← Chapters

အစစ်အမှန် နတ်ဘုရား

Vol. 8 Ch. 794

အစစ်အမှန် နတ်ဘုရား

Vol. 8 Ch. 794

"အဲဒါက ... "

သူတော်စင် ပီတာ အပါအဝင် မရေ မတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းအား ကြည့်ကာ ဆွံ့အ သွားကြသည်။

"အဲဒါက စကြဝဠာ စတင် ဖွဲ့စည်းတဲ့ အချိန်တည်းက ရှိနေခဲ့တဲ့ ကမ္ဘာ သစ်ပင်မလား ... "

ခရစ်ယာန် ဘုရားကျောင်း၏ ငွေရောင် အတောင်တစ်စုံ ပိုင်ရှင် ကောင်းကင် တမန်တော် တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ဒါပေမဲ့ ဒဏ္ဍာရီတွေ အရဆို အဲဒီ သစ်ပင်ကို ရှေးဟောင်း နတ်ဘုရား တစ်ပါးက ခုတ်ဖြတ် လိုက်ပြီလေ ...  ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ"

ထို့နောက် တိုက်ပွဲ၏ အခြေအနေသည် ပြောင်းလဲ သွား၏။

"ဟူး ...  ဟူး ... "

ကမ္ဘာ သစ်ပင်သည် တောက်ပသော ရောင်စဉ်များကို ထုတ်လွှတ်ရင်း သေရွာရှိ ဝိညာဉ်တစ္ဆေများအား သန့်စင်သည်။ အဇူရာ အလင်းများ၏ ဖုံးလွှမ်းမှု အောက်၌ များစွာသော မကောင်းဆိုးဝါးများမှာ ကျွတ်လွတ် သွားကြသည်။

"ဟူး ...  ဟူး ... "

ချန်းဖန်ကား ကမ္ဘာ သစ်ပင်၏ အောက်၌ တည်ငြိမ်စွာပင် ရပ်နေဆဲ ဖြစ်သည်။ သူသည် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ကာ သူ၏ အဖြူရောင် ဆံပင်များက လေနှင့် အတူ လွင့်မြောနေ၏။

"အဲဒါက ဘယ်လို နတ်ဘုရား စွမ်းအားမျိုးလဲ ... "

အနူးဘစ်၏ အနီရောင် မျက်လုံးများ၌ ကြောက်လန့်ခြင်း ပုံရိပ် အချို့ ဖြစ်ပေါ် လာ၏။

"ဒါက နတ်ဘုရား စွမ်းအား မဟုတ်ဘူး ...  သန့်စင်တဲ့ စွမ်းအင်ပဲ"

ချန်းဖန်က အဖြေပေးရင်း သူ၏ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်၏။

"ဘုန်း ... "

ကြောက်မက်ဖွယ် ကောင်းသော ဆာနာမီ လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ အဇူရာ အလင်းများသည် ကြီးမားသော မိစ္ဆာဓားကြီး အသွင်သို့ ပြောင်းလဲကာ အနူးဘစ်၏ သေရွာအား ထက်ဝက် ခုတ်ထစ်၏။

"ဘုန်း ... "

မိစ္ဆာဓား၏ ခုတ်ထစ်မှု၌ သေရွာမှာ စက္ကူ အပိုင်းအစ တစ်ခု အလား ထက်ဝက် ပြတ်လေသည်။

"ပြဿနာပဲ ... "

အနူးဘစ်သည် အနည်းငယ် စိုးရိမ် သွား၏။

သို့သော်လည်း သူသည် အီဂျစ်၏ သေခြင်း နတ်ဘုရား ဖြစ်ရာ ဝှက်ဖဲများစွာကို ပိုင်ဆိုင် ထားသည်။

"ဝှစ် ... "

ရုတ်တရက် သူ၏ တောင်ဝှေးရှိ ပတ္တမြားမှ တောက်ပသော အလင်းတန်း တစ်ခာ လင်းလက် လာ၏။ ထိုအလင်းတန်းက နည်းပညာမြင့် လေဆာ လက်နက် အလား ကမ္ဘာကို နှစ်ပိုင်းခွဲသည်။

"ခရက် ...  ခရက် ... "

ကောင်းကင်၌ များစွာသော အနက်ရောင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

"အဲဒါက ...  သေခြင်း နတ်ဘုရားအလင်း မလား ... "

ဂူအိုနှင့် အခြား နတ်မိစ္ဆာများမှာ ကြောက်ရွံ့ သွားကြသည်။ သူတို့သည် နောက်သို့ ဆုတ်ရင်း အနက်ရောင် အက်ကြောင်းများနှင့် မထိတွေ့အောင် ရှောင်တိမ်း ကြသည်။

"ဘုန်း ... "

သို့သော်လည်း ချန်းဖန်ကမူ မရွေ့လျားပဲ နေရာတွင်ပင် ရပ်ရင်း ထိုတိုက်ခိုက်မှုအား ဆီးကြိုနေ၏။

"ဘုန်း ... "

မျက်စိတစ်မှိတ် အတွင်းမှာပင် အနူးဘစ်၏ နတ်ဘုရား အလင်းသည် ချန်းဖန်၏ အပေါ်သို့ ကျရောက် လာသည်။

"ဘုန်း ... "

ကြောက်မက်ဖွယ် နတ်ဘုရား အလင်းက အဇူရာ အကာအကွယ် အလင်းအား ဖောက်ဝင်ရန် ကြိုးစားသည်။ သို့သော်လည်း ၎င်း၏ ဖောက်ဝင်မှုက အလွန် နှေးကွေးရာ ချန်းထံ၏ ခန္ဓာထံသို့ ရောက်ရှိရန် သုံးရက်မျှ အထိပင် အချိန်ယူ ရပေလိမ့်မည်။

ထိုအရာကား ထူးခြား အောင်မြင်ခြင်း အဆင့် အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ စွမ်းအားပင် ဖြစ်၏။

"မကောင်းတော့ဘူး ... "

အနူးဘစ်မှာ ထိတ်လန့် သွား၏။ သူကား ဖြစ်နိုင်လျှင် ထွက်ပြေးချင်နေပြီ ဖြစ်သည်။

သို့သော်လည်း ထိုအတွေးက နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။ ချန်းဖန်သည် သူ၏ အဇူရာ ကဲ့သို့ ကြည်လင်နေသော လက်ကို ဆန့်ထုတ်ကာ ဖျစ်ညှစ်လိုက်၏။

"ခရက် ... "

လေထုတွင် အနက်ရောင် အပေါက် တစ်ခု ဖြစ်ပေါ်လာသည်။

ချန်းဖန်သည် ခြေတစ်လှမ်း လှမ်းလိုက်ရာ ပေတစ်ထောင်ခန့်ကို ကျော်ဖြတ်၍ အနူးဘစ်၏ အရှေ့သို့ ရောက်၏။ ထို့နောက် သူက လက်သီး တစ်ချက်ကို ထိုးလိုက်သည်။

"ဘုန်း ... "

အနူးဘစ်သည် ၎င်း၏ တောင်ဝှေးကို မြှောက်လိုက်သည်။

"ကလန့် ... "

အဇူရာ လက်သီးနှင့် ရွှေရောင် တောင်ဝှေးတို့ ထိပ်တိုင်တွေ့ရာ ကျယ်လောင်သော ခေါင်းလောင်းသံ တစ်ခု ထွက်ပေါ် လာ၏။

"ဘုန်း ... "

အနူးဘစ်သည် ကောင်းကင်မှ ပြုတ်ကျရာ မြေထု၌ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ် လာသည်။

ချက်ချင်းပင် ချန်းဖန်သည် အဇူရာ အလင်း အသွင်သို့ ပြောင်းလဲ၍ မြေပြင် အထိ လိုက်လံ တိုက်ခိုက်လိုက်၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

ချန်းဖန်သည် မည်သည့် အရာကိုမျှ ထိန်ချန် မထားတော့ချေ။

သူသည် သုံးမီတာ ရှည်လျားသည့် အနူးဘစ်၏ အရှေ့၌ ကလေး တစ်ယောက် အလား အားနည်းသော်လည်း သူ၏ လက်သီးချက်တိုင်းကမူ ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင် ထား၏။

အနူးဘစ်ကား ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ချေ။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးများဖြင့် ရွှဲရွှဲစို နေကာ သူ၏ ကလီစာများနှင့် အရိုးများမှာလည်း ကျိုးကြေ နေခဲ့ပြီ ဖြစ်သည်။

"အရှင်ချန်းက အရမ်း အစွမ်းထက် တာပဲ ... "

ကမ္ဘာ တစ်ဝှမ်းရှိ ဘီလျံနှင့် ချီသော လူများမှာ ရေရွတ်မိကြ၏။

အီဂျစ်၏ သေခြင်း နတ်ဘုရား သို့မဟုတ် ကမ္ဘာ၏ နောက်ဆုံးသော အစစ်အမှန် နတ်ဘုရားက ဤကဲ့သို့ တစ်ဖက်သတ် ရိုက်နှက် ခံရခြင်း ...

နတ်မိစ္ဆာများမှာ ထိုအချင်းအရာကို မယုံကြည် နိုင်ကြချေ။ သူတို့ကား ထိုအရာမှာ ပုံရိပ်ယောင် တစ်ခုသာ ဖြစ်မည်ဟု တွေးနေ မိကြ၏။

"အား ... "

အနူးဘစ်မှာ နာကျင်စွာဖြင့် အော်ဟစ် လိုက်သည်။ သူကား ဘီလျံချီသော လူများ၏ ကိုးကွယ်ရာ နတ်ဘုရား ဖြစ်သည်။ ဤကဲ့သို့ အရှက်ခွဲ ခံရခြင်းက သူနှင့် မထိုက်တန်ချေ။

"ရား ... "

ကျယ်လောင်သော ဟိန်းဟောက်သံနှင့် အတူ အနူးဘစ်၏ ခန္ဓာမှာ မီတာ တစ်ရာခန့် အထိ ရှည်လျားလာ၏။ ထိုအခိုက်အတန့်၌ သူ၏ စွမ်းအားမှာလည်း မူလကထက် နှစ်ဆခန့် အထိ တိုးပွားလာသည်။

ထိုအစစ်အမှန် နတ်ဘုရားကား သူ၏ အင်အားကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်နေခဲ့ပြီ ဖြစ်လေသည်။

"မင်းက တကယ့်ကို ရွှေအမြုတေ အဆင့်ပဲ ...  ဟဟ ...  ငါ့ရဲ့ လက်သီး ဘယ်နှချက်ကို ခုခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

ချန်းဖန်က နှာခေါင်းရှုံ့ရင်း ရှေ့သို့ နောက်တစ်ကြိမ် တိုးဝင် လိုက်ပြန်သည်။

"ဘုန်း ... "

သူ၏ ခန္ဓာသည် တုန်ခါနေပြီး သူ၏ ခြေလှမ်းတိုင်း၌ လေထုမှာ အက်ကွဲ နေ၏။

"ရား ... "

အနူးဘစ်က သူ၏ လက်သည်းများ၊ အနီရောင် အလင်းတန်းများဖြင့် ချန်းဖန်အား တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ချန်းဖန်သည် လေဟာနယ်ကို ခွဲထွက်၍ ရွေ့လျားနေခြင်း ဖြစ်ရာ မည်သည့် တိုက်ခိုက်မှုကမျှ သူ့အား မထိနိုင်ချေ။

"ဘုန်း ... "

အဆုံး၌ ချန်းဖန်၏ လက်သီး တစ်ချက်က အရှိန်ပြင်းစွာ အနူးဘစ်၏ ခန္ဓာပေါ်သို့ ကျရောက် လာပြန်၏။

"အား ... "

အနူးဘစ်၏ ခန္ဓာကိုယ် တစ်ပိုင်းမှာ ပျက်စီး၍ သွေးများဖြင့် သွေးများဖြင့် ဖုံးလွှမ်း သွားသည်။

မရေမတွက်နိုင်သော နတ်မိစ္ဆာများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြ၏။

ဂူအို၊ ပုပ်ရဟန်း မင်းကြီး ကဲ့သို့သော အရှင် သခင်များပင် ဆွံ့အ နေကြသည်။ ချန်းဖန်သည် တိုက်ပွဲ အစကပင် အနူးဘစ်အား ကလေး တစ်ယောက် အလား ရိုက်နှင်နေခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုများ၌ အနူးဘစ်မှာ တုံ့ပြန်ရန်ပင် အခွင့်အရေး မရခဲ့ချေ။

"သေ ... "

အနူးဘစ်က သွေးရူးသွေးတန်း အော်ဟစ် လိုက်၏။

"ဘုန်း ... "

ရုတ်တရက် ကြီးမားသော တစ္ဆေ တစ်ကောင် သူ၏ အနောက်၌ ဖြစ်ပေါ် လာသည်။ ထိုတစ္ဆေသည် အမှောင်တွင် ပုန်းကွယ်ကာ လက်သည်းများကို ကုတ်ခြစ်၏။

"အဲဒါက ဒဏ္ဍာရီလာ နတ်ဘုရား ဆင့်ခေါ် ကျင့်စဉ်မလား ...  အနူးဘစ်က ငရဲပြည်ရဲ့ အစစ်အမှန် နတ်ဘုရား တစ်ပါးကို ဆင့်ခေါ် နေပြီ ...  သူက လွန်ခဲ့တဲ့ နှစ်ထောင်ချီ တုန်းက အဲ့ကျင့်စဉ်ကို ထုတ်ဖော်ပြီး ရန်သူတွေကို သတ်ဖြတ်ခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာ ရသွားခဲ့တာ"

ငွေရောင် တောင်ပံ ပိုင်ရှင် ကောင်းကင် တမန်တော်က ပြောလိုက်သည်။

"ဘုန်း ... "

တစ္ဆေ ပေါ်ထွက်လာသည်နှင့် ဆယ်မိုင် ပတ်ဝန်းကျင်မှာ မီးခိုးရောင် နယ်မြေ အသွင် ပြောင်းလဲသွား၏။ ကမ္ဘာကြီးကား အဖြူနှင့် မီးခိုးမှ လွဲ၍ အလုံးစုံ အမှောင် အတိ ကျသွားသည်။

"ဟူး ...  ဟူး ... "

မီးခိုးရောင်နှင့် အဖြူရောင် အလင်းများသည် ချန်းဖန်၏ ဘေးနားတွင် ရစ်သိုင်းကာ တိုက်စား နေကြ၏။ သို့သော်လည်း အဇူရာ အလင်းက ၎င်းတို့ကို တားဆီးသည်။

"ပျက်စီးစမ်း ... "

ချန်းဖန်သည် ဖနှောင့်ကို ပေါက်လိုက်၏။ သူ၏ အနောက်ရှိ နတ်ဘုရား သစ်ပင်သည် လှုပ်ခါသွားသည်။ မရေ မတွက်နိုင်သော လေစီးကြောင်းများ ဖြစ်ပေါ်လာကာ တစ္ဆေထံ တိုးဝင်သွား၏။

"ဘုန်း ... "

မီးခိုးရောင် နယ်ပယ်သည် စတင်ကာ တုန်လှုပ် လာသည်။

ကမ္ဘာ သစ်ပင်၏ မရေ မတွက်နိုင်သော သစ်ကိုင်းများသည် နွယ်ပင်များ ကဲ့သို့ လှုပ်ရှားရင်း မြေအောက် ကမ္ဘာ၏ နတ်ဘုရား တစ္ဆေအား ချည်နှောင် ကြသည်။ တစ္ဆေသည် လွတ်မြောက်ရန် ကြိုးစားသော်လည်း ကမ္ဘာ သစ်ပင်မှာ အလွန် အစွမ်းလွန်း၏။

"မလုပ်နဲ့ ... "

အဆုံး၌ တစ္ဆေသည် ပေါက်ကွဲကာ အဆုံးမဲ့ သေခြင်းချီများမှာ ကမ္ဘာ သစ်ပင်၏ စုပ်ယူခြင်းကို ခံရသည်။ တစ်ခဏ အတွင်းမှာပင် မီးခိုးရောင် နယ်ပယ် တစ်ခုလုံးသည် ပြိုကွဲ လေ၏။

"ဝူး ... "

အနူးဘစ်သည် အူဟစ် ငိုကြွေး လိုက်သည်။ ထို့နောက် ၎င်း၏ မီတာ တစ်ရာရှည်သော ခန္ဓာသည် ပေါက်ကွဲကာ အဆုံးမဲ့ အနက်ရောင် လေစီးကြောင်းများ အဖြစ် ပြောင်းလဲ၍ အရပ် မျက်နှာ အနှံ့သို့ စီးဆင်း သွားကြတော့သည်။

တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် သေခြင်း နတ်ဘုရား အနူးဘစ်ကား အသတ်ခံ လိုက်ရပြီ ဖြစ်သည်။

***

All Chapters