ဆန့်ကျင်ဘက်
Vol. 58 Ch. 858
ကျောက်ချင်းရှန်နှင့် လီကျန်းဝေတို့သည် ကုမ္ပဏီကြီး(၂)ခုအား အချိန်ဆွဲမှု အောင်မြင်ကြောင်း ဖုန်းယွီထံ အကြောင်းကြားကာ မဟာမိတ်အဖွ့ရှိ ကုမ္ပဏီများသည်လည်း သစ္စာမဖောက်ချေ။
အမှန်တကယ်တွင် မဟာမိတ်အဖွဲ့မှ ကုမ္ပဏီများသည်လည်း ထိုကုမ္ပဏီ(၂)ခုကို တရုတ်ဈေးကွက်သို့ ဝင်ရောက် ခြင်းအား ဟန့်တားချင်နေသည်။ ကိတ်မုန့် မည်မျှကြီးသည်ဖြစ်စေ အဖျော်ယမကာ ကုမ္ပဏီများနေသဖြင့် ပြိုင်ဆိုင် နေကြရသည်။ အကယ်၍ ထိုကုမ္ပဏီကြီး(၂)ခုသည် ဝင်ရောက် ပြိုင်ဆိုင်လာပါက လက်ရှိ ရရှိပြီး ဈေးကွက်ဝေစုများ ဆုံးရှုံးသွားနိုင်ပေသည်။
ထိုကုမ္ပဏီကြီး(၂)ခုသည် နိုင်ငံအများအပြားရှိ ပြည်တွင်း အဖျော်ယမကာ ကုမ္ပဏီများကို ရယူရန် ဤနည်းဗျူဟာ ကို သုံးခဲ့ပေသည်။
အခြားသော တရုတ်ကုမ္ပဏီများတွင် လီဟဟနှင့် ကျန်းလီပေါင်ကဲ့သို့ အတွေးတူကြသည်။ အားလုံးမှာ မိမိတို့ အတွက် ဈေးကွက်ကို ထိန်းသိမ်းကာ ဈေးကွက်အသစ် ဖွင့်ချင်ကြပေသည်။
ကုမ္ပဏီကြီး (၂)ခုကဲ့သို့ အောင်မြင်သော အဖျော်ယမကာ ကုမ္ပဏီများသည် နှစ်စဉ် အမြတ်အစွန်း မြင့်မြင့် ရကြပြီး တရုတ်နိုင်ငံတွင် လူဦးရေ မြင့်မားပေသည်။ တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ဈေးကွက်ဝေစုကို ထိန်းထားနိုင် ပါက အမြတ်ငွေများ ဆက်လက်တိုးတက်လာမည်သာပင်။
ကုမ္ပဏီကြီး(၂)ခုသည် ထိုသို့သော ရိုးရှင်းသည့် နည်းဗျူဟာဖြင့် အလွယ်တကူ မခံရသင့်သဖြင့် ဖုန်းယွီသည် တစ်ခုခု လွဲချော်သွားပြီဟု ခံစားလိုက်ရသည်။ တရုတ်သည် ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး ဤမျှ မြန်ဆန်စွာ လက်လျှော့မည် မဟုတ်ချေ။
မကြာမီ ထိုကုမ္ပဏီကြီး(၂)ခု၏ တုန့်ပြန်မှုများကို သိလိုက်ရသည်။
ကုမ္ပဏီကြီး(၂)ခုမှ ထုတ်ကုန်များသည် မြို့ငယ်လေးများနှင့် ကျေးရွာများတွင် စတင်ပေါ်လာသည်။ လက်လီ ဆိုင်ငယ်လေးများသည် လီဟဟ၊ ကျန်းလီပေါင်နှင့် အခြားကုမ္ပဏီများ၏ မျက်ကွယ် ဖြစ်နေပေသည်။
ဖုန်းယွီ ထိုသတင်း ကြားလိုက်သည့်အခါ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ ဖြစ်သင့်သည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ ကုမ္ပဏီကြီး(၂)ခုသည် အခြားအမှတ်တံဆိပ်များအား မြို့ကြီးများ၏ အပြင်ပတွင် ရောင်းချခိုင်းခြင်း မဟုတ်ပေလော။
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ အနိမ့်ဆုံး အဆင့် ဖြန့်ဖြူးသူများသည်သာ ကျေးရွားများသို့ ကုန်ပစ္စည်းများ ပေးပို့မည် ဖြစ်သည်။ မြို့ငယ်၊ ကျေးရွာ အများအပြား၏ သုံးစွဲနိုင်စွမ်းသည် အဓိက မြို့ကြီး တစ်ခုနှင့် ယှဉ်၍ မရသည့် အပြင် သယ်ယူစရိတ်၊ သိုလှောင်စရိတ် မြင့်မားလှပေသည်။ ကုမ္ပဏီကြီး(၂)ခု အနေဖြင့် ထိုသို့ မလုပ်သင့်ချေ။
ဤသည်မှာ မြို့ကြီးတစ်မြို့ကို ဝိုင်းပတ်ရန် ကျေးရွာများ အလျင်သိမ်းသည့် ဗျူဟာပင်။ ဖုန်းယွီသည် ယခင်ဘဝ၌ လီဟဟနှင့် ဖန်ဟွာကိုလာတို့သည် ထိုနည်းဗျူဟာကို သုံးခဲ့ကြသည်။ ၎င်းတို့၏ ထုတ်ကုန်များသည် ကျေးရွာ အများအပြား၌ ပေါ်လာကာ ဈေးကွက်ရှာဖွေရေးအဖြစ် ရုပ်သံကြော်ငြာသုံး၍ ကျေးရွာ အနှံ့အပြား ကြော်ငြာ ပိုစတာများ စိုက်ထူချိတ်ဆွဲခဲ့ကြသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ကုမ္ပဏီကြီး(၂)ခုသည် ၎င်းတို့ဂုဏ်ရှိန် မြှင့်တင်ကြပြီး အဓိက မြို့ကြီးများတွင် အရောင်း လမ်းကြောင်းများ ခိုင်ခန့်အောင် လုပ်ထားသည်။ ထိပ်ဆုံးရောက်နေသည်ကို မည်သူမှ ဆွဲမချနိုင်ဘဲ ကျန်ကုမ္ပဏီ များသည် ၎င်းတို့အား ယှဉ်ပြိုင်ရန် အခြားနည်းလမ်းများ သုံးကြရပေသည်။ လီဟဟနှင့် ဖန်ဟွာကိုလာ တို့သည် ထုတ်ကုန်များကို ကျေးရွာနှင့် မြို့ငယ်များသို့သာ တင်ပို့ကြသော်လည်း နှစ်စဉ် သန်းရာချီ ဝင်ငွေရနေပေသည်။
ထိုနည်းဗျူဟာကို ကုမ္ပဏီငယ်များသည် နာမည်ကျော် ကုမ္ပဏီများနှင့် ယှဉ်ပြိုင် သုံးရပေသည်။ ကုမ္ပဏီကြီး (၂)ခုသည် မည်သည့်အတါက် ထိုနည်းဗျူဟာကို သုံးနေကြသနည်း။ ဤသည်မှာ ၎င်းတို့ အဖျော်ယမကာများကို တရုတ် အဖျော်ယမကာများထက် အဆင့်အတန်း နိမ့်ကျစေပေသည်။
ကုမ္ပဏီ(၂)ခုအနေဖြင့် ထိုသို့ ပြုလုပ်ရန် ဆုံးဖြတ်ထားလျှင်ပင် ၎င်းတို့ ထုတ်ကုန်များကို ကျေးရွာများ၌ အချိန်တို အတွင်း မည်သည့် ရောင်းချနိုင်ကြသနည်း။ မည်သည့် ကုမ္ပဏီများမှ ၎င်းတို့၏ ကိုယ်ပိုင် ဖြန့်ချီရေး လမ်းကြောင်းများ ကွန်ရက်ကို ထိုမျှ မြန်ဆန်စွာ မတည်ဆောက်နိုင်ချေ။
ဤသည်ကို အလွယ်တကူ စုံစမ်းနိုင်ပြီး ရရှိသည့် သတင်းကြောင့် ဖုန်းယွီ မျက်မှောင်ကြုတ်သွားမိသည်။
ပက်ပ်စီသည် ကောင်းရှစ်ဖူနှင့် ပူးပေါင်းနေပြီး ကိုကာကိုလာသည် တုန်ယီနှင့် ပူးပေါင်းနေပေသည်။ ထို ထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် မြို့ကြီးများတွင် လီဟဟကို အနိုင်မယူနိုင်သဖြင့် မြို့ငယ်များနှင့် ကျေးရွာများတွင် အာရုံ စိုက်ထားပေသည်။
ထိုလမ်းကြောင်းများ ထူထောင်ရာ၌ ရင်းနှီးမြုပ်နှံမှု ကြီးမားရန် လိုအပ်ပြီး ကျေးရွာများ၌ သုံးစွဲနိုင်မှုမှာ မမြင့်မားချေ။ လက်ရှိအချိန်အထိ ထိုင်ဝမ်ကုမ္ပဏီများ အရှုံးပေါ်နေဆဲ ဖြစ်သည်။
ကုမ္ပဏီကြီး(၂)ခုသည် ပူးပေါင်းနိုင်မည့် ကုမ္ပဏီရှာဖွေရင်း ၎င်းတို့ကို တွေ့သွားသည်။ ထိုထိုင်ဝမ် ကုမ္ပဏီ (၂)ခုသည် အဖျော်ယမကာ မဟာမိတ်အဖွဲ့မှာ ထုတ်ပယ်ခံရပြီး မဟာမိတ်အဖွဲ့နှင့် မပြေလည်မှုများ ရှိနေပေသည်။ ကုမ္ပဏီ (၄)ခုစလုံး၏ ဘုံရန်သူမှာ တူညီနေသဖြင့် ပူးပေါင်းရန် ပြဿနာ မရှိချေ။
ထိုင်ဝမ်ကုမ္ပဏီ(၂)ခုအား ဒေသအာဏာပိုင်များမှ ဒဏ်ငွေများ ချမှတ်ခဲ့သဖြင့် တရုတ်အဖျော်ယမကာ ကုမ္ပဏီများ ကို မုန်းတီးနေပေသည်။
ပက်ပ်စီနှင့် ကောင်းရှစ်ဖူသည် ယခင်ဘဝကပင် အလုပ်တွဲလုပ်ဖူးကြောင်း ရုတ်တရက် သတိရလိုက်မိသည်။ ယခင်ဘဝတွင် ပက်ပ်စီသည် ကောင်းရှစ်ဖူအား ၎င်းတို့၏ ပုလင်းစက်ရုံ ရောင်းချခဲ့ပြီး ကောင်းရှစ်ဖူ၏ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ကိုကာအရသာ ဖော်စပ်နည်းအသစ်ကိုပင် ရောင်းချပေးခဲ့သည်။
ကောင်းရှစ်ဖူသည် ထိုသဘောတူညီချက်အား ပက်ပ်စီကို မိုးကောင်းကင် နတ်မင်းကြီးပမာ တင်စားခဲ့သည်။ ပူးပေါင်းဆောင်ရွက်ကြပြီးနောက် ပက်ပ်စီသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှရှိ ကိုကာကိုလာကို နိမ်နှင်း နိုင်ခဲ့သည်။ ၎င်းတို့၏ ထုတ်ကုန်များ ရောင်းချမှုသည် ကိုကာကိုလာကို ကျော်တက်သွားကာ တရုတ်ဈေးကွက်သည် ပက်ပ်စီအတွက် အမြတ်အစွန်း အရှိဆုံး ဈေးကွက်ဖြစ်လာသည်။
ဖုန်းယွီ၏ ယခုဘဝ၌ ပက်ပ်စီသည် ထိုကဲ့သို့ လုပ်လိမ့်မည်ဟု မျှော်လင့်မထားချေ။ သို့ရာတွင် ယခုအချိန် ကောင်းရှစ်ဖူနှင့် ပက်ပ်စီတို့၏ ပူးပေါင်းမှုမှာ ကွာခြားပေသည်။ ကောင်းရှစ်ဖူသည် လက်ဖက် အဖျော်ယမကာ လုပ်ငန်းခေါင်းဆောင် ဖြစ်မလာပဲ ကျယ်ပြန့်သည့် ဖြန့်ဖြူးရေး ကွန်ရက်လည်း မရှိချေ။ သူ့အမှတ်တံဆိပ်ကို တရုတ်နိုင်ငံ၌ လူကြိုက်များမှု မရှိချေ။
ကောင်းရှစ်ဖူသည် ကိုယ်ပိုင် ဖြန့်ချီရေးလမ်းကြောင်းများအတွက် ငွေကြေး အမြောက်အများ ရင်းနှီးမြုပ်နှံခဲ့ပြီး ၎င်းတို့အတွက် ပက်ပ်စီထုတ်ကုန်များ ဖြန့်ဖြူးပေးခြင်းသည် ကုန်ကျစရိတ် သက်သာစေနိုင်သည်။ ပို၍ အရေးကြီး သည်မှာ ပက်ပ်စီသည် ကောင်းရှစ်ဖူ၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ရန်နှင့် သယ်ယူရေးစရိတ် လျော့ချရန် ပုလင်း စက်ရုံးများ အသုံးပြုခွင့်ပေးမည် ဖြစ်သည်။
ဤသည်က ကုမ္ပဏီ (၂)ခုစလုံးအတွက် ရလဒ်ကောင်းတစ်ခုပင်။
ဤသည်ကို ကိုကာကိုလာမှလည်း သတိပြုမိကာ တုန်ယီနှင့် လက်တွဲရန် ရွေးချယ်ခဲ့သည်။ တုန်ယီနှင့် ပူးပေါင်းမှု သည် ပက်ပ်စီနှင့် ကောင်းရှစ်ဖူကဲ့သို့ပင်။
နောက်ဆုံးတွင် ဘုံရန်သူ တရုတ်အဖျော်ယမကာ မဟာမိတ်အဖွဲ့ ရှိပြီး ထိုအဖွဲ့မှ တရုတ်ဈေးကွက်ရှိ အဖျော် ယမကာ ဈေးနှုန်းများကို ထိန်းချုပ်ထားသည်။
မဟာမိတ်အဖွဲ့ရှိ ကုမ္ပဏီများ၏ ထုတ်ကုန်များကို ဈေးနှုန်းတူ ရောင်းချနေကြပြီး အချင်းချင်း ဈေးနှုန်းစစ်ပွဲ မလုပ်ကြချေ။ မိတ်ဖက်ကုမ္ပဏီများအားလုံးသည် ကုမ္ပဏီကြီး(၂)ခုကို ဆန့်ကျင်ကာ တရုတ်ဈေးကွက်မှ ထွက်သွား စေချင်ကြသည်။ တစ်ချိန်တည်းတွင် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုအား ဖိနှိပ်ထားကာ အဖျော်ယမကာ လုပ်ငန်းမှ တွန်းအား ပေး နှုတ်ထွက်ခိုင်းနေပေသည်။
ကုမ္ပဏီကြီး (၂)ခုတွင် ထိုသို့ လုပ်ရန်မှတစ်ပါး ရွေးစရာ မရှိချေ။ ရွာများသည်လည်း နောင်တွင် ချမ်းသာလာကာ သုံးစွဲနိုင်မှု မြင့်တက်လာပေလိမ့်မည်။ ထိုင်ဝမ်ကုမ္ပဏီ (၂)ခုသည် အဆက်အသွယ် ရှိနေပြီဖြစ်၍ ထိုမြို့ငယ်များကို လက်လွတ်မခံနိုင်ချေ။ ထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် မြို့ကြီးများတွင် ဖြန့်ဖြူးရေး ကွန်ရက်မရှိသော်လည်း အသင့်စား ခေါက်ဆွဲများ ရောင်းချလျှက်ရှိသည်။ ၎င်းတို့၏ ဖြန့်ဖြူးရေး ကွန်ရက်သည် လီဟဟကဲ့သို့ မခိုင်မာသော်လည်း ကျန်းလီပေါက်နှင့် တန်းတူလိုက်ပေသည်။
ကုမ္ပဏီကြီး(၂)ခုသည် မြို့များ၏ ဈေးကွက် ရယူနိုင်ရန် ၎င်းတို့၏ အဆက်အသွယ်များကို သုံးချင်ကာ တစ်ချိန် တည်းတွင် ပတ်ဝန်းကျင် ကျေးရွာ ဈေးကွက်ကိုလည်း ချုပ်ကိုင်ချင်ကြသည်။ ထိုနည်းဖြင့် အမှတ်တံဆိပ် သတိပြုမိမှု တိုးလာကာ (၂)နှစ်အတွင်း မြို့ကြီးများသို့ ပြန်လည် ရောက်ရှိနိုင်ပေမည်။ ထိုအချိန်တွင်မှ ကိုယ်ပိုင် ဖြန့်ဖြူးရေးကွန်ယက် ထူထောင်နိုင်ပေလိမ့်မည်။
သို့အတွက် အမေရိကန် ကုမ္ပဏီများသည် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုနှင့် မဟာမိတ်ဖွဲ့ကာ အရောင်းဖြန့်ဖြူးရေး လမ်းကြောင်း ပြဿနာများ ဖြေရှင်းခဲ့သည်။
ထိုအဖြစ်အပျက်သည် ဖုန်းယွီနှင့် အခြားတရုတ်ကုမ္ပဏီများအား လျှော့မတွက်ရန် သတိပေးခဲ့ခြင်းပင်။ ပြဿနာ ဝိုင်းဝိုင်းလည်နေပါက ဖြေရှင်းရန် နည်းလမ်းရှာကြမြဲသာပင်။
ကျောက်ချင်းရှန်နှင့် လီကျန်းဝေတို့ ဒေါသထွက်သွားသည်။ ထိုထိုင်ဝမ်ကုမ္ပဏီ(၂)ခု ထပ်၍ ပါလာပြန်လေပြီ။ ၎င်းတို့ ဝင်မရှုတ်ပါက ကုမ္ပဏီကြီး(၂) ယခုနှစ်အတွက် ဆုံးရှုံးမှု ပို၍ မြင့်မားပေလိမ့်မည်။
ထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် ခေါက်ဆွဲခြောက်မှ စတင်ခဲ့ကြသည်လော။ လီဟဟသည်လည်း ခေါက်ဆွဲခြောက်များ စတင်ရောင်းချပေတော့မည်။ ယခင်က ကျောက်ချင်းရှန်သည် အသင့်စား ခေါက်ဆွဲများ ရောင်းမရောင်းနှင့် ပတ်သက်၍ တုံ့ဆိုင်းနေသေးသည်။ ယခုအခါတွင်မူ ထိုထိုင်ဝမ်ကုမ္ပဏီ(၂)ခုကို ကန့်လန့်တိုက်ချင်နေပေပြီ။
၎င်းတို့အားလုံးမှာ မိမိမုတ်ဆိတ်တွင် လာရောက်ဆွဲနေကြသည့် ပျားများပင်။ ပျားရည် ဖွတ်စားခြင်းအား အပြစ်မတင်သင့်ခြေ။
--------**$$^$$**--------