← Chapters

အရာရာကို ဖျက်ဆီးခြင်း

Vol. 8 Ch. 792

အရာရာကို ဖျက်ဆီးခြင်း

Vol. 8 Ch. 792

"ဘုန်း ...  ဘုန်း ... "

ရွှေရောင်ဂိုဏ်း၏ နတ်ဘုရားများသည် ရှေ့ဆုံးမှ ချီတက် လာကြသည်။

ရွှေရောင် အလင်းများသည် သူတို့၏ ခန္ဓာ တစ်ဝိုက်တွင် ပြန့်ကျဲနေကာ ထိုအလင်းများက ကောင်းကင်ကို တိုက်စား၍ မြေပြင်ကို အက်ကွဲစေ၏။

မူလ အဆင့် သုံးဆယ်၏ စုပေါင်း တိုက်ခိုက်မှု ...

ထိုသို့သော အင်အားကား ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သည် အထိ အစွမ်း ထက်၏။

"ဘုန်း ... "

ချန်းဖန်က မည်သည့် အရာကိုမျှ သိုဝှက် မနေတော့ပဲ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော် လိုက်သည်။

"ဘုန်း ... "

နျူကလီးယားဗုံး တစ်ထောင် ပေါက်ကွဲ သကဲ့သို့ ရွှေရောင်ချီက ကောင်းကင်တွင် ဖြန့်ကြက် လာသည်။ ထိုချီမှာ ချန်းဖန်၏ ခန္ဓာမှ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်၌ ချန်းဖန်၏ ပုံစံက အာကာသ စစ်သင်္ဘော တစ်စင်းနှင့်ပင် တူနေ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ချန်းဖန်သည် ရွှေရောင်ဂိုဏ်းမှ နတ်မိစ္ဆာများထံ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ တစ်ချိန်တည်း၌ သူသည် ထိုနတ်မိစ္ဆာများ၏ တိုက်ခိုက်မှု အလုံးစုံ လျစ်လျူကာ သူ၏ ခန္ဓာပေါ်သို့ ကျဆင်း စေ၏။

"ဘုန်း ... "

ချန်းဖန်သည် လက်ကို ဆန့်ထုတ်ကာ လူသား ခန္ဓာနှင့် နွားခွာများ ရှိသော နတ်မိစ္ဆာအား ဖျစ်ညှစ်လိုက်၏။ ချန်းဖန်၏ လက်၌ ထို နတ်မိစ္ဆာမှာ ကြက်ဥ တစ်လုံး အလား ပေါက်ကွဲ၍ ရွှေရောင် သွေးမှုန်များ ဖြစ်သွားသည်။

"သတ် ... "

သူတို့လူ တစ်ယောက် ကျဆုံး သွားသည်ကို မြင်သည်နှင့် ရွှေရောင်ဂိုဏ်းမှ လူများမှ ပိုမို သွေးဆူ လာကြသည်။ သူတို့သည် စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင်၍ ချန်းဖန်အား ကြမ်းတမ်းစွာ တိုက်ခိုက်ကြတော့၏။

"ဟမ့် ... "

သို့သော်လည်း ချန်းဖန်ကမူ တည်ငြိမ်လျက်ပင် ရှိသေးသည်။ သူသည် ရွှေရောင် ဂိုဏ်း နတ်မိစ္ဆာများ အကြား၌ ပျံသန်းရင်း တိကျစွာ တိုက်ခိုက်၏။

သူ၏ လက်သီးချက်၊ ကန်ချက်၊ ခုတ်ပိုင်းချက် တစ်ခုစီတိုင်းသည် ရန်သူ တစ်ယောက်ချင်း အသက်ကို ယူ၏။ ချန်းဖန် တိုက်ခိုက်မှု ဆယ်ခုကို ထုတ်ဖော်ပြီးချိန်၌ ရွှေရောင်ဂိုဏ်းမှ နတ်မိစ္ဆာ ဆယ်ယောက်မှာလည်း ကျဆုံး သွားခဲ့ရ ချေပြီ ဖြစ်သည်။

"သူက ... "

နတ်မိစ္ဆာများကား အလွန်တရာ ထိတ်လန့် နေခဲ့ပြီ ဖြစ်လေသည်။

သူတို့သည် သေရမည်ကို မကြောက်ကြ သည့်တိုင် ချန်းဖန်က သူတို့အား သေခြင်းထက် ပိုသော စိုးရိမ်ခြင်းအား ပေး၏။ သူတို့သည် ကမ္ဘာ၌ နှစ်ရာထောင် ချီ၍ စိုးမိုးလာခဲ့သည့်တိုင် ချန်းဖန်ကဲ့သို့ ကြောက်စရာ ကောင်းသော လူများအား မတွေ့ခဲ့ဖူးချေ။

"ငါလာပြီ ... "

ဒါဟာကာက ချန်းဖန်ထံသို့ ပြေးဝင် လာ၏။

"ဘုန်း ... "

တစ်ချိန်တည်း၌ သူ၏ ခေါင်းသုံးလုံးက အနီ၊ အစိမ်းနှင့် မီးခိုး ဟူသော မီးတောက် သုံးခုကို မှုတ်ထုတ်သည်။

ထိုမီးတောက် တစ်ခုချင်းစီသည် ခြားနားသော စွမ်းအားများကို သယ်ဆောင်ထား၏။

အနီရောင် နေမီးတောက်သည် ကမ္ဘာအား လောင်ကျွမ်းနိုင်ပြီး အစိမ်းရောင် အဆိပ် မီးတောက်သည် ဇီဝ အဆိပ် တစ်သောင်းဖြင့် ဖွဲ့စည်းထား၏။ မီးခိုးရောင် မီးတောက်မှာမူ လူတိုင်း၏ အသက်ကို ယူဆောင် နိုင်သည့် သေခြင်း နတ်ဘုရားထံမှ ဆင်းသက်လာသော အရာ ဖြစ်၏။

ထိုသို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင် ရပါက အစစ်အမှန် နတ်ဘုရား အဆင့် အောက်မှ မည်သူမဆို ခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခု စလုံး ပျက်သုဉ်း ရပေလိမ့်မည် ဖြစ်လေသည်။

သို့သော်လည်း ချန်းဖန်ကမူ နေရာတွင်ပင် ရပ်ကာ သူ့ဆီ တိုးဝင်လာသော ထိုတိုက်ခိုက်မှုအား ကြည့်နေခဲ့၏။ သူ့အား ကြည့်ရသည်က ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းမည့်ပုံ မပေါ်ချေ။

"ဟူး ...  ဟူး ...  ဟူး ... "

မီးတောက် သုံးခုသည် အနားသို့ ရောက်သည်နှင့် တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတစ်ခု ဖြာထွက်လာ၏။ ထိုအလင်းက မည်သည့် အရာမျှ ထွင်းဖောက်နိုင်ခြင်း မရှိသည့် စိန်၏ မာကျောခြင်းမျိုးဖြင့် မီးတောက် သုံးခုကို တားဆီးလိုက်သည်။

"အစစ်အမှန် နတ်ဘုရား ...  မင်းက အစစ် အမှန် နတ်ဘုရား ... "

ထိုမြင်ကွင်းကို ကြည့်ရင်း ဒါဟာကာမှာ အလန့်တကြား အော်ဟစ် လိုက်သည်။ သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုက ရောက်ရှိ လာ၏။

"ဘုန်း ... "

ဒါဟာကာ၏ ခေါင်းတစ်လုံးမှာ ပေါက်ကွဲ သွားသည်။

"အား ... "

ဒါဟာကာမှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်လေ၏။

"သတ် ...  သတ် ...  သတ် ... "

ထိုအချိန်မှာပင် ခရစ်ယာန် ဘုရားကျောင်း၏ တမန်တော်များနှင့် အရှင်သခင်များမှာ တစ်ယောက်ပြီး တစ်ယောက် ချန်းဖန်ထံ ပြေးဝင် လာကြသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ပထမဆုံး ဝင်လာသူများကား နတ်ဘုရား အလင်းများ တောက်ပနေသည့် သူတော်စင်များ ဖြစ်သည်။ သူတို့သည် မြင်းကို စီးကာ လှံတံများကို ဆွဲကိုင် ထားကြ၏။

"လာစမ်း ... "

ချန်းဖန်က ထိုသူတော်စင်များ ထံသို့ မျက်နှာချင်း  ဆိုင်ကာ ပြေးဝင် သွားသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် တစ်ခုချင်းစီက သတ်ဖြတ်စက် တစ်ခု အလား ဇယ်ဆက်သလို လှုပ်ရှား၏။

"အား ... "

တစ်ခဏ အတွင်းမှာပင် ခရစ်ယာန် ဘုရားကျောင်းမှ သူတော်စင် ငါးယောက် ကျဆုံးသွားသည်။

"နောက်တစ်ကြိမ် ... "

ချန်းဖန်၏ အမူအရာက ပိုမို တက်ကြွ လာသည်။

"ဘုန်း ... "

သူသည် ကောင်းကင်သို့ ထိုးတက်ကာ သူ၏ လက်သီးချီကလည်း နဂါးတစ်ကောင် အလား ပျံသန်း၏။

ထို့နောက် သူက ကောင်းကင် တမန်တော် တစ်ယောက်ဆီသို့ ပျံသန်းက ခန္ဓာအား နှစ်ပိုင်း ခွဲဖျက် ပစ်လိုက်သည်။ ထို တမန်တော်၏ သွေးစက်များသည် မြေသို့ ကျရာ နတ်တေးသံ ဂီတများ အဖြစ် ထွက်ပေါ်လာ၏။

အလင်း မျိုးနွယ်ဝင်များသည် စကြဝဠာ အတွင်း၌ ထင်ရှား၏။ သူတို့၏ မျိုးဆက် တစ်ယောက်ချင်း စီမှာလည်း အလွန် ပါရမီ ပါကြသည်။ ခရစ်ယာန် ဘုရားကျောင်းတွင် ကောင်းကင် တမန်တော် ရှစ်ယောက် ရှိကာ သူတို့ တစ်ယောက်ချင်းစီက မူလ အလယ်ဆင့်များ ကဲ့သို့ အစွမ်းထက် ကြသည်။ သို့သော်လည်း ကံဆိုးစွာပင် သူတို့ကား ချန်းဖန်၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်စွမ်း မရှိကြချေ။

"သတ်ကြ ... "

ယခုတစ်ကြိမ်တွင်မူ သူတော်စင် ပီတာပင်လျှင် မတည်ငြိမ် နိုင်တော့ချေ။

"ဘုန်း ... "

မရေ မတွက်နိုင်သော နတ်မိစ္ဆာများ၊ သူတော်စင်များ၊ ကောင်းကင် တမန်တော် များသည် ချန်းဖန်အား အရပ်မျက်နှာ ပေါင်းစုံမှ ဝန်းရံ လိုက်ကြသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

တစ်ချိန်တည်း၌ များစွာသော ဓားအလင်းများ၊ နတ်ဘုရား စွမ်းအားများက ချန်းဖန်အား ထိုးချိန်ကြ၏။ ထိုအခိုက်၌ ရောမမြို့၏ ကောင်းကင်ကား အဆင့် ဆယ့်ခြောက် လေမုန်တိုင်း တစ်ခု ဖွဲ့စည်း နေသလိုပင် ထင်ရသည်။

"ဟူး ...  ဟူး ...  ဟူး ... "

ချန်းဖန်သည် လေမုန်တိုင်း၏ အလယ်၌ တည်ငြိမ်စွာပင် ရပ်နေသည်။

သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင်မူ အရာရာကို ဝါးမျိုနိုင်သော ပင်လယ်ကဲ့သို့ စွမ်းအား တစ်ခုက ဖြစ်ပေါ်နေ၏။ ထိုစွမ်းအား၏ အတွင်း၌ ရွှေရောင်သွေးချီဖြင့် ဖွဲ့စည်းထားသော မီးတောက် တစ်ခုက တောက်လောင်နေကာ သူ့အား အန္တရာယ်များမှ ကာကွယ်ပေးသည်။

ထိုအရာကား ထူးခြား အောင်မြင်ခြင်း အဆင့် ကောင်းကင် ခန္ဓာ၏ စွမ်းအား ဖြစ်၏။ ထိုစွမ်းအားကြောင့် သာလျှင် ကောင်းကင် တန်ခိုးရှင်နှင့် အစစ်အမှန် နတ်ဘုရားများသည် မူလ အဆင့်များကို မကြောက်ပဲ ထင်ရာစိုင်းဝံ့ခြင်း ဖြစ်သည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

သူတော်စင် ပီတာ၊ ဒါဟာကာနှင့် ဂူအိုတို့သည် တစ်ပြိုင်နက်တည်း ရှေ့သို့ ပျံသန်း တက်လာကြသည်။

"ကလန့် ... "

သူတော်စင် ပီတာသည် တော်ဝင် အလင်းဖြင့် တောက်ပနေသည့် လှံရှည် တစ်ခုကို ကိုင်ဆောင်ထား၏။

တမ်းတမှု လှံရှည် ...

ပြောစကားများ အရ ဆိုလျှင် ထိုလှံရှည်သည် အစစ်အမှန် နတ်ဘုရား၏ သွေးဖြင့် စွန်းထင်းနေသည် ဟူ၏။

ဒါဟာကာကလည်း မီးတောက် သုံးခု တောက်ပနေသည့် မီးဒိုင်း တစ်ခုကို ထုတ်ယူ လိုက်သည်။ ထိုအရာကား ရှေးဟောင်း ပါရှား ဂိုဏ်းမှ ရတနာ တစ်ခု ဖြစ်ပြီး "အဟူရာ ဒိုင်း" ဟု အမည်ရ၏။

ထိုအရှင်သခင် နှစ်ယောက်အား နတ်ဘုရား ဝတ်စုံ ဝင်ဆင်ထားသည့် ဂူအိုက ပူးပေါင်းသည်။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ထို့နောက် သူတို့ သုံးယောက်သည် ရတနာ လက်နက်များ၏ စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်၍ ချန်းဖန်ထံသို့ တိုးဝင်ကာ တိုက်ခိုက် လိုက်ကြ၏။

ချန်းဖန်က ဂရု မစိုက်စွာပင် လက်သီး သုံးချက်ကို ပစ်လွှတ် လိုက်သည်။

ပထမ တိုက်ခိုက်မှု ...

ချန်းဖန်သည် "တမ်းတမှု လှံရှည်" ကို ကျော်ဖြတ်ကာ သူတော်စင် ပီတာအား လွင့်စဉ် သွားစေ၏။

ဒုတိယ တိုက်ခိုက်မှု ...

ချန်းဖန်သည် မီးဒိုင်းကို ဖျက်ဆီးကာ ဒါဟာကာ၏ ဒုတိယ ဦးခေါင်းကို ဖြတ်တောက် ပစ်လိုက်၏။

တတိယ တိုက်ခိုက်မှု ...

ချန်းဖန်သည် နတ်ဘုရား ဝတ်စုံကို အက်ကွဲစေကာ ဂူအို၏ ခန္ဓာ တစ်ဝက်ကို ဖျက်ဆီး ပစ်လိုက်၏။

"  ...  "

လူတိုင်းသည် ဆွံ့အ သွားကြသည်။ နတ်မိစ္ဆာများ ပင်လျှင် တုန်ရီ သွားကြ၏။

"ဘုန်း ... "

သို့သော်လည်း ချန်းဖန်ကမူ ရပ်တန့်ခြင်း မရှိပဲ ရေမိစ္ဆာ စစ်တပ်ထံသို့ လှံရှည် တစ်ခု အလား တိုးဝင်သည်။

"အစီအရင် ... "

ရေမိစ္ဆာ သခင်က ဂါနာက အော်ဟစ် လိုက်သည်။

ထောင်ချီသော ရေမိစ္ဆာများသည် သူတို့၏ စွမ်းအင်ကို အဆင့် လွှဲပြောင်း၍ ခေါင်းဆောင်များထံ ပို့လွှတ်ကြ၏။

"ဘုန်း ... "

လင်းလက်သော အရောင်အဝါများနှင့် အတူ ကောင်းကင်၌ သရဖူ ဆောင်းထားသည့် ကြီးမားသော ပင်လယ် နတ်ဘုရားကြီး တစ်ပါး ပေါ်ထွက်လာသည်။

ထိုပင်လယ် နတ်ဘုရားကြီးသည် လူသား ခန္ဓာနှင့် မြွေ၏ အမြီးကို ပိုင်ဆိုင်ထား၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်မူ အစိမ်းရောင် အကြေးခွံများက ပြည့်နှက် နေသည်။ ထိုပင်လယ် နတ်ဘုရား၏ ပုံစံက ရေမိစ္ဆာ သခင် ဂါနာနှင့် တူသော်လည်း ပိုမိုကာ ရှေးကျ၍ အစွမ်းထက်၏။

ထိုအရာကား ရှေးဟောင်းခေတ် များမှ ဒဏ္ဍာရီလာ ပင်လယ် နတ်ဘုရား ပိုဆိုက်တွန်ပင် ဖြစ်သည်။

"ဘုန်း ... "

ပင်လယ်နတ်ဘုရား ပိုဆိုက်တွန်က ထောင်ပေါင်း များစွာသော ရေမိစ္ဆာများ၏ စွမ်အားကို သယ်ဆောင်ကာ ချန်းဖန်အား တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုကား ရွှေအမြုတေ အဆင့်၏ စွမ်းအားနှင့်ပင် နှိုင်းယှဉ် နိုင်၏။

သို့သော်လည်း ချန်းဖန်က ရှောင်တိမ်းခြင်း အလျင်း မရှိပဲ လက်သီးဖြင့်သာ ထိုးနှက် တိုက်ခိုက် လိုက်သည်။

"ဘုန်း ... "

တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက်တွေ့ရာ ကောင်းကင် တစ်ခွင်လုံး၌ အလင်း ထောင်သောင်း များစွာ တောက်ပ သွား၏။

"  ...  "

ရုတ်တရက် ကမ္ဘာ တစ်ခုလုံး ဆိတ်ငြိမ် သွားသည်။

လူတိုင်းသည် ဆွံ့အ နေကြ၏။ ထိုတိုက်ခိုက်မှုကား နျူကလီးယား ပေါက်ကွဲမှု ထက်ပင် ပြင်းထန်လွန်းသည်။

"ဘယ်သူ နိုင်သွားလဲ ... "

အားလုံးက ရင်တထိတ်ထိတ်ဖြင့် ကောင်းကင်ရှိ အလင်းများထံ ငေးမော ကြည့်နေမိသည်။

ရေမိစ္ဆာ ထောင်ချီ စုပေါင်းထားသော အင်အားမှာ ကောင်းကင် တန်ခိုးရှင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အခြား တစ်ဖက်၌ ချန်းပေ့ရွှမ်းမှာလည်း လျှော့တွက်၍ မရသောသူ ဖြစ်၏။ တိုက်ပွဲ၏ အောင်နိုင်သူကို မည်သူမျှ မခန့်မှန်း နိုင်ကြချေ။

"ဟူး ...  ဟူး ... "

အလင်းများ တဖြည်းဖြည်း ကြဲပြန့် သွားချိန်၌ ကောင်းကင်ရှိ ပင်လယ် နတ်ဘုရား ပိုဆိုက်တွန်ကား ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ ဂါနာ အပါအဝင် ထောင်ချီသော ရေမိစ္ဆာများမှာ ပြင်းထန်သော ဒဏ်ရာဖြင့် သွေးအန် နေကြ၏။

ချန်းဖန် တစ်ယောက်သာလျှင် ကောင်းကင်၌ လက်နှစ်ဖက်ကို နောက်ပစ်ရင်း စစ်နတ်ဘုရား တစ်ပါး အလား မတ်တတ် ရပ်နေခဲ့သည်။

ရုတ်တရက် တစ်ကမ္ဘာလုံး တိတ်ဆိတ် သွားတော့၏။

***

All Chapters