ပြိုင်ဘက်ကင်း
Vol. 8 Ch. 795
အစစ်အမှန် နတ်ဘုရား တစ်ပါးကား အားလုံး၏ အရှေ့တွင်ပင် သေဆုံး သွားခဲ့ပြီ ဖြစ်လေသည်။
အင်တာနက်မှ တစ်ဆင့် ကြည့်နေသော လူတိုင်းသည် အဖြူရောင် ဆံပင် ပိုင်ရှင် လူငယ်အား မျက်လုံးများ ပြူးကျယ်ကာ ကြည့်နေ မိကြ၏။
"အစစ်အမှန် နတ်ဘုရား တစ်ပါးတောင် သူ့ဆီမှာ ရှုံးခဲ့တယ် ဆိုတော့ ဘယ်သူက သူ့ကို နိုင်ဦးမှာလဲ ... "
မစ္စတာ လေ့လာသူက ပြောသည်။
များစွာသော အင်တာနက် ဖိုရမ်များသည် မရေ မတွက်နိုင်သော ပို့စ်များဖြင့် ပြည့်နှက်သွားရာ ဆာဗာပင် ကျလုမတတ် ဖြစ်သွားခဲ့၏။
"အရှင်ချန်းက လျှို့ဝှက် နယ်မြေတွေကို တစ်ယောက်တည်း လွှမ်းမိုးခဲ့ပြီး အစစ်အမှန် နတ်ဘုရား တစ်ပါးကိုပါ တစ်ကိုယ်တည်း သတ်ပစ်ခဲ့တယ် ... သူက လူသား မျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်း အရှင်သခင်ပဲ"
"အရှင်ချန်း ... မဟုတ်ဘူး သူ့ကို ဝမ်ရှင်း တန်ခိုးရှင်ချန်းလို့ ခေါ်ရမယ်"
"ဝမ်ရှင်း တန်ခိုးရှင် ... "
အရှေ့တိုင်း ကျင့်ကြံသူများသည် ကောင်းကင် တန်ခိုးရှင်ကို "ဝမ်ရှင်း တန်ခိုးရှင်" ဟူသော နာမ်စားသုံး၍ ခေါ်ဆိုကြ၏။ ထိုအရာက အလုံးစုံ ပြည့်စုံသော ကျင့်ကြံသူ (အရှုံး မရှိနိုင်သော တန်ခိုးရှင်) ဟု အဓိပ္ပာယ် ရသည်။
ချန်းဖန်သည် ကောင်းကင် တန်ခိုးရှင် မဟုတ်သေးသည့်တိုင် အစစ်အမှန် နတ်ဘုရား တစ်ပါးကို လက်ဗလာဖြင့် သတ်ပစ် နေနိုင်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် "ဝမ်ရှင်း တန်ခိုးရှင်" ဟူသော ဂုဏ်ပုဒ်နှင့် လုံးဝ ထိုက်တန်၏။
***
ကျင်းမြို့တော်၊ မြောက်ပိုင်းချုံး နန်းတော် အတွင်း၌ ...
ချန်းဟွိုက်အန်းနှင့် ဝမ်ရှောက်ယွင် တို့သည် သက်ပြင်း ချလိုက်မိကြ၏။ ထိုတိုက်ပွဲကား အလွန် အန္တရာယ် များလွန်းသည်။
"ဒီတိုက်ပွဲ အပြီးကနေ စပြီးတော့ ကမ္ဘာကို လူသား မျိုးနွယ်က ပြန် ပိုင်ဆိုင် သွားပြီ ... "
ဟွာရန်ဖန်းက အော်ဟစ်ကာ ရယ်မော လိုက်သည်။ အတိအကျ ဆိုရလျှင် ကမ္ဘာအား မြောက်ပိုင်းချုံးက ပိုင်ဆိုင်သွားခဲ့ပြီ မဟုတ်ပါလား။
***
အမေရိကန် ပြည်ထောင်စု အနက်ရောင် ပိရမစ် အတွင်း၌ ...
များစွာသော မာယာ လူမျိုးများသည် သူတို့၏ အရှေ့၌ စခရင်အား ဖြူရော်စွာ ကြည့်နေမိ ကြသည်။
"ဒီသောက်ရူးတွေ ... ငါတို့ ခေါင်းဆောင်က အစီအစဉ်ချပြီး အနူးဘစ် ပြန်နိုးထလာအောင် ကူညီခဲ့တာတောင် လူသား တစ်ယောက်ကို မကိုင်တွယ် နိုင်ကြဘူး ... အနူးဘစ်က နတ်ဘုရား မဟုတ်ဘူးလား ... သူက ဘာလို့ ခုလို ရှုံးရတာလဲ"
မာယာ တစ်ယောက်က ဒေါသတကြီး ဆိုလိုက်၏။
"အဲဒါက သူတို့ အမှား မဟုတ်ဘူး ... ငါတို့ ချန်းပေ့ရွှမ်းကို လျှော့တွက်မိတဲ့ အမှားပဲ ... အဲဒီ လူသားက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက် နေတယ် ... နောက်ပြီး သူ သုံးတဲ့ နည်းစနစ်တွေကလည်း ငါတို့ အလှမ်း မမှီတဲ့ အထိ ဆန်းကြယ်တယ် ... သူက တစ်ခုခုတော့ တစ်ခုခုပဲ"
ခေါင်းဆောင်က သူ၏ ခေါင်းအား ခါလိုက်သည်။
သူ၏ အမည်သည် ကိုလင်ဖြစ်ပြီး မာယာ တော်ဝင် မျိုးနွယ် တစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများသည် နီလာကဲ့သို့ တလဲ့လဲ့ တောက်ပနေကာ သူ၏ ရင်ဘတ်၌ ကြယ် ခြောက်ပွင့် သဏ္ဌာန် အမှတ်အသား ရှိ၏။
"ဘာပဲဖြစ်ဖြစ် ကိစ္စ မရှိပါဘူး ... အရာရာက ငါတို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ ရှိပါသေးတယ်"
ကိုလင်က ပြုံးရင်း ပြောလိုက်သည်။
သူ၏ စကားကို ကြားပြီးနောက် မာယာ လူမျိုးများမှာ ပြန်လည် တည်ငြိမ်သွားကာ စခရင်အား နောက်တစ်ကြိမ် အာရုံစူးစိုက် လိုက်ကြတော့၏။
***
ထိုအချိန် ရောမမြို့၏ ကောင်းကင် အထက်တွင်မူ နတ်မိစ္ဆာများသည် အေးခဲ နေကြဆဲ ဖြစ်လေသည်။
"မဖြစ်နိုင်ဘူး ... "
ဂူအိုကား မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
တစ်ချိန်တည်း၌ ဒါဟာကာမှာ တုန်တုန်ရီရီဖြင့် ထွက်ပြေး နေခဲ့၏။ သူ၏ ပုံစံက စွန့်ပစ်ခံ နယ်မြေ တစ်ခု၏ သခင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူနှင့် မတူတော့ချေ။
"မြို့ထဲကို ဝင်ပြေးကြ ... "
သူတော်စင် ပီတာက အော်ဟစ် လိုက်သည်။
အနူးဘစ် သေဆုံးသွားပြီ ဖြစ်ရာ ချန်းဖန်၏ နောက်ထပ် ပစ်မှတ်က သူတို့ ဖြစ်လာနိုင်သည်။
"ဝှစ် ... ဝှစ် ... "
သူတော်စင်များ၊ ကောင်းကင် တမန်တော် များသည် ဗာတီကန် မြို့တော်သို့ ဦးတည် လိုင်ကြ၏။ တစ်ချိန်တည်းတွင် နတ်မိစ္ဆာများကလည်း အရပ် မျက်နှာ အသီးသီးသို့ ထွက်ပြေးရန် ကြိုးစား လိုက်ကြသည်။
သို့သော်လည်း ထိုအရာကား နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။ ချန်းဖန်သည် သူ၏ ကမ္ဘာ သစ်ပင်ကို လှုပ်ခါလိုက်၏။
"ဝှစ် ... ဝှစ် ... ဝှစ် ... "
ရုတ်တရက် မရေမတွက်နိုင်သော လေစီးကြောင်းများ ဖြစ်ပေါ်လာကာ ထိုလေစီးကြောင်းများက မြားများ အသွင်ဖြင့် မူလ အဆင့်များထံ တိုးဝင်ကြ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
တစ်ခဏ အတွင်းမှာပင် ဒါဇင်ပေါင်း များစွာသော နတ်မိစ္ဆာများ၏ ခန္ဓာများကား ပေါက်ကွဲသွားသည်။
"ဝှစ် ... "
ချန်းဖန်က ရပ်တန့်ခြင်း မရှိပဲ အင်္ကျီလက်အား ခါယမ်းလိုက်၏။
"ဘုန်း ... "
အလင်း ငါးခုသည် အပေါ်သို့ ထိုးတက်ရာ ကောင်းကင်၌ ကြီးမားသော အက်ရာကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအက်ရာကြီးက ဗာတီကန် မြို့တော်စီသို့ ဦးတည်ကာ ဖြန့်ကြက် သည်။
ဘုရားကျောင်း များစွာမှ တောက်ပသော အလင်းများ ထွက်ပေါ်လာကာ မရေ မတွက်နိုင်သော နတ်မိစ္ဆာများကလည်း ကောင်းကင်သို့ ပျံတက်ကြသည်။ သို့သော်လည်း မည်သည့် အရာကမျှ ချန်းဖန်၏ တိုက်ခိုက်မှုကို မတားဆီး နိုင်ချေ။
"ခရက် ... "
တော်ဝင် မြို့တော် တစ်ခုလုံး ထက်ပိုင်း ပိုင်းပြတ် သွားလေ၏။
မြေပြင်သည် ကွဲကြေကာ ခရစ်ယာန် ဘုရားကျောင်း၏ မရေ မတွက်နိုင်သော ကျင့်ကြံသူများမှာ ထက်ပိုင်းပိုင်း ခံရ၏။
"အဲဒါက ... "
လူများစွာမှာ တိတ်တခိုး ပင့်သက် ရှိုက်လိုက် မိကြသည်။
ချန်းဖန်သည် သူ၏ အဇူရာ သက်ရှည် ခန္ဓာကို ပြသချိန်မှ စ၍ ပြိုင်ဘက်ကင်း တိုက်ခိုက်မှု စွမ်းအားကို ပြသခဲ့၏။
"အဲဒါက ... သူ့ရဲ့ အစစ်အမှန် စွမ်းအား ဖြစ်ရမယ်"
နဂါးအိုကြီးမှာ သူ၏ ခေါင်းကို ငုံ့လိုက်မိ၏။ သူ၏ မျက်လုံးများကမူ ကြောက်လန့်ခြင်းဖြင့် ပြည့်နှက် နေသည်။
အရှင်သခင် အိုကြီးများ သာလျှင် ခရစ်ယာန် ဘုရားကျောင်း၏ တော်ဝင် မြို့တော် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိရှိကြသည်။
ကမ္ဘာ၏ ကိုးကွယ် ယုံကြည်မှု ဗဟို အနေဖြင့် ဗာတီကန် မြို့တော်သည် နှစ်ထောင်ချီကြာ ယုံကြည် ကိုးကွယ်မှု စွမ်းအားများ သိုမှီးရာ နေရာ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား အစစ်အမှန် နတ်ဘုရား တစ်ပါးပင် ဖျက်ဆီး နိုင်မည် မဟုတ်ချေ။
သို့သော်လည်း ချန်းဖန်ကမူ ထိုမြို့တော် တစ်ခုလုံးကို တိုက်ခိုက်မှု တစ်ခုတည်းဖြင့် နှစ်ပိုင်းပိုင်း ပစ်ခဲ့သည်။
"အဲဒါက ဒဏ္ဍာရီထဲက ကောင်းကင် အရှင်တွေရဲ့ စွမ်းအားများလား ... "
များစွာသော နတ်မိစ္ဆာများက တွေးလိုက်မိ ကြသည်။
ရှေးဟောင်း ဒဏ္ဍာရီများ၌ အရှေ့တိုင်း ကောင်းကင် အရှင်တစ်ယောက်၏ အကြောင်းကို မှတ်တမ်းတင် ထားပြီး ထိုကောင်းကင် အရှင်မှာ အနောက်တိုင်း အစစ်အမှန် နတ်ဘုရားများထက်ပင် ပိုမို အစွမ်းထက်သည်ဟု ဆို၏။
ထိုသို့သော ဒဏ္ဍာရီလာ စွမ်းအားသည် ချန်းဖန်ထံတွင် ထွက်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့် မထားခဲ့ကြချေ။
"ဝှစ် ... "
ချန်းဖန်၏ ခန္ဓာမှာ မူလ နေရာမှ ကွယ်ပျောက်၍ ဗာတီကန် မြို့တော်၏ အထက်တွင် ပြန်ပေါ်လာ၏။
သို့သော်လည်း ထူးဆန်းစွာပင် ပျက်စီးနေသော မြို့တော် အတွင်း၌ သူတော်စင် ပီတာနှင့် အခြား သူတော်စင်၊ ကောင်းကင် တမန်တော် များကို မတွေ့ရချေ။
"ဟမ့် ... မင်းတို့က ကမ္ဘာငယ်လေးမှာ ပုန်းနေတာနဲ့ပဲ ငါ့လက်က လွတ်မယ် ထင်နေတာလား"
ချန်းဖန်၏ မျက်လုံးများသည် ရွှေရောင် အလင်းများဖြင့် ပြည့်နှက်နေ၏။
ရွှေရောင် လီမီးတောက် မျက်လုံး အနီးသို့ ကပ်လာသည့် မည်သည့် အရာ မဆို လောင်ကြွမ်း ပြာချ ခံရသည်။ အဆုံး၌ ပူပေါင်းနှင့် တူသော ကမ္ဘာ တစ်ခုသည် မုန်တိုင်း၏ အလယ်တွင် တဖြည်းဖြည်း ပေါ်လာခဲ့၏။
ထိုအရာကား "တော်ဝင် သင်္ချိုင်း" သင်္ချိုင်းပင် ဖြစ်သည်။
"တော်ဝင် သင်္ချိုင်း" သည် ဒဏ္ဍာရီလာ နေရာ တစ်ခု ဖြစ်ပြီး တမန်တော်နှင့် သူတော်စင်များ အိပ်စက်ရာ နေရာ ဖြစ်၏။ ထိုအရာက ခရစ်ယာန် ဘုရားကျောင်း၏ နောက်ဆုံး ဝှက်ဖဲလည်း ဖြစ်သည်။
ထို့နောက် ချန်းဖန်သည် လက်ကို ဆန့်တန်းကာ ဆွဲလိုက်၏။
"ခရက် ... "
နယ်မြေသည် ကွဲအက်ကာ မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာ၏။ ချန်းဖန်သည် ထိုအက်ကွဲကြောင်းမှ တစ်ဆင့် ကြောက်လန့် နေသော သူတော်စင် များစွာနှင့် ကောင်းကင် တမန်တော်များ၏ မျက်နှာများကို တွေ့မြင် ရသည်။
"မကောင်းတော့ဘူး ... "
သူတော်စင် ပီတာ၏ ခန္ဓာကိုယ်မှ အလင်းများ ထွက်ပေါ်လာ၏။
သူသည် ကမ္ဘာ တစ်ခုလုံးရှိ စွမ်းအင်များကို စုပ်ယူကာ မျဉ်းကြောင်းအား ပိတ်ရန် ကြိုးစားသည်။ သို့သော်လည်း ကမ္ဘာ သစ်ပင်သည် ၎င်း၏ အကိုင်းအခက်များနှင့် ထိုအက်ကွဲကြောင်းအား ထက်မံ ထိုးခွဲ၏။
"ဝှစ် ... "
ချန်းဖန်က လျှင်မြန်စွာ ရွေ့လျားရင်း ထိုအက်ကွဲကြောင်းမှ တစ်ဆင့် ခရစ်ယာန် တော်ဝင် သင်္ချိုင်း အတွင်း လှမ်းဝင် လိုက်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ... "
များစွာသော သူတော်စင်များ၊ ကောင်းကင် တမန်တော်များသည် ချန်းဖန်အား ဆီးကြိုကာ တိုက်ခိုက် လိုက်ကြ၏။
သို့သော်လည်း ချန်းဖန်ကား စစ်နတ်ဘုရား တစ်ပါး အလား ပြိုင်ဘက်ကင်း လွန်းသည်။ သူသည် ခြေလှမ်း တစ်ခုချင်းစီ၌ သူတော်စင်နှင့် တမန်တော် တစ်ယောက်ကျစီကို သတ်ဖြတ်၏။ သူ၏ အရှေ့၌ များစွာသော မူလ အဆင့်များမှာ ပုရွက်ဆိတ်များ အလား အသတ်ခံ ရသည်။
"ညစ်ညမ်းတဲ့လူသား ... သေစမ်း"
သူတော်စင် ပီတာက ဒေါသတကြီး အော်ဟစ် လိုက်သည်။
သူ၏ ဆံပင်များသည် နောက်တစ်ကြိမ် ပြန်လည် ဖြူဆွတ် နေပြီ ဖြစ်ပြီး အဆုံးမဲ့ အဖြူရောင် အလင်းများက သူ၏ ခန္ဓာ တစ်ဝိုက်၌ ထွက်ပေါ်နေသည်။
"ဘုန်း ... "
အဆုံး၌ ကမ္ဘာ တစ်ခုလုံးရှိ စွမ်းအင်များသည် တော်ဝင် ပေရာချီ မြင့်မားသော အလင်းဓား အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား ခုတ်ပိုင်း လိုက်တော့၏။
"ဘုန်း ... "
သို့သော်လည်း ချန်းဖန်က လက်သီးဖြင့် ထိုးကု အလင်းဓားအား ဖျက်ဆီးပစ် လိုက်သည်။ ခရစ်ယာန် တော်ဝင် သင်္ချိုင်း၏ စွမ်းအားသည် အဆုံးမဲ့ သော်လည်း သူတော်စင် ပီတာမှာ ရွှေအမြုတေ အဆင့် မဟုတ်ချေ။ သို့ဖြစ်ရာ သူသည် ရွှေအမြုတေ အဆင့်၏ စွမ်းအားကို အမှန်တကယ်ပင် မထိန်းချုပ် နိုင်ချေ။
သူတော်စင် ပီတာ ကျဆုံးပြီးနောက် ကျန်ရှိနေသော ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင်များ၊ နတ်ဘုရားများမှာ ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။ တစ်ယောက်ပြီး တစ်ယောက် အညံ့ခံ ကုန်ကြတော့သည်။
ခရစ်ယာန် ဘုရားကျောင်းအား အနိုင်ယူ ပြီးနောက် ချန်းဖန်သည် အခြား လျှို့ဝှက် နယ်မြေများမှ နတ်မိစ္ဆာများ နောက်သို့ လိုက်လေ၏။
ငါးမိနစ် အကြာ၌ ...
အနှေးကွေးဆုံး အမှောင် ဝံပုလွေ အုပ်စုမှာ သုတ်သင်ခံ ရသည်။
ဆယ်မိနစ် အကြာ၌ ...
နဂါးမိစ္ဆာ ဒါဟာကာသည် အရှေ့ ဥရောပတွင် ကျဆုံးကာ သူ၏ ခန္ဓာမှာလည်း သွေးဆေးလုံး အဖြစ် သန့်စင်ခံရသည်။
နာရီဝက် အကြာ၌ ...
အတ္တလန္တိတ် သမုဒ္ဒရာ၌ ရွှေရောင် နတ်ဘုရား ဂူအိုမှာလည်း အသတ်ခံ ရသည်။
ဤသို့ဖြင့် အဆုံး၌ ရေမိစ္ဆာ သခင် တစ်ယောက် သာလျှင် အနက်ရှိုင်းဆုံးသော ရေထုသို့ တိုးဝင်ကာ လွတ်မြောက် သွားလေ၏။
တစ်ရက် အတွင်းမှာပင် ချန်းဖန်သည် လျှို့ဝှက် နယ်မြေ ခုနစ်ခုကို ရှင်းလင်းကာ မျိုးနွယ်ခြား နတ်မိစ္ဆာ များစွာကို သုတ်သင် ပစ်ခဲ့၏။
ထိုသတင်း ပျံ့နှံ့ သွားသည်နှင့် တစ်ကမ္ဘာလုံး ဆွံ့အ သွားကြတော့သည်။
***