← Chapters

ကျွန်တော် သူတော်စင် တစ်ရာကို သတ်ခဲ့တယ်

Vol. 8 Ch. 770

ကျွန်တော် သူတော်စင် တစ်ရာကို သတ်ခဲ့တယ်

Vol. 8 Ch. 770

ရောက်ရှိနေသော အဆင့် အရ ချန်းဖန်၏ အမြန်နှုန်းမှာ သေမျိုးများ၏ စဉ်းစားနိုင်စွမ်းထက် ပိုမို ကျော်လွန်သည်။ သူသည် တစ်နာရီ အတွင်း မိုင်ပေါင်း သောင်းချီ၍ ပျံသန်းနိုင်စွမ်း ရှိသည်။ သို့ဖြစ်ရာ နာရီဝက် အတောအတွင်းမှာပင် ချန်းဖန်သည် ကျန်းနန် ပြည်နယ်သို့ ရောက်လာခဲ့သည်။

ကျန်းနန်ပြည်နယ်၊ ကျင်းမြိုတော် …

ယခု အချိန်၌ ကျင်းမြို့တော်မှာ အရှေ့တိုင်း၏ ဗဟိုသဖွယ် ဖြစ်နေခဲ့သည်။ ထိုအရာက မြောက်ပိုင်းချုံး၏ ဗဟိုသဖွယ် ဖြစ်ရာ များစွာသော လူများမှာ သူတို့၏ လုံခြုံရေး အတွက် ကျင်းမြို့တော်သို့ ပြောင်းရွှေ့ လာကြသည်။

ချန်းဖန်သည် ကိုယ်ပျောက် အစီအရင်တစ်ခု ခင်းကျင်းကာ အရှေ့တောင်သို့ ဝင်ရောက် လာခဲ့သည်။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် လိုက်ရာ မူလအဆင့် တစ်ယောက်၏ တည်ရှိမှုကို ခံစားရ၏။

“ဘယ်သူလဲ …”

ချန်းဟွိုက်အန်းက မျက်လုံးများကို ဖွင့်လိုက်သည်။

သူသည် မူလအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နတ်ဘုရား စိတ်အာရုံ၏ တည်ရှိမှုကို ခံစားနိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။

ချန်းဟွိုက်အန်းသည် ထိုင်ရာမှ ထလိုက်စဉ်မှာပင် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ကျွန်တော်ပါ ... အဘိုး …”

“ရှောင်ဖန် …”

ချန်းဟွိုက်အန်း၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်အောင် တုန်ရီလာ၏။

“ဝှစ် …”

ထို့နောက် မြောက်ပိုင်းချုံး နန်းတော် အတွင်း၌ အရိပ် တစ်ခုက ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။ ထိုအရိပ်ကား ချန်းဖန်ပင် ဖြစ်သည်။

“ရှောင်ဖန် တကယ့်ကို ရှောင်ဖန်ပဲ ... မြေးလေး ... နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ချန်းဟွိုက်အန်းက ချန်းဖန်၏ ပခုံးကို တုန်ရီစွာ ဆုပ်ကိုင်လိုက်၏။ သူ၏ မျက်လုံးတွင်မူ မျက်ရည်များက ဝေ့သီနေသည်။

“အဘိုးတို့ မင်းကို အရမ်း သတိရနေတာ”

“အဘိုး ... အဘိုး ဒဏ်ရာ ရထားတယ်ဆို ... ဘယ်သူက လုပ်ခဲ့တာလဲ”

ချန်းဖန်က မေးလိုက်သည်။

ချန်းဟွိုက်အန်း၏ အပြင်ပန်း ပုံစံက တည်ငြိမ် နေသည့်တိုင် သူ၏ အတွင်း အင်္ဂါများနှင့် သွေးကြောများက ကြီးမားစွာ ထိခိုက်ထားကြောင်း ချန်းဖန် ခံစား၍ ရနေခဲ့သည်။ ထိုအရာက ချန်းဟွိုက်အန်းသည် အင်အားကြီးသော ရန်သူနှင့် တိုက်ခိုက်ခဲ့ရကြောင်း ပေါ်လွင်နေ၏။

“ဒီဒဏ်ရာတွေလောက်က အဘိုး အတွက် ဘာမှ မဟုတ်ပါဘူး”

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ချန်းဟွိုက်အန်းသည် အဘိုးအိုတစ်ဦး အဖြစ်မှ စစ်သည်တော် တစ်ယောက်၏ အသွင်သို့ အပြည့်အဝ ပြောင်းလဲပြီးခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း သူ၏ ဒဏ်ရာများကား လျစ်လျူရှုနိုင်လောက်သည့် အဆင့်ထက် ပိုမို ကျော်လွန်ကာ သူ လှုပ်ရှားတိုင်း နာကျင်ရသည်။

“ထိုင်ပါဦး အဘိုး …”

ချန်းဖန်က ချန်းဟွိုက်အန်းအား ကြမ်းပြင်၌ ထိုင်စေကာ လက်ဖြင့် ချိပ်တံဆိပ် တချို့ ရေးဆွဲလိုက်သည်။ ထိုချိပ်တံဆိပ်မှ တစ်ဆင့် အဇူရာ စွမ်းအားများက စမ်းချောင်းသဖွယ် အဘိုးအို၏ ခန္ဓာကိုယ် အတွင်း စီးဝင် ကြ၏။

“အသက်ဆက်ခြင်း …”

ချန်းဖန်သည် လုယန်ရွယ်၏ အသက်ကို ကယ်ရာ၌ ထိုနည်းစနစ်ကို သုံးခဲ့ဖူးသည်။ ယခု သူသည် ပိုမို အစွမ်းထက်နေပြီ ဖြစ်ရာ ထိုနည်းစနစ်ဖြင့် သေလူ တစ်ယောက်ကိုပင် အသက်သွင်း နိုင်နေပြီ ဖြစ်သည်။

“ဘုန်း …”

အဇူရာ စွမ်းအားများသည် အဘိုးအို၏ ခန္ဓာကိုယ်အတွင်း တိုးဝင်ကာ အရိုး၊ ကြွက်သား၊ စွမ်းအင် သွေးကြော၊ ဆဲလ်များအထိ ကုသ၏။ ချန်းဟွိုက်အန်းက မျက်လုံးကို မှိတ်ရင်း ထိုစွမ်းအားများကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ကြိုးစား လိုက်သည်။

ဆယ်မိနစ် ကြာပြီးနောက် …

ချန်းဟွိုက်အန်းက မျက်လုံးကို ဖွင့်ရင်း ထိုင်ရာမှ ပေါ့ပါးစွာ ထလိုက်၏။ သူကား ဒဏ်ရာများ ပြန်လည် သက်သာလာရုံသာ မကချေ။ သူ၏ စွမ်းအင် အဆင့်မှာလည်း တိုးတက်လာခဲ့သည်။

“တကယ် အံ့ဩဖို့ ကောင်းတာပဲ ... အဘိုးမှာသာ အဲဒီ နည်းစနစ် ရှိရင် လွန်ခဲ့တဲ့ နှစ်တွေအတွင်း လူတွေ အများကြီးရဲ့ အသက်တွေကို ကယ်နိုင်မှာ”

ချန်းဟွိုက်အန်းက ရေရွတ် လိုက်၏။

“အခြေအနေ မကောင်းဘူးလား”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“အခြေအနေတွေက မကောင်းဘူး ဆိုတာထက် ပိုဆိုးတယ် ... မြေးလေး မရှိတဲ့ သုံးနှစ် အတွင်းမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့တယ် ... အရှေ့တိုင်း တစ်ခုလုံးက ရုန်းကန်ခဲ့ရပြီးတော့ အခု နောက်ဆုံး အကန့်အသတ် အထိ ရောက်နေပြီ”

ချန်းဟွိုက်အန်းက ဖြူရော်စွာ ပြုံးရင်း သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြောပြ လိုက်သည်။

“တိရစ္ဆာန်တွေ ပိုပြီး သန်မာ လာကာက အဘိုးတို့ အတွက် ကိစ္စကြီးတစ်ခု မဟုတ်ခဲ့ဘူး ... နောက်ဆုံး နတ်ဆိုး လိုဏ်ဂူက သားရဲတွေကိုတောင် အဘိုးတို့ ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း ရှိတယ် …”

“အဲဒီ အတောအတွင်းမှာ ရှင်သန်ခြင်း ရေစင်ရဲ့ ကျေးဇူးနဲ့ လူတွေရဲ့ စွမ်းအားတွေ နိုးထ လာခဲ့ကြတယ် ... မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ အထွတ်အထိပ် အဆင့်တွေ တန်ခိုးရှင်တွေ ပေါ်ထွက် လာခဲ့တယ် ... တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတဲ့ အချိန်ပေါ့ ... ဒါပေမဲ့ …”

ချန်းဟွိုက်အန်းက ခေါင်းအား ခါလိုက်သည်။

“သိပ်မကြာခင်မှာပဲ စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုနဲ့ လျှို့ဝှက် နယ်မြေတွေက ထူးဆန်းတဲ့ သက်ရှိတွေ သူတော်စင်တွေ နိုးထ လာခဲ့တယ် ... သူတို့က လူသားတွေ ထက်တောင် ဉာဏ်ရည် ပိုမြင့်မားကြပြီးတော့ သားရဲတွေထက်လည်း အရေအတွက် ပိုများ ကြတယ်”

“ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင်တွေ၊ ချန်းပိုင် နာနာဘဝလောက၊ တောင်အမေရိကရဲ့ ရွှေရောင် နတ်ဘုရား၊ ဒါ့ဆီက ရေသတ္တဝါတွေ နောက်ပြီး ဆိုက်ဘေးရီးယားရဲ့ အမှောင် ဝံပုလွေ ...”

“အဲဒီ ဒဏ္ဍာရီလာ သက်ရှိတွေ မျိုးနွယ်တွေက အနောက်တိုင်းရဲ့ အင်အားကြီး နိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ကြတယ် ... အရှေ့တိုင်းမှာတော့ အဘိုးနဲ့ ဗိုလ်ချုပ်ရဲ့တို့ပဲ ရှိခဲ့တယ်”

နားထောင်ရင်း ချန်းဖန်၏ မျက်လုံးများမှာ အေးစက်လာ၏။ သူသည် အဘိုးဖြစ်သူ၏ စကားထဲမှ အကူအညီမဲ့မှုကို ခံစား၍ ရနေခဲ့သည်။

“နောက်ပိုင်း ကောင်းကင်ရဲ့ ကျေးဇူးနဲ့ ဟွာရန်ဖန်နဲ့ ရှဲ့ရန် နှစ်ယောက်စလုံး မူလ အဆင့်ကို ရောက်ရှိခဲ့ကြတယ် ... ရှေးဟောင်း မီးမျောက်ဝံနဲ့ စစ်တပ်တွေကလည်း အဘိုးတို့ကို အများကြီး အကူအညီ ပေးခဲ့ကြတယ်”

“ဒါနဲ့ အဘိုး ... အမေရိကန်ကို ဂြိုဟ်သား ယာဉ်ပျံ တစ်စင်း ရောက်လာတယ်ဆို”

ချန်းဖန်က မေးလိုက်၏။

“ဟုတ်တယ် ... နောက်ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ တော်တော်များများက သူတော်စင်တွေ နတ်ဘုရားတွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်နေကြပြီ”

ပထမဆုံး ဥရောပ၌ ခရစ်ယာန် ဘုရားကျောင်း၏ တမန်တော်များစွာ ပေါ်ပေါက် လာခဲ့ပြီး ဥရောပ နိုင်ငံများက ချက်ချင်းပင် သူတို့ထံ၌ သစ္စာခံ ခဲ့သည်။

သမန်း ဝံပုလွေများကလည်း မော်စကိုအား တိုက်ခိုက်ကာ အိုလက်အား သတ်ဖြတ်၍ ရုရှားအား ဒူးထောက်ရန် ဖိအားပေးခဲ့သည်။

ထို့အတူ ဂျပန်တွင်လည်း တာကာမဂါဟာရာ နတ်ဘုရား နိုးထလာကာ ဂျပန်အား သူ၏ လက်အောက်သို့ သိမ်းသွင်းခဲ့သည်။

အဆုံး၌ အမေရိကန်တွင်လည်း မာယာ စစ်သင်္ဘောပျံတစ်စင်း ပေါ်လာကာ အိမ်ဖြူတော်အား ထိန်းချုပ်ခဲ့သည်။

ကမ္ဘာပေါ်ရှိ မဟာအင်အားကြီး ငါးနိုင်ငံတွင် တရုတ်နိုင်ငံ တစ်ခုသာ ဗိုလ်ချုပ်ရဲ့နှင့် မြောက်ပိုင်းချုံး၏ ကျေးဇူးဖြင့် မျိုးနွယ်ခြားများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်ခဲ့သည်။

“ဒါပေမဲ့ အဘိုးတို့လည်း အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး …”

ချန်းဟွိုက်အန်းက သက်ပြင်း ချလိုက်၏။

“အဘိုး ... အဘိုးကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူက သူတော်စင် ဩဂတ်စတက်လို့ ကျွန်တော် ကြားတယ် ... ဒါပေမဲ့ အဘိုး ကိုယ်ထဲက ဒဏ်ရာတွေက တစ်ယောက်တည်းရဲ့ လက်ချက် မဟုတ်ဘူး”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက် ပြန်၏။

“ဩဂတ်စတက်က အဘိုးကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး ... သူတော်စင် ငါးယောက်က ဝိုင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာ ရသွားတာပါ ... မြေးပေးထားတဲ့ ဝိညာဉ် လက်နက်ကြောင့်သာ မဟုတ်ရင် အဲဒီ နေရာမှာပဲ အဘိုး သေသွားလောက်ပြီ”

ချန်းဟွိုက်အန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါ့မြေး ပြန်လာပြီ ဆိုတော့ အရာရာက အဆင်ပြေ သွားပါပြီလေ”

“အနားယူတော့ အဘိုး ... ကျွန်တော် အဲဒီ စွန့်ပစ်ခံ နယ်မြေ ခုနစ်ခုနဲ့ လျှို့ဝှက် နယ်မြေတွေက လာတဲ့ သတ္တဝါတွေကို ရှင်းထုတ် လိုက်မယ် ... အဲဒီ ဘုရား အတုတွေ လူသား မျိုးနွယ်ကို ဦးဆောင်တာ ကျွန်တော် ခွင့်မပြုနိုင်ဘူး”

ချန်းဖန်က ခိုင်မာစွာ ဆိုလိုက်၏။

“သတိထားနော် မြေးလေး ... ကမ္ဘာကြီးက ပြောင်းလဲနေပြီ ... အခုဆိုရင် နိုင်ငံငယ်လေး တစ်နိုင်ငံမှာတောင် နတ်ဘုရား တစ်ပါး ရှိနေပြီ ... ငါ့မြေး အသက်ရှင်တာ မြင်ချင်တယ်နော်”

ချန်းဟွိုက်အန်းက ပြောသည်။

သူသည် ချန်းဖန်အတွက် အမှန်ပင် စိတ်ပူ နေပုံ ရ၏။

“ရှောင်ဖန် ... မြေးနဲ့ အခြား မျိုးနွယ်ခြားတွေ ကြားမှာ ရန်ငြိုးတွေ ရှိတယ် ဆိုတာ မေ့မထားနဲ့နော် ... အထူးသဖြင့် ခရစ်ယာန် ဘုရားကျောင်း ဆိုရင် အဘိုးတို့ကို သုံးနှစ်နှစ် လုံးလုံး အပြတ်ရှင်းဖို့ ကြိုးစားနေခဲ့တာ ... ငါ့မြေးသာ ကျဆုံးသွားမယ် ဆိုရင် အဘိုးတို့လည်း တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”

ချန်းဖန်က အနည်းငယ် မသိသာ ပြုံးလိုက်၏။

“အဘိုး ... လွန်ခဲ့တဲ့ သုံးနှစ် အတွင်း ကျွန်တော် ဘယ်နေရာတွေကို သွားပြီး ဘာတွေ လုပ်နေလဲ ဆိုတာ သိလား”

“ငါ့မြေးက ခွန်ရှု့မှာ မလား …”

အဘိုးအို၏ မျက်နှာက ရုတ်တရက် ပြောင်းလဲ သွား၏။

“အာ ... ဟုတ်သား အဲဒီမှာ မြေကမ္ဘာ နတ်ဘုရား တစ်ရာကျော် ရှိတယ်ဆို ... မြေး ဘယ်လို ပြန်ထွက်လာခဲ့တာလဲ”

ခွန်ရှု့ နယ်မြေကား ခရစ်ယာန် ဘုရားကျောင်းထက်ပင် အဆများစွာ ပိုမို အစွမ်းထက်သည်။ သို့ဖြစ်ရာ ချန်းဖန် အနေဖြင့် မည်သို့ ပြန်လည် ထွက်လာခဲ့ကြောင်း အဘိုးအို စဉ်းစား မရချေ။

“ခွန်ရှု့ နယ်မြေမှာ မြေကမ္ဘာ နတ်ဘုရား နှစ်ရာ သုံးဆယ့် ခုနစ်ယောက်နဲ့ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း ရှိတယ် …”

ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

“ဒါပေမဲ့ ကျွန်တော်က သူတို့ အထဲက အရေအတွက် တစ်ဝက်လောက်ကို လျှော့ချ ပစ်ခဲ့တယ်လေ”

“ဘယ်လို …”

ချန်းဟွိုက်အန်း၏ မျက်နှာက ရုတ်ခြည်းပင် ဖြူရော် သွားတော့၏။

***

All Chapters