ဈေးကွက်ဟူသည်မှာ လူဦးရေပေါ် အခြေခံရမည်
Vol. 58 Ch. 857
ကျောက်ချင်းရှန်နှင့် ဖုန်းပြောပြီးသည်နျင့် ဖုန်းယွီသည် လီကျန်းဝေ၏ ဖုန်းခေါ်ဆိုမှု ရရှိလိုက်သည်။ လီကျန်းဝေ သည် ကိုကာကိုလာနှင့် ပက်ပ်စီ၏ ဈေးကွက်ကိုယ်စားလှယ်များသည် ကျန်းလီပေါင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောလာကြောင်း အသိပေးလိုက်သည်။
ဖုန်းယွီသည် ကျန်းလီပေါင်အား ပြောခဲ့သည်မှာ လီဟဟထံ ပြောခဲ့သည့်အတိုင်းသာ ဖြစ်မည်ကို ချက်ချင်း သိလိုက် သည်။ ၎င်းတို့သည် ကျန်းလီပေါင်၏ ဖြန့်ဖြူးရေးလမ်းကြောင်းများကိုသာ အသုံးပြုချင်ကြပြီး အပြန်အလှန်အားဖြင့် ၎င်းတို့၏ ပုလင်းစက်ရုံများ သို့တည်းမဟုတ် အရောင်းမြှင့်တင်ရေးများဖြင့် ကမ်းလှမ်းပေမည်။
ဆိုလိုသည်မှာ ကုမ္ပဏီကြီး(၂)ခုသည် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီတစ်ခုတည်းကို ရှာဖွေနေရုံသာမက ၎င်းတို့သည် လီဟဟနှင့် ကျန်းလီပေါင်တို့ထံ လာရောက်တွေ့ဆုံသဖြင့် လီပရှစ်၊ ကျန်းကျန်း၊ တက်နေဝန်းအုပ်စု စသည့် အခြားကုမ္ပဏီများနှင့်လည်း သွားရောက် တွေ့ဆုံမည်ဖြစ်သည်။ ၎င်းတို့ အောင်မြင်သွားပါက ဖုန်းယွီ၏ ဖြန့်ဖြူးရေးလမ်းကြောင်းများ အသုံးပြုခြင်း ဗျူဟာသည် ကျရှုံးသွားပေမလိမ့်မည်။
ကံကောင်းသည်မှာ ဖုန်းယွီသည် အဖျော်ယမကာ မဟာမိတ်အဖွဲ့ရှိ အခြားကုမ္ပဏီများနှင့် စကားပြောထားသဖြင့် မည်သို့ လုပ်ရမည်ကို သိလောက်ကြပေမည်။
နောက်(၂)လအကြာ ဆောင်ဦးပေါက်ရာသီဖြစ်ပြီး အဖျော်ယမကာများ အထူးသဖြင့် ကာဗွန်နိတ် အချိုရည်များ အတွက် အထွတ်အထိပ်ရာသီ ရောက်လာပေလိမ့်မည်။ ထိုအချိန်၌ ကုမ္ပဏီကြီး (၂)ခုသည် မည်သို့သော အရောင်းမြှင့်တင်ရေး နည်းလမ်းများ သုံးသည်ဖြစ်စေ၊ မည်သို့သော အရောင်းလမ်းကြောင်းများ ချမှတ်သည် ဖြစ်စေ ထိရောက်မှု ရှိမည် မဟုတ်ချေ။
ဖုန်းယွီသည် ကျောက်ချင်းရှန်၊ လီကျန်းဝေတို့နှင့် ဖုန်းပြောပြီးနောက် ထိုကုမ္ပဏီ(၂)ခုကို အချိန်ဆွဲထားပြီး တစ်ချိန်တည်းမှာပင် အခြား အမှတ်တံဆိပ်များ ၎င်းတို့နှင့် မပူးပေါင်းရန် သတိပေးခိုင်းလိုက်သည်။
**************
ကျောက်ချင်းရှန်သည် ပူးပေါင်းဆောင်ရွက်မှု အသေးစိတ် ဆွေးနွေးရန် ပြောလာသည့်အခါ မန်နေဂျာကျောက် အလွန်ဝမ်းသာသွားသည်။ ပက်ပ်စီသည် လီဟဟနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက ၎င်းတို့သည် ခိုင်မာသည့် ဖြန့်ဖြူးရေး ကွန်ရက် ရလာမည်ဖြစ်ပြီး တရုတ်ဈေးကွက်တွင် ကိုကာကိုကာအား အနိုင်ပိုင်းနိုင်ပေလိမ့်မည်။ ထို့နောက် ပက်ပ်စီသည် ဈေးကွက်ဝေစု တိုးမြှင့်နိုင်ရန်အတါက် ရန်ပုံငွေများ တိုးမြှင့် ရင်းနှီးမြုပ်နှံနိုင်ပေသည်။ တရုတ်သည် ၎င်းတို့အတွက် ဈေးကွက်ကြီး တစ်ခု ဖြစ်နေပေသည်။
ပက်ပ်စီသည် ကိုကာကိုလာမှလွဲ၍ တရုတ်အဖျော်ယမကာ ကုမ္ပဏီများ၏ အတိုင်းအတာသည် ပက်ပ်စီ၊ ကိုကာကိုလာတို့နှင့် အလှမ်းဝေးသဖြင့် အခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန် မကြောက်ချေ။ ရုံးချုပ်မှ ဤဈေးကွက် တွင် ရင်းနှီးမြုပ်နှံလိုပါက ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပေသည်။
သို့ရာတွင် ပက်ပ်စီရုံးချုပ်သည် တရုတ်စားသုံးသူများ၏ သုံးစွဲနိုင်မှု နည်းပါလွန်းသည်၊ တရုတ်နိုင်ငံ၏ စီးပွားရေးသည် လုံလုံလောက်လောက် မခိုင်မာသေးဟု ယူဆထားသည်။ ထိုနေရာ၌ ကြော်ငြာအတွက် ငွေအမြောက်အများ ရင်းနှီးမြုပ်နှံ လိုက်လျှင်ပင် ပြန်ရမည့် အမြတ်အစွန်း မသေချာချေ။
တရုတ်စားသုံးသူများ၏ သုံးစွဲနိုင်မှုသည် ဂျပန်နိုင်ငံကဲ့သို့ လူဦးရေနည်းသည့် နိုင်ငံတစ်ခုထက်ပင် နိမ့်ကျနေသေး သည်။
မန်နေဂျာကျောက်သည် ပေကျင်းရှိ လေနှင့်မိုး အဆောက်အုံသို့ အမြေးအလွှားလာခဲ့သော်လည်း ကျောက်ချင်းရှန် မှာ မနေ့ညပိုင်၌ ဟန်ကျူးသို့ ပြန်သွားကြောင်း သတင်းသာ ရလိုက်သည်။
ကျောက်ချင်းရှန် ဂျင်းထည့်သွားသဖြင့် မန်နေဂျာကျောက် ဒေါသထွက်သွားသည်။ ကျောက်ချင်းရှန်ထံ ချက်ချင်း ဖုန်းဆက်သည့်အခါ လီဟဟရုံးချုပ်သည် ဟန်ကျူးတွင်ရှိနေပြီး ပေကျင်းသည် ရုံးခွဲတစ်ခုသာ ဖြစ်ကြောင်း ပြောရန် မေ့သွားသည်ဟုသာ အဖြေရလိုက်သည်။
မန်နေဂျာကျောက်သည် ဤသည်ကို ကြားသည့်အခါ နေရာကို သေချာ မမေးမိဘဲ ဟန်ကျူးမှ ချက်ချင်း လေယာဉ် စီးလာမိသည်မှာ မိမိအမှားသာ ဖြစ်နိုင်ကြောင်း ယူဆလိုက်သည်။
ဟန်ကျူးရှိ လီဟဟသို့ ရောက်ရှိပြီးနောက် ကျောက်ချင်းရှန်သည် လီဟဟမှ ဝယ်ယူထားသည့် ပုလင်း စက်ရုံအတွက် စာချုပ်ချုပ်ရန် ကျီလင်သို့ ထွက်သွားရပြီး ယနေ့ ပြန်မလာနိုင်ကြောင်း အကြောင်းကြားခဲ့သည်။
မန်နေဂျာကျောက်သည် ဟန်ကျူး၌ ကျောက်ချင်းရှန်အား ရက်နည်းနည်းကြာအောင် စောင့်ခဲ့သည်။ သို့ရာတွင် (၃)ရက်မြောက်နေ့တါင် ကျောက်ချင်းရှန်သည် စာချုပ်၌ ပြဿနာအနည်းငယ် ရှိနေသဖြင့် နောက်(၂)ရက်ခန့် ထပ်မံ ကြာမည်ဖြစ်ကြောင်း ပြောလာသည်။ မန်နေဂျာကျောက်အနေဖြင့် အရေးကြီးပါက ကျီလင်တွင် လာတွေ့နိုင် ကြောင်း ပြောလာသည်။
မန်နေဂျာကြောက်အနေဖြင့် မည်သို့ စိတ်ပူဘဲရှိမည်နည်း။ ပက်ပ်စီသည် တရုတ်နိုင်ငံတွင် ကြော်ငြာများ အပြင်းထန်ဆုံးအဖြစ် ပထမဆုံးအကြိမ် ရင်းနှီးမြုပ်နှံခဲ့ပြီး လုံလောက်သော ဖြန့်ဖြူးရေးလမ်းကြောင်းများ မရှိသည့် အတွက် ရောင်းအား နည်းနေပေသည်။ ရလဒ်များ မပြနိုင်သဖြင့် ဖီအားကြီးအောက် ရောက်နေပေသည်။
သို့ရာတွင် မန်နေဂျာကျောက် ကျီလင်သို့ ရောက်သည်အခါ ကျောက်ချင်းရှန်သည် ဟန်ကျူးသို့ ပြန်ရောက်ကာ လေဆိပ်မှ လှမ်းအကြောင်းကြားလာသည်။ အကြောင်းပြချက်မှာ ဖုန်းဘက်ထရီအားကုန်သွားသဖြင့် အကြောင်းကြားချိန် မရလိုက်ဟု ဖြစ်တော့သည်။
ထိုသို့ဖြင့် ကျောက်ချင်းရှန်သည် ပက်ပ်စီကို (၁၀)ခန့် အချိန်ဆွဲကာ ကျန်းလီပေါင်သည်လည်း ကိုကာကိုလာ ကိုယ်စားလှယ်အား အကြောင်းအမျိုးမျိုးပြကာ ထိုနည်းအတိုင်း လုပ်ခဲ့သည်။
ကုမ္ပဏီကြီး (၂)ခုစလုံးအတွက် တရုတ်ကိုယ်စားလှယ်များ တစ်ခုခု ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ ၎င်းတို့သည် အချိန်များ ဖြုန်းခဲ့မိမည့်အစား အခြားကုမ္ပဏီများနှင့် တွေ့ဆုံရာတွင် အသုံးချချင်တော့သည်။ ယခုမူ ၎င်းတို့သည် အခြားကုမ္ပဏီများအား စော်ကားမိကာ ကျောက်ချင်းရှန်၊ လီကျန်းဝေတို့နှင့် တွေ့ရန် အခွင့်မသာသေးချေ။
ကိုယ်စားလှယ်များသည် လီပရှစ်နှင့် အခြားကုမ္ပဏီများအား သွားရောက် တွေ့ဆုံသည့်အခါ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံးစတင်ရန် နှုတ်ကတိပေးထားသော်လည်း ထိုကုမ္ပဏီများမှ အနည်းဆုံး (၁၀)ရက်ခန့် အချိန်ဖြုန်းစေခဲ့သည်။
ကုမ္ပဏီကြီး(၂)ခုသည် အခြားနိုင်ငံများတွင် ဩဇာကြီးမားနိုင်သော်လည်း တရုတ်နိုင်ငံတွင်မူ ကွာခြားလွန်းလှပေ သည်။
ယခုမူ ပူးပေါင်းဆောင်ရွက်မည်လော။ သို့ရာတါင် တရုတ်ဈေးကွက်အား ကန့်သတ်မထားနိုင်ချေ။ နိုင်ငံတကာ ဈေးကွက်တွင်လည်း ပူးပေါင်းဆောင်ရွက်ချင်ပေသည်။ မိမိတို့သည် တရုတ်နိုင်ငံတွင် မိမိတို့၏ ဖြန့်ဖြူးရေး လမ်းကြောင်းများကို မျှဝေရမည် ဖြစ်၍ နိုင်ငံခြား လမ်းကြောင်းများကိုလည်း မိမိတို့အား မျှဝေရမည် ဖြစ်သည်။
ကိုယ်စားလှယ်များသည် ပက်ပ်စီကဲ့သို့ပင် ကိုကာကိုလာ၏ အတိုင်းအတာသည် တရုတ်ကုမ္ပဏီများထက် အဆ(၁၀၀)ပိုကြီးပေသည်။ ထို့အပြင် တရုတ်ဈေးကွက်သည် ကြီးမားကာ မြင့်မားသည့် အလားအလာရှိနိုင် သော်လည်း ပွင့်လင်းမှု မရှိသေးချေ။ ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်တွင် မည်သို့ ယှဉ်နိုင်မည်နည်း။
အမှန်တကယ်တွင် ထိုကုမ္ပဏီ အနည်းငယ်သည် ၎င်းတို့နှင့် လက်တွဲရန် ရည်ရွယ်ချက် မရှိချေ။ ၎င်းတို့သည် လီဟဟ၊ ကျန်းလီပေါင်တို့အပေါ် မှီကာ ၎င်းတို့ထုတ်ကုန်များ တင်ပို့ရန်အတွက် ငွေသိပ်မသုံးရဘဲ မဟာမိတ်ဖွဲ့ခြင်း ၏အကျိုး ကျေးဇူးများ ခံစားနေကြပေသည်။
ဖုန်းယွီသည် ထိုကုမ္ပဏီကြီး (၂)ခုနှင့် ပူးပေါင်းပါက မဟာမိတ်အဖွဲ့သည် ၎င်းတို့ ထုတ်ကုန်များ နိုင်ငံခြားသို့ တင်ပို့ ပေးခြင်းကို ရပ်ဆိုင်းမည်မည်ကြောင်း ထိုကုမ္ပဏီများကို ပြောထားပေသည်။
ယခုအခါ လီဟဟ၊ ကျန်းလီပေါင် အမှတ်တံဆိပ်များ၏ လူသိများမှုသည် အပြင်းအထန် ဈေးကွက်ချဲ့ထွင်မှုကြောင့် တိုးလာပေသည်။ ကျန်ကုမ္ပဏီများ မရှိလျှင်ပင် ၎င်းတို့၏ ထုတ်ကုန် မျိုးစုံဖြင့် ကုန်တိုက်မှ စင်များကို သိမ်းပိုက် ထားနိုင်ပေသည်။
လီပရှစ်၊ ကျန်းကျန်းနှင့် ကျန်ကုမ္ပဏီများသည် အနည်းငယ်စဉ်းစားပြီးနောက်ထိုကုမ္ပဏီကြီး (၂)ခုကို ထိုအခြေအနေ ဖြင့် လမ်းလှမ်းကြသည်။ ပူးပေါင်းဆောင်ရွက်ပါ ကုမ္ပဏီ(၂)ခုသည် ပြည်ပလမ်းကြောင်းများကိုလည်း မျှဝေရမည် ဖြစ်သည်။
အဖျော်ယမကာများသည် အရသာ အလွန်ဆင်တူကာ အရောင်တစ်မျိုးသာ ကွာခြားပြီး ဈေးကွက် အမြတ်အစွန်း အများအပြား ရရှိမည် ဖြစ်သည်။
ကုမ္ပဏီ (၂)ခုသည် တရုတ်ကုမ္ပဏီများနှင့် မပူးပေါင်းဘဲ ကိုယ်ပိုင် ဖြန့်ဖြူးရေး လမ်းကြောင်းများ ထူထောင်ရန် ဖြန့်ဖြူးရေးသမား အချို့ ခေါ်ယူရန် လီဟဟသည် ကိုကာကိုလာနှင့် ဆက်သွယ်ကာ ကျန်းလီပေါင်မှ ပက်ပ်စီသို့ ဆက်သွယ်ပြီး ကုမ္ပဏီ(၂)ခုသည် ၎င်းတို့အထက်ရှိ အဆင့်မြင့် စီမံသူများနှင့် အကြံဉာဏ် ပေးတော့မည် ဖြစ်သည်။
ကုမ္ပဏီ(၂)ခုသည် ဤသည်ကို ကြားရသည့်အခါ အလွန်ဝမ်းသာသွားသည်။ ယခုတစ်ကြိမ်တွင် သဘောတူညီချက် အနည်းငယ်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
လီဟဟနှင့် ကျန်းလီပေါင်တို့သည် ၎င်းတို့နှင့် ညှိနှိုင်းလိုကြပြီး တင်းကြပ်သည့် စည်းကမ်းများဖြင့် ကမ်းလှမ်းခဲ့သည်. ပက်ပ်စီနှင့် ကျန်းလီပေါင်တို့သည် ယခင်က ပူးပေါင်းဆောင်ရွက်ဖူးသဖြင့် မန်နေဂျာကျောက် သည် ထပ်မံ ပူးပေါင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့ရာတွင် လီကျန်းဝေထံမှ ပထမဆုံး စကားကြားလိုက်ရသည်နှင့် သွေးအံလုမတတ် ဖြစ်သွားသည်။
“ကျုပ်တို့တွေ ငွေတန်ဖိုးအတိုင်း လုပ်ကြတာပေါ့.. ကျုပ်တို့ တရုတ်ဈေးကွက်အတွက် ဘယ်ဈေးနဲ့ ဖလှယ်ဖို့ ကမ်းလှမ်းမလဲ..”
မန်နေဂျာကျောက် ခေတ္တစဉ်းစားကာ အမေရိကန်ဈေးကွက်နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ပက်ပ်စီသည် အမေရိကန်တွင် ကြော်ငြာများ တိုးမြှင့်မည် ဖြစ်ပြီး ကျန်းလီပေါင်၏ ထုတ်ကုန်များကို လက်လီဆိုင်များတွင် ရောင်းချနေပေပြီ။ ၎င်းတို့သည် လမ်းကြောင်းများ မျှဝေမည် ဆိုပါက ကျန်းလီပေါင်အနေဖြင့် ရောင်းအား အလွန်အကျွံ တိုးလာမည် မဟုတ်ချေ။
ထို့အပြင် တရုတ်နိုင်ငံရှိ ကျန်းလီပေါင်၏ လမ်းကြောင်းများမှ ပက်ပ်စီကို ရောင်းအားတိုးစေလိမ့်မည်။
“ဈေးကွက်ဆိုတာ မြေအကျယ်အဝန်းအပေါ်မှာ အခြေခံ တွက်ချက်တာမဟုတ်ပါဘူး.. ကျုပ်တို့က လူတွေကို အဖျော်ယမကာ ရောင်းနေတာဆိုတော့ လူဦးရေပေါ်မှာ အခြေခံရလိမ့်မယ်.. အားလုံး သာတူညီမျှ ရအောင် တရုတ်နဲ့ တပြေးညီရှိတဲ့ ဈေးကွက်တစ်ခု မပေးသင့်ဘူးလား..”
လီကျန်းဝေ ထပ်ပြောလိုက်သည်။
မန်နေဂျာကျောက် မူးမေ့မတတ် ဖြစ်သွားသည်။ ဈေးကွက်သည် လူဦးရေအပေါ် အခြေခံသည်ဟု တစ်ကြိမ်တစ်ခါမှ မကြားဖူးချေ။ တရုတ်နိုင်ငံတွင် လူဦးရေ (၁)ဘီလီယံကျော်ရှိကာ ဤသည်မှာ အမေရိကန်တိုက်ကြီး တစ်ခုလုံးရှိ လမ်းကြောင်းများနှင့် လဲလှယ်ပေးရပေလိမ့်မည်။ အာဖရိက ဈေးကွက်ကို လိုချင်သည်လော။ ညှိနှိုင်းစရာ အကြောင်း မရှိတော့ချေ။ ဤတရုတ်သူဌေးများ မိမိပေါ် စီးပိုးချင်နေပေသည်။
--------**$$^$$**--------