← Chapters

မိစ္ဆာနှင့် နတ်ဘုရားများ စုစည်းခြင်း

Vol. 8 Ch. 790

မိစ္ဆာနှင့် နတ်ဘုရားများ စုစည်းခြင်း

Vol. 8 Ch. 790

"အရှေ့တိုင်းရဲ့ ကျင့်ကြံသူ ...  သင် ဘာလို့ ဘုရားသခင်ရဲ့ ပိုင်နက်ကို ရောက်လာတာလဲ"

ပုပ်ရဟန်းမင်း ပီတာက အဆက်မပြတ် ချောင်းဆိုးရင်း  မေးလိုက်သည်။ သူ၏ ပုံစံက သေအံ့မူမူး အဘိုးအို တစ်ယောက် အလား တုန်ချိ နေ၏။

သို့သော်လည်း မည်သူကမျှ သူ့အား အထင် မသေးဝံ့ကြချေ။ သူကား ကမ္ဘာဖျက် အဆင့် အရှင်သခင် ခြောက်ယောက် အနက် တစ်ယောက် ဖြစ်ရာ သူ မည်မျှ အစွမ်းထက်ကြောင်း မည်သူမျှ မသိကြချေ။

"လွန်ခဲ့တဲ့ နှစ်မှာ ငါ့ အဘိုးက ခရစ်ယာန် ဘုရားကျောင်းကို လာပြီး ဩဂတ်စတက်နဲ့ တွေ့ဖို့ ကြိုးစား ခဲ့တယ် ...  ဒါပေမဲ့ မင်းတို့ရဲ့ သူတော်စင်တွေက သူ့ကို ရိုက်နှက်ပြီး ပြန်နှင်ထုတ်ခဲ့တယ် ...  ဒီ အတွက် မင်းတို့ ဖြေရှင်းချက် ပေးရမယ်"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြောလိုက်သည်။ သူကား သူတော်စင် များစွာ၏ ဝန်းရံမှု၌ ကြောက်လန့်ခြင်း မရှိ တည်ငြိမ်နေ၏။

"အရေး မပါတာ ...  ကျုပ်တို့က သူတော်စင် တွေပါ ...  ဘာလို့ သေမျိုး တစ်ယောက်ကို တိုက်ခိုက်ရမှာလဲ.. "

အနက်ရောင် ဝတ်စုံဝတ် လူဖြူ တစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ပြောလိုက်သည်။ သူ၏ ရုပ်ရည်သည် အတော်အတန် ချောမော ခန့်ညား၏။

သူတော်စင် ဩဂတ်စတက် ...

သူကား ခရစ်ယာန် ဘုရားကျောင်း၏ နောက်ဆုံး သူတော်စင် ဖြစ်ကာ သွေးဘိုးဘေးကို ဒဏ်ရာ ရစေခဲ့သူလည်း ဖြစ်၏။

လူများစွာက သူ့အား သေသွားပြီ ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ သူသည် သင်္ချိုင်းတွင် အိပ်စက်နေခဲ့ခြင်းသာ ဖြစ်သည်။ နှစ်ထောင်ပေါင်း များစွာ အကြာ အိပ်စက်ပြီး ပြန်လည် နိုးထလာပြီး နောက်တွင်ပင် သူသည်  မူလ အလယ်ဆင့်တွင် ရှိနေဆဲ ဖြစ်သည်။

"ဟမ့် ... "

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် သွေးချီလှိုင်းများ ထွက်ပေါ် လာသည်။ ထိုလှိုင်းများ၏ ရိုက်ခတ်မှု အောက်၌ ဗာတီကန် မြို့တော်မှာ သမုဒ္ဒရာ အတွင်းမှ လှေတစ်စင်း အလား တုန်ခါလေ၏။

"သွား ... "

ချန်းဖန်က အမိန့်ပေးလိုက်ရာ ရွှေရောင် သွေးချီလှိုင်းများမှာ ကြီးမားသော လက်ဝါး အသွင်သို့ ဖွဲ့စည်းသည်။ ထိုလက်ဝါးကြီးက သူတော်စင် ဩဂတ်စတက်အား အပေါ်မှ အုပ်မိုးကာ ရိုက်ချ၏။

"ရပ်စမ်း ... "

ဒါဇင်ပေါင်း များစွာသော သူတော်စင် များမှာ ထိတ်လန့် သွားကြသည်။

သူတို့သည် ချက်ချင်းပငခ တော်ဝင် အလင်းဓားများ၊ နတ်ဘုရား နည်းစနစ်များနှင့် အပြစ်ပေး မီးတောက်များကို ထုတ်ဖော်ကာ သူတော်စင် ဩဂတ်စတက်အား ကာကွယ် လိုက်ကြသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

သို့သော်လည်း ရွှေရောင် လက်ကြီးက အလုံးစုံကို ဖျက်ဆီးကာ ဆက်လက် ကျဆင်း လေ၏။ ထိုအရာကား ထူးခြား အောင်မြင်ခြင်း အဆင့် ကောင်းကင် ခန္ဓာ၏ အစွမ်းဖြစ်ရာ မည်သူက တားနိုင်မည်နည်း။

"ကယ်ပါ ...  ပုပ်ရဟန်းမင်းကြီး"

ဩဂတ်စတက်က သွေးပျက်စွာ အော်ဟစ် လိုက်သည်။

တစ်ချိန်တည်း၌ သူက တော်ဝင် အလင်းဓားကို ထုတ်၍ လက်ကြီးကို တားဆီးရန် ကြိုးစား၏။ သို့သော်လည်း သူ၏ ဓားမှာ ရွှေရောင်လက်၏ အရှေ့၌ ပုရွက်ဆိတ် ကဲ့သို့ အားနည်းလွန်းသည်။ တစ်ခဏ အတွင်းမှာပင် ထိုဆယ်ပေခန့် ရှည်ချားသော ဓားမှာ ပျက်စီးလေ၏။

"ဟင်း ... "

သူတော်စင် ပီတာက သက်ပြင်း တစ်ချက် ချကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"ဟူး ...  ဟူး ... "

ထိုတစ်လှမ်း အတွင်းတွင်ပင် သူ၏ ပုံစံက အဘိုးအို တစ်ဦးမှ သက်လတ်ပိုင်းလူ အဖြစ် ပြောင်းလဲသည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာ အတွင်းရှိ အရှိန်အဝါမှာလည်း ထိုးတိုက်လာကာ နဂါးအိုကြီး၏ အဆင့်သို့ ရောက်၏။ ထို့နောက် သူက ကောင်းကင်သို့ ကြည့်၍ "တရား စီရင်ခြင်း" ဟု အဓိပ္ပာယ်ရသည့် ရှေးဟောင်း ဟေဗြဲ စကားကို ဆိုသည်။

"ဘုန်း ... "

ရုတ်တရက် ကောင်းကင်၌ တောက်ပသော အလင်း တစ်ခု လင်းလက် လာသည်။ ထိုအလင်းသည် သစ်ပင် တစ်ခု အလား ကောင်းကင်၌ အမြစ်တွယ်ရင်း အဆများစွာ ကြီးမား လာ၏။

"တရားစီရင်ခြင်း ... "

ထိုအရာကား "ဘုရားသခင်၏ ကောင်းကင် မိုးကြိုး" ဟု အမည်ရသော ခရစ်ယာန် ဘုရားကျောင်း၏ နတ်ဘုရား ကျင့်စဉ် တစ်ခု ဖြစိသည်။ ၎င်းသည် အလုံးစုံ ဆိုးယုတ်သော နတ်ဆိုးနှင့် မိစ္ဆာများအား သုတ်သင် နိုင်စွမ်း ရှိ၏။

"ဘုန်း ... "

ဘုရားသခင်၏ ကောင်းကင် မိုးကြိုးသည် မြို့တစ်မြို့ကို ဖျက်ဆီးနိုင်သည့် အင်အားဖြင့် လျှပ်စီးတန်း တစ်ခုကို ပစ်လွှတ်ကာ ရွှေရောင် လက်ကြီးအား ဖျက်ဆီး၏။ သို့သော်လည်း ရွှေရောင် လက်ကြီးမှာ အနည်းငယ် လှုပ်ခါ သွားရုံမှ လွဲ၍ မည်သို့မျှ မဖြစ်ခဲ့ချေ။

"ဘုန်း ... "

ရွှေရောင် လက်ကြီးက ဆက်လက် ကျဆင်းကာ သူတော်စင် ဩဂတ်စတက်အား ၎င်း၏ ဝတ်စုံနှင့် အတူ ဖျက်ဆီး လိုက်၏။ အဆုံး၌ ကြီးမားသော လက်ဝါးရာကြီး တစ်ခုသာ မြေပြင်၌ ကျန်ရစ်သည်။

သူတော်စင် ဩဂတ်စတက်ကား ပထမ တိုက်ခိုက်မှုတွင်ပင် ကျဆုံးသွားခဲ့ပြီ ဖြစ်လေ၏။

"မင်း ...  အရှက်သိက္ခာ မရှိတဲ့ကောင် ... "

များစွာသော သူတော်စင်များက ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

သို့သော်လည်း တစ်ချိန်တည်း၌ သူတို့သည် စိုးထိတ်မှုကို ခံစား နေကြရ၏။ ချန်းပေ့ရွှမ်းကား သူတော်စင် ပီတာ အပါအဝင် များစွာသော သူတော်စင်များ၏ တားဆီးမှုများတွင်ပင် ဩဂတ်စတက်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူ၏ စွမ်းအားမှာ အားလုံးထက် များစွာ ပို၍ မြင့်မား နေကြောင်း ဖော်ပြနေသည်။

"နောက်ထပ် ငါးယောက် ကျန်သေးတယ် ... "

ချန်းဖန်က သူ၏ လက်ချောင်းများကို ထောင်ရင်း ရေတွက်လိုက်၏။

ထိုအရာက ခရစ်ယာန် ဘုရားကျောင်း ဘက်မှ စ၍ စည်းမျဉ်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှု၌ ချန်းဟွိုက်အန်းမှာ သေတော့ မလိုပင် ဖြစ်ခဲ့ရသည်။ ချန်းဖန် အနေဖြင့် ထိုအရာကို ခွင့်မလွှတ်နိုင်ချေ။

"အရှင်ချန်း ...  သင်က အရှေ့တိုင်းရဲ့ အစွမ်း အထက်ဆုံး ပညာရှင် ဖြစ်တယ် ...  ငါတို့ သင့်ကို လေးစားတယ် ...  ဒါပေမဲ့ ဗာတီကန်က ဘုရားသခင်ရဲ့ ပိုက်နက် ...  ငါတို့ အားလုံးကလည်း ဘုရားသခင်ရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတာ ...  သင်က ဘုရားသခင်ရဲ့ ပိုင်နက်ကို ကျူးကျော်ပြီး ဘုရားသခင်ရဲ့ အစေခံ တစ်ယောက်ကို ခုလို သတ်ပစ် လိုက်တယ် ...  သင်က ခရစ်ယာန် ဘုရားကျောင်းကို ထိပါးလို့ ရတဲ့ နေရာ တစ်ခုလို့ ထင်နေတာလား"

သူတော်စင် ပီတာက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"ထင်တယ်ကွာ ...  အဲဒီတော့ ဘာဖြစ်လဲ ...  မင်းတို့ အင်အားလောက်နဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား"

ချန်းဖန်က အေးစက်စွာပင် နှာခေါင်းရှုံ့ လိုက်၏။

ခရစ်ယာန် ဘုရားကျောင်းသည် သူတော်စင် သုံးဆယ်ခန့်ကို ပိုင်ဆိုင်ခဲ့သော်လည်း နဂါးရေကန် တိုက်ပွဲ၌ ဆယ်ယောက်ကျော်ကို ဆုံးရှုံး ခဲ့ရသည်။

ယခုတွင်လည်း သူတော်စင် ဩဂတ်စတက် ကျဆုံးသွားခဲ့ပြန်ပြီ ဖြစ်ရာ သူတို့၌ ရှိသော သူတော်စင် အရေ အတွက်မှာ နှစ်ဆယ်ပင် မပြည့်တော့ချေ။

ထိုမျှ အင်အားလောက်ကို သတ်ဖြတ်ရန်မှာ ချန်းဖန် အတွက် လက်တစ်ဖက်တည်းသာ လိုအပ်၏။

"ငါတို့ကို ချန်မထားနဲ့ဦး ... "

ရုတ်တရက် အဝေးမှ အသံတစ်ခု ထွက်ပေါ် လာသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

တစ်ဆက်တည်းမှာပင် မိုးကြိုး ဗုံသံများ စည်းချက်ကျကျ ပျံ့လွင့်လာ၏။ ရောမ မြို့သူ၊ မြို့သားများသည် ကောင်းကင်သို့ ကြည့်ကြရာ တဖြည်းဖြည်း ဖုံးလွှမ်းလာသော လှိုင်းများကို တွေ့မြင်ကြရသည်။

ပင်လယ်နှင့် သမုဒ္ဒရာ ရေအောက်မှ ရေမိစ္ဆာ စစ်တပ်များကား ရောက်ရှိ လာချေပြီ ဖြစ်လေသည်။

"မလုံလောက်သေးဘူး ... "

ချန်းဖန်က ခေါင်းခါ လိုက်သည်။

"လူသား ...  သင်က သင့်ကိုယ်သင် အထင်ကြီး နေဝာာပဲ ... "

ရေမိစ္ဆာ စစ်တပ်၏ ရှေ့ဆုံး၌ ရပ်တည်နေသော သရဖူဝတ် ရေမိစ္ဆာကြီး တစ်ကောင်က ပြောလိုက်သည်။

သူကား ကမ္ဘာ့ အရှင်သခင် ခြောက်ယောက် အနက် တစ်ယောက် ဖြစ်သည့် သမုဒ္ဒရာ ဧကရာဇ် သို့မဟုတ် ရေမိစ္ဆာသခင် ဂါနာ ပင် ဖြစ်၏။

"ဟဟ ... "

ချန်းဖန်က သူ့အား မတုံ့ပြန်ပဲ အနောက် အရပ်သို့သာ လှမ်းမျှော်ကြည့် လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ထိုအရပ် ကောင်းကင်မှာ ရွှေရောင် အလင်းများဖြင့် ဖုံးလွှမ်း သွား၏။

"ရေမိစ္ဆာတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းက မလုံလောက်သေးရင် ငါတို့ပါ ပါရမှာပေါ့"

ကျယ်လောင်သော အသံက ခန့်ညားစွာ ထွက်ပေါ်လာသည်။

ရွှေရောင် နတ်ဘုရား ဂူအိုနှင့် ရွှေရောင် ဂိုဏ်းမှ စစ်တပ်များကား ရောက်ရှိလာပြန်ပြီ ဖြစ်လေသည်။

"မလုံလောက်သေးဘူး ... "

ချန်းဖန်က ခေါင်းကို နောက်တစ်ကြိမ် ခါလိုက်ပြန်၏။

"ဟမ့် ... "

ရွှေရောင် နတ်ဘုရား ဂူအိုက နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက မတိုက်ခိုက်သေးပဲ ကောင်းကင်တွင် ရပ်ကာ ဆက်လက် စောင့်ဆိုင်းသည်။

"ဟူး ...  ဟူး ... "

မကြာခင်မှာပင် အရပ်မျက်နှာ အသီးသီးက များစွာသော နတ်ဘုရားနှင့် မိစ္ဆာများ ရောက်ရှိ လာကြ၏။

ထိုအထဲ၌ ပါရှား မီးနတ်ဘုရားဂိုဏ်းမှ မီးနတ်ဘုရား၊ အမှောင်ဝံပုလွေ ဂိုဏ်းမှ နတ်ဘုရားများ၊ တောင်အာဖရိကမှ နဂါးများနှင့် မြောက် ဥရောပ ဘီလူးကလန်မှ ဘီလူးများ ပါဝင်၏။ ရောမ မြို့သူ၊ မြို့သားများသည် နတ်ဆိုး လိုက်ဏ်ဂူမှ သားရဲ အချို့ကိုပင် တွေ့ရ၏။

နောက်ဆုံးမှ ရောက်ရှိလာသော အင်အားစုမှာ အီဂျစ်ပြည် သေခြင်း ဘုရားကျောင်း၏ ရှေ့ဖြစ်ဟောသူများ ဖြစ်သည်။ သူတို့သည် ရောမမြို့ တစ်ဝက်ကိုပင် ဖုံးလွှမ်းသည့် သဲမုန်တိုင်းအား စီးနင်းကာ ရောက်ရှိ လာကြခြင်း ဖြစ်၏။

"ရေမိစ္ဆာ ... "

"ရွှေရောင် ဂိုဏ်း ... "

"အမှောင် ဝံပုလွေ ... "

"ဘီလူးကလန် ... "

နောက်ဆုံး၌ မာယာ မျိုးနွယ်စုမှ လွဲ၍ ကမ္ဘာ ပေါ်ရှိ နတ်ဘုရားနှင့် မိစ္ဆာ နှစ်ရာ၊  အရှင်သခင် လေးယောက်မှာ ဗာတီကန် မြို့တော်၏ အပြက်ဘက်၌ စုစည်း မိကြ၏။

"အဲဒါက ... "

ဂြိုဟ်တုမှ တစ်ဆင့် ကြည့်နေသော လူများကား ထိုအင်အားကို ကြည့်ရင်း ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ မဟာ အင်အားကြီး နိုင်ငံများ၏ ခေါင်းဆောင်များပင် ခြေဖျား၊ လက်ဖျားများ အေးစက် ကုန်ကြ၏။

"ဘုန်း ... "

ထို့နောက် ပုပ်ရဟန်းမင်း ပီတာက ခြေဖနှောင့်အား ဆောင့်လိုက်ရာ မြို့တော် တစ်ခုလုံး တုန်ဟီး သွားသည်။ များစွာသော နတ်ဘုရား အလင်းများက မြင့်မြတ် သင်္ချိုင်း နယ်မြေမှ ကောင်းကင်သို့ ထိုးတက် လာကြလေ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

မြေဆီလွှာ၏ အောက်၌ နှစ်ထောင်ပေါင်း များစွာ အိပ်စက်နေသော သူတော်စင်များ၊ တမန်တော်များကား နိုးထလာခဲ့ချေပြီ ဖြစ်လေသည်။

"အဖ ဘုရားသခင် ... "

ကောင်းကင် တစ်ခွင်လုံး၌ သာယာသော နတ်တေးသံများ ပျံ့လွင့် လွှမ်းခြုံ သွား၏။

"  ...  "

ထိုအခိုက်၌ ရောမမြို့တော်၏ လောက တစ်ခွင်ကား အံ့ဩဖွယ် အတိဖြင့် ပြီးလေသည်။

တမန်တော်များသည် ကောင်းကင်တွင် ပျံသန်းကာ ဘီလူးများသည် မြေပြင်ထက်၌ ချီတက်ကြ၏။ နတ်မိစ္ဆာများသည် မီးတောက်များကို မှုတ်ထုတ်၍ တစ်ချိန်တည်း၌ ရေမိစ္ဆာများက မုန်တိုင်းကို သယ်ဆောင်လေ၏။

ရောမ မြို့သူ မြို့သားများကား ဆက်လက် နေရန် မဝံ့ရဲ ကြတော့ရာ မြို့တော် အတွင်းမှ ထွက်ပြေးကြသည်။ သူတို့ကား သာမန် လူများ ဖြစ်ကြရာ နတ်ဘုရား မိစ္ဆာများ၏ တိုက်ပွဲ၌ တန်ဆာခံ မဖြစ်လိုကြချေ။

"ဟူး ...  ဟူး ... "

နတ်မိစ္ဆာ များစွာ၏ ဝန်းရံမှု အလယ်၌ ချန်းဖန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ နှုတ်ခမ်းတွင်မူ ထီမထင် အပြုံး တစ်ခုက တွဲလဲခို နေ၏။

"အဲ့လောက်ဆိုရင်တော့ ငါ့ကို သတ်နိုင်ဖို့ စိတ်ကူးယဉ်လို့ ရပါပြီ"

***

All Chapters