← Chapters

အစစ်အမှန် ကောင်းကင် ခန္ဓာ

Vol. 8 Ch. 793

အစစ်အမှန် ကောင်းကင် ခန္ဓာ

Vol. 8 Ch. 793

ရေမိစ္ဆာ စစ်တပ်သည် အင်အား နှစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားပြီး အနိမ့်ဆုံး အဆင့်ပင်လျှင် အထွတ်အထိပ် အဆင့်တွင် ရှိသည်။ ထိုအထဲ၌ များစွာသော တန်ခိုးရှင် အဆင့်များ ပါဝင်ကာ မူလ အဆင့် နှစ်ဆယ်ကျော်လည်း ပါရှိ၏။

သို့သော်လည်း အဆုံး၌ ထိုစစ်တပ်မှာ ချန်းဖန်၏ ဖျက်ဆီးခြင်းအား ခံခဲ့ရသည်။ ထိုရလဒ်က လူအများ မျှော်လင့်ထားသော အရာနှင့် လုံးဝ ခြားနားနေ၏။

"မဖြစ်နိုင်တာ ...  သူက ဘာလို့ ဒီလောက် အထိ အစွမ်းထက် နေရတာလဲ ... "

ဂူအိုနှင့် အခြားလူများမှာ ဆွံ့အ တုန်ရီ နေကြ၏။

"အစစ်အမှန် နတ်ဘုရား ...  သူက အစစ်အမှန် နတ်ဘုရားပဲ ဖြစ်ရမယ်"

နဂါးမိစ္ဆာ ဒါဟာကာက ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ သူ၏ တစ်လုံးတည်းသော ကျန်ရစ်နေသည့် ဦးခေါင်းမှ မျက်လုံး အစုံသည် ပြူးကျယ်နေ၏။

"အစစ်အမှန် နတ်ဘုရား ... "

ထိုနာမည်က လူတိုင်းအား ရင်ခုန် သွားစေသည်။

ကမ္ဘာပေါ်၌ အစစ်အမှန် နတ်ဘုရား မရှိသည်မှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်သည်။

အစစ်အမှန် နတ်ဘုရား တစ်ပိုင်း ဖြစ်နေပြီဟု ဆိုနိုင်သော ချန်းပေ့၏ နဂါးအိုကြီးပင်လျှင် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ရန် အလှမ်း ဝေးကွာသေးသည်။

"မဖြစ်နိုင်ဘူး ...  အစစ်အမှန် နတ်ဘုရားက ကမ္ဘာကို ထိန်းချုပ်နိုင်ပြီး ကိုယ်ပိုင် ကမ္ဘာတွေကို ဖန်တီးနိုင်ကြတယ် ...  ချန်းပေ့ရွှမ်း အစွမ်းထက် နေတာက သူ့ရဲ့ ခန္ဓာကြောင့်ပဲ ...  သူက ခုထိ အစစ်အမှန် နတ်ဘုရား မဖြစ်သေးဘူး"

ကောင်းကင်အလင်း ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီး တမန်တော်က သူမ၏ ခေါင်းကို ခါလိုက်သည်။

အလင်းမျိုးနွယ်သည် ကမ္ဘာ တစ်ခုလုံးသို့ ဖြန့်ကြက်ထားရာ သူတို့၏ မျိုးနွယ်ဝင် များမှာ အခြားမျိုးနွယ်များထက် ပို၍ ဗဟုသုတ စုံလင်ကြသည်။ ထို့အပြင် သူတို့သည် အစစ်အမှန် နတ်ဘုရား၏ မျိုးဆက် ဖြစ်ရာ ရွှေအမြုတေ အဆင့် အကြောင်းကို ကောင်းစွာ သိကြသည်။

"သူက အစစ်အမှန် နတ်ဘုရား မဟုတ်သေးဘူး ...  ဒါပေမဲ့ သူရဲ့ ခန္ဓာက အဲဒီ အဆင့်ကို ရောက်နေပြီ"

တစ်ခဏ အကြာ၌ ဂူအိုက ပြောလိုက်၏။

ထိုခန့်မှန်းချက်များကား အမှန်တကယ်ပင် မှန်ကန်ပေသည်။

ချန်းဖန်သည် ယခု အထိ ရွှေအမြုတေ အဆင့်ကို မဝင်ရောက် ရသေးချေ။ သူသည် ရွှေအမြုတေ အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ထူးခြား အဆင့် ခန္ဓာကိုယ်ကိုသာ အားကိုး၍ ယခုလောက် အထိ အစွမ်းထက် နေခဲ့ခြင်း ဖြစ်သည်။

"အဲဒါဆို ...  ငါတို့ ပြေးရတော့ မှာလား"

နဂါးမိစ္ဆာ ဒါဟာကာကား သွေးပျက် နေခဲ့ပြီ ဖြစ်လေသည်။

သူသည် ချန်းဖန်က သူ၏ နောက်ဆုံး ကျန်ခဲ့သော ဦးခေါင်းအား ဖျက်ဆီးပစ်မည်ကို အမှန်ပင် ကြောက်ရွံ့နေခဲ့၏။

"ကောင်းပြီလေ ... "

များစွာသော နတ်ဆိုးမိစ္ဆာများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် ကြသည်။

သူတို့သည် ချန်းဖန်အား ကြောက်လန့်မိ ကြသည့်တိုင် အမြီးကုပ်၍ ထွက်မပြေး လိုကြချေ။

များစွာသော လျှို့ဝှက် နယ်မြေများက လူသား တစ်ယောက်အား မကိုင်တွယ်နိုင်ခြင်း ...  ထိုအရာအား သူတို့ မည်ကဲ့သို့ လက်ခံ နိုင်ပါမည်နည်း။

သို့သော်လည်း ချန်းဖန်၏ စွမ်းအားကား အမှန်ပင် ကြီးမားလွန်းသည်။ သူသည် အစစ်အမှန် နတ်ဘုရား မဟုတ်သေးလျှင်ပင် ထိုအဆင့်နှင့် တန်းတူ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

"စိတ်မပူကြနဲ့ ...  ကမ္ဘာပေါ်မှာ အစစ်အမှန် နတ်ဘုရားက တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး"

သူတော်စင် ပီတာက ပြုံးလိုက်၏။

"ဘာကိုလဲ ... "

နတ်မိစ္ဆာများ နားမလည်ခင်မှာပင် သူတော်စင် ပီတာက အရပ်မျက်နှာ တစ်ခုသို့ လှည့်ကာ ဦးညွှတ်လိုက်သည်။

"အရှင် ...  ကျုပ်တို့ကို ကူညီပြီး ဒီအရှေ့တိုင်းရဲ့ ကျင့်ကြံသူကို သတ်ဖြတ် ပေးပါ"

လူတိုင်းက ထိုအရပ်သို့ လိုက်ကြည့်ကြရာ တစ်ချိန်လုံး ငြိမ်သက် နေသည့် သေခြင်း ဘုရားကျောင်းမှ ရှေ့ဖြစ် ဟောသူများအား မြင်ကြရ၏။

"အရှင် ဟုတ်လား ...  အဲဒါက အစစ်အမှန် နတ်ဘုရားတွေကို ငါတို့ အနောက်တိုင်းက ခေါ်ဝေါ်တဲ့ အသုံးအနှုန်းမလား ...  ဒါပေမဲ့ ကမ္ဘာပေါ်မှာမှ အစစ်အမှန် နတ်ဘုရား မရှိတာလေ"

နတ်မိစ္ဆာများပင်လျှင် ထိုအရာအား ဒွိဟဖြစ် နေကြသည်။

"ဖြစ်နိုင်တာက ... "

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ရှေ့ဖြစ်ဟော ခေါင်းဆောင်သည် သူ၏ ဝတ်ရုံနက်ကြီးအား ဆွဲချွတ် ပစ်လိုက်၏။

၎င်းသည် ခွေးခေါင်းနှင့် အနက်ရောင် လူသား ခန္ဓာ ရှိသည်။ သူ၏ ခန္ဓာသည် မီတာ အနည်းငယ် ရှည်လျားပြီး သူ၏ အနီရောင် မျက်လုံးများက ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ထား၏။ သေဆုံးခြင်း အငွေ့အသက်များက သူ့အား ရစ်နှောင်ကာ ဝိညာဉ် တစ္ဆေများက ဦးခေါင်း အထက်တွင် ကခုန် နေကြသည်။

လူတိုင်းသည် ထိုနတ်မိစ္ဆာအား မြင်သည်နှင့် ချက်ချင်းပင် မှတ်မိ လိုက်ကြသည်။

အီဂျစ်၏ သေခြင်း နတ်ဘုရား သို့မဟုတ် အနူးဘစ် ...

၎င်းကား အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ကိုးထောင်ခန့်က ကမ္ဘာအား စိုးမိုးခဲ့သည်။ အနူးဘစ်သည် ကမ္ဘာ၏ နောက်ဆုံးသော အစစ်အမှန် နတ်ဘုရားလည်း ဖြစ်၏။

"သူ ...  သူက အစစ်အမှန် နတ်ဘုရားပဲ ...  အရှင်ချန်းက ဘယ်လို လုပ်ပြီး တိုက်ခိုက် နိုင်တော့မှာလဲ"

ဂြိုဟ်တုမှ တစ်ဆင့် ကြည့်နေသော ရဲ့ချင်စန်းက တုန်ရီစွာ ရေရွတ်လိုက်သည်။

အစစ်အမှန် နတ်ဘုရား တစ်ပါးသည် သာမန် နတ်မိစ္ဆာများနှင့် ခြားနားသည်။

မူလ အဆင့် နတ်မိစ္ဆာနှင့် သူတော်စင် များသည် ယုံကြည်သူ၏ ကိုးကွယ်မှု စွမ်အားကို ဝိညာဉ်ချီ စုပ်ယူ သကဲ့သို့ စုပ်ယူ နိုင်ကြသည်။ အရှေ့တိုင်း၏ မြေကမ္ဘာ နတ်ဘုရားများမှာလည်း ထို့အတူပင် ဖြစ်သည်။

အစစ်အမှန် နတ်ဘုရားများမှာမူ ကိုးကွယ်မှု စွမ်းအားကို အဆုံးမဲ့ စုပ်ယူ နိုင်ကာ သူအား ယုံကြည်သူများ အတွက် သီးသန့် နယ်မြေ တစ်ခုပင် ဖန်တီး နိုင်ကြသည်။ အလွန် အစွမ်းထက်သော အစစ်အမှန် နတ်ဘုရားများ၏ သီးသန့် နယ်မြေ ဆိုလျှင် ဘီလျံနှင့် ချီသော ဝိညာဉ်များကိုပင် သိုလှောင် ထားနိုင်၏။

"ဒါက မဖြစ်နိုင်တာ ...  သေခြင်း နတ်ဘုရားက ဒဏ်ရာ မရဘူးလား ...  သူက ဘယ်လို လုပ်ပြီး သူ့နယ်မြေကနေ ထွက်လာတာလဲ"

ဒါဟာကာ၏ မျက်လုံးများမှာ အလုံးစုံ ပြူးကျယ် နေ၏။

"ဒီကို မလာခင်မှာ ငါတို့က သင်္ချိုင်း နယ်မြေမှာ နှစ်ထောင်ချီ စုစည်းထားတဲ့ ယုံကြည်မှု စွမ်းအားတွေကို အနူးဘစ်ဆီ လွှဲပြောင်းပေး ခဲ့တယ် ...  အဲဒီ စွမ်းအင် ပမာဏက သူ့ရဲ့ ဒဏ်ရာတွေကို ပြန်ကောင်း လာစေဖို့ အထိ လုံလောက်တယ်လေ"

သူတော်စင် ပီတာက ပြုံးလိုက်သည်။ သူ၏ မျက်လုံးများက ဉာဏ်ပညာ ကြီးရင့်မှုဖြင့် တလက်လက် တောက်ပနေ၏။

နှစ်ထောင်ချီ သမိုင်းကြောင်း ရှိသော ခရစ်ယာန် ဘုရားကျောင်းကား အမှန်တကယ်ပင် ကြွယ်ဝလှသည်။ သူတို့သည် ချန်းဖန် မည်မျှ အစွမ်းထက်ကြောင်း သိနားလည်ရာ တိုက်ပွဲ မစခင်မှာပင် အရာရာကို ကြိုတင် ပြင်ဆင် ထားခဲ့ခြင်း ဖြစ်သည်။

"ရှေးဟောင်း ဒဏ္ဍာရီတွေ အရဆို အစစ်အမှန် နတ်ဘုရား တစ်ပါးက သူတို့ အဆင့် အောက်က အရာရာကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်တဲ့ ...  အဲဒါက အမှန်ပဲလား"

ရွှေရောင် နတ်ဘုရား ဂူအိုက တုန်တုန်ရီရီ ရေရွတ် လိုက်သည်။

ရေမိစ္ဆာ သခင်၊ တမန်တော်များနှင့် ဝံပုလွေ နတ်ဘုရားများကမူ အသာအယာပင် ပြုံးကြ၏။ သူတို့ကား မျက်လုံးများကို အစွမ်းကုန် ဖွင့်ရင်း ချန်းဖန်၏ သေဆုံးမှုကို ကြည့်ရန် အဆင်သင့် ဖြစ်နေကြသည်။

"သေခြင်း နတ်ဘုရား အနူးဘစ် ... "

ချန်းဖန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းရင်း လူခန္ဓာနှင့် ခွေးခေါင်းကို ပိုင်ဆိုင်ထားသော နတ်မိစ္ဆာအား ကြည့်လိုက်သည်။

ထိုနတ်မိစ္ဆာသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ နှိုင်းယှဉ်ရလျှင် ယွင်ထျန်းရွှမ် ထက်ပင် ပိုမို၍ အစွမ်းထက်ပုံ ရသည်။

"မင်းသာ သုံးနှစ်လောက် စောပြီး ပေါ်လာခဲ့မယ် ဆိုရင် အချိန် ကုန်လွန်ခြင်း နတ်ဘုရား စွမ်းအား သုံးရင်တောင် ငါမင်းကို သတ်နိုင်မှာ မဟုတ်ဘူး ...  ကံမကောင်းစွာနဲ့ပဲ မင်းက နောက်ကျခဲ့မယ်"

ချန်းဖန်က စိတ်မကောင်းဟန် သက်ပြင်း တစ်ချက် ချလိုက်၏။

"သေ ... "

အနူးဘစ်က ချက်ချင်းပင် ဒေါသတကြီး တိုက်ခိုက် လိုက်သည်။

"ဘုန်း ... "

အဆုံးမဲ့သော သေဆုံးခြင်း အငွေ့ အသက်များသည် ကောင်းကင်၌ ပေါက်ကွဲ လာသည်။ ၎င်း အငွေ့အသက်များသည် ပေတစ်ထောင် ဧရိယာကို ဖုံးလွှမ်းကာ သေရွာအဖြစ်သို့ ပြောင်းလဲ ပစ်၏။

"ဝူး ... "

ထိုသေရွာ၌ နဂါးများသည် အူဟစ်ကာ သေလူများက သီချင်းဆိုကြသည်။ အရိုးစု များကလည်း သူတို့၏ မြေပုံများမှ ရုန်းထ၍ လျှောက်လှမ်းကြ၏။

ထိုအရာကား အနူးဘစ်၏ သေခြင်း နယ်မြေပင် ဖြစ်သည်။ ထိုနယ်မြေသို့ ဝင်ရောက်သည့် မည်သူမဆို မိစ္ဆာများ၏ ဝိညာဉ်နှုတ်ခြင်းအား ခံရ၏။

"ပြေးကြ ... "

များစွာသော နတ်မိစ္ဆာများမှာ သေရွာမှ လွတ်ကင်းရာသို့ ထွက်ပြေးကြသည်။ နှေးကွေးသော နတ်မိစ္ဆာများ မှာမူ ထိုနယ်မြေ၏ ဖုံးလွှမ်းခြင်းအား ခံရကာ မီးခိုး အဖြစ် လွင့်ပြယ်ရ၏။

"ကြောက်ဖို့ ကောင်းလိုက်တာ ... "

နတ်မိစ္ဆာများ၊ သူတော်စင်များမှာ ကြောက်လန့် ကုန်ကြ၏။

သို့သော်လည်း သူတို့ကား တိုက်ခိုက်မှု၏ အစွန်အဖျား လောက်ကိုသာ ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုသေရွာ၏ ဗဟိုတွင် ရှိနေသော ချန်းဖန် ဆိုလျှင် မည်မျှသော ဖိအားများကို ခံစားရမည်နည်း။

"ဟူး ...  ဟူး ... "

ထိုအချိန်၌ ချန်းဖန်သည် ရွှေရောင် အလင်းကို ဖြန့်ကြက်ရင်း သေခြင်းနယ်မြေ၏ အလယ်တွင် ရပ်နေခဲ့၏။ မရေ မတွက်နိုင်သော မိစ္ဆာ ဝိညာဉ်များသည် သူ့အား ခြောက်လှန့်ကြကာ သေဆုံးခြင်း အငွေ့အသက်များကလည်း ဒီရေ သဖွယ် ဝါးမျိုကြလေ၏။

"ဟူး ...  ဟူး ... "

ထိုတိုက်ခိုက်မှုများ အောက်၌ ချန်းဖန်၏ ရွှေရောင် သွေးချီပင်လျှင် အနည်းငယ် ကြဲပါး လာသည်။

ထူခြား အောင်မြင်ခြင်း အဆင့် ကောင်းကင် ခန္ဓာသည် ရွှေအမြုတေ အဆင့်များနှင့် ယှဉ်ပြိုင်နိုင်သော်လည်း အနူးဘစ် ကဲ့သို့သော အတွေ့အကြုံရင့် အစစ်အမှန် နတ်ဘုရားနှင့် ရင်ဆိုင်ရာတွင်မူ အားနည်းနေဆဲ ဖြစ်သည်။

"သင့်မှာက ခန္ဓာပဲ ရှိတယ် ...  အစစ်အမှန် နတ်ဘုရားရဲ့ စွမ်းအား မရှိဘူး"

အနူးဘစ်က ချန်းဖန်အား စူးရဲစွာ ကြည့်ရင်း ပြောလိုက်သည်။

သို့သော်လည်း သူ၏ စကားမှာ လူသား ဘာသာစကား မဟုတ်ပဲ ငရဲပြည်တွင် အသုံးပြုသည့် ရှေးဟောင်းစကားသာ ဖြစ်၏။

"ဟီး ...  ဟီး ... "

ထို့နောက် ၎င်းက ရယ်ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။

"ဝှစ် ...  ဝှစ် ... "

များစွာသော သေဆုံးခြင်း ချီများသည် ရောမမြို့ မြေအောက်မှ ထွက်ပေါ်လာကာ သေရွာအား အားဖြည့်သည်။ တစ်ခဏ အတွင်းမှာပင် သေရွာရှိ မိစ္ဆာ သန်းချီသည် ထပ်မံ နိုးထလာကာ ချန်းဖန်ကား ကိုက်ဖြတ်ကြလေ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ထိုတိုက်ခိုက်မှုများ အောက်၌ ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်ရှိ အကာအကွယ်မှာ တဖြည်းဖြည်း ပဲ့ကြွေ၍ သုံးပေခန့် အထိသို့ လျော့ကျလာသည်။

"သေ ... "

အနူးဘစ်၏ မျက်လုံးများက ပိုမို အေးစက်ကာ နီရဲလာ၏။

သူသည် ချန်းဖန် မည်မျှ အစွမ်းထက်ကြောင်း သိရှိသော်လည်း သူ၏ သေရွာ တိုက်ခိုက်မှုကို အပြည့်အဝ ယုံကြည်ချက် ရှိသည်။ သူသည် ထိုသေခြင်း နယ်ပယ်ဖြင့် ကောင်းကင် တန်ခိုးရှင်ကိုပင် အနိုင်ယူနိုင်ရန် ယုံကြည်၏။

"ဟဟ ... "

သို့သော်လည်း ချန်းဖန်က ဂရု မစိုက်စွာပင် ပြုံးလိုက်သည်။

"အနူးဘစ် ...  မင်းက ငါ့ကို ဒီလောက် ညံ့မယ်လို့ ထင်နေတာလား ...  ဒါဆိုရင် မင်းက ငါ့ရဲ့ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကို အထင်သေးမိ သွားပြီ"

ထို့နောက် သူက ဖနှောင့်ကို ဆောင့်နင်းရင်း အော်ဟစ် လိုက်သည်။

"သွား ... "

"ဘုန်း ... "

သူ၏ ရွှေရောင် သွေးချီများသည် ရုတ်တရက် အဇူရာ အလင်း အသွင်သို့ ပြောင်းလဲသွားသည်။ ထိုအဇူရာ အလင်းသည် ရွှေရောင် အလင်းထက်ပင် ပိုမို တည်ငြိမ်ကာ အစွမ်း ထက်၏။

သို့သော်လည်း ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား ချန်းဖန်၏ အနောက်၌ ပေါ်နေသော သစ်ပင် ပုံရိပ် ဖြစ်သည်။ ထိုအရာသည် စကြဝဠာ တစ်ခုလုံးကို ထောက်ပံ့ ပေးနိုင်သည့် နတ်ဘုရား သစ်ပင် ဖြစ်ပြီး ထိုသစ်ပင်၏ သစ်ကိုင်းများအား နေ၊ လနှင့် ဂြိုဟ်များက ဝန်းရံထား၏။

ထူးခြား အောင်မြင်ခြင်း အဆင့် အဇူရာ သက်ရှည် ခန္ဓာကား အသက်ဝင် လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters