← Chapters

နောက်ဆုံး စစ်ပွဲ

Vol. 8 Ch. 789

နောက်ဆုံး စစ်ပွဲ

Vol. 8 Ch. 789

ချန်းပေ့ရွှမ်းသည် လျှို့ဝှက် နယ်မြေ အားလုံးသို့ သွားရောက်ကာ စာရင်းရှင်း လိမ့်မည်။

ထိုသတင်းမှာ ကမ္ဘာပေါ်ရှိ လူအားလုံးအား ထိတ်လန့် သွားစေ၏။ ယခုကဲ့သို့ ချန်းပေ့ရွှမ်းမှ လျှို့ဝှက် နယ်မြေများကို စတင်ကာ စစ်ကြေညာ လိမ့်မည် ဟု မည်သူမျှ ထင်မှတ် မထားကြချေ။

"ချန်းပေ့ရွှမ်းက ငါတို့ ဘက်တော်သား တွေကို သတ်တဲ့ အပြင် အခုလည်း ငါတို့ကို ပေါ်တင် စိန်ခေါ် နေပြန်ပြီ ...  ငါတို့ သူ့ကို သင်ခန်းစာ တစ်ခု ပေးမှ ဖြစ်တော့မယ်"

များစွာသော မျိုးနွယ်ခြား ကျင့်ကြံသူ များမှာ ဒေါသထွက် သွားကြသည်။ သူတို့က စစ်ပွဲ အတွက် စတင်ကာ ပြင်ဆင်ကြ၏။

အခြား တစ်ဖက်၌ ချန်းဖန်ကမူ အလောတကြီး လှုပ်ရှားခြင်း မရှိချေ။

သူသည် ကျင်းမြို့တော် စံအိမ် ခြံဝန်း တစ်ခု အတွင်းရှိ ကျောက်တုံး ခုံရှည်ပေါ်၌ ထိုင်နေသည်။

သူ၏ နံဘေး၌ ကျင်းမြစ်ကြီးသည် တဝေါဝေါ စီးဆင်းနေကာ  သူ၏ အရှေ့တွင်မူ တန့်ယွမ်ချင်း ရှိ၏။ သူတို့ နှစ်ယောက်သည် ကျား ကစား နေကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ဘေးတွင်မူ တန့်ရီဖေးသည် ငြိမ်သက်စွာ ထိုင်ရင်း လက်ဖက်ရည် ငှဲ့ပေး နေခဲ့၏။

"ခင်ဗျား ရောက်လာတာ ကျွန်တော့် အတွက် ဂုဏ်ယူ စရာပါ အရှင်ချန်း ... "

တန့်ယွမ်ချင်းက ဆိုလိုက်၏။

သူသည် လွန်ခဲ့သည့် နှစ်များ အတွင်း၌ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

"ကျင်းမြို့တော်ထဲမှာ ငါ့မိတ်ဆွေ များများ စားစား မရှိဘူးလေ ... "

ချန်းဖန်က ကျားစေ့ တစ်စေ့ကို ဖြည်းညင်းစွာ ရွှေ့ရင်း ပြောလိုက်၏။

ထို့နောက် သူတို့ နှစ်ယောက်သည် ကျားစကားရင်း စပ်မိစပ်ရာများကို ပြောဆို နေကြသည်။ သိပ်မကြာခင်မှာပင် သူတို့၏ ခေါင်းစဉ်က လက်ရှိခေတ်၏ အဖြစ်အပျက် များထံသို့ ရောက်ရှိ သွားခဲ့၏။

"ကျွန်တော် ကြားရ သလောက်ဆို ခင်ဗျားက လျှို့ဝှက် နယ်မြေ အားလုံးကို စိန်ခေါ်တော့မယ် ဆို ...  အဲဒါက အရမ်းကြီး မြန်နေတယ်လို့ မထင်ဘူးလား ...  ချန်းပေ့ နဂါးရေကန်က ခင်ဗျား လက်အောက်ကို ရောက်သွားပြီ ဆိုပေမဲ့ အခြား အရှင်သခင် ငါးယောက်က အသက်ရှိ နေတုန်းပဲလေ ... "

တန့်ယွမ်ချင်းက ပြောလိုက်သည်။

ဘေး၌ နားထောင်နေသော တန့်ရီဖေး ကလည်း မျက်ခုံးပင့် လိုက်မိ၏။ ထိုအရာက သူမကိုယ်တိုင် သိချင်နေသော အကြောင်း အရာလည်း ဖြစ်သည်။

များစွာသော လူများသည် ချန်းဖန် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည် ဟု မထင်ကြချေ။

သူသည် ကမ္ဘာအား အစဉ်အမြဲ ဆွံ့အ စေခဲ့သည် ဆိုသော်လည်း ထိုအရာက လျှို့ဝှက် နယ်မြေများ ဖြစ်သည်။ ထိုနယ်မြေများ၌ မြေကမ္ဘာ နတ်ဘုရား မည်မျှ အထိ ရှိနေမည်ကို မည်သူမျှ မသိကြချေ။

"ငါက ထိုင်စောင့်ရတာကို အရမ်း ပျင်းတယ်လေ ...  နောက်ပြီး သူတို့က ငါ့ကို မခြိမ်းခြောက် နိုင်ပါဘူး ... "

ချန်းဖန်က ကျားခုံပေါ်ရှိ အခြား ကျောက်တုံး တစ်ခုကို ရွှေ့ရင်း ပြောလိုက်၏။

ထိုအခိုက်၌ တန့်ယွမ်ချင်းမှာ အသာရ နေသော်လည်း ချန်းဖန်၏ နောက်ဆုံး ရွှေ့မှုက အခြေအနေအား ရုတ်တရက် ပြောင်းလဲစေကာ တန့်ယွမ်ချင်းအား အရေးနိမ့် သွားစေ၏။

"ကောင်းလိုက်တဲ့ ကျားကွက် ... "

တန့်ယွမ်ချင်းက သက်ပြင်းတစ်ချက် ချရင်း အရှုံးအား ဝန်ခံလိုက်သည်။

ထို့နောက် ချန်းဖန်က တန့်သားအဖအား နှုတ်ဆက်ကာ တန့်မိသားစု ခြံဝန်းမှ ပြန်ထွက် လာခဲ့သည်။ တန့်မိသားစု ခြံဝတွင်မူ အနက်ရောင် ဇိမ်ခံ ကားတစ်စီး ရှိနေပြီး ထိုအထဲ၌ ပျံလွှားနီလေးနှင့် သူမ၏ လုပ်ဖော် ကိုင်ဖက်များက ချန်းဖန်အား စောင့်နေကြ၏။

"ဗိုလ်ချုပ်ချန်း ...  တန့်ယွမ်ချင်းက မျိုးနွယ်ခြားတွေနဲ့ ပတ်သက်ခဲ့ သေးတာလား"

ချန်းဖန် ကားအတွင်း ရောက်သည်နှင့် ပျံလွှားနီလေးက မေးလိုက်သည်။

"ဟင့်အင်း ...  သူက လူကြီးလူကောင်း တစ်ယောက်ပါ"

ချန်းဖန်က အေးဆေးစွာပင် ပြုံးရင်း ပြန်ဖြေ လိုက်သည်။

ထို့နောက် ပျံလွှားနီလေးက သူ့အား တက်ပလက် တစ်ခုကို ကမ်းပေး လိုက်သည်။

"ဒီအထဲမှာ လျှို့ဝှက် နယ်မြေ သုံးဆယ့် ခုနစ်ခုနဲ့ သူတို့ရဲ့ နတ်ဘုရားတွေ အကြောင်း အချက်အလက်တွေကို စုစည်း ထားပါတယ် ...  နိုင်ငံ ခေါင်းဆောင်တွေက ဗိုလ်ချုပ်ကို အချိန်ယူ စေချင်နေကြတယ် ...  အဲဒီ အတောအတွင်းမှာ ဗိုလ်ချုပ်ရဲ့ တပည့်တွေလည်း အဆင့်တက်လို့ ရတာပေါ့"

"ရပါတယ်ကွာ ...  ဒီကိစ္စလောက်က ငါ့ဘာသာ ရှင်းလို့ ရပါတယ်"

ချန်းဖန်က အဖြေပေးလိုက်သည်။

ထို့နောက် သူက တက်ပလက်အား ဖွင့်ကာ လျှို့ဝှက်နယ်မြေများ၊ မျိုးနွယ်ခြား အရှင်သခင်များ အကြောင်းကို ဖတ်ရှုလိုက်၏။

သွေးဗုဒ္ဓ ...

သွေးဗုဒ္ဓသည် အရှေ့တောင် အာရှ၏ မိစ္ဆာ တစ်ပါး ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ထောင်ချီကပင် အာဟက် ဉာဏ်အလင်းကို ရရှိခဲ့သည်။

သွေးဗုဒ္ဓသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က နိုးထ လာခဲ့ကာ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအား သိမ်းပိုက်ခဲ့သည်။ ၎င်းသည် နိုးထလာချိန်မှ စ၍ အပြစ်မဲ့လူ ငါးသိန်းခန့်နှင့် မြောက်ပိုင်းချုံး အမှောင်ကဝေ ဂိုဏ်းခွဲမှ တပည့် ဆယ့်ခြောက်ယောက်ကို သတ်ဖြတ် ခဲ့သည်။

"သူက ပထမဆုံး တစ်ယောက်ပဲ ... "

ချန်းဖန်၏ မျက်လုံးများက အေးစက်မှုဖြင့် တောက်ပ သွား၏။

***

အရှေ့တောင် အာရှ၊ အာနမ်နယ် တောင်ပိုင်း သေးငယ်သော မြို့တစ်မြို့၌ "တက်တီဘူး" အမည်ရှိသော ရှေးဟောင်း ဘုရားကျောင်း တစ်ခု ရှိသည်။

သွေးဗုဒ္ဓသည် ထိုဘုရားကျောင်း၌ နေထိုင်ကာ အာနမ်နယ်အား အုပ်ချုပ်သည်။ သွေးဗုဒ္ဓသည် ဟိနယန လမ်းစဉ်ဖြင့်  ဗုဒ္ဓ တစ်ပါး ဖြစ်လာသူ ဖြစ်ပြီး မြေကမ္ဘာ သတ်မှတ်ချက်ဝင် တစ်ယောက်လည်း ဖြစ်၏။

အာနမ်နယ်သူ နယ်သားများသည် သွေးဗုဒ္ဓအား ကျေးကျွန် တစ်ယောက် ကဲ့သို့ ဆည်းကပ်ရသည်။ သာမန် ကိုးကွယ်သူများမှာ "တစ်တီဘူး" ဘုရားကျောင်း အတွင်း ဝင်ရောက်သည်နှင့် ခေါင်းပင် မော့ခွင့် မရကြချေ။

ထိုနေ့တွင်မူ ဆံပင်ဖြူ လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ "တစ်တီဘူး" ဘုရားကျောင်း နယ်မြေ အတွင်း ဝင်ရောက် လာခဲ့သည်။ ဘုရားကျောင်း၏ အစေခံများသည် သူ့အား တားဆီးရန် ကြိုးစားသော်လည်း ချက်ချင်းပင် အငွေ့ပျံကာ ပျောက်ကွယ်လေ၏။

"ဘုန်း ... "

ဆံပင်ဖြူလူက ဘုရားကျောင်း တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ကာ ဖွင့်လိုက်သည်။

ဘုရားကျောင်း အတွင်းတွင်မူ ကြီးမားသော သွေးသင်္ကန်းဝတ် ဗုဒ္ဓ ရုပ်တုကြီး ရှိသည်။  သို့သော်လည်း ဆံပင်ဖြူ လူ အထဲသို့ ဝင်လာသည်နှင့် ထိုကျောက်ရုပ်တုကြီးမှာ သက်ရှိ တစ်ယောက် အလား တုန်ခါလာကာ  လှုပ်ရှား လာ၏။

"ချန်းပေ့ရွှမ်း ...  မင်းက ငါ့ဆီကို လာရဲတဲ့ အထိ သတ္တိရှိတာပဲ ...  လျှို့ဝှက် နယ်မြေတွေ စုပေါင်းပြီး မင်းကို သတ်မှာ မကြောက်ဘူးလား"

"ဟမ့် ...  ဘာကို ကြောက်ရမှာလဲ ... "

ဆံပင်ဖြူလူက အေးစက်စွာ နှာခေါင်းရှုံ့ရင်း အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။

"ဘုန်း ... "

ရုတ်တရက် ကြီးမားသည့် ရွှေရောင် ချီလှိုင်း တစ်ခု လေထုတွင် ဖြစ်ပေါ်လာသည်။ ထိုချီလှိုင်းက လေဟာနယ်အား ချိုးဖျက်လျက် သွေးဗုဒ္ဓထံသို့ တိုးဝင်လေ၏။

"အပြစ်သား ... "

သွေးဗုဒ္ဓက ဒေါသတကြီး အော်ဟစ် လိုက်ရာ ၎င်း၏ ခန္ဓာမှ သွေးရောင် စွမ်းအင်များ ထွက်ပေါ် လာသည်။

"ဘုန်း ... "

သို့သော်လည်း ရွှေရောင် ချီလှိုင်းက တစ်ခဏ အတွင်း သွေးရောင် စွမ်းအားများကို ဖောက်ထွက်ကာ သွေးဗုဒ္ဓ၏ ခန္ဓာအား ဝါးမျို တော့သည်။

ဧပြီလ ၂၅ ...

ချန်းဖန်သည် အရှေ့တောင် အာရှမှ သွေးဗုဒ္ဓကို သတ်ဖြတ် ခဲ့၏။

ဧပြီလ ၂၆ ...

ချန်းဖန်သည် အင်ဒိုနီးရှားမှ ပင်လယ် နတ်ဘုရားများကို သတ်ဖြတ် ခဲ့၏။

ဧပြီလ ၂၇ ...

ချန်းဖန်သည် ဗြဟ္မာဂိုဏ်းကို ဖျက်ဆီးကာ အရှေ့တောင် အာရှ တစ်ခုလုံးအား သူ၏ လက်အောက်သို့ သိမ်းသွင်းခဲ့၏။

ဧပြီလ ၂၈ ...

ရက်အနည်းငယ် အတွင်းမှာပင် ချန်းဖန်သည် ဒါဇင်ချီသော နတ်ဘုရားကို သုတ်သင် ရှင်းလင်း ပစ်ခဲ့သည်။ မည်မျှ အစွမ်းထက်သော နတ်ဘုရား ဖြစ်စေကာမူ ချန်းဖန်အား အနည်းငယ်ပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ထိုအဖြစ်အပျက်က ကမ္ဘာရှိ လူတိုင်း၏ စိတ်ဝင်စားမှုကို သိမ်းကြုံး ယူသွား၏။

"ပြဿနာပဲ ...  ငါတို့ သူ့ကို အမြန်ဆုံး သုတ်သင်မှ ဖြစ်တော့မယ် ...  ငါတို့ အတွက် အခြား နည်းလမ်းနဲ့ ရွေးချယ်စရာ မရှိတော့ဘူး"

"မျက်လုံးတစ်လုံး အတွက် မျက်လုံး တစ်လုံးချင်းပဲ ...  ချန်းပေ့ရွှမ်း ပြန်ပြီး ပေးဆပ် ရမယ်"

"သတ် ...  သတ် ...  သတ် ... "

များစွာသော လျှို့ဝှက်နယ်မြေ အရှင်သခင် များသည် ချန်းဖန်၏ ကြမ်းကြုတ်မှု များကြောင့် အလွန်တရာ ဒေါသထွက် နေကြပြီ ဖြစ်လေသည်။ သူတို့ကား နောက်ဆုံးစစ်ပွဲ အတွက် မစောင့်ဆိုင်း လိုကြတော့ချေ။

"ဘုန်း ... "

စစ်တပ် ဂြိုဟ်တုများသည် အတ္တလန္တိတ် သမုဒ္ဒရာမှ ရေမိစ္ဆာ စစ်တပ် တစ်ခု ချီတက် လာသည်ကို ဖမ်းယူ ရရှိကြ၏။ ထို့အတူ တောင် အမေရိက ဘုရားကျောင်းများ အတွင်းမှ အလင်းများ ပျံသန်း ထွက်ခွာသွားသည်ကို ပတ်ဝန်းကျင်ရှိ လူများ တွေ့မြင်ရသည်။

အီဂျစ် သေခြင်း ဘုရားကျောင်းတွင် များစွာသော အနက်ရောင်ဝတ် ရှေ့ဖြစ်သောသူ များသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာ၏။ သူတို့၏ ခေါင်းဆောင်မှာ အနီရောင် မျက်လုံး ပိုင်ရှင် ယောက်ျား တစ်ယောက် ဖြစ်သည်။

ထိုသို့ဖြင့် လျှို့ဝှက် နယ်မြေများသည် တစ်ခုပြီး တစ်ခု ထွက်ပေါ် လာကြသည်။ များစွာသော မိစ္ဆာ၊ နတ်ဘုရား အရှင်သခင်များသည် သူတို့၏ တပ်ဖွဲ့များအား ဦးဆောင်ကာ နေရာ တစ်ခုသို့ ချီတက် ကြ၏။ ထိုနေရာကား ဥရောပ၏ နှလုံးသား ဗာတီကန် မြို့တော်ပင် ဖြစ်လေသည်။

***

"ဟူး ...  ဟူး ... "

ထိုအချိန်၌ ချန်းဖန်သည် သီးသန့် မြို့တော် တစ်ခု၏ အရှေ့တွင် ရပ်တည် နေ၏။

သူသည် ခရစ်ယာန် ဘုရားကျောင်းသို့ သွားသည့် လမ်းတစ်လျှောက်လုံး သတ်ဖြတ် နေခဲ့ခြင်း ဖြစ်ပြီး ဤနေရာမှာ သူ၏ ခရီးဆုံး နေရာ ဖြစ်လေသည်။

"ဒီနေရာကို ကျုပ် ချန်းပေ့ရွှမ်း အလည် လာတယ် ... "

ချန်းဖန်က ဗုံးတစ်လုံး ပေါက်ကွဲသည့် အသံဖြင့် အော်ဟစ် လိုက်သည်။

"ဘုန်း ... "

မြို့တော်ကို ဖြတ်သန်း၍ တောက်ပသော အလင်းများ ထွက်ပေါ်လာ၏။ ထို့နောက် မြို့တော်၏ တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာပြီး သူတော်စင် အုပ်စု တစ်ခု ထွက်ပေါ် လာသည်။

ထိုအုပ်စု၏ ရှေ့ဆုံး၌ ရပ်နေသော ပုဂ္ဂိုလ်ကား ခရစ်ယာန် ဘုရားကျောင်း၏ ပထမ ပုပ်ရဟန်းမင်း သူတော်စင် ပီတာပင် ဖြစ်သည်။

လူတိုင်းသည် ထိုအရာမှာ လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ အကြားမှ နောက်ဆုံး စစ်ပွဲ ဖြစ်ကြောင်း နားလည်ကြ၏။ ထိုစစ်ပွဲ၌ မည်သူက အနိုင်ရ မည်နည်း။

***

All Chapters