ဝါးမျိုခြင်း
Vol. 8 Ch. 764
“ကလန့် …”
စူးရှသော ဓားအလင်းကြောင့် လုယန်ရွယ်မှာ မျက်လုံးကိုပင် ပိတ်လိုက်မိသည်။
သူမ မျက်လုံးကို ပြန်ဖွင့်သည့် အချိန်တွင်မူ …
စကြဝဠာ သားရဲ ခုနစ်ကောင် အနက် လေးကောင်မှာ ထက်ပိုင်းပြတ် နေခဲ့ပြီ ဖြစ်၏။ အခြား စကြဝဠာ သားရဲ နှစ်ကောင်မှာ စောလျင်စွာ နောက်ဆုတ် နိုင်ခဲ့သည့်တိုင် သူတို့၏ လက်ဖျံ နှစ်ခု ပိုင်းဖြတ် ခံရသည်။ အသက်သာဆုံး ဖြစ်သော ခေါင်းဆောင် သားရဲပင်လျှင် အမြီးတစ်ခုလုံး ဆုံးရှုံး သွားသည်။
ချန်းဖန်ကား ဓားတစ်ကွက်ဖြင့်ပင် စကြဝဠာ သားရဲ ခုနစ်ကောင်ကို ဒဏ်ရာရစေလိုက်ပြီ ဖြစ်၏။
“လူသား ... သေစမ်း …”
သားရဲ ခေါင်းဆောင်က အနက်ရောင် နတ်ဘုရား စိတ်အာရုံမျှင် နှစ်ခုကို ပစ်လွှတ်ကာ ချန်းဖန်၏ ဦးခေါင်းအား ဖြတ်တောက်ရန် ကြိုးစား၏။
သို့သော်လည်း ကံမကောင်းစွာပင် ချန်းဖန်ကား ရွှေအမြုတေ၏ စွမ်းအားကို အသုံးပြုထားရာ ရွှေအမြုတေ အဆင့် တစ်ယောက် အလား အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။
“ဘုန်း …”
အနက်ရောင် အမျှင်နှစ်ခုမှာ ချန်းဖန်ထံ မရောက်ခင်မှာပင် ပိတ်ဆို့ ခံရ၏။
ထို့နောက် ချန်းဖန်က သူ၏ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်သည်။
“ဝှစ် …”
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ပေတစ်ထောင်ခန့် ဝေးသော စကြဝဠာ သားရဲ တစ်ကောင်၏ အရှေ့၌ ပြန်ပေါ်လာ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း စကြဝဠာသားရဲများမှာ ဆွံ့အ သွားကြသည်။ သူတို့သည် ရွှေအမြုတေ အဆင့်များ အပါအဝင် များစွာသော လူသား ကျင့်ကြံသူများကို တွေ့မြင်ဖူးသော်လည်း မည်သူကမျှ ချန်းဖန် ကဲ့သို့ ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိကြချေ။
“ကလန့် …”
ချန်းဖန် ပြန်လည် ပေါ်လာသည်နှင့် ကောင်းကင် မိုးကြိုးဓားကပါ အလိုက်သင့် လှုပ်ရှား၏။
“ဘုန်း …”
ထိုဓားချက်၌ စကြဝဠာ သားရဲမှာ ၎င်း၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့်အတူ ထက်ဝက် ပိုင်းဖြတ်ခံရ၏။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပထမစကြဝဠာ သားရဲကား ကျဆုံးသွားခဲ့ရချေပြီ ဖြစ်သည်။
“မလုပ်နဲ့ …”
အခြား သားရဲ ခြောက်ကောင်က ဒေါသတကြီး မြည်တမ်း လိုက်ကြ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ထို့နောက် ၎င်းတို့က အနက်ရောင် နတ်ဘုရား စိတ်အာရုံမျှင်များကို ပစ်လွှတ်ကာ ချန်းဖန်အား တိုက်ခိုက် လိုက်ကြသည်။ ထိုအမျှင်များက ပိုက်ကွန်သဖွယ် ယှက်သန်း၍ ချန်းဖန်၏ လွတ်လမ်း မှန်သမျှကို ပိတ်ဆို့လေ၏။
ထိုအရာကား စကြဝဠာ သားရဲများ၏ မွေးရာပါ နတ်ဘုရား စွမ်းအား ဖြစ်သည်။ ၎င်းတို့မှာ ဝိညာဉ် ရတနာများ အပါအဝင် အရာ အားလုံးကို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်။
“ဟဟ …”
သို့သော်လည်း ချန်းဖန်က ရယ်မောရင်း ဟင်းလင်းပြင် နယ်တစ်ခုကို ဖွင့်ကာ မူလ နေရာမှ ပျောက်ကွယ် သွား၏။
“ကလန့် …”
ပြန်လည် ပေါ်ထွက်လာသည်နှင့် ကောင်းကင် မိုးကြိုးဓားက စကြဝဠာ သားရဲ တစ်ကောင်၏ ဦးခေါင်းအား ပိုင်းဖြတ်ပြီး ဖြစ်၏။
ဒုတိယ စကြဝဠာ သားရဲကား ကျဆုံးခဲ့ရပြန်ပြီ ဖြစ်သည်။ စုစုပေါင်း ခုနစ်ကောင် အနက် ငါးကောင်သာ ကျန်ရစ်တော့၏။
“နေရာ ခွဲပြေးကြဟေ့ ... သူက ရွှေအမြုတေ အဆင့်ပဲ”
ခေါင်းဆောင် သားရဲ၏ နတ်ဘုရား စိတ်အာရုံက အသံအဖြစ်ဖြင့် ကောင်းကင် တစ်ခွင် ပျံ့နှံ့လာ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ချက်ချင်းပင် စကြဝဠာ သားရဲ ငါးကောင်သည် အသံ၏ အမြန်နှုန်းကို ဆယ်ဆကျော် ချိုးဖောက်၍ အရပ် မျက်နှာ ငါးခုသို့ ထွက်ပြေးကြ၏။
“ဟဟ ... ပြေးလို့လွတ်မယ် ထင်နေတာလား”
ချန်းဖန်က ပြုံးလိုက်သည်။
ထို့နောက် သူက ပေရာဂဏန်းအထိ ကြီးမားသော သားရဲ အသွင်သို့ ပြောင်းလဲ လိုက်၏။
“ခွန်ပန် သားရဲ …”
စကြဝဠာ သားရဲ အားလုံးမှာ လန့်ဖြန့်ကာ ထွက်ပြေးနေသော အရှိန်ကို ထပ်မံ မြှင့်လိုက်ကြသည်။
စကြဝဠာ သားရဲများသည် အာကာသ ဟင်းလင်းပြင် အတွင်း၌ များစွာသော သက်ရှိ မျိုးနွယ်များကို သတ်ဖြတ်ခဲ့သည့်တိုင် ခွန်ပန် ကဲ့သို့သော ကောင်းကင် သားရဲများ၏ အရှေ့တွင်မူ ပုရွက်ဆိတ်များ ကဲ့သို့ အားနည်း၏။
“သတ် …”
ခွန်ပန် သားရဲက အတောင်ပံများကို ဖြန့်ကြက် လိုက်၏။
“ဝှစ် …”
ထို့နောက် ၎င်းက မျက်တောင်တစ်ခတ်စာ အတွင်း မိုင်တစ်ရာခန့်ကို ဖြတ်ကျော်၍ စကြဝဠာ သားရဲ တစ်ကောင်၏ အရှေ့သို့ ရောက်သည်။
“ရား …”
စကြဝဠာ သားရဲက အော်ဟစ်ကာ အနက်ရောင် နတ်ဘုရား စိတ်အာရုံ အမျှင် တစ်ရာခန့်ကို ပစ်လွှတ် လိုက်သည်။
“ဟီး ... ဟီး …”
ခွန်ပန် သားရဲက ပါးစပ်ကို ဟရာ စုပ်ဝဲ တစ်ခု ပေါ်ထွက်လာ၏။
ထို့နောက် ၎င်းက စကြဝဠာ သားရဲနှင့် ၎င်း၏ တိုက်ခိုက်မှု အလုံးစုံကို စုပ်ယူ ဝါးမြို လိုက်သည်။ ထိုအရာများမှာ ခွန်ပန်၏ ဝမ်းဗိုက် အတွင်း ရောက်သည်နှင့် အသန့်စင်ဆုံး သွေးချီစွမ်းအားများ အဖြစ် ပြောင်းလဲ သွား၏။
“အရသာ ရှိလိုက်တာ …”
ခွန်ပန် သားရဲက ဇိမ်ခံသည့်အလား မျက်လုံးများကို သက်တောင့်သက်သာ မှေးစင်း လိုက်၏။
“ပြေးကြ …”
အခြား သားရဲ လေးကောင်က ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားကြသည်။
သို့သော်လည်း စကြဝဠာ သားရဲလေးများက ခွန်ပန် သားရဲ၏ အမြန်နှုန်းကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
“ဝှစ် …”
တစ်စက္ကန့် အတွင်းမှာပင် ခွန်ပန် သားရဲသည် အခြား စကြဝဠာ သားရဲ တစ်ကောင်၏ အရှေ့၌ ပြန်ပေါ်လာကာ စုပ်ယူ ဝါးမျို လိုက်ပြန်၏။
“တတိယ သားရဲ …”
“စတုတ္ထ သားရဲ …”
တစ်ခဏ အတွင်းမှာပင် ချန်းဖန်သည် စကြဝဠာ သားရဲလေးကောင်ကို ဝါးမြို ပစ်လိုက်သည်။
ပထမ သားရဲ နှစ်ကောင်ကို ထည့်ပေါင်းပါက စုစုပေါင်း သားရဲ ခြောက်ကောင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင် သားရဲ တစ်ကောင်သာ ကျန်ရစ်တော့၏။
“အညံ့ခံစမ်း.. ငါ မင်းအသက်ကို ချမ်းသာ ပေးမယ်”
ချန်းဖန်၏ မျက်လုံးက မောက်မာမှုများဖြင့် ပြည့်နှက်နေ၏။
“အား …”
ခေါင်းဆောင် သားရဲက အော်ဟစ်ရင်း သူ၏ ခန္ဓာကိုယ်ကို မီတာတစ်ရာခန့် ရှည်လျားသော ဓားအသွင် ပြောင်းလဲလိုက်သည်။
“ဘုန်း …”
ထို့နောက် ၎င်းက အသံ၏ အမြန်နှုန်းကို အဆတစ်ရာခန့် တိုင်အောင် ချိုးဖျက်ကာ ချန်းဖန်ထံ ပြေးဝင်၏။ ထိုအရာက စကြဝဠာ သားရဲများ၏ လျှို့ဝှက် နည်းစနစ်တစ်ခု ဖြစ်သည်။
“ဟမ့် …”
ခွန်ပန်က အတောင်များကို ဖြန့်ရင်း ထိုဓားအား ဆီးခုတ် လိုက်၏။
“ခရက် …”
ခွန်ပန် အတောင်ပံ၏ ပိုင်းဖြတ်မှုတွင် ဓားမှာ အလယ်မှ ထက်ဝက် ပိုင်းပြတ် သွား၏။
ထို့နောက် ချန်းဖန်က လက်ကို ဆန့်ထုတ်ကာ ခေါင်းဆောင်သားရဲ၏ ဦးခေါင်းအား ဖမ်းယူ လိုက်သည်။
“အခြား စကြဝဠာ သားရဲတွေ ဘယ်မှာ ရှိလဲ ဆိုတာ ငါ့ကို ပြောစမ်း …”
“ဟီး ... ဟီး …”
ခေါင်းဆောင် သားရဲက ရယ်မော လိုက်၏။
“လူသား ... ဆုတောင်းလေကွာ ... ငါတို့က ဘယ်တော့မှ သစ္စာမဖောက်ဘူး”
“ဘုန်း …”
စကားဆုံးသည်နှင့် ခေါင်းဆောင် သားရဲက သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖောက်ခွဲ ပစ်လိုက်သည်။
ချန်းဖန်က ချက်ချင်းပင် ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ကို သုံးကာ ဝိညာဉ် အပိုင်းအစများမှ ပုံရိပ်များကို ရသလောက် ဖမ်းယူ လိုက်၏။
ထို့နောက် သူက ခေါင်းဆောင် သားရဲ၏ ခန္ဓာအား ဝါးမျိုကာ လူသား အသွင်သို့ ပြန်လည် ပြောင်းလဲ လိုက်သည်။
“နင်က ငါ့ကို စိတ်ပူပြီး အသက်ထွက်အောင် လုပ်နေတာပဲ …”
လုယန်ရွယ်က ချက်ချင်းပင် ချန်းဖန် အနားသို့ ရောက်လာခဲ့၏။
ထိုတိုက်ပွဲကား လွယ်ကူသယောင် ထင်ရသော်လည်း အလွန် ပြင်းထန်ခဲ့သည်။ အကယ်၍ ချန်းဖန်သာ ရွှေအမြုတေကို အသက် မသွင်းခဲ့ပါက သားရဲများ၏ လက်သည်းများ အောက်၌ သေဆုံး၍ပင် သွားလောက်သည်။
“ဟူး ... ခွန်ပန် အသွင်ကို အသက်သွင်းဖို့ ရွှေအမြုတေရဲ့ စွမ်းအား အတော်များများကို သုံးလိုက်ရတယ် ... နောက်ထပ်အကြိမ် အနည်းငယ်လောက်ပဲ ထပ်သုံးလို့ ရတော့မယ် ထင်တယ်”
ချန်းဖန်က သက်ပြင်းချရင်း ရွှေအမြုတေ အတွင်းသို့ နတ်ဘုရား စိတ်အာရုံကို ပို့လွှတ် လိုက်သည်။
သို့သော်လည်း သွေးဆေးလုံး ငါးခုကို တွေ့မြင်ပြီးနောက်တွင်မူ သူ၏ မျက်နှာက အနည်းငယ် ပြုံးလာခဲ့၏။
အလယ်၌ ရှိသော တစ်ခု ဆိုလျှင် နေအသေးစား တစ်ခုကဲ့သို့ သိပ်သည်းသော စွမ်းအားများကို သိုလှောင်ထားပြီး ထိုစွမ်းအား ပမာဏကား ရွှေအမြုတေနှင့်ပင် နှိုင်းယှဉ် နိုင်သည်။
“ရှောင်ဖန် ... ငါတို့ ဆက်ပြီး သွားဦးမှာလား”
လုယန်ရွယ်က တစ်ယောက်တည်း ပြုံးနေသော ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။
“ဟင့်အင်း …”
ချန်းဖန်က အနည်းငယ် စဉ်းစားရင်း ခေါင်းခါ လိုက်သည်။
“အရင်ဆုံး ခွန်ရှု့ နယ်မြေဆီကို ပြန်ကြမယ် ... ခုထက် ပိုပြီး အစွမ်းထက်လာတဲ့ အချိန် ... ဘာကိုမှ ကြောက်စရာ မလိုတော့တဲ့ အချိန်ကျမှ ဒီဂြိုဟ်ကို နောက်တစ်ခါ ထပ်လာမယ်”
***