ကြမ်းကြုတ်ခြင်း
Vol. 9 Ch. 801
ကမ္ဘာပေါ်ရှိ ဘီလျံချီ လူထုနှင့် ဟင်းလင်းပြင် အတွင်းရှိ မာယာ အရှင်သခင်များ၏ အကြည့်များ အောက်တွင်ပင်…
"ဘုန်း… ဘုန်း…"
ချန်းဖန်သည် စစ်သင်္ဘော အုပ်စုအတွင်း ဝင်ရောက် မွှေနှောက်ကာ တိုက်ခိုက်သည်။ ခွန်ပန်သည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို သယ်ဆောင်ထားရာ ၎င်း၏ အရှေ့၌ မာယာ စစ်သင်္ဘာများမှာ ခုခံနိုင်စွမ်း ကင်းမဲ့ရ၏။
"ကလန့်…"
မီတာ တစ်ရာခန့် ရှည်လျားသော ချန်းဖန်၏ လက်သည်းများသည် စစ်သင်္ဘော တစ်ခုချင်းစီကို ကုတ်ဖဲ့ကာ ဖျက်ဆီးသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
တစ်ချိန်တည်း၌ မဪေ မတွက်နိုင်သော ရောင်ခြည် အလင်းတန်းများက ခွန်ပန်၏ ခန္ဓာ ပေါ်သို့ ကျရောက်သည်။ သို့သော်လည်း ခွန်ပန်၏ သားမွေးများကား ဝိညာဉ် ရတနာများ ထက်ပင် ပိုမို မာကျောရာ ထိုတိုက်ခိုက်မှုများက အသုံးမဝင်ခဲ့ချေ။
"ခရက်…"
ချန်းဖန်သည် မီတာ တစ်ထောင် ရှည်လျားသော မာယာ စစ်သင်္ဘော တစ်စင်းကို ပေါင်မုန့် တစ်ခု အလား ဆွဲကာ ဖျက်ဆီးလိုက်၏။
"ဟူး… ဟူး…"
မာယာ အရှင်သခင်များမှာ ပျက်စီးနေသော စစ်သင်္ဘောများ အတွင်းမှ ပျံထွက်ကာ သူတို့၏ မာကျူရီ ဝတ်စုံများ အကူအညီဖြင့် အာကာသ အတွင်း လွတ်မြောက်ရန် ကြိုးစား ကြသည်။
"ဟမ့်…"
ခွန်ပန်က လက်အား ဝှေ့ယမ်းလိုက်ရာ စကြဝဠာ လှိုင်းများ ဖြစ်ပေါ်လာ၏။
"ဘုန်း… ဘုန်း…"
ထိုလှိုင်းများက အဘက်ဘက်သို့ ပျံ့နှံ့ရာ ထွက်ပြေးနေသော မာယာ ထောင်ပေါင်း များစွာမှာ ပေါက်ကွဲ ပျက်စီးရသည်။ မူလ အထွတ်အထိပ် အဆင့် ကပ္ပတိန် တစ်ယောက်သာလျှင် လွတ်မြောက် သွားခဲ့၏။
"မင်းလည်း မလွတ်ပါဘူး…"
ခွန်ပန်က ပါးစပ်ကို ဟရာ ကြီးမားသော စုပ်ယူအား တစ်ခု ဖြစ်ပေါ်လာ၏။ ထိုစုပ်ယူအား၏ ဆွဲငင်မှု အောက်တွင် မီတာ ထောင်ပေါင်းများစွာ အကွာအဝေးရှိ ကပ္ပတိန်မှာ နောက်သို့ ပြန်ပါလာကာ ခွန်ပန်၏ ဝမ်းဗိုက် အတွင်းသို့ ရောက်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ထို့နောက် ချန်းဖန်က ဆက်လက်ကာ တိုက်ခိုက်သည်။ များစွာသော ပိရမစ် သဏ္ဌာန် စစ်သင်္ဘောများမှာ ပေါက်ကွဲ ဖျက်ဆီးခံရလေ၏။ ထွက်ပြေးရန် ကြိုးစားသော မာယာ မျိုးနွယ်များမှာလည်း ခွန်ပန်၏ လက်သည်းများ အောက်၌ အသက်မဲ့ ကြရသည်။
"အား…"
ဟင်းလင်းပြင် တစ်ခွင်ကား မာယာ လူမျိုးတို့၏ ဝိညာဉ် စွမ်းအားသံများဖြင့် ပဲ့တင်ရိုက်နေ၏။
သူတို့ကား အနည်းဆုံး မူလ အစောပိုင်း အဆင့်တွင် ရှိနေသည့် ဝိညာဉ် သခင်များ ဖြစ်ကြသော်လည်း ခွန်ပန်၏ အရှေ့တွင်မူ ပုရွက်ဆိတ်များ အလား အားနည်းလွန်း လှသည်။
ထိုအရာကား ချန်းဖန်၏ အစစ်အမှန် စွမ်းအား ဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်ကပင် ချန်းဖန်သည် ရွှေအမြုတေ အဆင့်ကိုပင် အနိုင်တိုက်ကာ စကြဝဠာ သားရဲများကို ဝါးမျို နိုင်ခဲ့သူ ဖြစ်သည်။ ယခု သုံးနှစ် ကြာပြီး နောက်၌ ချန်းဖန်၏ အစွမ်းမှာ မည်သူမျှ မခန့်မှန်း နိုင်လောက်သည် အထိ အစွမ်းထက်နေခဲ့ပြီ ဖြစ်လေသည်။
"လာစမ်း…"
အဆုံး၌ ချန်းဖန်သည် ဝါးမျိုခြင်း နတ်ဘုရား စွမ်းအားကို အသုံးပြုလိုက်သည်။
"ဘုန်း…"
ရုတ်ချည်းပင် ဟင်းလင်းပြင်သည် ပေါက်ကွဲကာ စစ်မြေပြင်၌ ကြီးမားသော အနက်ရောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ အဆုံးမဲ့ စုပ်ယူခြင်း စွမ်းအားများက ထိုအပေါက်ထဲမှ ထွက်ပေါ်လာကာ စစ်သင်္ဘောများကိုပင် စုပ်ယူလေသည်။
"ဘုန်း… ဘုန်း…"
များစွာသော စစ်သင်္ဘောများမှာ ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ပဲ အနက်ရောင် တွင်းပေါက်၏ စုပ်ယူခြင်းကို ခံကြရ၏။ အဆုံး၌ အဓိက စစ်သင်္ဘော ငါးစင်းသာလျှင် ကျန်ရှိတော့သည်။
"ဒီလူသားကောင်…"
ဂလားစ်ကား အရူးတစ်ပိုင်းလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
စစ်သင်္ဘော တစ်ခုချင်းစီမှာ မာယာ စစ်တပ် အတွက် အလွန် အရေးပါသည်။ ယခုကဲ့သို့ စစ်သင်္ဘောများစွာ ဆုံးရှုံးရခြင်းက မာယာမျိုးနွယ်အား သိသိသာသာ နိမ့်ပါး စေပေလိမ့်မည်။
"သတ်ကြ… ငါတို့ သူ့ကို လွှတ်ပေးလို့ မရတော့ဘူး"
အဓိက စစ်သင်္ဘော ငါးစင်း၏ ကပ္ပတိန်များက တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြသည်။
"ဘုန်း…"
ငါးကီလိုမီတာစီ ရှည်လျားသော စစ်သင်္ဘော ကြီးများက ချန်းဖန်ဆီသို့ ဦးတည် လိုက်ကြ၏။
"ဘုန်း…"
ထို့နောက် ၎င်းတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက် လိုက်ပြန်သည်။ အစစ်အမှန် နတ်ဘုရား တစ်ပါး၏ တိုက်ခိုက်မှုနှင့် ညီမျှသော တိုက်ခိုက်မှုများက ချန်းဖန်ထံ အဘက်ဘက်မှ တိုးဝင် လာကြသည်။
"လာစမ်း…"
ယခု တစ်ကြိမ်တွင်မူ ချန်းဖန်သည် ရှောင်တိမ်း မနေတော့ချေ။ သူသည် အတောင်များကို ခတ်ရင်း သူ၏ ခန္ဓာ တစ်ဝိုက်ရှိ အဇူရာ အလင်းများကို ဓားတစ်ချောင်း အသွင်သို့ ပြောင်းလဲ လိုက်သည်။
"ဘုန်း…"
အဇူရာဓားနှင့် ရောင်ခြည် အလင်းတန်း ငါးခု ထိပ်တိုက်တွေ့ရာ ကောင်းကင်သည် ပေါက်ကွဲမှုများဖြင့် ဖုံးလွှမ်း သွားတော့၏။
"ဘုန်း… ဘုန်း… ဘုန်း…"
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အလင်းများက မိုင်တစ်ရာ ဟင်းလင်းပြင် အချင်းဝက်ကိုပင် ဝါးမျိုလေသည်။ ထိုစွမ်းအင် ပင်လယ်၏ အလယ်၌ ငါး ကီလိုမီတာ ရှည်လျားသော စစ်သင်္ဘော ကြီးများမှာ လှေငယ်လေးများ သဖွယ် နစ်မြုပ်စပင် ပြုလာခဲ့တော့၏။
"အဲဒါက နတ်ဘုရားတွေရဲ့ စစ်ပွဲပဲ…"
ဘီလျံချီသော လူများသည် ကောင်းကင်သို့ မော့ကြည့်ရင်း ဆွံ့အ နေကြသည်။
ရဲ့ချင်စန်း၊ ချန်းဟွိုက်အန်း၊ ဘိုးဘေး နဂါးတို့ ကဲ့သို့သော မူလ အဆင့်များ ပင်လျှင် တိတ်ဆိတ် နေကြ၏။ ထိုစစ်ပွဲက သူတို့၏ တွေးခေါ်နိုင်စွမ်းထက်ပင် ကျော်လွန် နေခဲ့သည် မဟုတ်ပါလား။
"ဆယ်နှစ်လောက် အတောအတွင်းမှာပဲ ပြိုင်ဘက်ကင်း လာခဲ့တယ်… ချန်းပေ့ရွှမ်း… မင်းက ဘယ်သူလဲ"
ရဲ့နန်ထင်းက ခေါင်းကို ငုံ့ရင်း တီးတိုး ရေရွတ်လိုက်၏။
ထိုအချိန်၌ ဟင်းလင်းပြင် အတွင်းရှိ စစ်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။ ခွန်ပန်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကြက်ရင်း နောက်ဆုံး စစ်သင်္ဘော ငါးစင်ထံ ဦးတည် လိုက်သည်။
"သူက အရမ်း အစွမ်းထက်တယ်…"
မာယာ ကပ္ပတိန် ငါးယောက်ကား ရူးသွပ် နေကြပြီ ဖြစ်လေသည်။ သူတို့သည် စကြဝဠာ အတွင်း လှည့်လည် သွားလာနေသည့် မျိုးနွယ် ဖြစ်သည့်တိုင် ချန်းဖန်ကဲ့သို့ အစွမ်းထက်သူအား မတွေ့ခဲ့ဖူးချေ။
"ဘုန်း…"
ချန်းဖန်သည် ပထမဆုံး စစ်သင်္ဘောအား ကန်ထုတ်ပစ်လိုက်၏။ သူ၏ ခန္ဓာကား တောင်ကြီး တစ်လုံးကဲ့သို့ ကြီးမားနေပြီ ဖြစ်ရာ ငါးကီလိုမီတာ ရှည်သော စစ်သင်္ဘောပင်လျှင် နောက်သို့ လွင့်စဉ်ရသည်။
"ဘုန်း… ဘုန်း…"
တစ်ချိန်တည်းမှာပင် အခြား စစ်သင်္ဘော လေးစင်းက ချန်းဖန်အား ၎င်းတို့၏ စွမ်းအင် အမြောက်များဖြင့် ပစ်ခတ်ကြ၏။ သို့သော်လည်း ချန်းဖန်က ထိုအရာများကို လျစ်လျူကာ လွင့်စဉ်သွားသော စစ်သင်္ဘော အနောက်သို့ လိုက်သည်။
"သတိထား…"
ဂလားစ်က အော်ဟစ် သတိပေး လိုက်၏။ သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။
"အရှုံးသမားတွေ…"
နှာခေါင်းရှုံ့သံနှင့် အတူ ချန်းဖန်၏ လက်သည်းများက ထိုစစ်သင်္ဘောထံသို့ တိုးဝင်သည်။
ထိုးစစ်သင်္ဘာသည် နေ စစ်သင်္ဘောဟု အမည်ရသည့် မာယာ စစ်တပ်၏ အဓိက စစ်သင်္ဘော တစ်စင်း ဖြစ်ကာ ကပ္ပတိန် ဝါးဘက်၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။
"ထွက်သွားစမ်း…"
ကပ္ပတိန် ဝါးဘက်က အော်ဟစ်ရင်း တိုက်ခိုက် လိုက်၏။
ဝါးဘက်သည် မာယာများ အကြား၌ တည်ငြိမ်မှုဖြင့် ထင်ရှားသည်။ သူသည် နေကြယ် ကျင့်စဉ်ကို ကျင့်ကြံပြီး သူ၏ ထိုကျင့်စဉ်မှာ နေမင်းကဲ့သို့ အရာအရာကို လောင်မြိုင်နိုင်၏။
"ဘုန်း…"
အသန့်စင်ဆုံး လျှပ်စီး စွမ်းအင်များက နေစစ်သင်္ဘောမှ စီးထွက်လာကာ ချန်းဖန်ထံသို့ တိုးဝင်လေသည်။
သို့သော်လည်း ကံမကောင်းစွာပင် ထိုအပြာရောင် မီးတောက် များမှာ ချန်းဖန် အတွက် မိုးစက် မိုးပေါက်များ သဖွယ် ဖြစ်နေခဲ့သည်။
"ဘုန်း…"
တစ်ခဏ အတွင်းမှာပင် သူ၏ လက်သည်းများသည် စွမ်းအင် အကာအကွယ်များကို ဖျက်ဆီးကာ နေ စစ်သင်္ဘော၏ မျက်နှာပြင် အထိ ရောက်ရှိ၏။
"ဘုန်း…"
သို့သော်လည်း ထိုမျက်နှာပြင်က ချန်းဖန်၏ လက်သည်းများကို တားဆီး လိုက်သည်။ ထိုအရာသည် အမာကျောဆုံး လျှို့ဝှက်သတ္တုဖြင့် ပြုလုပ်ရာ ဝိညာဉ် ရတနာများ ထက်ပင် များစွာ ပိုမို သန်မာ၏။
သို့တိုင်အောင် ချန်းဖန်က ဂရု မစိုက်စွာ အော်ဟစ်လိုက်သည်။
"မဟာ ဖျက်စီးခြင်း…"
"ဘုန်း…"
အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအင်များက ချန်းဖန်၏ လက်သည်းသို့ ပေါင်းစပ်ကာ နေသင်္ဘော၏ ကိုယ်ထည်အား ဖောက်ထွက်၏။
"ဘုန်း…"
ချန်းဖန်က လက်သည်းများ လှုပ်ခါ လိုက်ရာ နေသင်္ဘောမှာ သတ္တု အပိုင်းအစများအဖြစ် ကြဲပြန့် ပျက်စီးသည်။
"လာစမ်း…"
ခွန်ပန်က နေသင်္ဘော၏ အပျက်အစီး အပိုင်းအစများကို သိမ်းယူ၍ ကပ္ပတိန် ဝါးဘက် အပါအဝင် မာယာ အရှင်သခင်များစွာကို ဝါးမျိုလိုက်သည်။
"ဘုန်း…"
ထို့နောက် ချန်းဖန်က ဒုတိယ စစ်သင်္ဘောထံ တိုးဝင် လိုက်ပြန်၏။ စက္ကန့် သုံးဆယ်မျှ အတောအတွင်းမှာပင် ဒုတိယ စစ်သင်္ဘောမှာ ဖျက်ဆီးခံရသည်။
"ဘုန်း…"
တစ်မိနစ် အကြာ၌ တတိယ စစ်သင်္ဘောမှာ ခွန်ပန်၏ နတ်ဘုရား စွမ်းအား အောက်တွင် ဝါးမျို ခံလိုက်ရ၏။
"ဘုန်း…"
သုံးမိနစ် အကြာ၌ ခွန်ပန်သည် ၎င်း၏ တောင်ပံများကို ဓားအလား ဖြန့်ကြက်ရင်း စတုတ္ထ စစ်သင်္ဘောကို ဖျက်ဆီး လိုက်ပြန်သည်။
"မဖြစ်နိုင်ဘူး…"
ဂလားစ်မှာ အလွန်တရာ ဆွံ့အ နေခဲ့ရကား ထွက်ပြေးရန်ပင် မေ့လျော့နေခဲ့သည်။
သုံးမိနစ် အတွင်း စစ်သင်္ဘောကြီး လေးစင်းကို ဖျက်ဆီးခြင်း… ထိုအရာက အလွန် မယုံကြည်နိုင်စရာ ကောင်းလွန်းသည် မဟုတ်ပါလား။
"မင်းအတွက် မဖြစ်နိုင်ပေမဲ့ ငါ့အတွက်တော့ ငှက်ပျောသီး အခွံနွှာရသလို လွယ်တယ်ကွ… မင်း လူသား မျိုးနွယ်ကို ရှင်းပစ်ချင်ရင် နောက်ဘဝမှပဲ စိတ်ကူးယဉ်တော့"
ချန်းဖန်က ပြောရင်း မီးတောက် သုံးခုကို ပစ်လွှတ်လိုက်သည်။
"ရှဲ… ရှဲ…"
ထိုမီးတောက် သုံးခုသည် ဟင်းလင်းပြင် တွင်ပင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းကာ ဂလားစ်နှင့် ၎င်း၏ စစ်သင်္ဘောအား ပြာချ ပစ်လိုက်သည်။
"ဘုန်း…"
နောက်ဆုံးသော စစ်သင်္ဘော ဖျက်ဆီး ခံရပြီးနောက် ဟင်းလင်းပြင်၏ စစ်မြေပြင်၌ ခွန်ပန် သာလျှင် ကျန်ရှိတော့သည်။ ထိုခွန်ပန်သည် အတောင်ပံ နှစ်ဖက်ကို ဖြန့်ကြက်ရင်း ကျယ်လောင်စွာ ဟစ်ကြွေး၏။
"အဲဒါက…"
ကမ္ဘာပေါ်ရှိ လူတိုင်းမှာ အံ့ဩမှုကြောင့် အောင်ပွဲခံရန်ပင် မေ့နေကြသည်။ ကိုလင် ပင်လျှင် နေရာ၌ အေးခဲနေ၏။
***