ထူးဆန်းသည့် ဂျပန်
Vol. 58 Ch. 859
ဖုန်းယွီသည် ကျောက်ချင်းရှန်အား ယခင်က ပြောခဲ့ဖူးပေသည်။ တရုတ်နိုင်ငံတွင် ခေါက်ဆွဲခြောက် များစွာရှိသော် လည်း ကုမ္ပဏီများအားလုံးသည် အရသာဟူသည့် ထပ်တူအမှားများသာ လုပ်နေကြသည်။ တရုတ်မှ အသင့်စား ခေါက်ဆွဲများအားလုံး အရသာ အတူတူဖြစ်ကြသည်။ မည်သည့် အရသာမျိုးဖြစ်စေ ရောင်းအားကောင်းမည့် အရသာကို မိတ်ဆက်ပေးရပေမည်။
အခြားတံဆိပ်များကို လေ့လာခြင်းသည် ငွေရှာခြင်းမဟုတ်ဘဲ အခြားသူများထက် ပိုကောင်းစေရန်ဖြစ်သည်။ လီဟဟသည် ထိုအမှားမျိုး ကျူးလွန်၍ မရချေ။ အစပိုင်းတွင်း ကျောက်ချင်းရှန်သည် အသင့်စား ခေါက်ဆွဲ အရာသာနှင့် ပုံစံသစ်များ ဖန်တီးရန် ခက်ခဲမည်ဟု ခံစားရပြီး လီဟဟသည် ဆီကြော် စားသောက်ကုန်များ၌ အတွေ့အကြုံမရှိချေ။
ယခုအချိန်တွင် ကျောက်ချင်းရှန်သည် အသင့်စားခေါက်ဆွဲ ထုတ်လုပ်ရန်နှင့် ထိုကုမ္ပဏီ (၂)ခုလစုံးမှ ဈေးကွက် လုယူရန် စိတ်ဆုံးဖြတ်လိုက်ပေပြီ။
ထိုအချိန်တွင် ဖုန်းယီသည် ဂျပန်လူမျိုး (၂)ယောက်နှင့်အတူ တရုတ်တိုင်ငံသို့ ပြန်လာခဲ့သည်။
တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်များသည် အရသာအလွန်ကောင်းကာ အခြားနိုင်ငံမှ အသင့်စား ခေါက်ဆွဲခြောက်များနှင့် နှိုင်းယှဉ်၍မရချေ။ အာရှသည် အသင့်စား ခေါက်ဆွဲခြောက်များ ထုတ်လုပ်သည့် နိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံသည် အများဆုံး စားသုံးကြသော်လည်း တရုတ်အမှတ်တံဆိပ် အသင့်စား ခေါက်ဆွဲခြောက် များမှာ ညံ့ဖျင်းလွန်းပေသည်။
ဖုန်းယွီ ယခင်ဘဝက လူတစ်ယောက်သည် အသင့်စား ခေါက်ဆွဲများကို အဆင့်သတ်မှတ်ခဲ့သည်။ တုန်ယီသည် ကမ္ဘာပေါ်၌ အကြီးဆုံး ခေါက်ဆွဲခြောက် ထုတ်လုပ်သူဖြစ်ပြီး ကောင်းရှစ်ဖူသည်လည်း စာရင်းဝင်ဖြစ်သည်။ သို့ရာတွင် မြည်းစမ်းကြည့်သည့်အခါ ထိုကုမ္ပဏီ(၂)ခု၏ ခေါက်ဆွဲများကို စာရင်းပင် မသွင်းခဲ့ချေ။
ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံမှ ခေါက်ဆွဲများသည် အရသာ အကောင်းဆုံးဖြစ်သည်။
သို့ရာတွင် ထိုနိုင်ငံများမှ အသင့်စားခေါက်ဆွဲများသည် ဈေးကြီးသဖြင့် တရုတ်မှ ခေါက်ဆွဲများကို ဈေးသက်သာ သဖြင့် လူသုံးအများဆုံး အမှတ်တံဆိပ်များအဖြစ် ဝယ်ယူစားသုံးကြပေသည်။
လူအများ အသက်ရှင်သန်ရန် ခေါက်ဆွဲခြောက်များ စားကြပေမည်။ အရသာ၊ အဟာရကို မည်သူ ဂရုစိုက်နေကြသနည်း။
“အဘိုးကြီးကျောက် မိတ်ဆက်ပေးအုံးမယ်.. ဒါ ဂျပန်က ဆဋ္ဌမအာရုံ ကုမ္ပဏီ ဥက္ကဋ္ဌ ခါမီဒါ မာဆောင်တဲ့.. အဲ့ကုမ္ပဏီက Nasdaq မှာ စာရင်းဝင်ထားပြီး အဲ့စက်မှုလုပ်ငန်းမှာ သူဦးဆောင်နေတာလေ.. ဒါက ဂျပန်က Qianqian Ramen ရဲ့ အလုပ်အမှုဆောင်နဲ့ အထွေထွေမန်နေဂျာ မူဂါဝါဂျီရိုပါ.. သူ့ကုမ္ပဏီမှာ မကြာခင်ကပဲ အရသာ ပိုကောင်းတဲ့ အသင့်စားခေါက်ဆွဲ တီထွင်ထားတယ်လေ.. ဒါပေမယ့် ခေါက်ဆွဲရဲ့ အခြေခံအားသာချက်က အရသာ ပိုကောင်းတာပဲ.. လီဟဟရဲ့ ခေါက်ဆွဲခြောက်တွေဟာ ထိုင်ဝမ်ကုမ္ပဏီ (၂)ခုထက် ပိုကောင်းမှရမယ်.. ဒါ့ကြောင့် ဒီကုမ္ပဏီကနေ ဖော်စပ်နည်း ဝယ်နိုင်လိမ့်မယ်လို့ ကျုပ်တွေးထားတယ်..”
ကျောက်ချင်းလီ မျက်မှောင်ကြုတ်ကာ ဖုန်းယွီအနား ကပ်၍ တိုးတိုးလေးဖြင့်..
“မန်နေဂျာဖုန်း.. မင်းဘာလို့ ဂျပန် နတ်ဆိုး(၂)ကောင် ခေါ်လာရတာတုန်း..”
ခါမီဒါမာဆောင် နှုတ်ခမ်းတွန့်သွားသည်။ တရုတ်စကား နားလည်နေသဖြင့် အတင်းတုတ်မည် ဆိုလျှင်ပင် ကွယ်ရာ၌ ပြောသင့်ပေသည်။ မိမိတို့ ဘိုးဘေးများသည် စစ်ပွဲကို ဆန့်ကျင်ကာ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည် ထဲသို့ ခြေမချခဲ့ချေ။
ထို့အပြင် ရှေးယခင်ကတည်းက ဂျပန်တို့ကို အနိုင်ကျင့်ခဲ့ကြသည်မှာ တရုတ်များသာပင်။ မိမိတို့အား အနိုင်ပိုင်းထား ပေသည်။ ဤသည်ကို မည်သည့်အတွက် အတွေးမဝင်သနည်း။
“အဟွတ်.. အဟွတ်..”
ဖုန်းယွီ ရှက်သွားတော့သည်။
“အဘိုးကြီးကျောက် မစ္စတာ ခါမီဒါက တရုတ်နိုင်ငံမှာ တော်တော်ကြာကြာ နေလာတော့ တရုတ်စကား ပြောနိုင်တယ်..”
ကျောက်ချင်းချန် ချက်ချင်း မျက်နှာပျက်သွားကာ ရှက်သွားမိသည်။ မည်သည့်အတွက် ကြိုပြောမထားသနည်း။ ယခုမူ မည်သို့ ညှိနှိုင်းရပါတော့မည်နည်း။
ခါမီဒါမာဆောင်သည် မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်ပေသည်။
“မစ္စတာကျောက်.. ငါတို့မိသားစုလဲ စစ်ပွဲကို ဆန့်ကျင်ခဲ့ကြပါတယ်.. အဲ့လို မိသားစုထဲက တစ်ယောက် တရုတ်ပြည် ထဲ ဝင်တာလာကို အချင်းချင်း ရန်သူလို မဆက်ဆံသင့်ပါဘူး.. ကျုပ်တို့အားလုံး ငြိမ်းချမ်းရေး မြတ်နိုး ကြသူတွေ ပဲမဟုတ်ဘူးလား..”
ကျောက်ချင်းရှန် အံ့ဩသွားမိသည်။ ဤဂျပန် ဘာမှားနေသနည်း။ မိမိ၏ ကဲ့ရဲ့မှုကိုပင် ဒေါသမထွက်ကြဘူးလော။
တရုတ်ပြည်၌ ဂျပန်များအားလုံး မာနကြီးသည်ဟု မှတ်ယူထားကြသည်။ တရုတ်အစိုးရသည် ဂျပန်အား ပြစ်တင်ရှုံ့ချမှုမှာ နောက်ဆုံးအကြိမ် ဖြစ်နိုင်မည်လော။ ထိုဂျပန်နတ်ဆိုးများမှာ ကြော်စရာလော။
“တကယ်ပဲ.. ကျုပ်တို့အားလုံး ငြိမ်းချမ်းရေး ချစ်သူတွေပဲ.. မစ္စတာ မူဂါဝါ ဂျီရို ခေါက်ဆွဲခြောက် နမူနာများ ယူခဲ့သေးလား..”
ကျောက်ချင်းရှန် ထပ်အံ့ဩရပြန်သည်။
Qianqian Ramen ထံမှ လီဟဟ ခေါက်ဆွဲခြောက် ဖော်စပ်နည်း ဝယ်ယူမည် ဆိုလျှင်ပင် ဆဋ္ဌမအာရုံ ကုမ္ပဏီနှင့် မည်သို့သက်ဆိုင်မည်နည်း။
ထို့အပြင် ဆဋ္ဌမအာရုံ ကုမ္ပဏီကို မည်သည့်အတွက် ဤမျှ ရင်းနှီးနေရသနည်း။ ထိုနာမည်အား ရင်းနှီးနေသဖြင့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လောက်ပေသည်။ မန်နေဂျာဖုန်းသည်လည်း ဆဋ္ဌမအာရုံ ကုမ္ပဏီသည် စက်မှုလုပ်ငန်းတွင် အကောင်းဆုံးဖြစ်သည်ဟု ပြောထားသည်။
သို့ရာတွင် စာရင်းဝင် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သဖြင့် မည်သည့်အတွက် ဘာသာပြန် လုပ်နေမည်နည်း။ မန်နေဂျာ ဖုန်းကြောင့်လော။ ခါမီဘာမာဆောင်သည် ဤနေရာ၌ ဘာသာပြန်သူနှင့် အာမခံပေးသူအဖြစ် အမှန်တကယ် ရောက်နေခြင်းဖြစ်သည်။ ဤ Qianqian Ramen ကုမ္ပဏီသည် ၎င်းတို့ဖွံ့ဖြိုးရေးရန်ပုံငွေများ အလွန်အကျွံသုံးထား သဖြင့် ငွေကြေးလည်ပတ်မှုတွင် ပြဿနာပေါ်ကာ ဖြေရှင်းရန် ငွေအမြောက်အများ လိုအပ်နေပေသည်။ အကြွေး များတင်နေသဖြင့် ဘဏ်များမှလည်း ချေးငွေမရနိုင်ချေ။ သို့အတွက် ရန်ပုံငွေရှာနိုင်ရန် ခေါက်ဆွဲခြောက် ဖော်စပ်နည်း ရောင်းချလိုခြင်းပင်။
ဖုန်းယွီသည် ခေါက်ဆွဲခြောက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုအတွက် ချက်ပြုတ်နည်းများ ဝယ်ယူရာ၌ ကူညီရန် ခါမီဒါ မာဆောင်ကို ခေါ်ကာ ခါမီဒါ၏ ရုံးခန်းအနားရှိ Qianqian Ramen ကို တွေ့လိုက်ရခြင်းပင်။
ခါမီဒါမောင်ဆောင်သည် လူလွှတ်၍ စုံစမ်းသည့်အခါ အရသာအသစ် ခေါက်ဆွဲခြောက် ဖော်စပ်နည်းအတွက် ဝယ်လက် ရှာဖွေနေကြောင်း တွေ့လိုက်ရသည်။ မူဂါဝါဂျီရိုသည် ဝယ်သူမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိလိုက်ရ သည့်အခါ ဂျပန်နိုင်ငံ၌ ၎င်းတို့နှင့် ယှဉ်ပြိုင်မည် မဟုတ်သဖြင့် အလွန်ဝမ်းသာမိနေသည်။
ခါမီဒါမာဆောင်မှာလည်း ထို Qianqian Ramen ခေါက်ဆွဲခြောက် အသစ်သည် အရသာရှိပြီး အမြတ် ရလောက်သည်ဟု ခံစားမိသည်။ သို့အတွက် ထိုကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံကာ ထိုကုမ္ပဏီ၏ အစုရှယ်ယာများကို သူ့သားသမီးများအတွက် ဝယ်ပေးခဲ့သည်။ ထိုခေါက်ဆွဲခြောက်ကို တရုတ်စားသုံးသူများ လက်ခံပါက အမြတ်အစွန်း များမည်ကိုသိသည့်အပြင် ထိုအရသာကို တုယူမည့် အခြား တရုတ်ကုမ္ပဏီများအတွက်လည်း စိတ်ပူစရာ မလိုချေ။ ဂျပန်လူမျိုးများသည် အသက်ကြီးရွယ်အိုများနှင့် အဆင့်အတန်းကို အထူးအလေးထားလေ့ရှိကြသည်။ ခါမီဒါ မာဆောင် ၏ ဆဋ္ဌမအာရုံ ကုမ္ပဏီသည် Qianqian Ramen ထက် အလွန်ကြီးမားပြီး သူ့ငွေများ လိမ်လည်မည် မဟုတ်ကြောင်း မူဂါဝါဂျီရို ယုံကြည်ပေသည်။ ထို့အပြင် ခါမီဒါသည် ဤကုမ္ပဏီတွင် ငွေအမြောက်အများ ရင်းနှီး မြုပ်နှံထားသည် မဟုတ်ပေလော။
ခေါက်ဆွဲ(၂)ခွက် ပြင်ဆင်ပြီးနောက် ကျောက်ချင်းရှန်၏ အတွင်းရေးမှူးသည် ပန်းကန် သေးလေးများ ယူလာကာ အစည်းအဝေးရှိ လူတိုင်းအား ထည့်ပေးလိုက်သည်။
ယခင်ကလည်း ခေါက်ဆွဲခြောက်ကို လူတိုင်းမြည်းကြည့်ဖူးပေသည်။ ကျောက်ချင်းရှန်၏ ချမ်းသာကြွယ်ဝမှုဖြင့် ပင်လျှင် ယခုအချိန်ထိ နေ့လည်စာ ထွက်စားရန် အချိန်မရသည့်အခါတိုင်း သူ့ရုံးခန်းအတွင်း အသင့်စား ခေါက်ဆွဲ ခြောက် စားသုံးလေ့ရှိဆဲပင်။
ကျောက်ချင်းရှန်သည် ဤအရသာသစ် အသင့်စားခေါက်ဆွဲကို မြည်းစမ်းကြည့်ရာ ကောင်းရှစ်ဖူထက် အရသာ ပိုကောင်းကြောင်း တွေ့လိုက်ရသည်။
မူဂါဝါဂျရိုမှ ဂျပန်ဘာသာဖြင့် အနည်းငယ်ပြောပြီးနောက် ကျောက်ချင်းရှန်သည် ခါမီဒါမာဆောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မူဂါဝါဂျီရို ပြောတာက ဒါ ပင်လယ်စာ အရသာနဲ့ အမဲသားဟင်းရည် ခေါက်ဆွဲတဲ့.. သူတို့ကုမ္ပဏီက အသစ်တီထွင် ထားတဲ့ အရသာတွေ ဖြစ်တဲ့အပြင် ခေါက်ဆွဲတွေကိုတောင် အဆင့်မြင့်ဆုံး နည်းပညာနဲ့ ဖန်တီးထားတာ.. ဒီလိုမျိုး အသားစိမ်ထားတဲ့ အသင့်စား ခေါက်ဆွဲမျိုး မြည်းဖူးကြရဲ့လား..”
ခါမီဒါမာဆောင် ဘာသာပြန်ပေးလိုက်သည်။ ကျောက်ချင်းရှန်သည် ကျန်လူများကို ကြည့်လိုက်ရာ အားလုံး ခေါင်းခါ ကြသည်။ ဤခေါက်ဆွဲခြောက်၏ အရသာနှင့် အသားမှာ အကောင်းဆုံးဖြစ်သည်။ ဤချက်ပြုပ်နည်း ဝယ်ကာ ဈေးကွက်အတွင်း မိတ်ဆက်လိုက်ပါက လူကြိုက်များမည်မှာ သေချာပေသည်။
“အရသာ တော်တော်ကောင်းတယ်.. ဒါပေမယ့် ထုတ်လုပ်မှု ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ.. ဒီလိုမျိုး ချက်နည်းအတွက် ဘယ်လောက်လိုချင်လဲ..”
ကျောက်ချင်းရှန် မေးလိုက်သည်။
ခါမီဒါမာဆောင်သည် ဖုန်းယွီအား တစ်ချက်ကြည့်ကာ ကျောက်ချင်းရှန်အား..
“မင်းသာ ပမာဏ အများကြီး ထုတ်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်ကို (၂)ယွမ် ပတ်ဝန်းကျင် ထိန်းထားနိုင်တယ်.. လီဟဟက တရုတ်အဖျော်ယမကာ လုပ်ငန်းမှာ ဦးဆောင်သူဆိုတော့ ကျိုးကြောင်းဆီလျော်တဲ့ ဈေးနှုန်း ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်..”
ကျောက်ချင်းရှန် အံ့အားသင့်သွားရပြန်သည်။ ဤသည်က အမှန်တကယ် စီးပွားရေး ညှိနှိုင်းမှုလော။ ဤချက်ပြုပ်နည်းကို (၁)ယွမ်ဖြင့် ဝယ်လိုသည် ပြောပါက သဘောတူနိုင်မည်လော။
ဤဂျပန်များ မည်သည့်အတွက် ထူးဆန်းနေရသနည်း။ မန်နေဂျာဖုန်းအား မည်သည့်အတွက် ကြည့်နေရသနည်း။ တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်လော။
--------**$$^$$**--------