← Chapters

နတ်ဘုရားများကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 791

နတ်ဘုရားများကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 791

ထိုအချိန်၌ ဘီလျံနှင့် ချီသော လူများသည် တိုက်ပွဲအား ဂြိုဟ်တု အင်တာနက်များမှ တစ်ဆင့် ကြည့်နေကြသည်။ ထိုလူများသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်လာသော နတ်မိစ္ဆာ များကို ကြည့်ရင်း အလွန်တရာ ထိတ်လန့် နေခဲ့ကြ၏။

ယခုအချိန်၌ ချန်းဖန်၏ အကူအညီ မဲ့မှုက မုန်တိုင်း အတိုင်းမှ လှေငယ်လေး တစ်စင်းနှင့် မခြားနားတော့ချေ။

"သူ ...  သူ ဘယ်လို လုပ်ပြီး အဲ့လောက် အများကို ရင်ဆိုင်နိုင်မှာလဲ ... "

မရေမတွက်နိုင်သော လူများက အထစ်ထစ် အငေါ့ငေါ့ ရေရွတ် ကြသည်။

"အဲဒီလောက် များတဲ့ နတ်ဘုရားတွေနဲ့ ရင်ဆိုင်ရရင် နျူကလီးယားတောင် လက်နက်တွေတောင် အသုံးဝင်ပါ့ မလား ... "

များစွာသောစစ်ဗိုလ်ချုပ်များနှင့် နိုင်ငံ ခေါင်းဆောင်များပင် ချွေးစေးများ ပြန်နေကြ၏။

"ချန်းပေ့ရွှမ်း နိုင်ပါ့မလား ... "

ထိုမေးခွန်း၏ အဖြေကို မည်သူမျှ မသိကြချေ။ ချန်းဖန်အား ယုံကြည်သူများ ပင်လျှင် သံသယ ဖြစ်နေကြ၏။

***

ကျင်းမြို့တော်၊ မြောက်ပိုင်းချုံး နန်းတော် အတွင်း၌ ...

ဝမ်ရှောက်ယွင်၊ ဖန့်ချုံးနှင့် အခြား လူများသည် စိတ်ပူစွာဖြင့် ကွန်ပြူတာ စခရင်ကို စူးစိုက် ကြည့်နေကြသည်။

"ငါ ဆရာ့ကို သွားကူမယ် ... "

အားရှို့က ထိုင်ရာမှ ထရင်း နန်းတော် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

"မသွားနဲ့ ...  အဲဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ ...  ရှောင်ဖန် လုပ်နိုင်မှာပါ"

ချန်းဟွိုက်အန်းက တားလိုက်သည်။

"စိတ်မပူနဲ့ ...  ဆရာက ဘယ်တုန်းက မပိုင်တာကို လုပ်ဖူးလို့လဲ ...  သူ့မှာ ဝှက်ဖဲတွေ ရှိမှာပါ"

ဟွာရန်ဖန်းကလည်း ပြောလိုက်၏။ သူသည် ချန်းဖန်၏ မှတ်ဉာဏ် အပိုင်းအစ အချို့ကို တွေ့မြင်ဖူးရာ အခြား လူများလောက် စိတ်ပူ မနေချေ။

"ကျွန်မ ... "

အားရှို့က တစ်ခုခု ပြောရန် ဟန်ပြင် လိုက်သော်လည်း အဆုံး၌ သက်ပြင်းချကာ ပြန်လည် ထိုင်လိုက်၏။

***

တစ်ချိန်တည်း၌ ချန်းဖန်နှင့် နတ်မိစ္ဆာများ၏ တိုက်ပွဲမှာလည်း စတင်ချေတော့မည် ဖြစ်သည်။

"ဘုန်း ... "

မီတာ နှစ်ဆယ်ခန့် မြင့်မားသော နတ်မိစ္ဆာကြီးက ရှေ့သို့ တစ်လှမ်းတိုးကာ ဆိုလိုက်၏။

"ချန်းပေ့ရွှမ်း ...  မင်း ငါတို့ဆီမှာ အညံ့ခံပြီး လျှို့ဝှက် နယ်မြေတွေကို မကျူးကျော်တော့ဘူးလို့ သတိပေးရင် ငါတို့ မင်းကို လွှတ်ပေးမယ်"

ထိုနတ်မိစ္ဆာမှာ လင်းယုန် ဦးခေါင်းနှင့် လူသား ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အတောင်ပံ များသည် မီတာ လေးဆယ်ခန့် ရှည်လျားကာ ရွှေအတိဖြင့် ပြီး၏။ ထိုနတ်မိစ္ဆာကား ရွှေရောင် နတ်ဘုရား ဂူအိုပင် ဖြစ်သည်။

"ဘာမှ ဆွေးနွေး မနေနဲ့ ...  သတ်သာ ပစ်လိုက်ကွာ"

ရေမိစ္ဆာ သခင် ဂါနာက စိတ်မရှည်စွာ အော်ဟစ် လိုက်သည်။ ၎င်းသည် ရွှေရောင် သရဖူကို ဆောင်းထား၏။ ရေဝိညာဉ်ချီများက သူ၏ ခန္ဓာ တစ်ဝိုက် ဖြာထွက် နေသည်။

"ဟုတ်တယ် ...  သတ် ... "

နဂါးမိစ္ဆာ ဒါဟာကာကလည်း ရေမိစ္ဆာ သခင် ဂါနာအား ထောက်ခံလိုက်၏။

၎င်းသည် စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု အနက် တစ်ခု ဖြစ်သည့် "နဂါးမိစ္ဆာ တောင်ကြား" ၏  အရှင်သခင် ဖြစ်ကာ ခေါင်းသုံးလုံးကို ပိုင်ဆိုင် ထား၏။ သူသည်လည်း ကမ္ဘာ့ အရှင်သခင် ခြောက်ယောက် အနက်မှ တစ်ယောက် ဖြစ်သည်။

"အရှေ့တိုင်းရဲ့ ကျင့်ကြံသူ ...  သင် စစ်နဲ့ ငြိမ်းချမ်းရေး ဘာကို ရွေးမလဲ ...  ငါကတော့ ကမ္ဘာကို သွေးလွှမ်းတာ မမြင်ချင်ဘူး"

သူတော်စင် ပီတာက သက်ပြင်းချရင်း ပြောလိုက်သည်။

"ကောင်းပြီလေ ...  ဒါဆို မင်းတို့တွေ လူသား မျိုးနွယ်ကို ဘယ်တော့မှ မစော်ကားပါဘူးလို့ ကျိန်ဆိုလိုက် ...  ငါ မင်းတို့ အသက်တွေကို ချမ်းသာပေးမယ်"

ချန်းဖန်က လက်နှစ်ဖက် နောက်ပစ် ထားရင်းပင် ပြောလိုက်၏။ သူ၏ ပုံစံက မောက်မာခြင်း အလုံးစုံနှင့် ပြည့်နှက် နေသည်။

"ရဲတင်းလိုက်တာ ... "

"သောက်ရူးကောင် ...  မင်းက ဘာမလို့ လဲ"

"သေချင်နေတာလား ... "

များစွာသော နတ်မိစ္ဆာများမှာ ဒေါသတကြီး အော်ဟစ် လိုက်ကြ၏။

"ဟမ့် ...  မင်း သေပြီးတဲ့ နောက်ရော ဆက်ပြီး ခေါင်းမာ နေဦးမလား ကြည့်ရသေးတာပေါ့ ...  ဘိုးဘေးနဂါးကို နိုင်ယုံနဲ့ ငါတို့က မင်းကို ကြောက်မယ် ထင်နေတာလား"

ရေမိစ္ဆာ သခင် ဂါနာက နှာခေါင်းရှုံ့ လိုက်၏။

"ငါ အရင် စမ်းကြည့်လိုက်မယ် ... "

ရွှေရောင် နတ်ဘုရား ဂူအိုက ပြောရင်း ရှေ့သို့ တက်လာသည်။

ထိုနတ်မိစ္ဆာသည် ချန်းဖန်အား အနိုင် မယူနိုင်မှန်း သိသည့်တိုင် ကြောက်ရွံ့ခြင်း မရှိချေ။

ရွှေရောင် နတ်ဘုရား အနေဖြင့် ၎င်းသည် ကမ္ဘာပေါ်၌ အမြန်ဆုံး နတ်မိစ္ဆာ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည် ချန်းဖန်၏ တိုက်ခိုက်မှုများမှ ရှောင်တိမ်း နိုင်ရန် ယုံကြည်ချက် ရှိ၏။

"ဝှစ် ... "

ဂူအိုက အတောင် နှစ်ဖက်ကို ဖြန့်ရင်း ရွှေရောင် အလင်းတန်း အသွင်ဖြင့် ကောင်းကင်သို့ ပျံတက်၏။ ထို့နောက် ၎င်းက ချန်းဖန်၏ အနားသို့ အသံ၏ ဆယ်ဆနှုန်းဖြင့် ပျံသန်း လေသည်။

ဂူအို၏ တိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်လွန်းသည်။ သာမန် လူများ ဆိုလျှင် မြင်ပင် မမြင် လိုက်ရချေ။

စွမ်းအားအရ ဆိုရလျှင် ဂူအိုသည် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၊ တိမ်ကောင်းကင် အဘိုးအို တို့ထက်ပင် ပိုမိုကာ နဂါးအိုကြီး နီးပါး အထိ အစွမ်းထက်၏။

"ဘုန်း ... "

သို့သော်လည်း ထိုမျှ အစွမ်းထက်သည့် ဂူအို၏ တိုက်ခိုက်မှုကို ချန်းဖန်က လက်သီး တစ်လုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

"ဘုန်း ... "

ခဏ အတွင်းမှာပင် လေထုသည် ရွှေရောင် သွေးချီဖြင့် ပြည့်နှက်ကာ ရွှေရောင် လက်သီးက ကောင်းကင်အား ဖျက်ဆီး၏။

"ဘုန်း ... "

ရွှေရောင် စွမ်းအင် နှစ်ခု ထိပ်တိုက် တွေ့ရာ ဆူညံသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ် လာသည်။

"ဘုန်း ... "

ထိုပေါက်ကွဲမှု၏ အဆုံး၌ ဂူအို၏ ခန္ဓာမှာ နောက်သို့ လွင့်ပျံသွား၏။

ပထမ တိုက်ခိုက်မှုတွင်ပင် သူ၏ အရိုးများမှာ ကွဲအက်သွားပြီ ဖြစ်ပြီး သူ၏ ခန္ဓာမှ ရွှေရောင် သွေးများကလည်း မြေပြင်သို့ တစက်စက် ကျလေ၏။

ဂူအိုအား လက်သီး တစ်ချက်တည်းဖြင့် အနိုင်ယူခြင်း ...  ထိုအရာကား လွန်ကဲ လွန်းလှသည်။

"ပုရွက်ဆိတ်လို ကောင် ...  မင်းက ငါ့ကို စော်ကားရဲတယ် ...  သေစမ်း"

ချန်းဖန်က တစ်လှမ်း လှမ်းကာ ဂူအို၏ ဦးခေါင်း အထက် ကောင်းကင်သို့ ပျံတက် လိုက်၏။ ထို့နောက် သူက ခြေထောက်အား မြှောက်ကာ နင်းချလိုက်သည်။

ရွှေအမြုတေ ခန္ဓာ ပိုင်ဆိုင်ထားသည့် နဂါးအိုကြီးနှင့် နှိုင်းယှဉ်ပါက ဂူအိုမှာ အလွန် အားနည်းသည်။ သို့ဖြစ်ရာ ၎င်းသည် ချန်းဖန်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

အကယ်၍ ချန်းဖန်၏ ခြေထောက်သာ သူ့အား ထိပါက ထိုတိုက်ခိုက်မှု တွင်ပင် သူ၏ ခန္ဓာမှာ နတ်ဘုရား စိတ်ဝိညာဉ်နှင့် အတူ ပျက်စီးရလိမ့်မည် ဖြစ်သည်။

"မလုပ်ပါနဲ့ ... "

ဂူအိုမှာ အလွန်တရာ ထိတ်လန့် သွား၏။

ထိုသို့သော သေခြင်း၊ ရှင်ခြင်း အခိုက်အတန့် မျိုး၌ သူသည် မည်သည့် အရာကိုမျှ ထိန်ချန် မနေရဲတော့ချေ။

"ဝှစ် ... "

ဂူအို၏ ခန္ဓာကိုယ်ကို ဖုံးအုပ်၍ ရွှေရောင် ဝတ်စုံ တစ်ခု ပေါ်လာ၏။

ထိုဝတ်စုံသည် အိုဟောင်းကာ ဒဏ်ရာ ဒဏ်ချက် များဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အပေါ်၌ နှစ်ထောင်ချီ ဖြတ်သန်းလာသော သွေးများ ရှိပြီး ထိုသွေးများက အစစ်အမှန် နတ်ဘုရား ပိုင်ဆိုင်ခဲ့သော အရာ ဖြစ်၏။ ထိုအရာကား ရွှေရောင်ဂိုဏ်း၏ ဝိညာဉ် ရတနာ အဆင့် နတ်ဘုရား ဝတ်စုံပင် ဖြစ်သည်။

"ဘုန်း ... "

နတ်ဘုရားဝတ်စုံ ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် စွမ်းအားက ကောင်းကင် တစ်ခွင် ပျံ့နှံ့သွား၏။ ထိုအရာကား နျူကလီးယား လက်နက် အသေးစား၏ တိုက်ခိုက်မှုကို တိုက်ခိုက်နိုင်စွမ်း ရှိပုံ ရသည်။

"ဘုန်း ... "

သို့သော်လည်း ကံဆိုးစွာပင် ချန်းဖန်၏ တိုက်ခိုက်မှုသည် နျူကလီးယား ထက်ပင် အစွမ်းထက်၏။ သူ၏ ခြေထောက်သည် ပြင်းထန်သော အရှိန်ကို သယ်ဆောင်ရင်း နတ်ဘုရား ဝတ်စုံနှင့် အတူ ဂူအိုအား မြေပြင်ပေါ် ဆောင့်နင်းချလိုက်သည်။

"ဘုန်း ... "

မြေပြင်၌ မီတာ ရာပေါင်းများစွာ နက်သော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ရောမမြို့ တစ်ခုလုံးကား ငလျင် လှုပ်သကဲ့သို့ လှုပ်ခါကာ အဆောက်အဦတိုင်းရှိ မှန်များမှာ ကွဲကြေ ကုန်သည်။

ရောမမြို့ အတွင်း၌ ရှိနေသေးသော မြို့သူ၊ မြို့သားများမှာ ဆက်လက် နေရန် မဝံ့ရဲကြတော့ရာ မြို့အပြင်သို့ အရူးများ အလား ထွက်ပြေး ကြကုန်လေ၏။

"ဘုန်း ... "

သိပ်မကြာခင်မှာပင် ရွှေရောင် နတ်ဘုရားသည် တွင်းနက်ကြီး အတွင်းမှ ပျံသန်း ထွက်ပေါ်လာသည်။

ထိုအချိန်၌ ၎င်း၏ ခန္ဓာ တစ်ခုလုံးသည် ယိုယွင်းကာ ရွှေရောင် သွေးများဖြင့် လိမ်းကြံနေသည်။ သူ၏ ရင်ဘတ် တစ်ဝိုက်ရှိ ရွှေရောင် ဝတ်စုံတွင်မူ ခြေထောက်ရာ တစ်ခု ဖြစ်ပေါ် နေ၏။

"အရမ်း အစွမ်းထက် လွန်းတယ် ...  ချန်းပေ့ရွှမ်းက ဘာလို့ အဲ့လောက်တောင် အစွမ်းထက် နေရတာလဲ"

များစွာသော နတ်မိစ္ဆာများမှာ ကြောက်လန့် သွားကြသည်။

ချန်းဖန်၏ သာမန် တိုက်ခိုက်မှုလေး တစ်ခုက ကမ္ဘာ့ အရှင်သခင် ခြောက်ယောက် အနက် တစ်ယောက် ဖြစ်သော ဂူအိုကိုပင် သတ်နိုင်လု နီးပါး အထိ ဖြစ်ခဲ့ရသည်။ နတ်မိစ္ဆာများသည် ချန်းဖန်အား တစ်ကြိမ်မျှ အထင် မသေးခဲ့ကြသော်လည်း ထိုမျှ အစွမ်းမည်ဟု မထင်မှတ်ခဲ့သည်က အမှန်ပင် ဖြစ်သည်။

"တိုက်ခိုက်ကြဟေ့ ...  ဘုရင်ကြီး အသတ်ခံ ရတော့မယ်"

ရွှေရောင်ဂိုဏ်းမှ နတ်မိစ္ဆာများက အော်ဟစ်ကာ ချန်းဖန်ထံသို့ ပြေးဝင် လာကြ၏။

"အားလုံး ဝိုင်းသတ်ကြမယ်ဟေ့ ... "

နဂါးမိစ္ဆာ ဒါဟာကာကလည်း အော်ဟစ် လိုက်သည်။

တစ်ချိန်တည်း၌ ၎င်း၏ ခေါင်းသုံးလုံးမှ မတူ ခြားနားသော မီးတောင်များကို မှုတ်ထုတ်၏။ တစ်ခဏ အတွင်းမှာပင် ကောင်းကင် တစ်ခွင်မှာ မီးပင်လယ်နှင့် ပြီးလေသည်။

"ဝှစ် ...  ဝှစ် ...  ဝှစ် ... "

မရေ မတွက်နိုင်သော နတ်မိစ္ဆာများကလည်း ၎င်း၏ အမိန့်ကို နာခံကာ ချန်းဖန်ထံသို့ တိုးဝင် လာကြသည်။

"ဘုန်း ...  ဘုန်း ... ဘုန်း ... "

အဆုံး၌ စစ်ဗုံသံများကလည်း မြေကြီးနှင့် ကောင်းကင် အကြား လေထုကို ဗဟိုပြု၍ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့၏။ ရေမိစ္ဆာ သခင်၏ ဦးဆောင်မှုတွင် မရေမတွက်နိုင်သော ရေမိစ္ဆာ များမှာလည်း တိုက်ပွဲ အတွင်း ဝင်ရောက် လာကြပြီ ဖြစ်လေသည်။

ကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် နောက်ဆုံး စစ်ပွဲကား စတင်လေပြီ ဖြစ်တော့၏။

***

All Chapters