၊ အဲဒီကိစ္စက နက္ခတ်ဧကရာဇ် ၊ အကြီးအကဲချူးတို့နဲ့ ဆိုင်သလားဟင်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ရေပလ္လင်နတ်ဆိုးတစ်ယောက်တည်းမဟုတ်ဘူး ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးလည်း ပါဝင်နေနိုင်တယ်”

ထိုစကာကြားတော့ ယွီယဲ့ အတွေးထဲ နစ်မျောသွားတော့သည်။

“ပျက်သုဉ်းသွားတဲ့ နတ်ဆိုးနှစ်ပါး ပြန်လည်မွေးဖွားမယ်... ဒါက တကယ်ကို ထူးခြားတဲ့ ဖြစ်ရပ်ပဲ”

“ရေပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးနဲ့ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုး…”

အစိမ်းရောင်ဝတ်မိန်းကလေး အတွေးထဲနစ်မျောသွားသည်ကိုမြင်တော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြသည်။

ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို စကားဆိုလိုက်သည်။

“ကျောက်ကဲ... ကောင်းကင်သန့်စင်စိတ်ဝိညာဉ်ရှိတဲ့သူတွေက အမြဲတမ်း အဲဒီလိုမျိုးဖြစ်တတ်ကြတာလား”

ရန်ကျောက်ကဲက...

“အဲဒီလိုဖြစ်ဖို့ နီးစပ်တယ်”

သူက ဆက်ရှင်းပြသည်။

“ကောင်းကင်သန့်စင်စိတ်ဝိညာဉ် ပိုင်ဆိုင်ထားသူတွေက မိုးနဲ့မြေကြားမှာ အရမ်းအံဝင်ခွင်ကျဖြစ်တတ်တဲ့သဘောရှိတယ် ၊ ဒါကြောင့် သူတို့ စိတ်အာရုံလွင့်သွားတဲ့အချိန်မျိုးမှာ သတိလက်လွတ်အခြေအနေထဲ မသိမသာရောက်သွားပြီး လောကစည်းမျဉ်းတွေနဲ့ တစ်သားတည်းကျသွားတတ်တယ်”

ရန်ကျောက်ကဲက ယွီယဲ့နှင့် ပထမဆုံးတွေ့ဆုံချိန်မှာပင် သူမ၏ထူးခြားမှုကို သတိပြုမိခဲ့သည်။

သို့သော် ဤသည်က ကောင်းကင်သန့်စင်စိတ်ဝိညာဉ်ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်ရသည်ဟု ဘယ်တုန်းမှ ထင်မထားခဲ့ပေ။

ထိုသို့သောဝိညာဉ်ပိုင်ရှင်က အလွန်ပင် ရှားပါးလှပြီး တာအိုဝါဒ၏ နက်နဲသောစည်းမျဉ်းများနှင့် သဘာဝကျစွာ ပိုမိုနီးကပ်သည်။

ထို့ကြောင့် သူတို့အနေဖြင့် လောကနိယာမတရားများကို များစွာပိုမိုပြီး နားလည်လွယ်ကြသည်။ သိုင်းကျင့်ကြံခြင်းတွင် သူတို့၏နားလည်နိုင်စွမ်းက လူတိုင်းမနာလိုဖြစ်ရလောက်အောင် သန်မာသည်။

ကောင်းကင်သန့်စင်စိတ်ဝိညာဉ်က ရှားပါးပြီး မိုးကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့်သဘောရှိလေရာ နျဲ့ကျင်းရှန်၏ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။

သူတို့၏စွမ်းရည်များက တစ်ယောက်က ဝိညာဉ်ထဲတွင်ရှိပြီး နောက်တစ်ယောက်က ရုပ်ခန္ဓာထဲတွင် တည်ရှိသည်။

သမိုင်းတစ်လျှောက်မှတ်တမ်းများအရ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ ပိုင်ဆိုင်ဖူးသော နောက်ဆုံးသူမှာ တာအိုဝါဒ ၊ ဧကရာဇ်လေးပါး၏ခေါင်းဆောင် “ကောင်းကင်ဘုံအရှင်မြောက်ပိုင်းကြယ်စင်ကျီဝေးဧကရာဇ်မင်း” ဖြစ်၏။

ကောင်းကင်စင်ကြယ်ဝိညာဉ်ပိုင်ဆိုင်သည့် နောက်ဆုံးတစ်ယောက်ကတော့ ရန်ကျောက်ကဲနှင့်အလွန်ရင်းနှီးသည်။

သူ၏အဘိုး “ရန်ရှင်းထန်” ပင် ဖြစ်သည်။

All Chapters