← Chapters

စူးစမ်းချင်စိတ်ကြောင့် ကြောင်ကိုသတ်ခြင်း

Vol. 58 Ch. 860

စူးစမ်းချင်စိတ်ကြောင့် ကြောင်ကိုသတ်ခြင်း

Vol. 58 Ch. 860

ကျောက်ချင်းရှန် အဖြေထုတ်မပြောမီ ဘေးနားမှ တစ်ယောက်က..

“ဥက္ကဋ္ဌ.. အဲ့ဈေးက အရမ်းမြင့်တယ်.. ချက်နည်း ကုန်ကျစရိတ် မပါသေးဘူး ခေါက်ဆွဲခြောက် တစ်ထုပ်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က (၂)ယွမ်ဆိုတော့.. လက်လီဈေး ဘယ်လောက် သတ်မှတ်ရမလဲ.. အနည်းဆုံး (၅)ယွမ်လောက် ဖြစ်သွားမယ်.. လက်ရှိ တရုတ်မှာ ခေါက်ဆွဲခြောက်တွေရဲ့ လက်လီဈေးက (၀.၆)ကနေ (၂)ယွမ်ကြားရှိတယ်.. ကျုပ်တို့ ကုန်ကျစရိတ်က သူတို့လက်လီဈေးထက်တောင် မြင့်နေတာ ဘယ်လို ငွေရှာမလဲ..”

ကျောက်ချင်းရှန် အသံတိတ်နေပေသည်။ စောစောကတည်းက အသင့်စားခေါက်ဆွဲများ၏ ဈေးနှုန်းများကို တွေးခဲ့ ဖူးကာ လီဟဟ၏ အသင့်စား ခေါက်ဆွဲခြောက်ရောင်းပါက ကောင်းရှစ်ဖူထက် ဈေးပိုသည်ဟု ယူဆမိသည်။ ဤခေါက်ဆွဲခြောက်ထုပ်နှင့် အနံအရသာမှုန့် ထုပ်ပိုးထားသည့် ခေါက်ဆွဲများသည် ပိုကြီးပေသည်။ အားလုံး လျော့ချနိုင်ကာ ကုန်ကျစရိတ်ကို (၂)ယွမ်မပြည့်အောင် လျှော့ချနိုင်ပေသည်။

လီဟဟတွင် ဖြန့်ချီရေးကွန်ရက်များ ရှိထားပေသည်။ ထို အဖျော်ယမကာ ဖြန့်ဖြူးသူများသည် ခေါက်ဆွဲခြောက် များ ရောင်းချရာ၌ ကူညီနိုင်မည့်အပြင် ထိုင်ဟွာကုန်တိုက်လည်း ရှိသေးသည်။ လီဟဟအတွက် အားသာချက်များ ရှိပေသည်။

ပြဿနာမှာ ဤချက်ပြုတ်နည်းအတွက် ဈေးနှုန်းပင်။ သူ့အနေဖြင့် မည်မျှပေးသင့်သနည်း။ ဂျပန်(၂)ယောက်နှင့် ဖုန်းယွီတို့၏ ဆက်ဆံရေးကား မည်သို့နည်း။

ဖုန်းယွီသည် မည်သည့်စကားမှ ဝင်မပြောဘဲ လက်ဖက်ရည်ကိုသာ ဇိမ်ခံသောက်နေပေသည်။ နှစ်ဦးနှစ်ဖက် မိတ်ဆက်ပေးရန် ဤနေရာသို့ ရောက်နေသည့်အလား ပြုမူနေပေသည်။ ကျောက်ချင်းရှန်မှာမူ ထိုသို့ မထင်ချေ။

ဖုန်းယွီသည် ထိုဂျပန်(၂)ယောက်ကို ကိုယ်တိုင်ခေါ်လာသည်ကပင် သူ၏ သဘောထားကို အများအပြား ပြောပြရာ ရောက်ပေသည်။ လီဟဟတွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်သူမှာ ကျောက်ချင်းရှန် ဖြစ်သော်လည်း ဖုန်းယွီသည် အဓိကရှယ်ယာရှင်ဖြစ်သည်။ ဖုန်းယွီ၏ ပိုင်ဆိုင်မှုများသည် သူ့ထက် အဆများစွာပိုကာ ဖုန်းယွီအား စော်ကားခြင်း မှာ ပညာရှိရာ မရောက်ချေ။

“မန်နေဂျာဖုန်း.. ဒီခေါက်ဆွဲခြောက် ချက်ပြုပ်နည်း ဘယ်လောက်တန်မယ် ထင်လဲ..”

ကျောက်ချင်းရှန် လှမ်းမေးလိုက်သည်။

“ခင်ဗျားအတွက် သင့်တော်မယ်ထင်တဲ့ နှုန်းနဲ့ ကမ်းလှမ်းကြည့်ပါ.. ကျုပ်က ဒါတွေ ခင်ဗျားနဲ့ မိတ်ဆက်ပေးယုံပဲ.. ဝင်ပြီး အစွက်ဖက်ချင်ဘူး.. ဒီ Qianqian Ramen နဲ့လဲ ကျုပ်ဘာမှ မပတ်သက်ဘူး..”

ဖုန်းယွီ ရယ်မောရင်း ခေါင်းခါလိုက်သည်။

ကျောက်ချင်းရှန် စိတ်သက်သာရာရသွားသည်။ ဖုန်းယွီသည် Qianqian Ramen နှင့် မသက်ဆိုင်သဖြင့် ညှိနှိုင်းရန် ပိုလွယ်ကူသွားပေလိမ့်မည်။

ကျောက်ချင်းရှန် မတ်တပ်ထရပ်ကာ သူ့လက်အောက်ရှိ အဆင့်မြင့် စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် ဆွေးနွေးရန် ခေတ္တထွက်သွားပြီး (၅)မိနစ်ခန့်အကြာတွင် ပြန်ရောက်လာသည်။

“မစ္စတာ မူဂါဝါဂျီရို.. လီဟဟအနေနဲ့ ဒီချက်ပြုပ်နည်း (၂)ခုစလုံး ဝယ်ဖို့ ဆန္ဒရှိပါတယ်.. ခေါက်ဆွဲခြောက်အတွက် (၄)သန်း၊ အနံ့အရသာ တစ်ခုစီအတွက် (၂)သန်းစီနဲ့ စုစုပေါင်း ယွမ်ငွေ(၈)သန်းပါ..”

“မစ္စတာကျောက်.. ကျုပ်တို့ ဒီချက်ပြုပ်နည်း ရောင်းချင်နေတာပါ.. တစ်ခုရှိတာက ကျုပ်တို့လဲ သုံးပိုင်ခွင့် လိုချင်တယ်.. ဘယ်သူ့ကိုမှတော့ ထပ်ရောင်းမှာ မဟုတ်တော့ဘူး.. ကျုပ်တို့ ထုတ်ကုန်တွေကိုလဲ တရုတ်ပြည် ဘယ်တော့မ မတင်ပို့ဘူး..”

ခါမီဒါ မာဆောင် ရှင်းပြလိုက်သည်။

“အဆင်ပြေတယ်..”

ကျောက်ချင်းရှန်သည် သူ့ခေါက်ဆွဲများကို နိုင်ငံရပ်ခြားတွင် ရောင်းချရန် ရည်ရွယ်မထားကြောင်းနှင့် နောင်တွင် ပြည်ပသို့ တင်ပို့ရောင်ချမည် ဆိုလျှင်ပင် ထိုကုမ္ပဏီအနေဖြင့် လီဟဟကို ယှဉ်နိုင်မည် မဟုတ်ချေ။

“ဒီဈေးနှုန်းက ကျုပ်တို့ မျှော်လင့်ထားတာထက် နည်းတယ်ဆိုပေမယ့် မစ္စတာ မူဂါဝါဂျီရိုကတော့ လက်ခံချင်နေပါတယ်..”

ခါမီဒါမာဆောင်သည် မူဂါဝါဂျီရိုနှင့် ဆွေးနွေးပြီးနောက် ကျောက်ချင်းရှန်အား ပြန်ဖြေလာသည်။ ကျောက်ချင်းရှန် အံ့ဩသွားပြန်သည်။ ဂျပန်များ သူနှင့် ဈေးညှိနှိုင်းမည် ထင်ကာ မိမိတွေးထားသည်ထက် ဈေးလျော့ကမ်းလှမ်း ခဲ့ခြင်းပင်။ ခေါက်ဆွဲနည်းပညာဖြင့်ပင် အနည်းဆုံး ယွမ်(၈)သန်းခန့် တန်ပေသည်။ ကျောက်ချင်းရှန် ဖုန်းယွီအား ကြည့်လိုက်သည့်အခါ ပြုုံးနေသည်ကိုသာ မြင်လိုက်ရသည်။

နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် ခါမီဒါမာဆောင်နှင့် မိုဂါဝါဂျီရိုတို့သည် စာရွက်စာတမ်းများ ပြင်ဆင်ရန် ဟိုတယ်သို့ ပြန်လာသွားကြပြီး ကျောက်ချင်းရှန်သည်လည်း သူ့လူများကို စာချုပ်အတွက် ပြင်ဆင်ရန် ပြောလိုက်သည်။ အားလုံးထွက်သွားပြီးနောက် ကျောက်ချင်းရှန်သည် ဖုန်းယွီအားကြည့်ကာ..

“မစ္စတာဖုန်း… မင်း အဲ့ဂျပန်(၂)ယောက်နဲ့ တော်တော် ရင်းနှီးနေလား..”

“ကျုပ်က ခါမီဒါမာဆောင်နဲ့ တော်တော်လေး ရင်းနှီးပေမယ့် မူဂါဝါဂျီရိုကိုတော့ အခုမှသိတာ.. သူတို့ခေါက်ဆွဲ ခြောက် တော်တော်လေး ကောင်းတာပဲ… အထူးသဖြင့် ခေါက်ဆွဲကိုက အရသာရှိနေတာ.. အဲ့ဒါကြောင့် လီဟဟနဲ့ မိတ်ဆက်ပေးတာ..”

“ဟိုလေ.. ဒီညှိနှိုင်းမှုမှာ ကျုပ်တို့ဘက်က တော်တော်လေး သာသွားတယ်ထင်တယ်..”

ဖုန်းယွီ ပြောစရာ စကားမဲ့သွားမိသည်။ မည်သို့ တွေးနေသနည်း။ ညှိနှိုင်းမှု၌ မိမိဘက်မှ အသာရသည်မှာ မကောင်း၍လော။

“ဂျပန်မှာ ဘယ်သူမှ သူတို့ခေါက်ဆွဲချက်နည်းကို စိတ်မဝင်စားကြဘူးလေ.. ဈေးကြီးကြီးနဲ့ ရောင်းလို့မရဘူး.. ဒါပေမယ့် တရုတ်မှာတော့ သူတို့ ဟင်းချက်နည်းတွေက တန်ဖိုးကြီးတယ်.. Qianqian Ramen ဆိုတာ ကုမ္ပဏီ သေးသေးလေးဆိုတော့ သူတို့ ငွေကြေး ပြဿနာတွေ ဖြေရှင်းဖို့ ငွေလိုနေတာ.. ခင်ဗျားလဲ အပေးအယူ မျှတတယ် ထင်တယ်မို့လား.. သူတို့လဲ နစ်နာမယ် မထင်ပါဘူး..”

ခါမီဒါမာဆောင်၏ ပြောပြချက်အရ Qianqian Ramen ၏ အတိုင်းအတာသည် ခရိုင်အဆင့် အသေးစား စက်ရုံတစ်ခုနှင့် ညီမျှပေသည်။ ဤ(၈)သန်း သဘောတူချက်နှင့် ခါမီဒါမာဆောင်၏ ရင်းနှီးမြုပ်နှံမှုသည် ထိုစက်ရုံငယ် ပြန်လည်ရှင်သန်ရန် လုံလောက်ပေသည်။

နောက်ပိုင်းတွင် လီဟဟသည် ကိုယ်ပိုင် အရသာများ တီထွင်နိုင်ပေသည်။ အခြားအမှတ်တံဆိပ်များကိုလည်း တုပ နိုင်ပေသည်။ ထို့အပြင် အခြားသော အသင့်စား ခေါက်ဆွဲ ကုမ္ပဏီထံမှ ချက်ပြုတ်နည်းများ ဆက်လက်ဝယ်ယူနိုင် ပေသည်။

ကျောက်ချင်းရှန် ခေါင်းညိတ်လိုက်သည်။ Qianqian Ramenသည် ကုမ္ပဏီငယ်တစ်ခုသာဖြစ်ပြီး ဂျပန် ကုမ္ပဏီကြီး တစ်ခုဟု မှတ်ယူထားသည်။ သို့ရာတွင် ခေါက်ဆွဲသည် အရသာကောင်းကာ တရုတ်ဈေးကွက်၌ လူကြိုက်များ လောက်ပေသည်။

“မန်နေဂျာဖုန်း.. ခါမီဒါရဲ့ ကုမ္ပဏီက ဘာတွေထုတ်တာလဲ..”

ကျောက်ချင်းရှန် စိတ်ဝင်တစား မေးလိုက်သည်။ စက်မှုလုပ်ငန်းတွင် ဈေးကွက်ခေါင်းဆောင်ဖြစ်သည့် ထိုဆဋ္ဌမအာရုံ ကုမ္ပဏီအကြောင်း သိချင်နေမိသည်။

“အင်း…. အဲ့ကုမ္ပဏီက… ရော်ဘာနဲ့ ဆီလီကွန် ထုတ်ကုန်တွေ.. အဝတ်အထည်တွေ ထုတ်တာပေါ့..”

ဖုန်းယွီ နှာခေါင်းပွတ်ရင်း ပြန်ဖြေလိုက်သည်။

“ရော်ဘာထုတ်ကုန်တွေလား..”

“ထားလိုက်တော့.. သူ့အကြောင်း မပြောချင်တော့ဘူး.. လီဟဟရဲ့ တိုးတက်မှုက ဘယ်လိုလဲ.. ပြဿနာတွေ ရှိသေးလား..”

ဖုန်းယွီအနေဖြင့် ဆဋ္ဌမအာရုံဆိုသည်မှာ လိင်အရုပ်များ ရောင်းချနေကြောင်း မပြောချင်သဖြင့် ခေါင်စဉ် အမြန် ပြောင်းလိုက်သည်။ သို့မဟုတ်ပါက မည်သို့ သိလာသနည်းဆိုသည်ပါ မေးလာနိုင်ပေသည်။ ကျောက်ချင်းရှန်သည် ယခင်ကတည်းက ခါမီဒါထံမှ လိင်အရုပ်များ ဝယ်ခဲ့ဖူးလောက်သည်ဟုပင် သံသယ ဖြစ်နိုင်ပေသည်။

“ပြဿနာမရှိပါဘူး.. ငါတို့ထုတ်ကုန်တွေ အရမ်းနာမည်ကြီးနေတော့ ဈေးကွက်ဝေစုနဲ့ အမြတ်ငွေတွေကို ထိန်းသိမ်း ထားနိုင်သေးတယ်..”

“ကျုပ်တို့ စက်ရုံအသစ်တွေ၊ ကြော်ငြာတွေနဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်တာ အများကြီး သုံးရမယ်.. ထုတ်ကုန် အသစ်တွေ တီထွင်ဖို့ လိုသေးတယ်.. ကုမ္ပဏီ ဘဏ္ဍာရေး သေချာတင်းကြပ်ထားမှ ရမယ်..”

“ဟုတ်တယ်.. ကျုပ်တို့ ဘဏ္ဍာရေးမှာ ဖိအား နည်းနည်း ရှိပေမယ့် ပြဿနာကြီးမဟုတ်ဘူး.. နောက်ပြီး ချေးငွေတွေ ရနိုင်သေးတယ်.. နောက်နှစ်ဆို ကျုပ်တို့ ပြည်ပရောင်းအား တိုးလာလိမ့်မယ်.. ပြည်ပက အမြတ်တွေနဲ့ဆို ကျုပ်တို့ ပြဿနာတွေ ဖြေရှင်းနိုင်မှာပါ..”

ကျောက်ချင်းရှန် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ လီဟဟသည် ယခုအချိန်၌ ငွေအမြောက်အများ မရှိသော်လည်း ပြည်တွင်းရောင်းချမှုမှ အမြတ်ငွေများသည် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်အတွက် လုံလောက် ပေသည်။

ကျောက်ချင်းရှန်သည် ထုတ်ကုန်များ၏ အရောင်းဖြန့်ဖြူးရေး လမ်းကြောင်းများကို အလွန်အလေးပေးပေသည်။ ပြည်တွင်း ဖြန့်ဖြူးရေး လမ်းကြောင်းများကို တည်ထောင်ကာ ပြည်ပဖြန့်ဖြူးရေး လမ်းကြောင်းများကို စတင် တည်ထောင်ခဲ့သည်။ နောက်တစ်ဆင့်မှာ ခရိုင်၊ မြို့နယ်၊ ကျေးရွာများအထိ ချဲ့ထွင်ရန်ပင်။

အဖျော်ယမကာ ကုမ္ပဏီများသည် ရွားများကိုအသုံးချကာ မြို့များကို ဝိုင်းပတ်ထားသည်လော။ မြို့ကြီးများမှ အပြင်သို့ ချဲ့ထွင်ကာ ရွာများတွင် ကုန်ပစ္စည်းများ အရောင်းမြင့်တင်ရပေမည်။ စားသုံးသူများမှ မည်သည်ကို ပိုကြိုက်မည်အား စောင့်ကြည့်ရပေမည်။

ဖုန်းယွီသည် ကျောက်ချင်းရှန်နှင့် ခေတ္တစကားပြောပြီးနောက် ထွက်သွားသည်။ သူသည် တရုတ်သို့ ပြန်ရောက် လာချိန် အခြားကုမ္ပဏီများသို့ လှည့်ပတ်ရပေအုံးမည်။

ခါမီဒါမာဆောင်နှင့် မူဂါဝါဂျီရို ပြန်လာကာ ကျောက်ချင်းရှန်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ လီဟဟအနေဖြင့် စာရွက် စာတမ်းများ စစ်ဆေးပြီးသည်နှင့် ငွေလွှဲပေးမည်ဖြစ်သည်။

သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကျောက်ချင်းရှန်သည် လက်ဆွဲနှုတ်ဆက်ရင်း..

“မစ္စတာခါမီဒါ .. ခင်ဗျားကုမ္ပဏီက ဘာတွေ ရောင်းတာလဲ..”

ခါမီဒါမာဆောင်သည် ကျောက်ချင်းရှန်အားကြည့်ကာ..

“မန်နေဂျာဖုန်းက ခင်းဗျားကို မပြောဘူးလား.. ကုန်တိုက်အများစုက ငွေကိုင်တွေမှာတောင် ကျုပ်တို့ ထုတ်ကုန်တွေ မင်းတွေ့နိုင်ပါတယ်..”

ခါမီဒါမာဆောင် ထွက်သွားပြီးနောက် ကျောက်ချင်းရှန်သည် သူ့အတွင်းရေးမှူးအား ဖုန်းဆက်လိုက်သည်။

“ကုန်တိုက်က ငွေကိုင်တွေကလွဲရင် ဆဋ္ဌမအာရုံ အမှတ်တံဆိပ် တွေ ရှိလား..”

ကျောက်ချင်းရှန်၏ အတွင်းရေးမှူးမှာ သူ့အထက်လူကြီးကို ထူးဆန်းစွာ ကြည့်နေသည်။

“သူဌေး.. လိုချင်လို့လား.. ကျုပ်တောင် မနေ့က သွားဝယ်ထားသေးတယ်.. ကျုပ်အိတ်ထဲမှာ ရှိသေးတယ်..”

“ယူခဲ့လိုက်..”

“ကျောက်ချင်းရှန် ရူးသွားချေပြီ။ ထိုအသုံးအနှုန်းမှာ မည်သည်နည်း။ ထိုထုတ်ကုန်အတွက် မိမိ ပေးရအုံးမည်လော။

ကျောက်ချင်းရှန်သည် သူ့အတွင်းရေးမှူးမှ သူ့အား ကွန်ဒုံးတစ်ဗူး ပေးလာသည့်အခါ သူ့မျက်နှာ မှောင်မည်း သွားတော့သည်။ ထိုဆဋ္ဌမအာရုံ ကုမ္ပဏီသည် ကွန်ဒုံးရောင်းနေသည်လော။

အတွင်းရေးမှူးသည် ကျောက်ချင်းရှန်အားကြည့်ရင်း ရှက်နေပေသည်။

--------**$$^$$**--------

All Chapters