← Chapters

ကမ္ဘာအား ဆွံ့အစေခြင်း

Vol. 8 Ch. 779

ကမ္ဘာအား ဆွံ့အစေခြင်း

Vol. 8 Ch. 779

လူတိုင်းသည် ဆွံ့အစွာဖြင့် ချန်းဖန်အား ကြည့်လိုက်ကြ၏။

ချန်းဖန် ထိုကဲ့သို့ ပြန်လည် မေးခွန်းထုတ်မည်ဟု မည်သူမျှ မထင်ထားကြချေ။ ချန်းဟွိုက်အန်းပင် ချန်းဖန်၏ မောက်မာမှုကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။

“သောက်ရူး ... သေစမ်း …”

မရဏ သခင်က ဒေါသတကြီး အော်ဟစ်ရင်း ရှေ့သို့ တက်လာသည်။

“ဝေါ …”

တစ်ချိန်တည်း၌ မရဏ သခင်၏ အဝါရောင် ကျိန်စာ မြစ်ကလည်း ကျယ်လောင်စွာ ဟိန်းဟောက် စီးဆင်းလေ၏။

ထိုမြစ်အတွင်းရှိ ရေများသည် အစစ်အမှန် တစ်ပိုင်း၊ ပုံရိပ်ယောင် တစ်ပိုင်း ဖြစ်သသည်။ မရဏသခင် ပို၍ အစွမ်းထက် လာပါက ကျန်စာမြစ်မှာလည်း ပို၍ စစ်မှန်လာလိမ့်မည် ဖြစ်သည်။

“သောက်ကလေး ... မင်းက ငါ့ရဲ့ အစေခံကို သတ်တယ် ... ငါ မင်းဆီက လျော်ကြေး ပြန်ယူမယ်”

မရဏသခင်က ချန်းဖန်ဆီသို့ တိုးဝင်ရင်း အော်ဟစ် ပြောဆိုသည်။

“ဝေါ …”

သူ၏ စကားဆုံးသည်နှင့် ကျိန်စာမြစ်က အဝါရောင် နဂါး၏ သဏ္ဌာန်သို့ ပြောင်းလဲကာ ချန်းဖန်အား ဝါးမျိုလေ၏။

ထိုအရာကား မရဏသခင်၏ သတ်ဖြတ်ကွက် ဖြစ်သည်။ ကျိန်စာမြစ်၏ ပုံရိပ်ယောင် သဘာဝအရ သာမန် အကာအကွယ်များမှာ ထိုအရာကို ခုခံနိုင်မည် မဟုတ်ချေ။ အဆိုးဆုံးကား ထိုတိုက်ခိုက်မှုမှာ ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ ထိခိုက် စေနိုင်ခြင်း ဖြစ်သည်။

“သွား …”

သို့သော်လည်း မထင်မှတ်စွာပင် ချန်းဖန်သည် သူ၏ လက်ညှိုးကို ဆန့်ထုတ်ကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။

“ကလန့် …”

ချန်းဖန်၏ လက်ညှိုးမှ ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုရွှေရောင် အလင်းက နတ်ဘုရား ဓားတစ်စင်းအလား ကောင်းကင်သို့ ပျံတက်ကာ ကျိန်စာမြစ် နဂါးကို ဖျက်ဆီးလိုက်၏။ သို့တိုင်အောင် ထိုအရာက ရပ်တန့်ခြင်း မရှိဘဲ မရဏ သခင်ထံသို့ ဆက်လက် တိုးဝင်သည်။

“မဖြစ်နိုင်ဘူး …”

မရဏ သခင်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။

“ဘုန်း …”

တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှ သေဆုံးခြင်းချီများ ပေါက်ကွဲထွက်ပေါ် လာကာ အကာအကွယ် နယ်မြေ တစ်ခုကို ဖန်တီးသည်။ ထိုအရာက မရဏ သခင်၏ အသက်ငယ် ကျင့်စဉ် တစ်ခု ဖြစ်သည့် မရဏ နယ်မြေပင် ဖြစ်၏။

“ဝှစ် ... ဝှစ် …”

တစ်ချိန်တည်း၌ ချန်းဖန် ပစ်လွှတ်လိုက်သော ရွှေရောင် အလင်းမှာလည်း ပိုပို တောက်ပလာကာ ဓားတစ်ချောင်း သဏ္ဌာန် ဖြစ်တည် လာသည်။

“ခရက် …”

မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားသည် မရဏ နယ်မြေကို ဖျက်ဆီးကာ မရဏ သခင်ကိုပါ ထက်ပိုင်းပိုင်း၏။ ထိုဓားချက်က မရဏသခင်၏ နဖူး၌ အက်ကွဲကြောင်း တစ်ခုကို ဖြစ်စေသည်။

“ခရက် …”

ထိုအက်ကွဲကြောင်းက တဖြည်းဖြည်း ကြီးမာလာရာ မရဏ သခင်၏ ခန္ဓာမှာ ထက်ဝက် ပိုင်းပြတ်လေသည်။ တစ်ချိန်တည်းမှာပင် မရဏ သခင်၏ သွေးရောင် အလင်းမှာလည်း တဖြည်းဖြည်း မှေးမှိန် သွားတော့၏။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။ ထိုဆံပင်ဖြူ၊ နေကာမျက်မှန်တပ် အကြီးအကဲက မရဏသခင်ကို လက်တစ်ချောင်းတည်းနှင့် အနိုင်ယူ လိုက်သည်လား။

“ဘုန်း …”

လူတိုင်း မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း နားမလည်နိုင်ခင်မှာပင် ချန်းဖန်သည် ဆက်လက် လှုပ်ရှားလိုက်သည်။

“ဘုန်း …”

ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းက မြေပြင်အား တုန်ခါစေကာ ကောင်းကင်ကို ပြိုကျလာစေ၏။

“ဘုန်း …”

ကူနတ်ဘုရားကား ထိုလှိုင်း၏ ရိုက်ခတ်မှုကို တိုက်ရိုက် ထိမှန်ခံရသည့် ပုဂ္ဂိုလ် ဖြစ်သည်။ လှိုင်း၏ တိုက်စားမှုတွင် သူသည် သူ၏ ကူကောင်များနှင့်အတူ သင်္ဂြိုလ် ခံရလေ၏။

စက္ကန့်ပိုင်း အတွင်းမှာပင် ဒုတိယမြောက် မြေကမ္ဘာ နတ်ဘုရားကား ပျက်စီးခဲ့ရပြန်ပြီ ဖြစ်သည်။

သို့သော်လည်း ထိုအရာကား အစသာ ဖြစ်လေ၏။

“မင်းကလည်း မြောက်ပိုင်းချုံးကို စော်ကား ရဲတယ်ပေါ့ …”

ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း သူ၏ လက်ညှိုးအား ဆန့်ထုတ် လိုက်ပြန်သည်။

“ဘုန်း …”

ရွှေရောင် အလင်းသည် ထွက်ပေါ်လာကာ သွေးမြွေ ဧကရာဇ်အား ထိ၏။

သွေးမြွေ ဧကရာဇ်၏ မူလ ပုံစံမှာ မီတာ တစ်ရာခန့် ရှည်သည့် အနီရောင် စပါးအုံး မြွေကြီး ဖြစ်ကာ အင်ဒိုနီးရှား၏ နတ်ဘုရား တစ်ပါး ဖြစ်သည်။ အင်ဒိုနီးရှားရှိ လူများသည် သူ၏ နာမည်ဖြင့် ဘုရားကျောင်းတစ်ခု ဆောက်လုပ်၍ပင် ကိုးကွယ်ကြ၏။

“ဘုန်း …”

သို့သော်လည်း ချန်းဖန်၏ ရွှေရောင် အလင်းနှင့် ထိတွေ့သည်နှင့် သွေးမြွေ ဧကရာဇ်၏ ဦးခေါင်းက ပေါက်ကွဲသည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း အသက်မဲ့ကာ လွင့်စဉ်၍ ကျောင်းဟိုင် မြို့ပြင်ရှိ အဝါရောင် နဂါးမြစ်အတွင်း ကျလေ၏။

“ဘုန်း …”

သို့သော်လည်း ချန်းဖန်က ရပ်တန့်ခြင်း လုံးဝ မရှိဘဲ ရှေ့သို့ ဆက်လက် တိုးသည်။

“နောက်ဆုတ်ကြ …”

ကျန်းမိသားစု ခေါင်းဆောင် အပါအဝင် ချန်းဟွိုက်အန်းအား ဝန်းရံ တိုက်ခိုက်နေသော မြေကမ္ဘာ နတ်ဘုရားများက အလောတကြီး အော်ဟစ် လိုက်ကြသည်။

“ဘုန်း …”

ချန်းဖန်၏ ရွှေရောင် လက်သီးက တိုးဝင်လာရာ ကျန်းမိသားစု ခေါင်းဆောင်၏ ခန္ဓာမှာ ပေါက်ကွဲ၏။ ထို့အတူ အခြား မြေကမ္ဘာ နတ်ဘုရား သုံးယောက်သည်လည်း လွတ်မြောက်ခြင်း မရှိခဲ့ချေ။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ချန်းဖန်ကား မူလ အဆင့် ခြောက်ယောက်ကို သတ်ဖြတ်ပြီး ဖြစ်သည့်တိုင် ရပ်တန့်မည့်ပုံ မရချေ။ သူက ရှေ့သို့ ဆက်လက်တိုးကာ တစ်ယောက်ပြီး တစ်ယောက်ကို သတ်ဖြတ်လေ၏။

“ဘုန်း ... ဘုန်း ... ဘုန်း …”

မြေကမ္ဘာ နတ်ဘုရားများစွာ၏ ခန္ဓာအကြိမ်ကြိမ် ပေါက်ကွဲမှုများတွင် ကျောင်းဟိုင်၌ ကောင်းကင်ကား သွေးမြူများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်လေသည်။

ထိုတိုက်ပွဲ၌ ချန်းဖန်သည် မည်သည့် နတ်ဘုရား စွမ်းအားကိုမျှ အသုံးမပြုခဲ့ချေ။ သူသည် ခန္ဓာကိုယ် စွမ်းအားနှင့် အစစ်အမှန်ချီ တို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယခု ပိုင်ဆိုင်ထားသော စွမ်းအားအရ ဆိုလျှင် ချန်းဖန်သည် ကျောင်းဟိုင် တစ်မြို့လုံးကို အသံဖြင့် အော်ဟစ်ကာ ဖျက်ဆီး နေနိုင်ပြီ ဖြစ်သည်။

“သူက …”

လူတိုင်းသည် ချန်းဖန်အား ကြည့်ကာ ဆွံ့အနေကြသည်။ TV မှ တစ်ဆင့် ကြည့်နေသည့် ဘီလျံချီသော လူများမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။

ချန်းဖန်ကား မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်ကို တစ်ခဏ အတွင်းမှာပင် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုမြေကမ္ဘာ နတ်ဘုရားများကား ချန်းဖန်၏ အရှေ့၌ ပုရွက်ဆိတ်များ အလား အားနည်းကြ၏။

“သူ ... သူက လူသားရော ဟုတ်ရဲ့လား ... ခရစ်ယာန် ဘုရားကျောင်းရဲ့ ခေါင်းဆောင်တောင် သူ့လို လုပ်နိုင်မှာ မဟုတ်ဘူး ... သူက နတ်ဘုရား တန်ခိုးရှင် တစ်ပါးပဲ ဖြစ်ရမယ်”

တစ်ခိုးရှင် အဆင့် တစ်ယောက်က တုန်ရီစွာ ရေရွတ်သည်။

“သူ ဒီလောက် ကြမ်းမယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး …”

နင်ရှင်းကလည်း ပျော်ရွှင် အံ့အားသင့်စွာ ထအော် လိုက်၏။

ထိုအချိန်၌ ဧကရာဇ် ကန်နယ်ဟာမှာမူ နှလုံးသားထဲမှ စိမ့်၍ တုန်ရီ နေခဲ့ပြီ ဖြစ်သည်။ သူသည် ချန်းဖန်အား ကြောက်လန့်စွာ ကြည့်နေခဲ့၏။

“မင်း ... မင်းက ဘယ်သူလဲ”

သူသည် မြေကမ္ဘာ သတ်မှတ်ချက် နံပါတ် (၅) ဖြစ်သည့်တိုင် ထိုမွန်းစတား၏ အရှေ့၌ အနည်းငယ်ပင် ယုံကြည်ချက် မရှိတော့ချေ။

“ငါ ဘယ်သူလဲ ဟုတ်လား ... မင်း သခင်ကို မေးပါလား”

ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ လေထဲရှိ တစ်စုံတစ်ခုအား ဆုပ်ကိုင် လိုက်သည်။

“ဘုန်း …”

ရုတ်ခြည်းပင် ကောင်းကင်၌ မမြင်ရသော လက်နှစ်ဖက် ပေါ်ပေါက်လာကာ ကောင်းကင်မြွေ ဧကရာဇ်အား နှစ်ပိုင်း ဆွဲဖြတ် လိုက်သည်။ ချန်းဖန်ကား ကလေး ကစားသလိုပင် မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကို သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်လေသည်။

“ဘုန်း …”

ထို့နောက် ချန်းဖန်က ဘယ်ဘက် လက်ကို နောက်ပစ်ကာ ညာဘက်လက်ဖြင့် လေထုအား ထိုးလိုက်၏။

“ဘုန်း …”

ထိုလက်သီးချက်က သွေးကျား ဘုရင်အား ထိသည်။ ၎င်းကား မြေကမ္ဘာ သတ်မှတ်ချက် နံပါတ် ဆယ့်ခုနစ် ဖြစ်သည့်တိုင် ချန်းဖန်၏ လက်သီးချက်ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ချေ။ သူ၏ ခန္ဓာမှာ တူဖြင့် ထုခံရသည့် ပန်းသီး တစ်လုံးအလား ပေါက်ကွဲ၏။

“မင်းအလှည့် ရောက်ပြီ …”

ထို့နောက် ချန်းဖန်က ဧကရာဇ် ကန်နယ်ဟာ၏ဘက်သို့ လှည့်လိုက်သည်။

“ဝှစ် …”

ဧကရာဇ် ကန်နယ်ဟာသည် အသံ၏ ဆယ်ဆကို ကျော်ဖြတ်ကာ ထွက်ပြေးရန် ကြိုးစား လိုက်၏။ သို့သော်လည်း မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ချန်းဖန်က သူ၏ အရှေ့လမ်း၌ ပိတ်ရပ်ခဲ့ပြီး ဖြစ်သည်။

“ကျင့် ... ကျင့်ကြံသူလေး ... အသက် ချမ်းသာ ပေးပါ”

ဧကရာဇ် ကန်နယ်ဟာ၏ ခန္ဓာကိုယ် တစ်ခုလုံးကား တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။

“မင်းက ကမ္ဘာကို ကျူးကျော်ပြီး ငါ့ဂိုဏ်းကို စော်ကားတယ် ... ဒါတောင် အသက်ရှင်ဖို့ တွေးနေတုန်းလား”

ချန်းဖန်က သူ့အား အေးစက်စွာ ကြည့်ရင်း ဆိုလိုက်၏။

“မင်း ... မင်းက …”

ရုတ်တရက် ဧကရာဇ် ကန်နယ်ဟာ၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို သတိရဟန် ပြူးကျယ် သွားသည်။

“မင်းက ... ချန်းပေ့ …”

သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်၏ မျက်လုံးများ အလင်းတန်း နှစ်ခုက နေကာ မျက်မှန်အား ဖောက်ခွဲ၍ ထွက်ပေါ်လာကာ သူ့အား လောင်ကြွမ်း ပြာချ ပစ်လိုက်တော့၏။

နေကာမျက်မှန် ပျက်စီးသွားပြီးနောက် လူတိုင်းသည် ချန်းဖန်၏ မျက်နှာအား မြင်သည်နှင့် သေချာစွာ မြင်လိုက် ကြရသည်။ သုံးနှစ်ကြာပြီးနောက် ဆံပင်များ ဖြူရော်သွားခြင်းက လွဲ၍ သူ၏ ရုပ်ရည်က များစွာ ပြောင်းလဲသွားခြင်း မရှိချေ။

လူတိုင်းသည် ချက်ချင်းပင် ချန်းဖန်အား မှတ်မိ လိုက်ကြ၏။

“အဲဒါက ချန်းပေ့ရွှမ်း …”

***

All Chapters