အစစ်အမှန် နတ်ဘုရား တစ်ပိုင်း
Vol. 8 Ch. 783
ချန်းပေ့တောင်တန်း၊ နဂါးရေကန်၏ အထက် ကောင်းကင်တွင် …
“ဟူး ... ဟူး …”
များစွာသော မြေကမ္ဘာ နတ်ဘုရားများသည် ဘေးချင်းယှဉ်ကာ တဖြည်းဖြည်း နီးကပ်လာသော ချန်းဖန်အား ကြည့်နေမိ ကြသည်။
“ဟူး ... ဟူး …”
ချန်းဖန်၏ အမူအရာကား အလွန်တရာ တည်ငြိမ်နေ၏။ သူသည် များစွာသော မူလ အဆင့်များနှင့် ရင်ဆိုင်နေသည့်တိုင် အနည်းငယ်ပင် ကြောက်လန့်ပုံ မရချေ။
“ချန်းပေ့ရွှမ်း ... မင်းက ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင်နဲ့ ယှဉ်နိုင်တဲ့အထိ အစွမ်းထက်တဲ့ အရှင်သခင် တစ်ယောက်ပါ ... နောက်ပြီး ငါတို့တွေ အားလုံးကလည်း ကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ကြတဲ့ လူတွေချည်းပဲ ... ဘာလို့ ပုရွက်ဆိတ်တွေ တိုက်ခိုက်ကြမှာလဲ ... ငါတို့အတူ ပူးပေါင်းပြီး ကမ္ဘာကြီးကို စိုးမိုးလို့ ရနေတာပဲ”
ရွှေရောင်ဂိုဏ်းမှ မြွေနဂါး နတ်ဘုရားက ဆိုလိုက်၏။
သူကား ဆယ့်ငါးမီတာခန့် ရှည်လျားပြီး လူသားခန္ဓာနှင့် မြွေဦးခေါင်းကို ပိုင်ဆိုင်ထားသည့် မိစ္ဆာကြီး ဖြစ်သည်။ သူ၏ လက်တွင်မူ တရှဲရှဲ အော်မြည်နေသည့် ရွှေရောင် တောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထား၏။
မြွေနဂါး နတ်ဘုရား၏ စကားကြောင့် မရေမတွက်နိုင်သော လူများမှာ ဒေါသထွက် သွားကြသည်။
ကမ္ဘာ၏ အဆင့် အမြင့်ဆုံး သက်ရှိ မျိုးစိတ်အား မြွေတစ်ကောင်က ပုရွက်ဆိတ်ဟု ပြောခြင်း …
ထိုအရာက အလွန် ခံပြင်းစရာ ကောင်းလွန်း လှသည်။
“မင်းတို့ မျက်လုံးထဲမှာ လူသားတွေက ပုရွက်ဆိတ်တွေ ဆိုရင် ငါ့မျက်လုံးထဲမှာလည်း မင်းတို့က ပုရွတ်ဆိတ်တွေပဲ …”
ချန်းဖန်က အေးစက်စွာ ပြန်လည် ပြောလိုက်သည်။
သူကား အတိတ်ဘဝ၌ ဂြိုဟ်ပေါင်းများစွာကို ဖျက်ဆီးကာ မိစ္ဆာများစွာကို သုတ်သင်ခဲ့သူ ဖြစ်သည်။ သူ့အတွက် ဤကမ္ဘာမှ မူလအဆင့် မိစ္ဆာလေးများမှာ တက်နင်းရန်ပင် အဖိုးမတန်သောအရာ ဖြစ်၏။
“မင်း …”
ရေမိစ္ဆာ တစ်ကောင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။
“ငါတို့က နတ်ဘုရား အဖြစ်နဲ့ မွေးဖွား လာခဲ့သူတွေပဲ ... မင်းက ငါတို့ကို အဲဒီ ပုရွက်ဆိတ်တွေနဲ့ နှိုင်ယှဉ်ရဲတယ်ပေါ့”
ထိုရေမိစ္ဆာမှာ လူသားခေါင်းနှင့် မြွေအမြီးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် အမြီးကို ဝှေ့ယမ်း၍ မုန်တိုင်းကို ဆင့်ခေါ်နိုင်ကာ မြို့များကို ရေဖြင့် ဖုံးလွှမ်းပစ်နိုင်သော အစွမ်းရှိ၏။
ကောလဟာလများအရ ဆိုလျှင် ရေအောက် ကမ္ဘာ၌ ရေမိစ္ဆာများ တည်ဆောက်ထားသော မြို့တော် တစ်ခုရှိရာ ထိုမြို့တော်၌ များစွာသော သတ္တဝါများ နေထိုင်ကြသည် ဟူ၏။
ရေမိစ္ဆာများမှာ ထိုမြို့တော်၏ အရှင်သခင်များ ဖြစ်ပြီး သူတို့၏ ခေါင်းဆောင်မှာ “သမုဒ္ဒရာ ဧကရာဇ်” ဟု ခေါ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။
“အမှောင် ဝံပုလွေ ... အလင်း မျိုးနွယ် ... မြွေနဂါး ... ရေမိစ္ဆာ …”
ချန်းဖန်က သူ၏ အရှေ့ရှိ အင်အားစုများကို ကြည့်လိုက်၏။
သူတို့အားလုံးကား စကြဝဠာ အတွင်း၌ ကျော်ကြားသော မျိုးနွယ်များ ဖြစ်ကြပြီး ထိုအထဲ၌ အလင်း မျိုးနွယ်များမှာ အဆင့်အမြင့်ဆုံး ဖြစ်သည်။
“မင်းတို့က ငါ့ကို တားနိုင်မယ်လို့ ထင်နေကြတာလား …”
ချန်းဖန်က အေးဆေးစွာပင် အင်္ကျီလက်ကို ခါယမ်းရင်း ပြောလိုက်သည်။
“ဒူးထောက် အညံ့ခံစမ်း ... မဟုတ်ရင် နဂါး ရေကန်ကို ဖျက်ဆီးပြီးတာနဲ့ မင်းတို့ အားလုံးကို ငါသတ်ရ လိမ့်မယ်”
“မောက်မာ ရိုင်းစိုင်းလိုက်တာ …”
ယခု တစ်ကြိမ်တွင်မူ အတည်ငြိမ်ဆုံးသော မူလ အဆင့်များပင် ဒေါသထွက် သွားကြသည်။
သူတို့ အားလုံးကား ကမ္ဘာအနှံ့အပြားရှိ မရေမတွက်နိုင်သော လူသားများ ကိုးကွယ်နေကြသည့် နတ်ဘုရားများ ဖြစ်ကြသည်။ ထိုသို့သော နတ်ဘုရားများက လူသား တစ်ယောက်ထံတွင် အဘယ်ကြောင့် ဒူးထောက် ရမည်နည်း။
“ဟူး …”
ရုတ်တရက် နဂါးရေကန်မှ နှာမှုတ်သံတစ်ခု ထွက်ပေါ်လာသည်။
“ဘုန်း …”
ထိုအသံက လှိုင်းအသွင်ဖြင့် မိုင်ပေါင်းများစွာ အကွာအဝေးအထိ ရိုက်ခတ်ရာ တန်ခိုးရှင် အဆင့်များပင်လျှင် နောက်သို့ ဆုတ်လိုက် ကြရ၏။
“နဂါးအိုကြီး လာနေပြီ …”
လူများစွာ၏ မျက်နှာများမှာ ဖြူရော် သွားကြသည်။
“ဘုန်း …”
ရုတ်တရက် နဂါး ရေကန်၏ မျက်နှာပြင်မှ အနက်ရောင် နဂါးတစ်ကောင် ဦးစွာ ထွက်ပေါ်လာ၏။ ထိုနဂါးက ကောင်းကင်သို့ ပျံတက်ရင်း နဂါးရေကန် ဘက်သို့ အရိုအသေပြုဟန် ရပ်သည်။
“ဘုန်း …”
ထို့နောက် နဂါးရေကန် အတွင်းမှ နဂါးဦးခေါင်းတစ်ခု ပေါ်ထွက် လာသည်။ ထိုဦးခေါင်းကား အလွန် ကြီးမားကာ အိမ်တစ်လုံး၏ အရွယ်အစား အထိ ရှိ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ထို့နောက် နဂါးရေကန်၏ ရေပြင်မှာ ကွဲအက်၍ ကြီးမားသော နဂါး ကိုယ်လုံးကြီး တိုးထွက် လာသည်။
“မီတာ ငါးဆယ် …”
“မီတာ တစ်ရာ …”
“မီတာ တစ်ရာ့ ငါးဆယ် …”
“ ... ”
“မီတာ လေးရာ …”
ထိုနှစ်ထောင်ချီ နဂါးကြီးကား ဦးခေါင်းမှ အမြီးအထိ မီတာ လေးရာခန့် ရှည်လျား၏။ ၎င်းက ရထားပျံကြီး တစ်ခုအလား ကောင်းကင်သို့ ထိုးတက်ရင်း ပျံသန်းသည်။ ထိုနဂါးကြီးနှင့် ယှဉ်ပါက ခွန်ရှု နယ်မြေ၏ ရေနဂါးဖြူမှာ သားမြေးလောက်သာ ရှိ၏။
“ဒီ ... ဒီ အကောင်ကြီးက အရမ်း ကြီးတာပဲ ... သူက ငါတို့ မျှော်လင့် ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်မယ် ထင်တယ်”
ပျံလွှားနီလေးမှာ အလွန်တရာ ကြောက်လန့် လာခဲ့သည်။
စုံစမ်း ရရှိထားသမျှ အချက်အလက်များအရ ဆိုလျှင် နဂါးအိုကြီးသည် မီတာ နှစ်ရာခန့် ရှည်လျားသည့် မူလ ထိပ်ဆုံးအဆင့်သာ ဖြစ်သည်။ သို့သော်လည်း ယခု သူမတို့၏ အရှေ့မှ သတ္တဝါကြီးမှာ နှစ်ဆခန့် ပိုမို၍ သန်မာနေပုံ ရသည်။
“ငါတို့က နဂါးအိုကြီးကို လျှော့တွက် မိတာလား …”
အဇူရာ နဂါးက ဖြူရော်စွာ ပြုံးရင်း ခေါင်းအား ခါလိုက်မိ၏။
“ဘိုးဘေးနဂါး ... အရှင့်ရဲ့ ကိုယ်စား ကျုပ်က နှုတ်ဆက်ပါတယ်”
မြွေနဂါး နတ်ဘုရားက ရိုသေစွာ ဦးညွှတ် လိုက်သည်။
ထို့နောက် ရေမိစ္တာ အရှင်သခင်များ၊ ဝံပုလွေ နတ်ဘုရား ခုနစ်ပါးနှင့် ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင်များကလည်း ကမ္ဘာ၏ သက်တမ်း အရင့်ဆုံး အရှင်သခင်အား ဦးညွှတ်ကာ နှုတ်ဆက် လိုက်ကြသည်။
“လူသား ... သင်က ငါ့သက်တမ်း တစ်ထောင့် ကိုးရာ အတွင်းမှာ နဂါးရေကန်ကို စိန်ခေါ်ရဲတဲ့ ပထမဆုံး တစ်ယောက်ပဲ ... ဒါပေမဲ့ ကံဆိုးစွာပဲ မင်းဟာ နေရာမှားခဲ့တယ်”
နဂါးအိုကြီးက ချန်းဖန်အား ကြည့်ရင်း ဆိုလိုက်၏။
သူ၏ အသံက ကြီးမားသော သံကြိုးကြီးများအလား ပတ်ဝန်းကျင်ရှိ တောင်များကို ရစ်ပတ် တုန်လှုပ်စေသည်။ သူကား အသံဖြင့်ပင် ကမ္ဘာအား ဖျက်ဆီးနိုင်စွမ်း ရှိပုံရ၏။
“ ... ”
သာမန် ကျင့်ကြံသူများ မဆိုထားနှင့်၊ ချန်းဖန်ပင်လျှင် ထိုနဂါးအိုကြီးကို ကြည့်ကာ အံ့ဩ သွားခဲ့သည်။
သူသည် အတုအယောင် နဂါးတစ်ကောင်နှင့် တိုက်ခိုက်ရလိမ့်မည်ဟုသာ တွေးထားခဲ့သည်။ “နဂါးအိုကြီး” ဆိုသော သတ္တဝါမှာ အစစ်အမှန် နဂါး ဖြစ်လုနီးပါး ဝိညာဉ်သားရဲ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“နဂါးအိုကြီး” မှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီး ရွှေအမြုတေ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။ ခွန်ရှုနယ်မြေမှ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် တိမ်ကောင်းကင် အဘိုးအိုတို့ပင် သူ့အား ယှဉ်နိုင်မည် မဟုတ်ချေ။
“အဲဒီတော့ ဘာဖြစ်လဲ …”
ချန်းဖန်က မေးစေ့ကို မော့ရင်း ထူးမခြား နားစွာ ဆိုလိုက်သည်။
“အတိတ်ဘဝမှာ ငါက အစစ်အမှန် နဂါး တစ်ကောင်ကိုတောင် သတ်ဖူးတယ် ... တကယ်လို့ မင်း အစစ်အမှန် နဂါး တစ်ကောင် ဖြစ်ရင်တောင် ငါမင်းကို သတ်နိုင်သေးတယ်”
“လူသား ... သင်က အပြောတော့ တော်တော် ကောင်းတာပဲ ... ငါ့ကို တောင်းပန်မယ် ဆိုရင် ငါသင့် အသက်ကို ချမ်းသာပေးမယ် ... နောက်ပြီး ငါ့ရဲ့ အစေခံ အနေနဲ့ ရာစုနှစ် တစ်ခုပဲ နေပေး”
နဂါးအိုကြီးက ချန်းဖန်အား ကြည့်ရင်း ထပ်မံ ပြောလိုက်၏။
“အရှင် နဂါးဘိုးဘေး ... အရှင့် အနေနဲ့ အဲဒီ ကလေးကို ဆွေးနွေးနေဖို့ မလိုဘူး ... သူက လူသားတွေရဲ့ ဦးနှောက်ဆေးတာကို ခံထားရတာ ... ကျုပ်တို့ကို ဘယ်လို လေးစားရမလဲ သူ နားမလည်ဘူး ... အရှင်က အစစ်အမှန် နတ်ဘုရား ဖြစ်လုနီး နေပြီ ... သူက အရှင်နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ”
မြွေနဂါး နတ်ဘုရားက နှာခေါင်း ရှုံ့ရင်း ပြောလိုက်သည်။
“ချန်းပေ့ရွှမ်း ... နဂါးဘိုးဘေးက အစစ်အမှန် နတ်ဘုရားတစ်ပိုင်း ဖြစ်နေပြီ ... မင်း အတွက် သူ့ရဲ့ အစေခံ ဖြစ်ရတာ ဂုဏ်ယူစရာ တစ်ခုပဲ ... မြန်မြန် ဒူးထောက်ပြီး ကျေးဇူး တင်လိုက်”
ရေမိစ္ဆာ တစ်ကောင်ကလည်း အော်ဟစ်ကာ ပြောလိုက်သည်။
“ဟဟ …”
ချန်းဖန်က ရယ်မောရင်း လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
“နဂါးအိုကြီး ... အစက ငါမင်းကို သတ်ပြီး မြွေသားကင် လုပ်စားမယ်လို့ တွေးထားတာ ... အခု ငါ စိတ်ပြောင်းသွားပြီ ... မင်း ငါ့ရဲ့ စီးတော် သားရဲ လုပ်ပါလား ... မင်းလို နဂါးပေါက်လေး အနေနဲ့ ငါ့ရဲ့ စီးတော် သားရဲ ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းပါတယ်”
“ဟမ့် …”
နဂါးအိုကြီးက ဒေါသထွက်စွာ နှာမှုတ်လိုက်သည်။
“သင်က ငါ့ကို စီးချင်တာလား သင့်ကိုယ်သင် ဘယ်သူ ထင်နေတာလဲ ... အစစ်အမှန် နတ်ဘုရားလား ဒါမှမဟုတ် ကောင်းကင် တန်ခိုးရှင်လား”
“ဟဟ …”
ချန်းဖန်က အော်ဟစ်ကာ ရယ်မော လိုက်သည်။
“ကောင်းကင် တန်ခိုးရှင်တွေ အစစ်အမှန် နတ်ဘုရားတွေက ငါ့အတွက် ဘာမှမဟုတ်ဘူး ... ဒီနေ့မှာ ငါ ဘာလုပ်နိုင်လဲ ဆိုတာ ငါမင်းကို ပြရမှာပေါ့”
ထို့နောက် သူက ရွှေရောင်အလင်း အသွင်သို့ ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်လေ၏။
သူ၏ အရှေ့တွင်မူ နဂါး နှစ်ကောင်နှင့် အစွမ်းထက် မျိုးနွယ်ခြား ကျင့်ကြံသူများစွာ …
***