← Chapters

တစ်ယောက်နှင့် တစ်ရာ

Vol. 8 Ch. 799

တစ်ယောက်နှင့် တစ်ရာ

Vol. 8 Ch. 799

"ဘယ်လိုဖြစ်နိုင်မှာလဲ ...  အစစ်အမှန် နတ်ဘုရား မဖြစ်ခင် သူက ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင်ထဲကို သွားနိုင်တာလဲ"

ကိုလင်က မယုံကြည်နိုင်စွာဖြင့် ကောင်းကင်သို့ မော့ကြည့်၏။

သူသာလျှင် မဟုတ် ကမ္ဘာပေါ်ရှိ လူသား အားလုံးမှာလည်း ဆွံ့အ နေကြသည်။ မြေကမ္ဘာ အဆင့် နတ်ဘုရားနှင့် မိစ္ဆာများသည် ကမ္ဘာကို လွှမ်းမိုးနိုင်သည် ဆိုသော်လည်း လေထု အတွင်းတွင်သာ ဖြစ်သည်။

ထိုအရာက နှစ်ထောင်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် တစ်စုံတစ်ယောက်က ခန္ဓာကိုယ် သီးသန့်ဖြင့် ကမ္ဘာမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

"သူက ဘယ်သူလဲ ... "

ပထမဆုံး စစ်သင်္ဘော၌ ရပ်နေသော တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

သူကား ဝိညာဉ်အမြုတေ ဖွဲ့စည်းရန် ခြေတစ်လှမ်း အလိုတွင် ရှိနေပြီး သူ၏ ရင်ဘတ်၌ ကြယ်နှစ်လုံး ရှိနေ၏။ ထိုအရာက သူ၏ အဆင့်အတန်းမှာ ကိုလင်ထက် ပိုမို မြင့်မားကြောင်း ဖော်ပြနေသည်။

သူကား အယ်လီဂါတွန်၏ ကပ္ပတိန် တစ်ဖြစ်လည်း ပထမ မာယာ စစ်သင်္ဘော၏ လက်ထောက် ကွန်မန်ဒါ "ဂလားစ်" ပင် ဖြစ်လေသည်။

"ခန္ဓာ သက်သက်နဲ့ ဟင်းလင်းပြင်ကို ဖြတ်ပြီး ခရီးသွားဖို့ ဆိုရင် အစစ်အမှန် နတ်ဘုရား ဖြစ်နေမှပဲ ရတယ် ...  နှစ်ထောင်ချီ ကျဆင်း ပြီးတာတောင် ကမ္ဘာပေါ်မှာ အစစ်အမှန် နတ်ဘုရား တစ်ပါး ရှိနေဦးမယ်လို့ ငါ မထင်ထားမိဘူး"

ဂလားစ်က ပြောလိုက်သည်။

"နော့စတားက လာတဲ့ အချက်အလက်တွေ အရဆို ...  အဲ့လူက ကမ္ဘာရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ချန်းပေ့ရွှမ်းပဲ ...  သူက ထူးဆန်းတယ် ...  ကောင်းကင် တန်ခိုးရှင် မဖြစ်သေးတာတောင် သူက သေခြင်း နတ်ဘုရား အနူးဘစ်ကို သတ်ဖြတ် နိုင်ခဲ့တယ်တဲ့"

ဂလားစ်၏ ဘေးနားရှိ လက်ထောက်က ပြောလိုက်သည်။

မာယာတို့သည် ဝိညာဉ် စွမ်းအားဖြင့် ဆက်သွယ်ကြသည်။ တပ်ဖွဲ့ တစ်ခုလုံးသည် ဝိညာဉ် စွမ်းအားဖြင့် ချိတ်ဆက်ထားရာ အချက်အလက် လွှဲပြောင်းလိုပါက လူတိုင်း ချက်ချင်း လက်ခံ ရရှိနိုင်သည်။

"ဟီးဟီး ...  အဲဒီလူကို ကြည့်ရတာ ငါတို့ စစ်တပ် တစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက် ချင်နေဝာာ ထင်တယ်"

ဂလားစ်က ရယ်မောလိုက်၏။

"သူ့ဘာသူ ဘယ်သူ ဖြစ်ဖြစ် ငါတို့ သူ့ကို သတ်ပြီး ကမ္ဘာ လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ဖျက်ဆီးပစ်မယ်"

"ဟုတ်တယ် ...  သူ အစစ်အမှန် နတ်ဘုရား ဖြစ်တော့ရော ဘာအရေးလဲ ...  ငါတို့က အစစ်အမှန် နတ်ဘုရားတွေ အများကြီးကို သတ်ခဲ့ပြီးပြီ"

များစွာသော မာယာ မျိုးနွယ် အရှင်သခင် များက အေးစက်စွာ ထောက်ခံ လိုက်ကြသည်။

"ဟူး ...  ဟူး ... "

သိပ်မကြာခင်မှာပင် ချန်းဖန်နှင့် မာယာ စစ်တပ်မှာ တဖြည်းဖြည်း နီးကပ်လာရာ တစ်ဆယ် ကီလိုမီတာ ခန့်သာ ကွာဝေးကြတော့၏။ ထိုအရာက သူတို့သည် ဟင်းလင်းပြင်တွင်ပင် မျက်နှာချင်းဆိုင် တိုက်ခိုက်ကြတော့မည့်ပုံ ရသည်။

"တူ ...  တူ ...  တူ ... "

စစ်သင်္ဘောများမှ များစွာသော စွမ်းအင် အမြောက်များ ထွက်ပေါ် လာ၏။ ထိုအမြောက်များက တညီတညွတ်တည်း ချန်းဖန်အား ထိုးချိန် ကြသည်။ သူတို့ ပစ်ခတ်သည်နှင့် အစစ်အမှန် နတ်ဘုရား တစ်ပါးပင် လွတ်မြောက်မည် မဟုတ်ချေ။

"လူသား ...  သေမလား အညံ့ခံ မလား"

မာယာ လူမျိုးများ၏ ဝိညာဉ် စွမ်းအင်က အသံသဖွယ် မြည်ဟည်းလာသည်။ ထိုနေရာ၌ လေထု မရှိသည့်တိုင် ထိုတစ်ရာမျှသော မူဘ အဆင့် မာယာများ၏ ဝိညာဉ် စွမ်းအားက ဟင်းလင်းပြင်ကို လှိုင်းသဖွယ် ဖြတ်သန်း နိုင်၏။

"ဝှစ် ... "

ချန်းဖန်က ဘာမှ ပြန်မပြောပဲ လက်အား ဆန့်ထုတ်လိုက်ရာ ရွှေရောင် ဓားအလင်း ဖြစ်ပါ်လာ၏။ ထိုဓားအလင်းက မရေ မတွက်နိုင်သော သင်္ကေတများဖြင့် ဖွဲ့စည်း ထားပြီး အလွန်အမင်း ထက်ရှသည်။ ၎င်း ထွက်ပေါ် လာသည်နှင့် ဟင်းလင်းပြင် အနှံ့အပြား၌ အက်ကွဲကြောင်းများ ဖြစ်ပေါ် လာခဲ့သည်။

"အစစ်အမှန် ဓမ္မဓား ... "

ထိုအရာကား အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ နည်းစနစ် တစ်ခု ဖြစ်ပြီး အထူးသဖြင့်  အမြုတေ ဖွဲ့စည်းခြင်း အဆင့်၏ စွမ်းအားဖြင့် အသုံးပြုပါက အလွန် အစွမ်းထက်သည်။ ထိုဓားသည် ကမ္ဘာကို ဖျက်ဆီးနိုင်ကာ ဝိညာဉ် ရတနာများကိုပင် ခုတ်ဖြတ်နိုင်စွမ်း ရှိ၏။

"ပစ် ... "

ချန်းဖန်၏ အပြုအမူကို မြင်သည်တွင် ဂလားစ်က အမိန့်ပေး လိုက်သည်။

"ဘုန်း ... "

ထောင်ချီသော အမြောက်များသည် လျှပ်စီးတန်းများကို တစ်ပြိုင်နက်တည်း ပစ်ခတ် လိုက်ကြ၏။ မရေမတွက်နိုင်သော အပြာရောင် အလင်းများကား မြားများ အလား ချန်းဖန် ထံသို့ တိုးဝင် ကြလေတော့သည်။

ထိုစွမ်းအင် အမြောက် တစ်ခုချင်စီ၏ တိုက်ခိုက်မှုမှာ မူလအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသည်။ သို့ဖြစ်ရာ ထောင်ပေါင်းများစွာသော အမြောက်များ၏ တိုက်ခိုက်မှုကား ရွှေအမြုတေ အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။

ကီလိုမီတာ ခြောက်ထောင် အကာအဝေးရှိ ကမ္ဘာမြေမှ လူများမှာ ထိုမြင်ကွင်းအား ကြယ်အစုအဝေးကြီး တစ်ခု ကြွေလာသည့် အလား တောက်ပစွာ မြင်ကြရသည်။

"ဟူး ...  ဟူး ... "

လျှပ်စီးတန်းများသည် တစ်ခဏ အတွင်းမှာပင် ချန်းဖန်ထံသို့ အလင်း၏ အမြန်နှုန်းဖြင့် ရောက်ရှိ လာကြသည်။

ထိုသို့သော အမြန်နှုန်းအား ချန်းဖန်ပင်လျှင် ရှောင်တိမ်းနိုင်စွမ်း မရှိချေ။ သူက ရိုးရှင်းစွာပင် အစစ်အမှန် ဓမ္မ ဓားဖြင့် ရွှေရောင် ဓားနယ်မြေ တစ်ခု ရေးဆွဲ လိုက်သည်။

"အစစ်အမှန် ဓမ္မဓား နယ်မြေ ... "

ချန်းဖန်သည် အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ရှိစဉ်က ဆေးနတ်ဘုရား တောင်ကြားရှိ အစီအရင် ပညာရှင်များကို ထိုနည်းစနစ် သုံး၍ သတ်ဖြတ်ခဲ့ ဖူးသည်။ ယခုတွင်မူ သူသည် ရွှေအမြုတေ အဆင့်ကဲ့သို့ အစွမ်းထက်နေပြီ ဖြစ်ရာ ထိုဓားနယ်မြေမှာလည်း ပိုမို အစွမ်းထက် လာခဲ့ပြီ ဖြစ်လေသည်။

"ကလန့် ... "

ရွှေရောင် ဓားနယ်မြေသည် ပေတစ်ရာခန့် အထိ ကြီးမားကာ လေထုထဲ၌ နေအလင်းလုံး ကဲ့သို့ တောက်ပနေသည်။ ထိုနယ်မြေ အတွင်း၌ ချီအမတေများ၊ ဓမ္မ အစီအရင်များသည် ပျော်ဝင်နေကာ အခြား ကမ္ဘာ တစ်ခုအလား ထင်ရ၏။

"ဘုန်း ...  ဘုန်း ...  ဘုန်း ... "

မျက်စိ တစ်မှိတ် အတွင်းမှာပင် မရေ မတွက်နိုင်သော အလင်များသည် ဓားနယ်မြေပေါ်သို့ ကျရောက်သည်။ ထိုအခါ ဟင်းလင်းပြင် အနှံ့၌ အဆုံးမဲ့သော ပေါက်ကွဲမှုများက ဖြစ်ပေါ် နေရာယူ လာခဲ့သည်။

လျှပ်စီး အလင်း သုံးရာ ...

လျှပ်စီး အလင်း ငါးရာ ...

လျှပ်စီး အလင်း ရှစ်ရာ ...

ချန်းဖန်သည် ထောင်ပေါင်း များစွာသော လျှပ်စီးအလင်းများကို ဓားနယ်မြေဖြင့် တားဆီး နိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ဓားနယ်မြေမှာ ပျက်စီးသွား၏။ များစွာသော ကျန်ရစ်နေသည့် လျှပ်စီးအလင်းများက သူ့ထံသို့ ဆက်လက် တိုးဝင်လာသည်။

"ဘုန်း ... "

ချန်းဖန်၏ ခန္ဓာမှ ရွှေရောင် အလင်းများ ရုန်းကြွလာ၏။ ထို့နောက် ထိုအလင်းများက အရောင်သို့ ပြောင်းလဲသည်။ ကမ္ဘာ သစ်ပင်သည် သူ၏ အနောက်တွင် ဖြစ်ပေါ်လာကာ အကိုင်းအခက်များက ဖြာထွက်လာ၏။

အဇူရာ သက်ရှည် ခန္ဓာကား အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း လျှပ်စီးအလင်းများကား အလွန် များပြားလွန်း၏။ ထိုအလင်း ထောင်ပေါင်း များစွာကို တားဆီးပြီးနောက် ကမ္ဘာသစ်ပင်က နာကျင်စွာ အော်ဟစ်ကာ အရိပ်အသွင် ပြောင်းလဲ၍ ပြန်လည် ပျောက်ကွယ် သွား၏။

သို့တိုင်အောင် ချန်းဖန်၏ အရှေ့၌ လျှပ်စီး အလင်း နှစ်ထောင်ခန့် ကျန်ရှိနေဆဲ ဖြစ်လေသည်။

"ဘယ်လူသားကမှ တစ်ယောက်တည်းနဲ့ မာယာ စစ်တပ်ကို မတားဆီးနိုင်ဘူး ...  အစစ်အမှန် နတ်ဘုရားတောင်မှပေါ့"

များစွာသော မာယာများမှာ ပြုံးလိုက် ကြသည်။

ထိုအချိန်မှာပင် ချန်းဖန်သည် သူ၏ လက်သီးကို ဆုပ်ကာ မြှောက်လိုက်သည်။

"ဝှစ် ... "

ရုတ်တရက် ပါးလွှာသော ရွှေရောင် အလွှာ တစ်ခု သူ၏ ပတ်လည်၌ ပေါ်လာခဲ့၏။ ထို့နောက် အလင်းလွှာက သူ၏ ညာဘက်လက်တွင် အလုံးစုံ ပြန်လည် စုစည်းသည်။

"အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး ... "

"ဘုန်း ... "

ချန်းဖန်က လက်သီးအား ဆန့်ထုတ်ရင်း ထိုးနှက် လိုက်၏။

ရွှေရောင် အလင်းသည် သူ၏ လက်သီးမှ ထွက်ပေါ်လာကာ ရွှေရောင် နဂါး အသွင်သို့ ပြောင်းလဲသည်။

"ရား ... "

နဂါးက ဟိန်းဟောက်၍ လျှပ်စီး အလင်း အလုံးစုံကို ဖျက်ဆီးကာ အမျိုးအမည် မသိ အနက်ရောင် အပေါက်ကြီးကို ဖန်တီးလိုက်သည်။

လက်သီးတစ်ချက်ဖြင့် အမြောက် နှစ်ထောင်၏ တိုက်ခိုက်မှုကို ဖျက်ဆီးခြင်း ...

ထိုအခိုက်၌ ဂလားစ် အပါအဝင် မာယာမျိုးနွယ် များစွာမှာ အေးခဲကာ ဆွံ့အ နေခဲ့ကြတော့၏။ ထိုတိုက်ခိုက်မှုမှ ချန်းဖန် လွတ်မြောက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ် ထားခဲ့ချေ။

"ငါ့အလှည့် ရောက်ပြီ ... "

ချန်းဖန်၏ မျက်လုံး၌ မီးတောက် သုံးခုသည် လောက်ကျွမ်းလာသည်။ သူ၏ ခန္ဓာက ရွှေရောင် မီးတောက်ဖြင့် ဖုံးလွှမ်းကာ ရွှေရောင် အလင်းစက်ဝိုင်း တစ်ခုက သူ၏ အနောက်၌ ပေါ်နေခဲ့၏။

ထို့နောက် သူသည် အကြောက်အလန့် ကင်းမဲ့သော စစ်သူရဲကောင်း တစ်ယောက် အလား မာယာ စစ်တပ်ထံသို့ ပျံသန်း သွားတော့၏။

အရှေ့၌ စစ်သည် တစ်သန်း ရှိလျှင်ပင် သူကား ကြောက်လန့်မည့်ပုံ မရချေ။

***

All Chapters