← Chapters

ကြောက်လန့် ကုန်ကြခြင်း

Vol. 8 Ch. 800

ကြောက်လန့် ကုန်ကြခြင်း

Vol. 8 Ch. 800

"ဘုန်း…"

ရွှေရောင် အလင်းသည် ဟင်းလင်းပြင်ကို ထိုး၍ ဖြိုခွဲရာ မိုးကြိုးအသံများပင် ထွက်ပေါ် လာခဲ့၏။

ထိုအရာကား အသန်မာဆုံး၊ အစွမ်း အထက်ဆုံး လက်သီး အလင်း ဖြစ်သည်။ အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ တပည့်များသည် ထိုနည်းစနစ်ကို သုံး၍ စကြဝဠာကိုပင် လွှမ်းမိုးနိုင်ခဲ့၏။

"လက်နက်တွေ အားလုံးကိုသုံး… သူ့ကို သတ်…"

ဂလားစ်က အော်ဟစ် အမိန့်ပေး လိုက်သည်။

"ဝိညာဉ် စွမ်းအင် ပိတ်ဆို…"

"ဖိုင်းယားရေဒါကို ဖွင့်…"

"ပစ်…"

"ဘုန်း… ဘုန်း… ဘုန်း…"

ဆူညံသော ပေါက်ကွဲသံများနှင့် အတူ ကောင်းကင် တစ်ခွင်မှာ ရောင်ခြည် အလင်းတန်းများဖြင့် နောက်တစ်ကြိမ် ပြည့်နှက် သွားပြန်၏။

"တစ်ခါတုန်းက ငါတို့ အမြောက် ခုနစ်ထောင်ကို သုံးပြီး အစစ်အမှန် နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ဖူးတယ်… အဲဒီ အစစ်အမှန် နတ်ဘုရားက နှစ်တစ်ထောင်ကျော် အသက်ရှင်ခဲ့တယ် ဆိုပေမဲ့ ငါတို့ရဲ့ တိုက်ခိုက်မှုကို တစ်စက္ကန့်တောင် တောင့်မခံနိုင်ခဲ့ဘူး… အခု ချန်းပေ့ရွှမ်းလည်း ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့"

ဂလားစ်က ယုံကြည်မှု အပြည့်ဖြင့် ရေရွတ် လိုက်သည်။

သူ၏ ဘေးရှိ မာယာများကလည်း ပြုံးလိုက် ကြ၏။ အကယ်၍ ထိုသို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ချန်းပေ့ရွှမ်း မဆိုထားနှင့် အစစ်အမှန် နတ်ဘုရားများပင် သေဆုံး ရလိမ့်မည် ဖြစ်သည်။

"ဟူး…"

သို့သော်လည်း ချန်းဖန်ကမူ ရပ်တန့်ခြင်း မရှိချေ။ သူ၏ အနောက်ရှိ ရွှေရောင် အလင်း စက်ဝိုင်းမှာ ပိုမို၍ တောက်ပလာ၏။

"ဘုန်း…"

ထို့နောက် ချန်းဖန်က လက်သီးအား ထိုးလိုက်သည်။

ရွှေရောင် အလင်း စက်ဝိုင်းသည် မရေမတွက်နိုင်သော အလင်းစက်များ အဖြစ် ပြောင်းလဲသွားကာ စွမ်းအင် ပင်လယ်သည် ဖွဲ့စည်းလာ၏။ ထိုစွမ်းအင် ပင်လယ်မှာ အလွန် အစွမ်းထက်ရကား ဟင်းလင်းပြင်ပင် အက်ကွဲလေသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ချန်းဖန်ထံသို့ တိုးဝင်လာသော အလင်း ရောင်ခြည်တန်းများသည် ပစ်မှတ်ထံသို့ မရောက်ခင်မှာပင် စွမ်းအင် ပင်လယ်၏ တားဆီးခြင်းကို ခံရကာ ပေါက်ကွဲကုန်၏။

"ဆက်ပစ်ပြ…"

ဂလားစ်က အေးစက်စွာဖြင့် ထပ်မံ အမိန့်ပေး လိုက်သည်။

"ဘုန်း…"

ထောင်ပေါင်း များစွာသော စွမ်းအင် အမြောက်များမှာ နောက်တစ်ကြိမ် ပစ်ခတ် လိုက်ပြန်၏။

ယခုတစ်ကြိမ်၌ အဓိက စစ်သင်္ဘော ငါးစင်းမှ အမြောက်များပါ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ရှိ အမြောက်များသည် ပိုမို နက်မှောင်၍ ရှည်လျားကာ သာမန် အမြောက်များထက် ပိုမို အစွမ်းထက် ကြ၏။

"ဒုစရိုက်ခွင်း အမြောက်များ…"

ထိုအရာများကား စစ်သင်္ဘောများ၏ အဓိက အမြောက်များ ဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်မှု တစ်ခုချင်းစီသည် အစစ်အမှန် နတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်၏။

"ဒီတစ်ခါရော မင်း လွတ်မြောက်နိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"

များစွာသော မာယာ မျိုးနွယ်များက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ကြသည်။

"ခရက်…"

ထောက်ပေါင်း များစွာသော စွမ်းအင် အမြောက်များနှင့် ဒုစရိုက်ခွင်း အမြောက်များ၏ ပေါင်စပ် တိုက်ခိုက်မှုတွင် ချန်းဖန်၏ စွမ်းအင် ပင်လယ်မှာ အက်ကွဲလာ၏။

"ဘုန်း…"

နောက်ဆုံး၌ အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးမှာ အလုံးစုံ ပေါက်ကွဲကာ ရောင်ခြည် အလင်းတန်းများက ချန်းဖန်ထံသို့ ဆက်လက် တိုးဝင် လာကြတော့သည်။

ထိုအခိုက်၌ တစ်ကမ္ဘာလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏။ ထိုအဖြစ်အပျက်ကို တယ်လီစကုပ်များ၊ ဂြိုဟ်တုများမှ တစ်ဆင့် ကြည့်နေသော လူများမှာမူ တုန်ရီ နေကြသည်။

ချန်းဖန်ကား လူသား မျိုးနွယ်၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။ အကယ်၍ သူသေပါက လူသားမျိုးနွယ် ပျက်စီးရပေလိမ့်မည်။

"ဆရာ…"

ချန်းဖန် အပေါ် အယုံကြည်ဆုံး ဟွာရန်ဖန်းပင် စိုးရိမ်နေခဲ့၏။

ဝမ်ရှောက်ယွင်၊ ဖန့်ချုံးနှင့် အန်ရာတို့မှာမူ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ရင်း တိုက်ပွဲမြင်ကွင်းကို အသည်း အေးစွာ ကြည့်နေခဲ့ကြသည်။

"ဒီတစ်ခုတော့ ချန်းပေ့ရွှမ်း သေပြီ…"

ဂလားစ်က ပြုံးလိုက်၏။

"ဂီး…"

ထိုအချိန်မှာပင် စူးရှသော ငှက်အော်သံ တစ်ခု ပေါ်ထွက် လာသည်။ ဟင်းလင်းပြင် အတွင်း၌ လေထု မရှိသလို အသံလည်း မရှိချေ။ သို့သော်လည်း ထိုငှက်အော်သံက လူများ၏ ဝိညာဉ်သို့ တိုက်ရိုက် ရောက်ရှိ လာခဲ့ခြင်း ဖြစ်၏။

"ဘာလဲ…"

ထို့နောက် မာယာမျိုးနွယ်များ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ခန္ဓာက အလင်းများ အဖြစ် ပြန့်ကျဲကာ ကြီးမားသော ငှက်ကြီး တစ်ကောင် အသွင်သို့ ပြောင်းလဲ သွား၏။

"ဘုန်း… ဘုန်း… ဘုန်း…"

ထိုငှက်ကြီးက အတောင်များကို ခတ်လိုက်ရာ စကြဝဠာ လှိုင်းလုံးများ ဖြစ်ပေါ်လာကာ ရောင်ခြည် အလင်းတန်းများထံသို့ တိုးဝင်လေ၏။

"ဘုန်း… ဘုန်း… ဘုန်း…"

စကြဝဠာ လှိုင်းများ၏ ဖြတ်သန်းမှု၌ ရောင်ခြည် အလင်းတန်းများမှာ လမ်းခုလတ်တွင်ပင် ပေါက်ကွဲလေ၏။

ခွန်ပန် ဓမ္မ အသွင်…

ထိုအရာကား ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်၏ ပထမ သားရဲ ဖြစ်သည်။ ယခု ချန်းဖန်သည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ခွန်ပန်၏ စွမ်းအားမှာလည်း မခန့်မှန်း နိုင်လောက်အောင် မြင့်မား နေခဲ့ပြီ ဖြစ်လေသည်။

ခွန်ပန် ဓမ္မ အသွင်ကား လိန်ဟူ ဓမ္မ အသွင်၊ မိုးကြိုးငါးခု ချိပ်တံဆိပ်တို့နှင့် တန်းတူ အစွမ်းထက်သည့် ချန်းဖန်၏ ဝှက်ဖဲ တစ်ခု ဖြစ်သည်။ ချန်းဖန်သည် ထိုဝှက်ဖဲကို ကောင်းကင် လမ်းကြောင်း တစ်ဖက်ရှိ စကြဝဠာ သားရဲများနှင့် တိုက်ခိုက်ရန် သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်၏။

"စကြဝဠာရဲ့ ထိပ်တန်း ကောင်းကင် သားရဲက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ မင်းတို့ကို ပြရတော့မှာပေါ့…"

ခွန်ပန်က အတောင်ပံကို ခတ်ရင်း မာယာ စစ်တပ်ထံ အလင်းတန်း တစ်ခု အလား ပျံသန်း လေ၏။

"ဟူး… ဟူး…"

တစ်ချိန်တည်း၌ ခွန်ပန်သည် ဟင်းလင်းပြင် အတွင်းမှ စွမ်းအားကို ရူးသွပ်စွာ စုပ်ယူသည်။ ၎င်း၏ ခန္ဓာ အတွင်းရှိ သက်ရှိဆဲလ် တစ်ခုချင်းစီသည် စိတ်လှုပ်ရှား နေကြ၏။

ခွန်ပန်သည် ဟင်းလင်းပြင် သားရဲ ဖြစ်လေရာ ၎င်း၏ ပိုင်နက် အစစ်အမှန်မှာ စကြဝဠာ ဟင်းလင်းပြင်သာ ဖြစ်သည်။ ကမ္ဘာ မဟုတ်ချေ။

"ဝှစ်…"

အလင်းတန်းသည် ကြယ်ကြွေသည့် အလား အာကာသကို ဖြတ်သန်း၏။ ၎င်း၏ ဦးတည်ချက်ရှိ မာယာမျိုးနွယ်များကား ထိတ်လန့် နေကြပြီ ဖြစ်လေသည်။

"ပစ်ကြစမ်း… တားကြစမ်း…"

ဂလားစ်က အော်ဟစ်၍ အမိန့်ပေး လိုက်သည်။

မာယာမျိုးနွယ် ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူသည် အဆုံးမဲ့ ဟင်းလင်းပြင် အတွင်း များစွာသော တိုက်ပွဲများ တိုက်ခိုက်ဖူးသော်လည်း ခွန်ပန် သားရဲကိုမူ ယခုမှ တွေ့မြင်ဖူးခြင်း ဖြစ်သည်။

"ဘုန်း… ဘုန်း… ဘုန်း…"

စွမ်းအင် အမြောက်များမှာ နောက်တစ်ကြိမ် ပစ်ခတ် လိုက်ပြန်သည်။ မရေ မတွက်နိုင်သော စွမ်းအင် ရောင်စဉ်တန်းများသည် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် တစ်ဆယ် ကီလိုမီတာ အကာအဝေးရှိ ချန်းဖန်ထံသို့ ရောက်လေ၏။

"ရား…"

ခွန်ပန်က  ပါးစပ်ကို ဟလိုက်ရာ ကြီးမားသော စုပ်ဝဲကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ထိုစုပ်ဝဲကြီးက မိုင်တစ်ဆယ် ဧရိယာကို ဘလက်ဟိုး အလား ဖုံးလွှမ်းကာ ရောင်ခြည်တန်းများကို ဝါးမျိုလိုက်သည်။

"ဘာလဲ…"

မာယာ အရှင်သခင်များမှာ ဆွံ့အ အေးခဲ သွားကြသည်။

ထိုအရာကား တန်ချိန် တစ်သန်း နျူကလီးယား ပေါက်ကွဲမှုနှင့်ပင် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်မှု ဖြစ်သည်။ မည်သူက ထိုကဲ့သို့ ဝါးမျို နိုင်မည်နည်း။

"ဘုန်း… ဘုန်း…"

အဓိက စစ်သင်္ဘော ငါးခုမှ အမြောက်များမှာလည်း ပစ်ခတ် လိုက်ကြပြန်၏။

ယခု တစ်ချိန်တွင်မူ ခွန်ပန်သည် ထိုတိုက်ခိုက်မှု များအား ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိတော့ချေ။ ၎င်းက ဟင်းလင်းပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်၍ ဒိုင်မန်းရှင်း တစ်ခုကို ဖွင့်လှစ်ကာ တည်နေရာ ရွှေ့ပြောင်း လိုက်သည်။

"ဝှစ်…."

ထို့နောက် တစ်စက္ကန့် အတွင်းမှာပင် ချန်းဖန်သည် တစ်ဆယ် ကီလိုမီတာကို ဖြတ်သန်းကာ မာယာ စစ်တပ်၏ အရှေ့၌ ပြန်ပေါ်လာ၏။

"မကောင်းတော့ဘူး…"

ဂလားစ်မှာ အခြားလူများကို သတိပေးရန် ပြင်လိုက်၏။

သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။ ခွန်ပန်သည် ၎င်း၏ အတောင်ပံကို ဖြန့်ကြက်ကာ မီတာ တစ်ထောင် ရှည်သော စစ်သင်္ဘောအား နှစ်ပိုင်း ဖြတ်ပစ်လိုက်၏။

"ဘုန်း…"

စစ်သင်္ဘော၏ အလင်းလွှာ ငါးခုမှာ ခွန်ပန် တောင်ပံ၏ ပိုင်းဖြတ်မှု၌ စက္ကူစများ အလား ပိုင်းဖြတ်ခံရသည်။

"ဘုန်း… ဘုန်း…"

ထို့နောက် တစ်ဆက်တည်း လိုလိုပင် ချန်းဖန်က အခြား စစ်သင်္ဘော နှစ်စင်းကိုပါ လက်သည်းဖြင့် ကုတ်ခြစ် ဖျက်ဆီး ပစ်လိုက်၏။

ခွန်ပန် ဓမ္မအသွင်၏ အရှေ့၌ မာယာ စစ်သင်္ဘောများကား ကြက်ပေါက်လေးများဟုပင် ထင်မှတ်ရသည်။ ချန်းဖန်ကမူ လင်းယုန် တစ်ကောင် အလား ထိုစစ်တပ်ကို အမဲလိုက်၏။

သူကား ရာချီသော စစ်သင်္ဘောများ ထက်ပင် ပိုမို၍ အစွမ်းထက် နေသေးတော့သည်။

***

All Chapters